သုခချမ်းသာလမ်းညွှန်..

5/14

အပြစ်ကိုဘော်ပြဝန်ချခြင်း

“မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကိုဘော်ပြဝန်ချ၍စွန့်ပစ် သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်။” (သုတ္တံ၊ ၂၈း၁၃။) SC 47.1

ဘုရားသခင်ထံတော်မှကရုဏာတော်ကိုခံစားဘို့ရန်လိုက်နာအပ်သောစည်းကမ်းချက် များသည်လွယ်ကူ၊ ဖြောင့်မှန်၍ ယုတ္တိရှိပေသည်။ ကျွန်ုပ်တို့သည်အပြစ်လွတ်ခြင်းအခွင့်ကိုရ ရှိကြမည့်အကြောင်း ကျွန်ုပ်တို့အားစိတ်ဒုက္ခရောက်စေသောအမှုအချို့ကိုပြုစေဘို့ရန် ထာဝရ ဘုရားသည်အလိုရှိတော်မမှုပါ။ ကောင်းကင်ဘုံရှင်ဘုရားသခင်အားမိမိတို့စိတ်နှလုံးကိုအပ်နှံ ရန်သော်၎င်း၊ မိမိတို့၏လွန်ကျူးခြင်းအပြစ်များကိုလွှတ်တော်မူစေရန်သော်၎င်း၊ ကျွန်ုပ်တို့သည် ဝတ်ပြုကိုးကွယ်ရေးအတွက်ဝေးလံပင်ပန်းသောခရီးကိုသွားဘိုမလို ဝေဒနာသက်ရောစေသော ကိုယ်ကိုဆုံးမခြင်းဒုက္ခစရိယာများကျင့်ဘို့မလိုချေ။ မိမိ၏ အပြစ်ကိုဘော်ပြဝန်ချ၍စွန့်ပစ်သော သူမူကားကရုဏာတော်ကိုခံစားရလိမ့်မည်။ SC 47.2

တမန်တော်တပါးက၊ “အချင်းချင်း တယောက်ကိုတယောက်၊ကိုယ်အပြစ်ကိုဘော်ပြ တောင်းပန်ကြလော့၊ ချမ်းသာရမည်အကြောင်းအချင်းချင်းတို့အဘို့ဆုတောင်းကြလော့” ပြော ဆို၏။ (ယာကုပ်၊ ၅း၁၆။) ဘုရားသခင်သာလျှင်အပြစ်များကိုဖြေလွှတ်နိုင်တော်မူသဖြင့်ဘုရား သခင်အားမိမိတို့၏အပြစ်ကိုဘော်ပြဝန်ချလော့။ ၎င်းပြင်အချင်းချင်းတယောက်ကိုတယောက် အပြစ်ကိုဘော်ပြတောင်းပန်ကြလော့။သင်သည်သင်၏ မိတ်ဆွေ သို့မဟုတ် အိမ်နီးချင်းအား ပြစ်မှားမိခဲ့လျှင်၊ သင်၏ အမှားကိုဘော်ပြတောင်းပန်ရ မည်။ ထိုအခါသင်၏ အပြစ်ကိုလုံးလုံးဖြေလွှတ်ဘို့ရန် သူ၌တာဝန်ရှိပေသည်။ ထိုနောက် နစ်နာစေခဲ့သောညီအစ်ကိုသင်သည်ဘုရားသခင်၏ဥစ္စာဖြစ်၍၊ သူ့အား နစ်နာထိခိုက်စေရာ ၌ သင်သည်သူ၏ဖန်ဆင်းရှင်းနှင့်ရွေးနှုတ်ရှင်အားပြစ်မှားသောကြောင့် ၊ သင်သည်ဘုရားသခင် အားအပြစ်လွှတ်တော်မူစေရန် တောင်းလျှောက်ရမည်။ တစ်ပါးတည်းဖြစ်၍မှန်ကန်သောဖြန် ဖြေသူဖြစ်သော၊ ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်း၏ရှေ့တော်သို့ ဤအမှုကိုတင်ပြရလေသည်။ ထိုယဇ်ပုရောဟိတ်မင်းသည် “ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသောစုံစမ်းနှောက်ခြင်းတို့ကိုခံ ဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။” ၎င်းပြင် “ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကြင်နာနိုင်သောသူမဟုတ်”သဖြင့်အပြစ်၏အစွန်းအ ကွက်ရှိသမျှတို့ကိုဆေးကြောပယ်ရှင်းခြင်းငှာတတ်နိုင်တောမူ၏။ (ဟေဗြဲ ၄း၁၅။) SC 47.3

မိမိ၏အပြစ်ကိုဘော်ပြဝန်ချရာ၌ ဘုရားသခင်၏ရှေ့တော်တွင်မိမိတို့၏စိတ်နှလုံးကို မနှိမ့်ချသောသူသည် ဘုရားသခင်လက်ခံတော်မူစေရန်လိုက်နာအပ်သောပဠမစည်းကမ်းချက် ကိုပြည့်စုံစွာမလိုက်မနာခဲ့သေး။ ကျွန်ုပ်တို့သည်အမှန်နောင်တရသော သဘောမျိုးမရှိခဲ့၊ အ ပြစ်ကိုအလွန်ရွံရှာစွန့်ပစ်လျက်၊ အမှန်စိတ်နှိမ့်ချ၍စိတ်နှလုံးကြေကွဲခြင်းမရှိဘဲ၊ မိမိတို့၏အပြစ် ကိုဘော်ပြဝန်ချလျှင်၊ ကျွန်ုပ်တို့သည်အပြစ်လွှတ်တော်မူစေဘို့ရန်ဧကန်အမှန်ပင်ဘယ်အခါမျှ မတောင်းလျှောက်ခဲ့ကြသေးပါ။ ၎င်းပြင်ဘယ်အခါမျှမတောင်းလျှောက်ခဲ့သေးလျှင်ကျွန်ုပ်တို့ သည်ဘုရားသခင်၏ငြိမ်သက်ခြင်းမျိုးကိုဘယ်အခါမျှမရရှိခဲ့ကြသေးပါ။ ကျွန်ုပ်တို့သည်လွန်ခဲ သောအပြစ်များမှအဘယ်ကြောင့်လွတ်ကင်းခြင်းအခွင့်မရရှိခဲ့သည်အကြောင်းရင်းတခုကား ကျွန်ုပ်တို့သည်မိမိတို့၏စိတ်နှလုံးကိုနှိမ်ချလိုသောစိတ်သဘောမရှိ။ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်၏စည်းကမ်းချက်တို့ကိုမလိုက်နာသောကြောင့်သာဖြစ်သတည်း။ ဤအမှုကိစ္စ နှင့်သက်ဆိုင်သောသွန်သင်သြဝါဒပေးချက်ကို အထင်အရှားဘော်ပြထားပေသည်။ လူအများ ရှေ့၌သော၎င်း၊ လျှို့ဝှက်သောနေရာ၌၎င်း၊ အပြစ်ကိုဘော်ပြဝန် ချခြင်းအမူသည် စိတ်ပါလျက်ပွင့်လင်းစွာဘော်ပြရသောအမှုဖြစ်ရမည်။ ၎င်းအမှုသည်အပြစ် သားအားအတင်းအကြပ်တိုက်တွန်း သခြင့်ပြုရသောအမှုကိစ္စမျိုးမဖြစ်ရ။ ၎င်းအမှုကိုပေါ့ပေါ့ဆ ဆ၊ အမှတ်တမဲ့မပြုအပ်။ သို့မဟုတ် အပြစ်ကိုရွံရှာစက်ဆုတ်ခြင်းသဘောကိုကောင်းစွာမသိ နားမလည်းသေးသောသူအားအတင်းအကြပ်ပြုစေအပ်သောအမှုမျိုးမဟုတ်။စိတ်ပါလျက်ပွင့် လင်းစွာဘော်ပြဝန်ချမှုကိုအနန္တကရုဏာရှင်ဘုရားသခင်သည်လက်ခံတော်မူ၏။ ဆာလံ ဆရာက၊“ထာဝရဘုရားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီး တော်မူ၏။ နောင်တရှိ၍စိတ်နှိမ့်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏” ဟုပြောဆိုထား၏။ (ဆာလံကျမ်း၊ ၃၄း၁၈။) SC 49.1

မှန်ကန်သောဝန်ချတောင်းပန်ခြင်းသည်သီးခြားသက်ဆိုင်သောအပြစ်မျိုးနှင့်အမြဲသက်ဆိုင် ထူးခြားသောအပြစ်များကိုဝန်ခံ၏။ ထိုအပြစ်များကားဘုရားသခင်ကိုသာဘော်ပြရသော အပြစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မည်။ ထို့အပြစ်တို့ကြောင့်နစ်နာထိခိုက်ခြင်းခံရသောလူအသီးသီး တို့အားဘော်ပြတောင်းပန်ရသောအပြစ်မျိုးဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့မဟုတ်လူအများနှင့် သက်ဆိုင်၍လူအများအေရှေ့တွင်ဘော်ပြတောင်ပန်ရသောအပြစ်မျိုးလည်းဖြစ်ကောင်းဖြစ် လိမ့်မည်။ သို့ရာတွင် ဝန်ချတောင်းပန်မှုရှိသမျှတို့တွင်သေချာ၊ အချက်ကျလျက်ကိုယ်တိုင် အသေအချာလွန်ကျူးသောအပြစ်များကိုဝန်ခံရမည်။ SC 50.1

ရှာမွေလလက်ထက်၌ဣသရေလလူတို့သည်ဘုရားသခင်ထံတော်မှလွှဲရှောင်သွားကြ၏။ သူတို့သည်မိမိတို့အပြစ်များအတွက်ဆိုးကျိုးများကိုခံစားနေရကြ၏။ အကြောင်းမူကား၊ သူတို့သည်ဘုရားသခင်၌ယုံကြည်အားထားခြင်းကင်းမဲ့ခဲ့ကြ၏။ နိုင်ငံကိုအုပ်စိုးနိုင်သောတန်ခိုး တော်နှင့်ဥာဏ်ပညာကိုဝေဖန်ပိုင်းခြားနိုင်သောသဘောကင်းမဲ့ခဲ့ကြ၏။ ရန်သူတို့ကိုကာကွယ် နိုင်၍မိမိ၏ကြောင်းကိုအခိုင်အမာထင်ရှားစေနိုင်တော်မူသောစွမ်းအားသတ္တိတော်၌သူတို့၏ယုံ ကြည်အားထားခြင်း ကင်းမဲ့လာခဲ့၏။ သူတို့သည်စကြာဝဠာကိုအုပ်စိုးတော်မူသောအရှင်ထံမှ လွဲသွားကြ၍၊ သူတို့ပတ်လည်၌ရှိသောလူမျိုးများနည်းတူအုပ်စိုးခြင်းကိုခံယူလိုကြ ၏။ သူတို့သည်ငြိမ်သက်ခြင်းမရှိကြမှီ၊ ဤကဲ့သို့သေချာဝန်ခံချက်ကိုပြုကြ၏။ “အကျွန်ုပ်တို့ သည် ရှင်ဘုရင်ကိုတောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ဒုစရိုက်ကို ပြုမိပါပြီ” (၁ရာဇဝင်၊ ၁၂း ၁၉။)သူတို့ပြုခဲ့ကြောင်းထင်ရှားသောအပြစ်ကိုသူတို့သည်ဘော်ပြဝန် ချတောင်းပန်ရကြပြီ။ သူတို့၏ကျေးဇူးကင်းမဲ့ခြင်းအမှုသည်သူတို့၏စိတ်နှလုံးကိုညှင်းဆဲနှိပ်စက် ၍ သူတို့အားဘုရားသခင်ထံမှကွဲကွာသွားစေ၏။ SC 50.2

အမှန်ပင်နောင်တရ၍ ပြောင်းလဲပြုပြင်ခြင်းမရှိဘဲဝန်ချတောင်းပန်မှုကိုဘုရားသခင် သည်လက်ခံတော်မမူ။ အသက်တာတွင်ထင်ရှားစွာပြောင်းလဲမှုရှိရမည်။ ဘုရားသခင်အားမှား မိသော အပြစ်ရှိသမျှကိုစွန့်ပစ်ရမည်။ အပြစ်အတွက်အမှန်ဝမ်းနည်းခြင်းကြောင့် ဤအခြေအ နေမျိုးဖြစ်ပေါ်လာလိမ့်မည်။ ကျွန်ုပ်တို့ပြုလုပ်အပ်သောတာဝန်အကြောင်းထင်ရှားစွာကျွန်ုပ်တို့ အားဘော်ပြထားပါသည်။ “ကိုယ်ကိုကိုယ်ဆေးကြောကြလော့။ ကိုယ်ကိုကိုယ်စင်ကြယ်စေကြ လော့။ သင်တို့ဒုစရိုက်များကို ငါ့မျက်မှောက်မှပယ်ရှားကြလော့။ မကောင်းသောအကျင့်ကို ဖြတ်ကြလော့။ ကောင်းသောအကျင့်ကိုကျင့်အံ့သောငှါသင်ကြလော့။ တရားသဖြင့်ပြုခြင်းကို ရှာကြံကြလော့။ ကောက်သောအရာကိုဖြောင့်စေကြလော့။ မိဘမရှိသောသူတို့အဘို့တရားသ ဖြင့်စီရင်ကြလော့။ မုဆိုးမတို့၏အမှုကိုစောင့်ကြလော့။” (ဟေရှာယ၊ ၁း၁၆၊၁၇။) “ပေါင်ထား သောဥစ္စာကိုမသိုမထား၊ လုယူသောဥစ္စာကိုပြန်ပေးလျက်၊အဓမ္မအမှုကိုမပြုဘဲ၊အသက်ရှင်ရာ ပညတ်တရားလမ်းသို့လိုက်လျှင်၊အသေမခံရဘဲ၊ စင်စစ်အသက်ရှင်ရလိမ့်မည်။” (ယေဇကျေလ၊ ၃၃း၁၅။) နောင်တရခြင်းအမှုအကြောင်းနှင့်စပ်ဆိုင်၍ဘော်ပြရာ၌။ပေါလုက၊ “ဘုရားသခင်၏အလိုတော်နှင့်ညီသောသင်တို့၏ဝမ်းနည်းခြင်းသည်သင်တို့၌အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တ ခြင်း၊ ငါ၏အကျိုးအလိုငှါစိတ်အားကြီးခြင်း၊တရားသဖြင့်ဒဏ်စီရင်ခြင်းတို့ကိုပြုပြင်သည်ကို ကြည့်ရှုကြလော့။ သင်တို့သည်ဤအမှု၌ အပြစ်ကင်းသည်ကိုအရာရ်ာအားဖြင့်ထင်ရှားပြ ကြပြီ” ဟုပြောဆိုထား၏။ (၂ ကောရိန်သု၊ ၇း၁၁။) SC 51.1

အပြစ်သည်အကျင့်စာရိတ္တကို ကောင်းစွာသိမြင် နားလည်တတ်သောသဘောကို ပျောက်ပျက်သွားစေသောအခါ၊ အမှားကိုပြုသောသူသည်မိမိအကျင့်တွင်ချွတ်ယွင်းသော အချက်တို့ကို မသိမမြင်ချေ။မိမိကျူးလွန်သောအပြစ်၏ အလွန်ကြီးကျယ်ခြင်းအဖြစ်ကိုလည်း မသိမမြင်ချေ။ ၎င်းပြင်အပြစ်ကိုဘော်ပြထင်းရှားစေသည့်သန့်ရှင်းသောဝိညာဉ်တော်၏ပြုပြင် ခြင်းတန်ခိုးကိုမခ့မယူလျှင်၊ သူသည် မိမိအပြစ်ကိုမမြင်ဘဲနေလိမ့်မည်။ သူ၏ ဝန်ခံဘောပြချက် တို့မှာ ရိုးဖြောင့်မှန်ကန်ခြင်း၊စိတ်အားထက်သန်ခြင်းမရှိချေ။ သူ၏အပြစ်တို့ကိုဝန်ခံဘော်ပြ သောအခါတိုင်း၊ အကြောင်းအရာတစ်စုံတခုကြောင့်မဟုတ်လျှင်၊ မိမိအားဆုံးမခြင်းခံရသောအ ပြစ်ကိုပြုမိမည်မဟုတ်ဟုမိမိအပြစ်အတွက် ဆင်ခြေပေးလျက်တောင်းပန်တတ်သည်။ SC 52.1

အာဒံနှင့်ဧဝတို့သည် တားမြစ်ထားသောအပင်၏အသီးကိုစားပြီးနောက်သူတို့သည် ရှက်ကြောက်ခြင်း၊ထိတ်လန့်ခြင်းသဘောနှင့်ပြည့်လာကြ၏။ ပဌမဦးစွာသူတို့သည်မိမိတို့ အပြစ်အတွက်မည်ကဲ့သို့ဆင်ခြေပေးလျက်ကြောက်မက်ဘွယ်သောသေဒဏ်မှလွတ်ကင်းရပါ မည်နည်းဟူ၍သာစဉ်းစားဆင်ခြင်မိကြ၏။ ထာဝရဘုရားကသူတို့၏အပြစ်ကြောင့်မေးမြန်း တော်မူသောအခါ၊ အာဒံသည် အပြစ်ကိုဘုရားသခင်အပေါ်၌တဝက်မိမိအပေါ်၌တဝက်တင် လျက်၊ “ကျွန်ုပ်၌အပ်ပေးတော်မူသောမိန်းမသည် ထိုအပင်၏အသီးကိုပေး၍ကျွန်တော်စားမိပါ သည်” ဟုပြန်လျှောက်လေ၏။ မိန်းမသည်အပြစ်ကို မြွေအပေါ်၌တင်လျက်၊ “မြွေသည်ကျွန် တော်မကိုလှည့်စား၍ ကျွန်တော်မစားမိပါပြီ” ဟုပြောဆိုလေ၏။ (ကမ္ဘာဦးကျမ်း၊ ၃း၁၂၊၁၃။) ကိုယ်တော်သည်အဘယ်ကြောင့်မြွေကိုဖန်းဆင်းထားတော်မူရသနည်း။ အဘယ်ကြောင့်သူ့ အားဧဒင်ဥယျာဉ်ထဲသို့ဝင်လာစေဘို့အခွင့်ပြုတော်မူရသနည်း။ သူမ၏ဆင်ခြေ၌ဤကဲ့သို့မေး ခွန်းများကိုမေးရာရောက်သဖြင့်၊ သူတို့ပျက်စီးဆုံးပါးရခြင်းမှာ ဘုရားသခင်၏တာဝန်သာဖြစ် သည်ဟုဘုရားသခင်အားအပြစ်တင်ရာရောက်၏။ မိမိကိုယ်တိုင်သာဖြောင့်မတ်မှန်ကန်သည် ဟူသောသဘောသည်မုသာ၏အဖမှအစပြုဖြစ်ပေါ်လာ၍ အာဒံ၏သား၊သမီး အပေါင်းတို့တွင် ဤသဘောသည်ထင်ရှားပေါ်ရှိလာလေ၏။ ဤကဲ့သို့သောဝန်ချတောင်းပန် ခြင်းမျိုးသည် ဝိညာဉ်တော်၏ နှိုးဆော်တိုက်တွန်းခြင်းကြောင့်မဟုတ်သဖြင့်ဘုရားသခင် ခံတော်မမူ၊မှန်သောနောင်တသည် အပြစ်သားအားမိမိ၏ အပြစ်ကိုမိမိကိုယ်တိုင်ခံစေလျက်၊ လိမ်လှည့်ဖျားခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းမရှိဘဲ ဝန်ခံစေလျက်။ သနားစရာကောင်းသော အခွန်ခံကဲ့သို့၊ ကောင်းကင်သို့မြော်မကြည့်ဘဲ ခေါင်းငုံ့လျက်၊ “အိုးဘုရားသခင်၊ အပြစ်များ သောအကျွန်ုပ်ကိုသနားခြင်း၊ ကရုဏာစိတ်ရှိတော်မူပါ” ဟုရှောက်ထားလိမ့်မည်။ ၎င်းပြင်မိမိ တို့၏အပြစ်ကိုဝန်ခံသောသူတို့သည်ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်။ အကြောင်းမူကားသခင် ယေရှုသည်နောင်တရသောဝိညာဉ်အတွက် မိမိ၏အသွေးအားဖြင့်တောင်းပန်ပြောဆိုတော်မူ လိမ့်မည်။ SC 52.2

မှန်သောနောင်တ၊ နှိမ့်ချခြင်းတို့အကြောင်းနှင့်သက်ဆိုင်၍၊ ဘုရားသခင်၏နှုတ်ကပတ် တော်တွင်ပုံသက်သေများသည် အပြစ်အတွက်ဆင်ခြင်ပေးခြင်း၊ သို့မဟုတ် မိမိကိုယ်တိုင်သာ ဖြောင့်မှန်သည်ဟူသောသဘောများမပါမရှိသောဝန်ချတောင်းပန်ခြင်းမျိုးကိုထင်ရှားစွာဘော် ပြထားကြ၏၊ ပေါလုသည်မိမိကိုယ်ကို ကာကွယ်ပြောဆိုရန်မကြိုးစား၊မိမိ၏အပြစ်များကိုလျှော့ ၍ပြရန်မကြံစည်၊ ၎င်းအပြစ်များတို့ကို အမဲဆုံးသောဆေးရောင်ဖြင့်ချယ်လှယ်ပြထား၏။ “ယဇ်ပုရောဟိတ်အကြီးတို့ထံ၌ အခွင့်ရပြီးလျှင်၊ သန့်ရှင်းသူအများတို့ကို ထောင်ထဲမှာလှောင် ထားပါ၏။ သူတို့သည်အသေသတ်ခြင်းကိုခံရသောအခါ၊ ကျွန်ုပ်တို့သည်ဝန်ခံပါ၏။ ထိုသူတို့ သည်ဘုရားသခင်ကိုနှုတ်ဖြင့်ပြစ်မှားစေခြင်းငှါ၊ ကျွန်ုပ်သည်အနိုင်အထက်ပြု၍ခပ်သိမ်းသော တရားစရပ်တို့၌ ကြိမ်ဖန်များစွာဒဏ်ပေးပါ၏။ ပြင်းစွာသောအမျက်ဒေါသနှင့်ယဇ်မူးသဖြင့်၊ တကျွန်းတနိုင်ငံတိုင်အောင်သူတို့ကိုညှင်းဆဲနှိပ်စက်ပါ၏” ဟုသူကဘော်ပြထား၏။ (တမန်တော်၊ ၂၆း၁၀၊ ၁၁။) “သခင်ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ရန် ဤလောကသို့ကြွလာတော်မူ၏။ ထိုသူတို့တွင် ငါသည်အပြစ်အကြီးဆုံးသောသူဖြစ်၏” ဟုသူကမဆိုင်းမလင့်ဘဲ ဆက်လက်ဘော်ပြသေး၏ (၁ တိမောသေ၊ ၁း၁၅။) SC 53.1

မှန်သောနောင်တအားဖြင့်စိတ်နှိမ့်ချလျက်စိတ်နှလုံးကြေကွဲသောသူသည် ဘုရားသခင်၏ မေတ္တာတော်အကြောင်းနှင့် ကာရာနီကုန်း၏တန်ဘိုးအကြောင်းကိုကောင်းစွာသိရှိနားလည် လျက်လေးစားလိမ့်မည်၊ ၎င်းပြင်ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောဖခင်အားဝန်ချတောင်းပန်သော သားကဲ့သို့၊ အမှန်နောင်တရသောသူသည် မိမိအပြစ်ရှိသမျှတို့ကိုဘုရားသခင်၏ရှေ့တော်သို့ ယူဆောင်လာလိမ့်မည်။ “ကိုယ်အပြစ်တို့ကိုဘော်ပြတောင်းပန်လျှင်၊ ငါတိုပအပြစ်များကိုလွှတ် ၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှါဘုရားသခင်သည်သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းနှင့် ၎င်းပြည့်စုံတော်မူ၏” ဟုကျမ်းစာတွင်ရေးသားထား၏။ (၁ယောဟန်သြဝါဒစာ၊ ၁း၉။) SC 54.1