Great Controversy 1858

15/43

အခန်း (၁၃) သတေဖန် သေဆုံးခြင်း။

ယေရုရှလင်မြို့တွင် တပည့်တော်များအလျင်အမြန် ပွားများလာပြီး ဘုရားသခင်၏နုတ်ကပတ်တော်သ တင်းစကားသည်လည်း ကျယ်ပြန့်လာပါသည်။ ယဇ်ပရောဟိတ်အမြောက်အမြားတို့သည် ယုံကြည်ခြင်းခိုင်မာလာပြီး အလိုတော်ကို လိုက်လျှောက်လာပါသည်။ သတေဖန်သည် ယုံကြည်ခြင်းခိုင်မာလျှက် လူထုအကြားတွင် ကြီးမားသော နိမိတ်လက္ခဏာများ ပြုလုပ်လာပါသည်။ ယဇ်ပရောဟိတ်များသည် ယဇ်ပူဇော်ခြင်းအမှုနှင့်ရိုးရာများကို ကျောခိုင်း လျှက်သခင်ခရစ်တော်ကို လက်ခံယုံကြည်လာခဲ့ကြသောကြောင့် ကျန်အချို့တို့မှာ အမျက်ဒေါသ ထွက်နေကြပါ သည်။သတေဖန်သည်အထက်မှ တန်ခိုးတော်ရရှိပြီး ယဇ်ပရောဟိတ်နှင့် အကြီးအကဲတို့ကို ဆုံးမလျှက် သခင်ခရစ် တော်ကို ချီးမြှောက်လျှက်ရှိပါသည်။ သတေဖန်၏အသိပညာနှင့် တန်ခိုးကို နားမလည်ရုံပင်မက သူ့ကိုအနိုင်ယူ၍ မရပါ။ မမှန်သော သက်သေများကိုငှါးလျှက် မောရှေနှင့်ဘုရားသခင်ကို ပြစ်မှားသည်ဟု သတေဖန်ကိုမတရားစွပ်စွဲခဲ့ ပါသည်။ လူထုကိုအုံကြွစေပြီး သတေဖန်ကိုဆွဲခေါ်သွားကာ ဗိမာန်တော်နှင့်ပညတ်တော်ကို ပြစ်မှားပြောဆိုသည်ဟု မမှန်မကန်စွပ်စွဲပါသည်။ နာဇရက်မြို့သား သခင်ယေရှုသည် မောရှေ၏ပညတ်များကို ဖျက်ဆီးမည့်အကြောင်း သတေဖန်ဟောကြားသည်ဟု သက်သေခံပြောဆိုခဲ့ပါသည်။ GCB58 33.2

သတေဖန်ကို တရားစီရင်သောသူတို့သည် သတေဖန်၌ ဘုရားသခင်၏ဘုန်းတော် ထွန်းလင်းကြောင်းကိုတွေ့ ခဲ့ရပါသည်။ သူ၏မျက်နှာသည် ကောင်းကင်တမန်၏မျက်နှာကဲ့သို့ ထွန်းလင်းလျှက်ရှိပါသည်။ သတေဖန်သည် ယုံ ကြည်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးခွန်အားအပြည့်ဖြင့် မတ်တပ်ရပ်လျှက် ပရောဖက်ကျမ်းများမှအစပြု ကာသခင်ခရစ်တော်ကြွလာမည့်အကြောင်း အသေခံပြီးပြန်လည်ရှင်ပြန်ထမြောက်ကာ ကောင်းကင်သိုတက်ကြွ သွားမည့်အကြောင်းကို ဟောကြားလျှက် ဘုရားသခင်သည် လူ၏ လက်ဖြင့်တည်ဆောက်ထားသော ဗိမာန်တော်၌ ကိန်းဝပ်မည်မဟုတ်ကြောင်းကို ရှင်းပြခဲ့ပါသည်။ ယုဒလူတို့သည် ဗိမာန်တော်ကို ကိုးကွယ်လျှက်ရှိပါသည်။ ဗိမာန် တော်ကိုဆန့်ကျင်ပြောဆိုခြင်းသည် ဘုရားသခင်ကိုဆန့်ကျင်သည်ထက် သူတို့အတွက်ပို၍ ခံရခက်ပါသည်။ အမျက် ဒေါသထွက်လျှက် ရှိပါသည်။ ကောင်းကင်၏အမျက်ဒေါသသည် သတေဖန်၏စိတ်ထဲပ ပြည့်လျှံလျှက်ရှိကာ ထိုသူတို့ ၏မတရားမိုက်မဲမှုနှင့် နှလုံးသာ အရေပြားလှီးခြင်းမခံရကြောင်းကို ရဲဝံ့စွာသက်သေခံလျှက်ရှိပါသည်။ သန့်ရှင်း သောဝိညာဉ်တော်ကိုငြင်းဆန်သည့်အကြောင်း သက်သေခံပြောဆိုခဲ့ပါသည်။ ထိုသူတို့သည် အပြင်ပန်းသဏ္ဌာန်ဝတ် ပြုကိုးကွယ်ပြီး၎င်းတို့၏စိတ်နှလုံးမှာဖေါက်ပြန်ပြီး ညစ်ညူးဆိုးမိုက်လျှက်ရှိပါသည်။ ထိုသူတို့၏ဘိုးဘေးတို့သည်ရှေး ပရောဖက်များကို ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း၊ မိမိတို့ကိုယ်တိုင်သစ္စာဖေါက်သတ်ဖြတ်ခဲ့ပြီးဖြောင့်မတ်သူ၏ရှေ့ တော်ပြေးများကို သူတို့သတ်ဖြတ်ခဲ့ကြောင်း၊ သတေဖန်ပြောဆိုခဲ့ပါသည်။ GCB58 33.3

ပရောဖက်နှင့်အကြီးအကဲတို့သည် သတေဖန်၏ရှင်းလင်းပြတ်သားသော သက်သေခံချက်များကြောင့်အ မျက်ဒေါသထွက်ကာ သူ့ထံ ပြေးဝင်သွားကြပါသည်။ ကောင်းကင်၏ အလင်းတန်းသည် သတေဖန်အပေါ်သို့ကျ ရောက်လျှက်ကောင်းကင်သို့ မျှော်ကြည့်ကာ ရူပါရုံ၌ ဘုရားသခင်၏ဘုန်းတော်ကို ဖူးမြော်ခွင့်ရရှိခဲ့ပါသည်။ ကောင်း ကင်တမန်များတို့သည် သတေဖန်၏အနား၌ပြန်ဝဲလျှက်ရှိပါသည်။ ကျယ်လောင်သောအသံနှင့် ကောင်းကင်များပွင့် လျှက်ရှိပြီး လူသားသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ မတ်တပ်ရပ်တော်မူကြောင်းကို ငါတွေ့ရသည်ဟူ၍ ပြောဆိုခဲ့ပါသည်။ လူထုကြီးသည် သတေဖန်ပြောသည့်စကားကို နားမထောင်၊ မိမိတို့နားကို ပိတ်လျှက် တစ် ညီတစ်ညွတ်တည်း ကျယ်လောင်စွာကြွေးကြော်ကာ သတေဖန်ကိုချုပ်နှောင်၍ မြို့ပြင်သို့ခေါ်ထုတ်ကာ ခဲနှင့်ပေါက် ကြပါသည်။ သတေဖန်သည် ဒူးထောက်လျှက် ဘုရားသခင်၊ ဤသူတို့၏အပြစ်ကိုမှတ်တော်မမူပါနှင့်ဟု ကျယ်လောင် စွာ ဆုတောင်းခဲ့ပါသည်။ GCB58 33.4

သတေဖန်သည် ဘုရားသခင်၏အမှုတော်၌ ထက်မြက်သောသူတစ်ဦးဖြစ်ကာ အသင်းတော်၌ အလွန်အ ရေးကြီးသောအခန်းကဏ္ဍအတွက် ချီးမြှောက်ခြင်းခံရကြောင်းကို ကျမတွေ့ခဲ့ရပါသည်။ သတေဖန်ကိုဆုံးရှုံး၍တပည့် တော်များနှမြောတမ်းတမည်ကို သိသောကြောင့် ခဲနှင့်ပေါက်ကာ သတ်ဖြတ်ခြင်းကိုခံရစဉ် စာတန်မာရ်နတ်သည်ပျော် မြူးလျှက်ရှိပါသည်။ သို့သော်လည်း စာတန်မာရ်နတ်၏ ပျော်ရွှင်မှုသည် အဓွန့်မရှည်ခဲ့ပါ။ သတေဖန်၏ သေဆုံးခြင်း ကိုစောင့်ကြည့်နေသည့်လူအုပ်တွင် နောင်တချိန်၌ ခရစ်တော်၏ဘုန်းတော်ကို ဖူးမြော်ရမည့်ပုဂ္ဂိုလ်တစ်ဦး ရှိနေခဲ့ပါ သည်။ ထိုသူသည် သတေဖန်ကို ခဲနှင့်ပေါက်သတ်ရာ၌ သူကိုယ်တိုင် မပါဝင်သော်လည်း သဘောတူထောက်ခံခဲ့ ပါသည်။ ရှောလုသည် ဘုရားသခင်၏ အသင်းတော်ကို ညှင်းပန်းနှိပ်စက်ရာ၌ စိတ်အားထက်သန်သူတစ်ဦးဖြစ်ပါ သည်။ ယုံကြည်သူတို့ကို လိုက်လံရှာဖွေလျှက်မိမိတို့၏ အိမ်မှဆွဲထုတ်ကာ ရာဇဝတ်သားတို့၏ လက်ထဲတွင် အသေ သတ်ရန်အပ်နှံခဲ့ပါသည်။ စာတန်သည် ရှောလုကိုထိရောက်စွာ အသုံးပြုလျှက်ရှိပါသည်။ သို့သော်လည်း စာတန်၏ တန်ခိုးအောက်၌ ဖမ်းဆီးချုပ်နှောင်သူတို့ လွတ်မြောက်စေရန်အတွက် ဘုရားသခင်တတ်နိုင်တော်မူခဲ့ပါသည်။ ရှော လုသည်ပညာတတ်တစ်ယောက်ဖြစ်ကာ သူ၌ရှိနေသည့် အရည်အချင်းများကို အသုံးပြုလျှက် ဘုရားသခင်၏သား တော်နှင့်ယုံကြည်သူတို့ကို ပုန်ကန်ညှင်းဆဲရန် စာတန်မာရ်နတ်သည် ရှောလုကိုအောင်မြင်စွာ အသုံးချလျှက်ရှိပါသည် သို့သော်လည်း သခင်ခရစ်တော်သည် ရှောလုကိုရွေးချယ်ပြီး မိမိနာမတော်ကို ကြွေးကြော်ရန်အတွက်သော်လည်း ကောင်း၊ တပည့်တော်များ၏အမှုတော်၌ ခွန်အားဖြစ်စေရန်အတွက်သော်လည်းကောင်း၊ သတေဖန်၏နေရာ၌ ပိုမို အစားထိုးဝင်ရောက်ရန်အတွက်သော်လည်းကောင်း၊ အသုံးပြုခြဲပါသည်။ ယုဒလူမျိုးတို့သည် ရှောလုကိုအထင်ကြီး ခဲ့ပါသည်။ သူ၏အသိပညာနှင့်စိတ်ထက်သန်မှုကြောင့် သူတို့နှစ်သက်ခဲ့ပါသည်။ တပည့်တော်များတို့သည်လည်းသူ့ ကိုစိုးရိမ် ကြောက်လန့်ခဲ့ပါသည်။ GCB58 34.1

ဆက်လက်လေ့လာရန်။ တမန်တော် ၆-၇။ GCB58 34.2