Great Controversy 1858

14/43

အခန်း (၁၂) သခင်ခရစ်တော်၏ တပည့်တော်များ။

အသေသတ်ခြင်းခံရပြီး ပြန်လည်ရှင်ပြန်ထမြောက်လာသည့် ကယ်တင်ရှင်၏အကြောင်းကို တပည့်တော် များက အားမာန်အပြည့်နှင့်ဟောကြားခဲ့ပါသည်။ ဖျားနာသောသူတို့သည် အနာရောဂါငြိမ်းလျှက် တသက်လုံးကိုယ် လက်သေနေသည့် သူတစ်ဦးသည် အကောင်းပကတိသို့ပြန်လည်ရောက်ရှိလာကာ တပည့်တော်များနှင့်အတူ ဗိမ္မာန် တော်အတွင်းသို့ ကျေးဇူးတော်ကို ချီးမွမ်းပြီးခုန်ပေါက်ပြေးလွှားလျှက် ဝင်ရောက်ခဲ့ပါသည်။ သတင်းစကားသည် အလျင်အမြန်ပြန့်နှံ့လျှက် လူအများတို့သည် တပည့်တော်များထံသို့ ဝိုင်အုံလာပါတော့သည်။ အနာရောဂါငြိမ်းခြင်း ကိုမြင်တွေ့ရသောအခါ ထူးဆန်းအံ့ဩလျှက် အပြေးအလွှား ဝိုင်းလာပါတော့သည်။ GCB58 30.2

သခင်ခရစ်တော် သက်တော်စွန့်ပြီးနောက် နိမိတ်လက္ခဏာများပျောက်ကွယ်ကာ လူအများတို့သည်လည်း တက်ကြွမှုမရှိဘဲ ရိုးရာအစဉ်အလာနောက်သို့ ပြန်လိုက်လိမ့်မည်ဟု ယဇ်ပရောဟိတ်များက ထင်မှတ်ခဲ့ပါသည်။ သို့ သော်လည်း ယခုအခါ ထိုယဇ်ပရောဟိတ်များကြားထဲမှ တပည့်တော်များတို့သည် နိမိတ်လက္ခဏာများပြုလုပ်၍ လူအ မြောက်အမြားတို့သည် အံ့ဩတွေဝေလျှက် ရှိကြပါသည်။ သခင်ခရစ်တော် အသေသတ်ခြင်းခံရပြီး ဖြစ်သော်လည်း တပည့်တော်များတို့သည် ဤတန်ခိုးကိုမည်သည့်နေရာမှရရှိကြောင်း တွေးတောလျှက် ရှိနေပါသည်။ သခင်ခရစ်တော် ရှိစဉ်အခါ၌ ကိုယ်တော်သည် တပည့်တော်များအား ဤကဲ့သို့သော တန်ခိုးကိုပေးခဲ့သည်ဟု ယုံကြည်ကာ သခင်ခရစ် တော်မရှိသည့်နောက်တွင် ဤနိမိတ်လက္ခဏာများ ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့ပါသည်။ ဤအခြင်းအ ရာကိုရှင်ပေတရုသည် သိနားလည်ခဲ့သည့်အတွက် အချင်းဣသရေလလူမျိုးတို့၊ ဤအချင်းအရာကိုအဘယ်ကြောင့် အံ့ဩသနည်း။ ငါတို့၏တန်ခိုးကြောင့် ဤသူလမ်းလျှောက်သည်ဟု ထင်မှတ်လျှက် ငါတို့ကိုအဘယ်ကြောင့် ငေးမော ကြည့်နေသနည်း။ အာဗြံဟံ၊ ဣဇက်နှင့် ယာကုပ်ငါတို့အဖများ၏ဘုရားသည် သားတော်ယေရှု၏ ဘုန်းတော်ကိုထင် ရှားစေခဲ့ပြီး ပိလတ်မင်းသည် ထိုသခင်ကိုလွှတ်ရန် စိတ်ဆုံးဖြတ်သော်လည်း သင်တို့သည် ငြင်းပယ်လျှက် အသေသတ် ရန်သဘောတူခဲ့သည်။ သို့သော်လည်း သန့်ရှင်းဖြောင့်မတ်သောအရှင်ကို သင်တို့ငြင်းဆန်ခဲ့ပြီ၊ လူသတ်ကောင်ကိုရွေး ချယ်ခဲ့ပြီ။ အသက်ရှင်ခြင်း၏သခင်ကို သင်တို့သတ်ခဲ့သော်လည်း ဘုရားသခင်သည် သူ့ကိုရှင်ပြန်ထမြောက်စေခဲ့ သည်။ ဤအခြင်းအရာကို ငါတို့သက်သေခံကြသည်။ ယခင်က ကိုယ်အင်္ဂါမသန်မစွမ်းသော်လည်း ယခုကဲ့သို့လုံးဝ ပျောက်ကင်းရခြင်းမှာ သခင်ခရစ်တော်ကို ယုံကြည်သောကြောင့်ဖြစ်သည်ဟု ရှင်ပေတရုက ပြောကြားခဲ့ပါသည်။ GCB58 30.3

ယဇ်ပရောဟိတ်မင်းများနှင့် အကြီးအကဲတို့သည် ထိုစကားများကို မခံမရနိုင်ပါ။ တပည့်တော်များကို ဖမ်းဆီး ချုပ်နှောင်ခဲ့ပါသည်။ သို့သော်တပည့်တော်များ၏ သက်သေခံခြင်းတစ်ခုတည်းကြောင့် သခင်ခရစ်တော်သေခြင်းမှထ မြောက်၍ ကောင်းကင်သို့တက်ကြွသွားသည့်အကြောင်းကို လူထောင်ပေါင်းမြောက်မြားစွာက ယုံကြည်လက်ခံခဲ့ပါ သည်။ ယဇ်ပရောဟိတ်မင်းနှင့် အကြီးအကဲတို့သည် အခက်ကြုံလျှက်ရှိနေပါသည်။ လူအများတို့က သူတို့ကို အာရုံပြု ရန် သခင်ခရစ်တော်ကို သတ်ဖြတ်ခဲ့ကြပါသည်။ ယခုအချိန်မှာပို၍ဆိုးဝါးလာပါသည်။ သခင်ခရစ်တော်ကို သတ်ဖြတ် သည့်အတွက် တပည့်တော်များ၏ တိုက်ရိုက်စွပ်စွဲခြင်းကိုခံရပြီး နောင်မည်သို့ဖြစ်လာပြီး လူထု၏သဘောထားမည်သို့ ရှိနေမည်ကိုလည်း မခန့်မှန်းနိုင်ပါ။ တပည့်တော်များကို သတ်ဖြတ်လိုသော်လည်း ပြည်သူလူထုအမြတ်ထွက်၍ မိမိတို့ ကိုခဲနှင့်ပေါက်မည်ကို ယဇ်ပရောဟိတ်နှင့် အကြီးအကဲများက စိုးရိမ်ခဲ့ပါသည်။ တပည့်တော်များကို ထိုသူတို့စည်းဝေး ရာသို့ခေါ်ထုတ်လိုက်ပါသည်။ ထိုအစည်းအဝေးတွင် ဖြောင့်မတ်သောအရှင်ကို သတ်ရန်ကြွေးကြော်ခဲ့သူများလည်း ပါဝင်ခဲ့ပါသည်။ သခင်ခရစ်တော်၏ တပည့်တော်ဖြစ်ကြောင်း စွပ်စွဲခြင်းခံရသောအခါ ကြိမ်းမောင်းငြင်းဆိုခဲ့သည့်ရှင် ပေတရု၏ သူရဲဘောကြောင်သော အပြုအမူလည်း ထိုသူတို့သိနှင့်ပြီး ဖြစ်ပါသည်။ ရှင်ပေတရုကိုခြောက်လှန့်နိုင်မည် ဟုထင်ခဲ့သော်လည်း သူပြောင်းလဲခဲ့သည်။ သခင်ခရစ်တော်ကို ပြန်လည်ချီးမြှောက်ရန် အခွင့်အရေးကို ရှင်ပေတရု တစ်ခါရခဲ့ပြန်၏။ ကိုယ်တော်ကိုတစ်ကြိမ်တစ်ခါက ငြင်းဆိုခဲ့သည့် သူရဲဘောကြောင်သည့် မိမိ၏လုပ်ဆောင်ချက်ကို ယခုအခါတွင် ပြန်လည်ပြင်ဆင်၍ မိမိငြင်းဆန်ခဲ့သည့် အမည်နာမတော်ကို ပြန်လည်ချီးမြှောက်ရန် အခွင့်ပြန်လည်ရ ရှိခဲ့ပါသည်။ ရှင်ပေတရု၏နှလုံးသားသည် ကြောက်စိတ်လုံးဝမရှိပါ။ သန့်ရှင်းရဲရင့်သည့် သတ္တိနှင့် ဝိညာဉ်တော်၏ တန်ခိုးဖြင့် မကြောက်မရွံ့ဘဲ ၎င်းတို့သတ်ဖြတ်ခဲ့၍ ဘုရားသခင်ပြန်လည်ရှင်ပြန်ထမြောက်စေခဲ့သည့် နာဇရက်မြို့ သားယေရှုခရစ်၏ နာမတော်အားဖြင့် ဤသူ၏ အနာရောဂါပျောက်ကင်းကြောင်း သက်သေခံခဲ့ပါသည်။ သင်တို့ ငြင်းဆန်ခဲ့သော ကျောက်သည် ယခုအခါတွင် အုတ်မြစ်ကျောက် ဖြစ်နေပါသည်။ သခင်ခရစ်တော်၏ နာမတော်မှလွဲ ၍ကယ်တင်ခြင်းသည် ဤလောကရှိ မည်သူတစ်စုံတစ်ယောက်၏နာမအားဖြင့် မရရှိနိုင်ချေ။ GCB58 30.4

ရှင်ပေတရုနှင့် ရှင်ယောဟန်တို့၏ သတ္တိကိုအများကအံ့ဩခဲ့ပါသည်။ မိမိတို့၏ရိုးသားရဲရင့်မှုကို ကြည့်လျှက် ထိုသူတို့သည် သခင်ခရစ်တော်အတူရှိကြောင်းကိုအများက အသိအမှတ်ပြုခဲ့ပါသည်။ သူတို့၏သတ္တိတည်ကြည်မှု သည်လူသတ်သမားများ၏ ရှေ့မှရှိစဉ်အခါ သခင်ခရစ်တော်၏ ရဲရင့်တည်ကြည်မှုနှင့် တူနေပါသည်။ ရှင်ပေတရုသည် သခင်ခရစ်တော်ကို ငြင်းပယ်ပြီးသည့်နောက် ကိုယ်တော်သည်သူ့ကို ဝမ်းနည်းကျေကွဲသောအကြည့်နှင့် လှည့်၍ ကြည့်ခဲ့ပါသည်။ တစ်ကြိမ်တွင်မူ မိမိအရှင်သခင်ကို ရဲဝံ့စွာ သစ္စာပြုခဲ့သည့်အတွက် ကောင်းကြီးမင်္ဂလာခံစားခဲ့ရ ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခဲ့ပါသည်။ GCB58 31.1

ယဇ်ပရောဟိတ်မင်း အကြီးအကဲတို့သည် တပည့်တော်တို့ကို မုန်းတီးကြောင်း ပွင့်လင့်စွာမဖေါ်ပြနိုင်ပါ။ ထို့ကြောင့်မိမိတို့ဆက်လက်တိုင်ပင်နိုင်ရန်အတွက် တပည့်တော်များကို စည်းဝေးခမ်းမအပြင်သို့ ထွက်ခိုင်းခဲ့ပါသည်။ ထို့နောက် ‘‘ဤသူတို့ကိုငါတို့မည်သို့ ပြုလုပ်မည်နည်း။ ယေရုရှလင်မြို့၌ရှိသောလူတိုင်းသည် ထိုနိမိတ်လက္ခဏာကို သိရှိခဲ့ပြီ ဤအခြင်းအရာကို ငါတို့မငြင်းဆန်နိုင်’’ ဟုဆွေးနွေးခဲ့ပါသည်။ ထိုကောင်းမြတ်သောလုပ်ဆောင်ချက်သည် ပြန့်နှံ့သွားမည်ကိုစိုးရိမ်ခဲ့ပါသည်။ အကယ်၍ထိုသတင်းစကားပြန့်နှံ့သွားပါက သူတို့၏တန်ခိုးဩဇာကျဆုံးပြီးသခင် ခရစ်တော်ကို သတ်ဖြတ်သူများအဖြစ် အများကမြင်လာပါလိမ့်မည်။ သူတို့တတ်နိုင်သောအရာတစ်ခုမှာ တပည့် တော်များကိုခြိမ်းခြောက်၍ အသက်မသေလိုပါက သခင်ခရစ်တော်၏ နာမတော်ကိုရှောင်ရမည်ဟု သတိပေးလိုက် ပါသည်။ သို့သော်ရှင်ပေတရုသည် မိမိတို့တွေ့မြင်ခဲ့ရသော အရာများကို မပြောဘဲမနေနိုင်ဟု ရဲဝံ့စွာပြန်လည်ဖြေကြား လိုက်ပါသည်။ GCB58 31.2

တပည့်တော်များတို့သည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် လူနာများကို ဆက်လက်ပျောက်ကင်းစေခဲ့ ပါသည်။ ယဇ်ပရောဟိတ်မင်းနှင့်အကြီးအကဲများတို့နှင့် အပေါင်းအပါတို့သည် စိုးရိမ်လျှက်ရှိပါသည်။ အသေသတ်ခြင်း ခံပြီးပြန်လည်ရှင်ပြန်ထမြောက်ကာ ကောင်းကင်သို့တက်ကြွသွားသည့် ကယ်တင်ရှင်ကို လူရာပေါင်းမြောက်မြားစွာ နေစဉ်ယုံကြည်လာလျှက်ရှိပါသည်။ ပြန်လည်တည်ငြိမ်မှုရရန်အတွက် တမန်တော်များတို့ကို ထောင်ထဲ၌ အကျဉ်းချ ခဲ့ပါသည်။ စာတန်နှင့်သူ၏နတ်ဆိုးတို့သည် ဝမ်းမြောက်လျှက်ရှိသော်လည်း ဘုရားသခင်၏ ကောင်းကင်တမန်များ တို့သည် ထောင်တံခါးများကိုဖွင့်လျှက် ယဇ်ပရောဟိတ်မင်းနှင့် အကြီးအကဲတို့၏ အမိန့်များကိုလွန်ဆန်ကာ ဗိမာန် တော်၌ အသက်ရှင်ခြင်းနုတ်ကပတ်တော်ကိုသွားရောက်ဟောကြားရန် စေခိုင်းခဲ့ပါသည်။ ကောင်စီဝင်များ ပြန်လည် စုရုံးလာသောအခါ အကျဉ်းကျနေသော သူတို့ကို ဆင့်ခေါ်ခဲ့ပါသည်။ အစောင့်အကြပ်တို့သည် သတ်မှတ်ထားသော ထောင်တံခါးများကိုဖွင့်လျှက် ဝင်ရောက်ခဲ့သော်လည်း အကျဉ်းသားများကို မတွေ့ရတော့ပါ။ ယဇ်ပရောဟိတ်အကြီး အကဲများထံသို့ ပြန်လည်ရောက်ရှိလာသောအခါ အကျဉ်းထောင်တံခါးများကို လုံခြုံစွာ သော့ခတ်ထားပြီးတံခါးစောင့် တို့သည်စောင့်ကြပ်လျှက် ရှိစေကာမူ အကျဉ်းထောင်ထဲသို့ ရောက်ရှိလာသောအခါ အကျဉ်းသားများကိုမတွေ့ရတော့ ကြောင်းအစီရင်ခံခဲ့ပါသည်။ ထိုအချိန်တွင် တစ်ဦးတစ်ယောက်က ရောက်ရှိလာပြီး ထောင်ထဲ၌အကျဉ်းကျခဲ့သောသူ တို့သည် ဗိမာန်တော်၌ လူအများတို့ကို တရားတော်သွန်သင်လျှက်ရှိကြောင်း ပြောဆိုခဲ့ပါသည်။ လူအများတို့၏ခဲနှင့် ပေါက်မည့်ရန်ကိုကြောက်သောကြောင့် အစောင့်အကြပ်တို့သည် အကြမ်းဖက်မှုတစ်စုံတစ်ခုမျှမရှိဘဲ တမန်တော်များ ကိုစည်းဝေးရာခမ်းမဆောင်သို့ ခေါ်ဆောင်ခဲ့ပါသည်။ ယဇ်ပရောဟိတ်အကြီးအကဲက ဤနာမကို အမှီပြုလျှက်တရား မဟောရန် ငါတို့တားမြစ်ခဲ့သည်မဟုတ်လော။ ယခုအခါ၌ ယေရုရှလင်မြို့တစ်ခုလုံးသည် သင်တို့၏ ယုံကြည်မှုဖြင့် ပြည့်လျှံလျှက်ရှိပြီး ထိုသူ၏ အသွေးသည်ငါတို့အပေါ်သို့ ကျရောက်ရန် သင်တို့လုပ်ဆောင်လျှက်ရှိပြီဟု စွပ်စွဲလိုက်ပါ သည်။ GCB58 31.3

ထိုယဇ်ပရောဟိတ်တို့သည် အယောင်အဆောင်များသာဖြစ်ပြီး ဘုရားကိုချစ်ရမည်ထက် လူအမြောက်အ မြားချီးမွမ်းခြင်းကို ပို၍တောင့်တခဲ့သည်။ စိတ်နှလုံးမာကျောလျှက်ရှိပြီး တပည့်တော်များ၏အံ့ဖွယ်အကောင်းဆုံးနိ မိတ် လက္ခဏာပင်လျှင်သူတို့၏အမျက်ဒေါသကိုလှုံ့ဆော်ခဲ့ပါသည်။ သခင်ခရစ်တော်၏ အသေခံတော်မူခြင်း ရှင်ပြန် ထမြောက်တော်မူခြင်းနှင့် ကောင်းကင်သို့တက်ကြွသွားခြင်းကိုလည်း တပည့်တော်များတို့သည် ဟောကြားနေပါက မိမိတို့အပြစ်များပေါ်လွင်လျှက် သခင်ခရစ်တော်သတ်ဖြတ်ခဲ့သူများအနေဖြင့် လူသိများလာမည်ကို သူတို့သိမြင်ပါ သည်။ ထိုသူ၏အသွေးသည်ငါတို့နှင့်ငါတို့၏ သားသမီးများအပေါ်သို့ ကျပါစေဟု ကြွေးကြော်ခဲ့စဉ်အခါနှင့်နှိုင်းယှဉ် လျှင်ယခုအခါပ သခင်ခရစ်တော်၏ အသွေးတော်သည် သူတို့အပေါ်၌ ကျရောက်မည်ကို စိုးရိမ်ဖွယ်ရှိပါသည်။ GCB58 31.4

လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်မည့်အကြောင်း တမန်တော်များတို့သည် ရဲဝံ့စွာသက် သေခံခဲ့ပါသည်။ ငါတို့အဖများ၏ဘုရားသည် သင်တို့သတ်ဖြတ်၍ သစ်တိုင်ပေါ်မှချိတ်ဆွဲထားခဲ့သောယေရှုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့သည်။ လက်ယာတော်ဖက်၌ ကယ်တင်ရှင်နှင့် မင်းသားအရာ၌ ချီးမြှောက်ခန့်ထား တော်မူသည်။ ဣသရေလလူမျိုးတို့ နောင်တရ၍ အပြစ်လွတ်ခွင့်ရရှိရန် ထိုသို့ပြုတော်မူသည်။ ငါတို့သည် ဤအခြင်း အရာကိုသက်သေခံသည့်နည်းတူ ဘုရားသခင်၏ စကားတော်ကို ယုံကြည်နားထောင်သောသူတို့အဖို့ သွန်းလောင်း တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံလျှက်ရှိသည်ဟူ၍ ရှင်ပေတရု ပြန်လည်ဖြေကြားခဲ့ပါ သည်။ ထိုအခါ ထိုလူသတ်ကောင်များမှာ အမျက်ဒေါသထွက်လာပါသည်။ တပည့်တော်များကိုသတ်၍ နောင်တဖန် သွေးစွန်းရန် သူတို့ဆန္ဒပြင်းပြလာခဲ့ပါသည်။ ဤကဲ့သို့ပြုလုပ်ရန် စီစဉ်နေခိုက်တွင် ဘုရားသခင်၏ ကောင်းကင်တမန် သည်ဂါမာလျေလကိုအသုံးပြု၍ ယဇ်ပရောဟိတ်မင်းနှင့် အကြီးအကဲတို့ကို ဆုံးမစေခဲ့ပါသည်။ ထိုဂါမာလျေလက ဤသူတို့ကို အန္တရာယ်မပြုနှင့်။ လူ၏လုပ်ဆောင်ချက်ဖြစ်ပါက ကျဆုံးလိမ့်မည်။ သို့သော် ဘုရားသခင်ထံမှ လာပါက ငါတို့တိုက်ဖျက်၍မရ။ ဘုရားသခင်ကို အံတုလိုသူများအဖြစ် ထင်ရှားလိမ့်မည်ဟု ပြောဆိုခဲ့ပါသည်။ နတ်ဆိုးများတို့ သည် ယဇ်ပရောဟိတ်မင်းနှင့် အကြီးအကဲတို့ကို အသုံးပြုလျှက် တမန်တော်များတို့ကိုသတ်ဖြတ်ရန် ကြိုးစားသော် လည်း ဘုရားသခင်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်လျှက် ရန်သူများကြားထဲမှ လူတစ်ဦးကို တပည့် တော်များဘက်မှ ရပ်တည်စေခဲ့ပါသည်။ တမန်တော်များ၏ လုပ်ဆောင်ချက်များမပြီးမြောက်သေးပါ။ မိမိတို့ကြားခဲ့ မြင်ခဲ့သောအရာများနှင့် သခင်ခရစ်တော်၏ နာမတော်ကို ရှင်ဘုရင်များရှေ့တော်မှောက်၌ သက်သေခံရအုံးမည်။ ယဇ် ပရောဟိတ်မင်းနှင့်အကြီးအကဲတို့သည် တပည့်တော်များကို ရိုက်နှက်ကာ ခရစ်တော်၏ နာမတော်၌ သက်သေခံခြင်း မပြုရန် အမိန့်ပေးပြီးမှ ပြန်လွှတ်လိုက်ပါသည်။ ကိုယ်တော်၏ အံ့ဖွယ်နာမတော်ကြောင့် ညှဉ်းပန်းခြင်းခံ၇သည်ကို ထိုက်တန်ပါသည်ဟု ဂုဏ်တော်ချီးမွမ်းလျှက် ထိုအစည်းအဝေးမှ ထွက်လာခဲ့ကြပါသည်။ မိမိတို့၏ အမှုတော်လုပ်ငန်း ကိုဆက်လက်လုပ်ဆောင်လျှက် အသင်းတော်၌၎င်း၊ မိမိတို့ဖိတ်ကြားသည့် အိမ်တိုင်း၌၎င်း တရားတော်ကို ဝေငှခဲ့ ကြပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဆက်လက်ကြီးထွားတိုးပွားလာခဲ့ပါသည်။ တပည့်တော်များတို့ သည် သခင်ခရစ်တော်၏ အလောင်းတော်ကို ခိုးယူသွားကြောင်း မုသားစကားကိုသက်သေခံရန်အတွက် စာတန်သည် ယဇ်ပရောဟိတ်မင်းနှင့်အကြီးအကဲတို့အား ရောမစစ်သည်တော်တို့ကို လာဘ်ထိုးငှားရမ်းခဲ့ပါသည်။ ဤမုသားစကား အားဖြင့် အမှန်တရားကို ဖုံးကွယ်ထားရန် ကြိုးစားသော်လည်း သခင်ခရစ်တော် ရှင်ပြန်ထမြောက်သည့်သက်သေလ က္ခဏာတို့ကို ပတ်ဝင်းကျင်၌ တွေ့မြင်နေရပါသည်။ မိမိတို့တွေ့ခဲ့မြင်ခဲ့သောအရာများကို ရဲရင့်စွာ သက်သေခံလျှက် တပည့်တော်တို့သည် သခင်ခရစ်တော်၏ နာမတော်၌ အလွန်ကြီးမားသော အံ့ဖွယ်နိမိတ်လက္ခဏာတို့ကို ပြုလုပ်ခဲ့ပါ သည်။ ဘုရားသခင်၏သားတော်ကို အနိုင်ယူဖျက်ဆီးနိုင်သည့်အချိန်အခါ၌ ထိုသူ၏အသွေးသည် ငါတို့အပေါ်၌ ကျပါစေဟု ကြွေးကြော်သောသူများအပေါ်၌ သခင်ခရစ်တော်၏ အသွေးတော်ကိုရဲရင့်စွာ ပုံအပ်ခဲ့ပါသည်။ GCB58 32.1

ခေတ်အဆက်ဆက် သခင်ခရစ်တော်၏ တပည့်တော်များကို ညီညွတ်စေမည့် ကျောက်ဆူးတည်းဟူသော သမ္မာတရားများကို အထူးဂရုစိုက်ထိန်းသိမ်းရန်အတွက် ဘုရားသခင်သည် ကောင်းကင်တမန်များကို တာဝန်ပေးအပ် ထားကြောင်း ကျမတွေ့မြင်ခဲ့ရပါသည်။ GCB58 32.2

ဣသရေလလူမျိုးတို့၏မျှော်လင့်ရာ သမ္မာတရားဖြစ်သည့် သခင်ခရစ်တော်၏ အသေခံတော်မူခြင်း၊ ရှင်ပြန် ထမြောက်ခြင်းနှင့် ကောင်းကင်သို့တက်ကြွသွားခြင်းကို သက်သေခံသည့် တမန်တော်များအပေါ်၌ သန့်ရှင်းသောဝိ ညာဉ်တော်အထူးကျရောက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ဤလောက၏တစ်ခုတည်းသော မျှော်လင့်ရာကယ်တင်ရှင် ဖြစ်သည့် သခင်ခရစ်တော်ကိုမျှော်ကြည့်လျှက် မိမိ၏အသက်တော်စွန့်ခြင်းဖြင့် ခရစ်တော်ဖွင့်လှစ်ပေးသောလမ်းအ တိုင်းလျှောက်လှမ်းမည့် ပညတ်တော်တို့ကို စောင့်ထိန်း၍၎င်း၊ ယုဒလူမျိုးတို့ကို အမြတ်ထွက်စေမည့် ကိုယ်တော်ကို သတ်ဖြတ်စေခဲ့သည့် လုပ်ငန်းရပ်များကို ဆက်လက်ဖေါ်ထုတ်ရန် သခင်ခရစ်တော်သည် တပည့်တော်များကို တန် ခိုးပေးရာ၌ ကိုယ်တော်၏ကောင်းမြတ်ခြင်းနှင့် ဂုဏ်တော်ကို ကျမတွေ့မြင်ခဲ့ရပါသည်။ တပည့်တော်တို့သည် စာ တန်၏လုပ်ဆောင်ချက်များကို အနိုင်ယူရန် တန်ခိုးရရှိခဲ့ပါသည်။ လူဆိုးများတို့၏ လက်ချက်ကြောင့် အရှက်ရ၍ အသက်တော်စွန့်ခဲ့ရသည့် ခရစ်တော်၏နာမတော်၌ အံ့ဖွယ်နိမိတ်လက္ခဏာများကို ပြုလုပ်နိုင်ခဲ့ပါသည်။ သခင်ခရစ် တော်အသက်တော်စွန့်၍ ပြန်လည်ရှင်ပြန်ထမြောက်သောအချိန်အခါ၌ ဘုန်းတော်ရောင်ခြည်ထွန်းတောက်ခဲ့ပါ သည်။ဤအခြင်းအရာကြောင့် ကိုယ်တော်သည် ဤလောက၏ ကယ်တင်ရှင်ဖြစ်ကြောင်း ပိုမိုထင်ရှားခဲ့ပါသည်။ GCB58 32.3

ဆက်လက်လေ့လာရန်။ တမန် ၃-၅ ကိုဖတ်ပါ။ GCB58 33.1