Great Controversy 1858

5/43

အခန်း (၃) ကယ်တင်ခြင်း စီမံကိန်း။

ကောင်းကင်နိုင်ငံတစ်ခုလုံးသည် ဝမ်းနည်းကြေကွဲလျှက်ရှိပါသည်။ လူသည်ကျဆုံးလျှက် ဘုရားသခင်ဖန် ဆင်းခဲ့သောကမ္ဘာတွင်ယခုအခါ၌ ရောဂါဘယများ၊ ဝမ်းနည်းကြေကွဲမှုများနှင့် သေခြင်းတရားသည်နေရာယူလျှက် ရှိပါသည်။ အပြစ်သားအတွက်လွတ်မြောက်ရန်လမ်းမရှိပါ။ အာဒံ၏မိသားစုတစ်ခုလုံး သေရတော့မည်။ မြတ်နိုးဖွယ် ရာကောင်းသော ခရစ်တော်၏မျက်နှာတော်သည် သနားကြင်နာမှုနှင့် ဝမ်းနည်းကြေကွဲမှုများကို ကျမတွေ့မြင် ခဲ့ရပါသည်။ မကြာမီပင်ဘုန်းတော်ထွန်းတောက်လျှက် အလွန်ထိန်လင်းတောက်ပသည့်ခမည်းတော် ဘုရားရှိရာနေ ရာသို့သားတော်ဘုရားချဉ်းကပ်သွားကြောင်းကို ကျမတွေ့ရှိရပါသည်။ သူသည်ခမည်းတော်နှင့် ဆွေးနွေးနေကြောင်း ကိုကျမနှင့်အတူလိုက်ပါလာသော ကောင်းကင်တမန်က ပြောကြားခဲ့ပါသည်။ သခင်ခရစ်တော်သည် ခမည်းတော်ဘု ရားနှင့်ဆွေးနွေးနေစဉ် ကောင်းကင်တမန်များအားလုံးတို့သည် စိုးရိမ်လျှက်ရှိပါသည်။ သုံးကြိမ်တိုင်အောင်ခမည်း တော်၏ဘုန်းတော်ထွန်းလင်းရာနေရာသို့ ဝင်ရောက်ခဲ့ပါသည်။ တတိယအကြိမ်ပြန်လည် ထွက်လာသောအခါကိုယ် တော်၏မျက်နှာတော်သည်တည်ငြိမ်လျှက် စိုးရိမ်သောကများနှင့်ကင်းဝေးကာ နှုတ်ဖြင့်မဖေါ်ပြတတ်အောင်တည် ငြိမ်အေးချမ်းလျှက်ရှိကြောင်းကိုကျမတွေ့ရှိလိုက်ပါသည်။ မိမိသည်ခမည်းတော်ထံ ချဉ်းကပ်လျှက်လူသားများခံယူ ရမည့်သေဒဏ်ကိုမိမိအစားထိုးခံယူခြင်းဖြင့် သူတို့အသက်ချမ်းသာရရန် ခမည်းတော်ထံ တောင်းလျှောက်ခဲ့ကြောင်း မိန့်တော်မူခဲ့ပါသည်။ မိမိ၏အသွေးတော်နှင့် ဘုရားသခင်၏ပညတ်တော်ကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏ ရှေ့တော်မှောက်၌မျက်နှာရကာ အလွန်လှပသောဥယျာဉ်၌ အသက်ပင်၏ အသီးကိုစားသုံးရသောအခွင့် ရရှိမည့်အ ကြောင်း ရှင်းပြတော်မူခဲ့ပါသည်။ GCB58 5.3

ပထမပိုင်းတွင် ကောင်းကင်တမန်များတို့သည် မပျော်ရွှင်နိုင်ပါ။ မိမိတို့၏သခင်သည် ထိန်ဝှက်ခြင်းမရှိဘဲ ကယ်တင်ခြင်းစီမံကိန်းကို ရှင်းပြခဲ့ပါသည်။ ခမည်းတော်ဘုရား၏အမျက်ဒေါသနှင့် အပြစ်သား၏စပ်ကြားတွင် မိမိ ကြားခံဖြစ်မည်အကြောင်း ရှင်းပြတော်မူခဲ့ပါသည်။ အပြစ်ဒုစရိုက်နှင့် အရှက်ကွဲခြင်းကို မိမိခံယူသော်လည်း လူအ နည်းငယ်ကသာလျှင် ဘုရားသခင်၏ သားတော်အဖြစ်နှင့်ယုံကြည်မည့်အကြောင်းကို ဖေါ်ပြခဲ့ပါသည်။ အားလုံးနီးပါး သည်ကိုယ်တော်ကိုမုန်းတီး၍ ငြင်းပယ်လိမ့်မည်။ မိမိကောင်းကင်၏ ဘုန်းတန်ခိုးကိုစွန့်၍ လောကတွင် အလွန်နိမ့်ကျ သောလူဇာတိကိုခံယူမည်။ အပြစ်သားများတို့၏ အတွေ့အကြုံကို သိရှိခံယူရန်သွေးဆောင်မှုအမျိုးမျိုးကို ရင်ဆိုင်ရ မည့်အကြောင်း နောက်ဆုံးတွင် မိမိ၏အမှုတော်ပြီးဆုံးသောအခါ မိမိတို့၏ အသက်ကိုလူဆိုးများ၏ လက်ထဲ၌အပ်နှံ ပြီးစာတန်နှင့် သူ၏ကောင်းကင်တမန်များ၏ လှုံ့ဆော်မှုအောက်၌ ရှိနေသောလူမိုက်များ၏ ရက်စက်စွာသတ်ဖြတ် မှုကိုခံယူသွားမည်။ အရက်စက်ဆုံးသောစီရင်ခြင်းဖြင့် ကောင်းကင်နှင့်မြေကြီးစပ်ကြား ချိတ်ဆွဲခြင်းခံရမည်။ နာရီ ပေါင်းများစွာကြာအောင် ဒုက္ခညှဉ်းဆဲခြင်းကိုခံရမည်။ နောက်ဆုံးတွင် ကောင်းကင်တမန်များပင်လျှင် မကြည့်ဝံ့တော့ သည့်အတွက် မိမိတို့၏မျက်နှာများကို ဖုံးကွယ်ထားသည့်အကြောင်း မိမိခံစားရမည့်နာကျင်မှုဝေဒနာသည် ကိုယ်ကာ ယနာကျင်မှုသာမက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာပါမနှိုင်းသာကြောင်း ဤလောက၏ အပြစ်ဒုစရိုက်အားလုံး ကိုမိမိချီဆောင်ရမည့်အကြောင်း မိမိ၏ အသက်တော်ကိုစွန့်ပြီးနောက် တတိယနေ့ရက်၌ ရှင်ပြန်ထမြောက်ကာခ မည်းတော်ဘုရားရှေ့တော်မှောက်၌ အပြစ်သားများအတွက် တောင်းပန်ပေးမည့်အကြောင်းကို ရှင်းပြတော်မူခဲ့ပါ သည်။ GCB58 5.4

ကောင်းကင်တမန်များတို့သည် သခင်ခရစ်တော်၏ ရှေ့တော်မှောက်၌ပြပ်ဝပ်လျှက် မိမိတို့၏အသက်ကို စွန့် ရန်ကမ်းလှမ်းတော်မူခဲ့ပါသည်။ သို့သော်ကိုယ်တော်က မိမိ၏အသက်တော်ကိုစွန့်ခြင်းဖြင့် လူအမြောက်အမြားကို ကယ်တင်နိုင်တော်မူကြောင်း၊ သို့သော် ကောင်းကင်တမန်၏အသက်စွန့်ခြင်းသည် ထိုအပြစ်ကြွေးမဆပ်နိုင်ကြောင်း မိန့်တော်မူခဲ့ပါသည်။ ခမည်းတော်၏ရှေ့တော်မှောက်၌ လူသားများ၏ အသက်ကိုကယ်တင်ရန် သခင်ခရစ်တော်၏ အသက်တော်ဖြင့်သာ ကျေအေးနိုင်ကြောင်းကို မိန့်တော်မူခဲ့ပါသည်။ GCB58 6.1

ထို့အပြင်ကောင်းကင်တမန်များသည် တစ်ခါတစ်ရံကိုယ်တော်ကိုလာရောက်အားပေးခြင်းဖြင့် ဤလုပ်ငန်း တွင်ပါဝင်ရမည့်အကြောင်းကို ရှင်းပြတော်မူခဲ့ပါသည်။ သခင်ခရစ်တော်သည် လူဇာတိကိုခံယူမည်ဖြစ်သောကြောင့် ကောင်းကင်တမန်များထက်ပင်အင်အားနည်းလိမ့်မည်။ကိုယ်တော်၏အရှက်ကွဲရသည့်သိမ်ငယ်မှုများနှင့်နာကျင်မှုများ ကိုပင်သူတို့တွေ့မြင်ရမည်အကြောင်း ထိုနာကျင်မှုများနှင့် လူတို့၏အမုန်းတရားကို ကိုယ်တိုင်မြင်တွေ့ရသည့်အခါ တွင်သခင်ခရစ်တော်ကို အလွန်ချစ်မြတ်နိုးသည့်မေတ္တာကြောင့် စိတ်ထဲတွင်ခံပြင်းကာကိုယ်တော်ကို လူသတ်သမား တို့၏လက်ထဲမှကယ်တင်ရန် စိတ်ပြင်းပြပြီးဖြစ်သော်လည်း ဝင်ရောက်စွတ်ဖက်ခြင်းမပြုလုပ်ရမည့်အကြောင်း ကိုယ် တော်ပြန်လည်ရှင်သန်ထမြောက်သည့်အခါတွင် သူတို့၏ အခန်းကဏ္ဍလည်းပါဝင်မည်ဖြစ်ကြောင်း ကယ်တင်ခြင်း စီမံကိန်းကိုပြင်ဆင်ထားပြီးကာ ထိုစီမံကိန်းကို ခမည်းတော်ဘုရားလည်း လက်ခံတော်မူပြီးကြောင်း ရှင်းပြတော်မူခဲ့ ပါသည်။ GCB58 6.2

အလွန်မြင့်မြတ်သန့်ရှင်းသော ဝမ်းနည်းကြေကွဲမှုများနှင့်အတူ ကိုယ်တော်သည် ကောင်းကင်တမန်များကို နှစ်သိမ့်တော်မူခဲ့ပါသည်။ ကယ်တင်ခြင်းခံရမည့်သူတို့သည်နောင်တွင် ကိုယ်တော်နှင့် အတူရှိမည့်အကြောင်းကိုယ် တော်၏ အသေခံတော်မူခြင်းသည် လူများစွာကို ကယ်တင်ကာ သေခြင်း၏ အရှင်ကိုလည်း ဖျက်ဆီးမည့်အကြောင်း ကို ရှင်းပြတော်မူခဲ့ပါသည်။ ခမည်းတော်ဘုရားသည် မိုးကောင်းကင်အောက်ရှိ နိုင်ငံတော်နှင့် ကြီးမြတ်မှုများကိုမိမိ အားထာဝရကာလတိုင်အောင် ပေးတော်မူမည့်အကြောင်း၊ စာတန်နှင့်သူ၏နောက်လိုက်များသည် ထာဝရဖျက်ဆီး ခြင်းကို ခံရပြီး ကောင်းကင်နှင့် အသစ်ပြန်လည်သန့်စင်ထားသည့် ဤကမ္ဘာမြေကို ဖျက်ဆီးနိုင်တော့မည် မဟုတ် ကြောင်းကိုရှင်းပြကာ ခမည်းတော်ဘုရား အတည်ပြုလက်ခံတော်မူသည်။ ထိုကယ်တင်ခြင်း အစီအစဉ်ကိုကောင်း ကင်သားများအားလုံးလည်း လက်ခံရန် သခင်ခရစ်တော်တိုက်တွန်းတော်မူခဲ့ပါသည်။ ကိုယ်တော်၏ အသေခံတော်မူ ခြင်းဖြင့်လူသည် ပြန်လည်ချီးမြှောက်ခြင်းခံရကာ ဘုရားသခင်ထံတော်ရှေ့၌ မျက်နှာရကာကောင်းကင်၌ ပြန်လည် ပျော်ရွှင်ရမည့်ဖြစ်သောကြောင့် ဝမ်းမြောက်ရန် တိုက်တွန်းတော်မူခဲ့ပါသည်။ GCB58 6.3

မရေတွက်နိုင်သည့်ဝမ်းမြောက်ခြင်းသည် ကောင်းကင်သစ်၌ ပြန့်နှံ့သွားခဲ့ပါသည်။ လူသားများကို ကယ်တင်ရန်အတွက်ခမည်းတော်ဘုရားသည်မိမိအလွန်ချစ်မြတ်နိုးရမည့်သားတော်ကိုစွန့်တော်မူသောကြောင့်ကောင်း ကင်သားတို့သည် မိမိတို့၏ စောင်းကောက်များကိုတီးလျှက်အသံကို ယခင်ကထက်ပို၍မြှင့်ကာ ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းသီဆိုခဲ့ကြပါသည်။ သားတော်ဘုရားသည်လည်း ခမည်းတော်ဘုရား၏ ရင်ခွင်ကိုစွန့်တော်မူကာသူ တစ်ပါးအတွက် ဒုက္ခညှဉ်းဆဲခြင်းနှင့် နာကျင်ဖွယ်သက်တော်စွန့်၊ ကိုယ်ကျိုးစွန့်ခြင်းအတွက် သားတော်ဘုရားကို လည်း ချီးမွမ်းထောမနာပြုခဲ့ကြပါသည်။ GCB58 6.4

ကောင်းကင်တမန်က ‘‘ခမည်းတော်ဘုရား၏သားတော်ကို လွယ်လွယ်ကူကူနှင့်စွန့်သည်ဟု ထင်ပါသလား။ ထိုသို့မဟုတ်ပါ။ ကောင်းကင်၌ရှိတော်မူသည့် ဘုရားသခင်ပင်လျှင်အပြစ်သားများမိမိတို့၏ အပြစ်၌စွန့်ခြင်းနှင့်သား တော်ကိုအသေခံခြင်းတို့စပ်ကြား ရွေးချယ်ရာ၌ အလွန်ခက်ခဲခဲ့ပါသည်။ ကောင်းကင်တမန်များတို့သည် လူသားများ ၏ကယ်တင်ခြင်းကို အလွန်စိတ်ဝင်စား၍ အသက်စွန့်ကာလူကိုကယ်တင်မည့် ကောင်းကင်တမန်လည်းမရှားပါ။ ကျမ နှင့်အတူလိုက်ပါလာသည့်ကောင်းကင်တမန်ကထိုသို့မဖြစ်ဟု ဆိုပါသည်။ လူ၏ဒုစရိုက်အပြစ်သည် အလွန်ကြီးမား သောကြောင့် ကောင်းကင်တမန်များပေးဆပ်၍မရပါ။ သားတော်ဘုရားအသေခံတော်မူခြင်းဖြင့်သာ ဤအပြစ်၏အ ကြွေးကိုပေးဆပ်နိုင်ပြီးဝမ်းနည်းကြေကွဲမှုနှင့်ဒုက္ခရောက်နေသည့် လူသားများကိုကယ်တင်နိုင်ပါလိမ့်မည်။ GCB58 6.5

သို့သော်သားတော်ဘုရားသည် ဒုက္ခဝေဒနာများကို ခံစားရသောအခါ နှစ်သိမ့်မှုပေးရန်အတွက် ကောင်း ကင်တမန်များကိုခန့်အပ်ထားတော်မူခဲ့ပါသည်။ ထို့အပြင်ကျေးဇူးတော်၏သားသမီးများကို နတ်ဆိုးများနှင့်စာတန် ၏အမှောင်ထုမှလည်းကယ်တင်ရန် တာဝန်ရှိပါသည်။ ဘုရားသခင်သည် မိမိ၏ပညတ်တော်များကိုပြောင်းလဲရန် မဖြစ်နိုင်သည့်အတွက် ပျက်စီးတော့မည့်လူသားများကိုကယ်တင်ရန် မိမိချစ်မြတ်နိုးသည့်သားတော်ကို စွန့်ရန်သာ ရှိတော့ကြောင်း ကျမမြင်တွေ့ခဲ့ရပါသည်။ GCB58 7.1

လူသားများကိုကျဆုံးစေနိုင်သည်သာမက သားတော်ဘုရားကို မိမိ၏မြင့်မြတ်သည့်ပလ္လင်တော်မှစွန့်ရန်စွမ်း ဆောင်နိုင်ခဲ့သည်အတွက် စာတန်ပျော်ရွှင်လျှက်ရှိပါသည်။ သခင်ခရစ်တော်လူဇာတိကိုခံယူသောအခါ ကိုယ်တော် ကိုအနိုင်အထက်ပြု၍ ကယ်တင်ခြင်းအစီအစဉ်ကိုပျက်စီးသွားရန် ပြုလုပ်မည်ဟု မိမိ၏နောက်လိုက်များတို့ကို စာတန် ကြွေးကြော်ခဲ့ပါသည်။ GCB58 7.2

စာတန်သည်အပြစ်မပြုမီကမိမိ၏ဘုန်းတော်နှင့် ပျော်ရွှင်သည့်အနေအထားကို ယခုအနေအထားနှင့်ယှဉ် ၍ကျမတွေ့မြင်ခဲ့ရပါသည်။ ယခုအခြေအနေတွင် ခန့်ညားလျှက်ရှိသော်လည်းကျဆုံးသော ကောင်းကင်တမန်တစ် ပါးဖြစ်နေပါသည်။ စိုးရိမ်ပူပန်ပြီးပျော်ရွှင်မှုကင်းမဲ့ကာ သူ၏မျက်နှာတွင်မုန်းတီးမှုများ၊ မနာလိုမှုများ၊ လှည့်ဖြားမှုများ နှင့်ရောင်ပြန်ဟပ်လျှက်ရှိပါသည်။ ယခင်အချိန်က အလွန်ခန့်ညားခဲ့သည့် မဟာနဖူးသည် ယခုအခါတွင် မခန့်ညားခဲ့ ပါ။အပြစ်ဒုစရိုက်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့်အတွက် သူ၌ကောင်းသည့်လက္ခဏာမရှိတော့ဘဲ ဆိုးညစ် သောအမူအရာများကိုသာ တွေ့ရပါသည်။ မျက်လုံးများအလွန်စူးရှကာ ကောက်ကျစ်စဉ်းလဲပါသည်။ ခန္ဓာကိုယ်အ လွန်ထွားကြိုင်းသော်လည်း လက်မောင်းနှင့်မျက်နှာတွင် အသားအရေများတွဲလျှက်ရှိနေပါသည်။ ကျမမြင်တွေ့လိုက် စဉ်မေးတင်လျှက်အတွေးနယ်ချဲ့လျှက် ရှိနေပါသည်။ သူ၏အပြုံးသည်ကောက်ကျစ်စဉ်းလဲပြီး ဆိုးညစ်သောကြောင့် ကျမတုန်လှုပ်မိပါသည်။ ထိုအပြုံးသည် သားကောင်ကိုအမိမဖမ်းမီပြုံးသောအပြုံးဖြစ်ကာ သားကောင်ကိုကျော့ကွင်း ၌ဖမ်းမိသောအခါ သူ၏အပြုံးသည်အကျည်းတန်သွားပါသည်။ GCB58 7.3

ဆက်လက်လေ့လာရန်။ ဟေရှာ ၅၃ ကိုဖတ်ပါ။ GCB58 7.4