သုခချမ်းသာလမ်းညွှန်..

4/14

သံဝေဂတရား

လူသည်ဘုရားသခင်ရှေ့တော်၌ မည်ကဲ့သို့နည်းအားဖြင့် ဖြောင့်မှန်သောသူဖြစ် နိုင်မည်နည်း။ အပြစ်သားသည်မည်ကဲ့သို့ ဖြောင့်မတ်ခြင်းသို့ရောက်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်အားဖြင့်သာဘုရားသခင်နှင့်ညီညွတ်ခြင်း၊ သန့်ရှင်းခြင်းအဖြစ်သို့ ရောက်ရှိနိုင်ကြသည်။ သို့သော်ကျွန်ုပ်တို့သည် သခင်ခရစ်တော်ထံသို့ မည်ကဲ့သို့ရောက်ရှိနိုင်ကြမည်နည်း။ ပင်တေကုတ္တေပွဲနေ့၌ လူပရိတ်သတ်တို့သည် မိမိတို့အ ပြစ်ကို သိမြင်လာကြသောအခါ၊ ” ကျွန်ုပ်တို့သည်အဘယ်သို့ပြုရကြပါမည်နည်း”ဟုမေး လျှောက်သည်နည်းတူအများသောသူတို့သည်လည်းဤကဲ့သို့မေးမြန်းလျက်နေကြသည်။ ပေတရုကပြန်ဖြေသောအချက်တွင်၊ “နောင်တရကြလော”့ဟူသောစကားသည်ပဋ္ဌမစကားဖြစ် ၏။ (တမန်တော်၊၂း၃၈)နောက်များမကြာမှီအခြားသောအချိန်၌၊ သူက “သင်တို့အပြစ်များကို ပြေစေခြင်းငှာနောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့”ဟုပြောဆိုသေး၏။ (တမန်တော်၊၃း၂၀။) SC 26.1

နောင်တရခြင်းအမှုတွင်အပြစ်အတွက်ဝမ်းနည်းခြင်းနှင့်၎င်းအပြစ်ကိုရှောင်သွားခြင်းအမှုများပါ င်သည်။ကျွန်ုပ်တို့သည်အပြစ်သဘောကိုမသိဘဲအပြစ်ကိုစွန့်ပစ်ကြလိမ့်မည်မဟုတ်။ ကျွန်ုပ်တို့စိတ်နှလုံးထဲ၌အပြစ်ကိုမရှောင်၊ မပယ်ရှားဘဲနေသမျှကာလပတ်လုံး၊ အသက်တာ၌ အမှန်ပြောင်းလဲခြင်းရှိလိမ့်မည်မဟုတ်၊ SC 26.2

နောင်တ၏သဘောကိုမှန်ကန်စွာမသိ နားမလည်ကြသေးသောသူအများရှိကြသည်။ မိမိတို့၏မှားသောအကျင့်တို့သည် မိမိတို့အပေါ်သို့ဒုက္ခဆင်းရဲခြင်းများကိုသက်ရောက်စေလိမ့် မည်ဟုသူတို့သည်စိုးရိမ်ကြောက်လန့်ကြသောကြောင့် မိမိတို့ပြုခဲ့သောအပြစ်များအတွက် အများသောသူတို့သည်ဝမ်းနည်းကြလျက်အပြင်အပအားဖြင့်ပြောင်းလဲပြုပြင်ခြင်းအမှုကိုပင် ဘော်ပြတတ်ကြသေးသည်။ သို့ရာတွင်ဤအမှုသည်ကျမ်းစာ၏သဘောအရ၊နောင်တရခြင်း မဟုတ်။ သူတို့သည်အပြစ်ဒုစရိုက်ထက်ဒုက္ခဝေဒနာအတွက်ညည်းတွားကြသည်။ ဧသောသည်သားဦးအရာကိုတခါတည်းဆုံးရှုံးလက်လွတ်သွားသောအခါဝမ်းနည်းခြင်းသည်ထို သို့သောဝမ်းနည်းခြင်းမျိုးဖြစ်သတည်း။ ထားကိုရွယ်လျက်မိမိ၏လမ်းတွင်ရပ်နေသေကောင်း ကင်တမန်ကိုကြောက်ရွံ့လျက်မိမိသေရမည်ကိုစိုးရိမ်သဖြင့်ဗာလမ်သည်မိမိ၏အပြစ်ကိုဝန်ခံ တောင်းပန်၏။သို့ရာတွင်အပြစ်အတွက်အမှန်နောင်တရခြင်းမရှိ။မိမိ၏အကြံအစည်ကိုမပြောင်း မလဲ။ ဒုစရိုက်ကိုရွံရှာ ပယ်ရှင်းခြင်းမရှိ။ ယုဒရှကာရုတ်သည် မိမိ၏သခင်ကိုသစ္စာဖေါက်ပြီး နောက်၊ “အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏အသွေးကိုအပ်မိပါပြီ”ဟုပြောဆို၏။ (မဿဲ၊၂၇း၎) SC 27.1

မိမိအပြစ်ကြောင့်၊ အပြစ်သင့်သည်ဟုဆုံးဖြတ်လျက် မိမိအားအပြစ်ဒဏ်စီရင်မည်ကို သိမြင်စိုးရိမ်လာသောကြောင့်သာမိမိ၏အပြစ်ကိုဝန်ခံရ၏။ မိမိအပေါ်၌သက်ရောက်မည့်ကံ ကြမ္မာသည်သူ့အားထိတ်လန့်ကြောက်ရွံ့စေ၏။ သို့ရာတွင်သူသည်အပြစ်ကင်းသောဘုရား သားတော်ကိုအပ်နှံခဲ့လျက်၊ ဣသရေလလူမျိုး၏သန့်ရှင်းသောအရှင်ကိုငြင်းပယ်ခဲ့ပြီဟုမိမိ စိတ်ထဲ၌လွန်စွာကြေကွဲဝမ်းနည်းသောသဘောမရှိချေ။ ဖါရောမင်းသည်ဘုရားသခင်စီရင်သော အပြစ်ဒဏ်ကိုခံနေရသောအခါအပြစ်ဒဏ်ကိုထပ်မံဆက်လက်၍မခံရမည်အကြောင်းမိမိ၏အ ပြစ်ကိုဝန်ခံ၏။ သို့ရာတွင်ဘေးဒဏ်များသည်ရပ်စဲသွားသည်နှင့်တပြိုင်နက်သူသည်ကောင်း ကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြုပြန်၏၊ ဤအရာတို့ကားအပြစ်ကြောင့်ခံရမည့်ကံကြမ္မာတို့ကို မြင်၍ညည်းတွားခြင်းသာဖြစ်၏။ အပြစ်အတွက်မှန်သောဝမ်းနည်းခြင်းမျိုးမဟုတ်ချေ။ SC 27.2

သို့သော်ဘုရားသခင်၏ဝိညာဉ်တော်ပြုပြင်ခြင်းကိုစိတ်နှလုံးသည်လက်ခံသောအခါ၊ ဝေဘန်ပိုင်းခြားတတ်သောစိတ်သည်ထကြွနိုးကြားလာ၍၊ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ဘုရားသခင်၏အုပ်စိုးခြင်းအာဏာစက်တွင် အခြေအမြစ်ဖြစ်သည့်သန့်ရှင်းသောတရားတော် ၏နက်နဲခြင်း၊ သန့်ရှင်းခြင်းအဖြစ်ကို အပြစ်သားသည် ဝေဘန်ပိုင်းခြားသိနားလည်လာလေ၏။ ဤလောကသို့ကြွလာလျက်ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူတည်းဟူ သောလင်းတော်သည်စိတ်ဝိညာဉ်၏လျှို့ဝှက်ရာနေရာများကိုထွန်းလင်းစေသဖြင့်၊မှောင်မိုက်၌ ဝှက်ထားသောအရာများသည်ထင်ရှားလာလေ၏။ စိတ်နှလုံးထဲ၌ အပြစ်ကိုထင်ရှားစွာသိမြင် တတ်သောသဘောသည်ဖြစ်ပေါ်လာ၏။ အပြစ်သားသည်ထာဝရဘုရား၏ဖြောင့်မတ်ခြင်းသ ဘောကိုသိနားလည်လာသဖြင့်စိတ်နှလုံးကိုစေ့စပ်စွာစစ်ဆေးရှာဖွေတော်မူသောအရှင်၏ရှေ့ တော်သို့မိမိ၏အပြစ်ရှိသောအဖြစ်၊ မသန့်ရှင်းသောအဖြစ်၌ချဉ်းကပ်တိုးဝင်ရန်ကြောက်လန့်စိုး ရိမ်လျက်နေလေ၏။ သူသည်ဘုရားသခင်၏မေတ္တာတော်သန့်ရှင်ခြင်း၏တင့်တယ်ခြင်း။ဖြူစဉ် ခြင်းတို့ကိုသိမြင်လာသဖြင့်၊ သန့်ရှင်းခြင်းသို့ရောက်လျက်၊ ကောင်းကင်ဘုံရှင်နှင့်တဖန်ပြန၍ ဆက်ဆံပေါင်းသင်းခွင့်ကိုရရှိရန်တောင့်တလေ၏။ SC 29.1

ဒါဝိဒ်မင်းကြီးသည် အပြစ်ပြုပြီးနောက်၊ သူ၏ဆုတောင်းချက်သည်အပြစ်အတွက် အမှန်ဝမ်းနည်းခြင်းသဘောကိုထင်ရှားစေ၏။ သူ၏ နောင်တသည်မှန်ကန်လေးနက်၏။ သူ၏ဆုတောင်းချက်တွင်အပြစ်ကိုပေါ့စေရန်မကြံစည်၊ ခြိမ်းချောက်သောအပြစ်ဒဏ်မှ လွတ် မြောက်ရန်မတောင့်တချေ။ မိမိ၏လွန်ကျူးခြင်းအပြစ်သည် အလွန်ကြီးကျယ်ကြောင်း ကိုဒါဝိဒ်မင်းသိမြင်လာ၏။ သူသည်အပြစ်ကိုရွံရှာလာ၏။ သူသည်ပြစ်လွတ်ခြင်း အခွင့်အတွက် သာမဟုတ်ဘဲ၊ စိတ်နှလုံးဖြူစင်သန့်ရှင်းခြင်းအတွက်လည်းဆုတောင်း၏။ သူသည်သန့်ရှင်းခြင်း ခံစားရသောဝမ်းမြောက်ခြင်း၊ ဆက်ဆံပေါင်းသင်းခြင်းအခွင့်ကိုတောင့်တ၏။အောက်ပါဆု တောင်းချက်သည်သူ၏စိတ်ထဲကထွက်ပေါ်လာသောစကားများဖြစ်သည်။ SC 29.2

“ပြစ်မှလွတ်ခြင်း၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သောသူသည်မင်္ဂလာရှိ၏။ ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည်းစားတတ်သောစိတ်သဘောနှင့်ကင်းစင် သောသူသည်မင်္ဂလာရှိ၏။”(ဆာလံကျမ်း၊၃၂း၁၊၂။) SC 30.1

“အိုဘုရားသခင် ကျေးဇူးပြုချင်သောစေတနာ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ်ကိုသနား တော်မူပါ၊၊ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ အကျွန်ုပ်လွန်ကျုးခြင်း အပြစ်ကိုဖြေတော်မူပါ၊၊ အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ ဟုဿုပ်ပင်ညွန့်နှင့်သန့်ရှင်းခြင်း မင်္ဂလာကိုပေးတော်မူပါ၊၊ အကျွန်ုပ်ကိုမိုဃ်းပွင့် ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော်မူပါ၊၊ အိုဘုရားသခင် အကျွန်ုပ်အထဲ၌စင်ကြယ်သော နှလုံးကိုဖန်ဆင်းတော်မူပါ၊၊ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင် တော်မူပါ၊၊ အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော်မမူပါနှင့်၊၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ရုပ်သိမ်းတော်မမူပါနှင့်၊၊ ကယ်တင်တော်မူခြင်းနှင့် ယှဉ်သောဝမ်းမြောက်ခြင်း အခွင့်ကိုပြန်၍ ပေးသနား တော်မူပါ၊၊ ကြည်ညိုသောစေတနာ စိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါစေသော၊၊ အိုဘုရားသခင် အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား လူအသတ်ကိုသတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ၊၊ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်းဆိုပါမည်၊၊”(ဆာလံ၊၅၁း၁-၁၄။) SC 30.2

ဤကဲ့သို့သောနောင်တမျိုးကိုကျွန်ုပ်တို့ကိုယ်တိုင်၏ အစွမ်းသတ္တိအားဖြင့်မရရှိနိုင်ကြ ချေ။ ကောင်းကင်ဘုံသို့တက်ကြွသွား၍လူတို့အားဆုကျေးဇူးများကိုချပေးတော်မူသော သခင်ခရစ်တော်အားဖြင့်သာထိုနောင်တမျိုးကိုရရှိနိုင်သည်။ SC 30.3

အများသောသူတို့မှားတတ်ကြသောအချက်သည် ဤအချက်ပင်ဖြစ်၏။ ထို့ကြောင့်၊ သခင်ခရစ်တော်ကသူတို့အားပေးလိုတော်မူသောအကူအညီကို သူတို့မရရှိတတ်ကြချေ၊ သူတို့အားပေးလိုတော်မူသောအကူအညီကိုသူတို့သည်မရရှိတတ်ကြချေ၊သူတို့သည်နောင် မရဘဲ သခင်ခရစ်တော်ထံသို့မလာနိုင်။၎င်းပြင်နောင်တသည်မိမိတို့အပြစ်များကိုလွတ်စေဘို့ပြင်ဆင် ပြုပြင်ပေးသည်ဟုသူတို့ကထင်မှတ်ကြသည်အပြစ်များကိုဖြေလွှတ်ခြင်းအရင်ပေးသည်ဟု သူတို့ကထင်မှတ်ကြသည်။အပြစ်များကိုဖြေလွှတ်ခြင်းအရင် နောင်တရခြင်းအမှုရှိရမည်မှာမှန် ပေသည်။အကြောင်းမူကား၊ ကြေကွဲနှိမ့်ချသောစိတ်နှလုံးသားလျှင်ကယ်တင်ရှင်တပါးကိုအလို ရှိကြောင်းသိရှိလိမ့်မည်။သို့ရာတွင်အပြစ်သားသည်သခင်ယေရှုထံသို့မလာမှီနောင်တရသည တိုင်အောင်စောင့်ဆိုင်းနေရမည်လော။အပြစ်သားနှင့်ကယ်တင်ရှင်၏စပ်ကြားတွင်နောင်တရ ခြင်းအမှုသည်တားဆီးပိတ်ပင်ထားသောအရာတခုဖြစ်နေရမည်လော။ SC 30.4

“ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြောလော့။ငါသည်ချမ်းသာပေး မည်”ဟုသခင်ခရစ်တော်ကခေါ်ဘိတ်လျက်နေသည်ကိုလက်မခံသတိမပြုမှီ အပြစ်သားသည် နောင်တရသင့်သည်ဟုကျမ်းစာကသွန်သင်မထားချေ။(မဿဲ၊၁၁း၂၈)မှန်သောနောင်တကိုဖြစ စေသောအရာကားသခင်ခရစ်တော်ထံမှသက်ရောက်လာသောပြုပြင်ခြင်းတန်ခိုးတော်ပင်ဖြစ သည်။ပေတရုက၊ “ဣသရေလလူတို့အားနောင်တတရားနှင့်အပြစ်လွှတ်ခြင်းအခွင့်ကိုပေးစေ ခြင်းငှာ၊ ထိုသူကိုအစိုးရသောအရှင်အရာ၌၎င်း၊ ကယ်တင်သောသခင်အရာ၌၎င်း၊ ဘုရားသခင်ခန့်ထား၍မိမိလက်ျာလက်ျတော်နှင့်ချီးမြှေင့်တော်မူပြီ”ဟုပြောဆိုသောအခါ သူသည်ဤအချက်ကိုဣသရေလလူတို့အားထင်ရှားစေ၏။(တမန်တော်၊၅း၃၁။) သခင်ခရစ်တော်မပါဘဲ။ ကျွန်ုပ်တို့သည်အပြစ်လွှတ်ခြင်းအခွင့်ကိုမရရှိနိုင်သည်ထက်၊ ဝေဖန်ပိုင်းခြားတတ်သောစိတ်ကိုနှိုးဆော်ရန်သခင်ခရစ်တော်၏ဝိညာည်တော်မပါဘဲနောင်တ တရားကိုကျွန်ုပ်တို့သည်သာ၍မရနိုင်ကြချေ SC 31.1

သခင်ခရစ်တော်သည်မှန်သောအရာကိုပြုစေရန်တိုက်တွန်းနှိုးဆော်တတ်သောသ ဘောရှိသမျှတို့၏အခြေခံဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်အပြစ်ကိုရွံ့ရှာမုန်းတီး သောသဘောကိုစိတ်နှလုံးထဲ၌ဖန်တီးပေးနိုင်တော်မူ၏။ မှန်သောအရာနှင့်သန့်ရှင်းသောအရာ တို့ကိုပြုလုပ်လိုသောဆန္ဒရှိသမျှ၊ ကျွန်ုပ်တို့၏အပြစ်ရှိသောအခြေအနေကို ဝေဖန်သိမြင်နိုင်သောသဘောရှိသမျှတို့ကား၊ ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ကိုယ်တော်၏ဝိညာဉ် တော်လှုပ်ရှားနေကြောင်းထင်ရှားသောသက်သေဖြစ်သည်။ SC 31.2

သခင်ယေရှုက၊ “ငါသည်လည်းမြေကြီးနှင့်ခွာ၍မြှောက်ထားခြင်းကိုခံရလျှင်၊ လူအပေါင်းတို့ကိုငါ့ထံသို့ငါဆွဲမည်” ဟုမိန့်တော်မူခဲ့ပြီ။ ယောဟန်၊၁၂း၃၂။ သခင်ခရစ်တော်သည်လောက၏အပြစ်များအတွက်အသေခံတော်မူသောကယ်တင်ရှင်အဖြစ် နှင့်အပြစ်သားတို့အားထင်ရှားတော်မူရမည်။ ၎င်းပြင်ကျွန်ုပ်တို့သည်ကရာနီကုန်းပေါ်ရှိလက်ဝါး ကပ်တိုင်၌ဘုရားသခင်၏သိုးသငယ်ကို ကြည့်ရှုကြသောအခါ၊ ရွေးနှုတ်ခြင်းနှင့်ဆိုင်သောနက်နဲ ရာအချက်သည်ကျွန်ုပ်တို့၏စိတ်၌ထင်ပေါ်လာ၍၊ ဘုရားသခင်၏ကောင်းမြတ်ခြင်း ကရုဏာတော်သည်ကျွန်ုပ်တို့အားနောင်တတရားသို့လမ်းညွန်လေ၏။ အပြစ်သားတို့အတွက်အသေခံတော်မူခြင်းဖြင့်၊ မသိနားမလည်နိုင်သောမေတ္တာတော်ကို သခင်ခရစ်တော်သည်ထင်ရှားစေတော်မူ၏။ ၎င်းပြင်အပြစ်သားသည်ဤမေတ္တာတော်ကိုသိ မြင်လာသောအခါ၊ ၎င်းသည်သူ၏စိတ်နှလုံးကိုနူးညံ့စေလျက်၊ နှိမ့်ချကြွေကွဲသောသဘောကို ဖြစ်ပေါ်လာစေ၏။ SC 32.1

မိမိတို့သည်သခင်ခရစ်တော်ထံသို့ဆွဲငင်ယူခြင်းခံနေရသည်ကိုလူများတို့သည်မသိရှိ မှီကပင်၊ တခါတရံမိမိတို့၏အပြစ်ရှိသောအပြုအမူများအတွက်ရှက်ကြောက်လာကြလျက်၊ မကောင်းသောအကျင့်အချို့ကိုစွန့်ပယ်တတ်ကြသည်။ မှန်ကန်သောအမှုကိုပြုရန်ရိုးဖြောင့် သောသဘောနှင့်ပြုပြင်ပြောင်းလဲရန်ကြိုးစားသောအခါတိုင်းသခင်ခရစ်တော်၏တန်ခိုးတော် သည်သူတို့ကိုဆွဲငင်ယူလျက်နေ၏။ သူတို့မသိသောတန်ခိုးသည်သူတို့၏စိတ်ဝိညာဉ်ကို ပြုပြင် နေလျက်သူတို့၏ သြတ္တပစိတ်သည်ထကြွနိုးကြားလာ၍အပြင်အသက်တာသည်ပြောင်းလဲလာ ၏။ သူတို့၏အပြစ်များကို ထိုးဖေါက်ခဲ့သောကိုယ်တော်ကိုမြင်ရန်လက်ဝါးကပ်တိုင်ပေါ်သို့မြော် ကြည့်ဘို့သခင်ခရစ်တော်ကသူတို့ကိုဆွဲငင်တော်မူသောအခါ၊ ပညတ်တော်သည် သိတတ် သောစိတ်သဘောရှိရာအရပ်သို့ပြန်ရောက်လာ၏။ သူတို့အသက်တာ၏ဆိုးရွားမှု၊ စိတ်ဝိညာဉ်၌အမြစ်စွဲလျက်ရှိသောအပြစ်ကိုသူတို့အားထင်ရှား စေ၏။ သူတို့သည်သခင်ခရစ်တော်၏ဖြောင့်မတ်ခြင်းအကြောင်းကို သိရှိနားလည်လာကြလျက် “အပြစ်၏ချည်နှေင်ခြင်းခံရသောသူအားရွေးနှ တ်ရန်ထိုမျှလောက်သောစွန့်စာပူဇော်ခြင်းကိုပြု ဘို့လိုရသည်မှာအပြစ်သည်အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်တို့သည်ပျက်စီးခြင်းသို့မရောက် ဘဲ၊ ထာဝရအသက်ကိုရမည်အကြောင်း၊ ဤမျှလောက်မြတ်သောမေတ္တာ၊ ဤမျှလောက်ကြီ သောဒုက္ခဝေဒနာ၊ ဤမျှလောက်ယုတ်ညံ့သောနှိမ့်ချခြင်းကိုတောင်းဆိုရသလော”ဟုကြွေး ကြော်ကြ၏။ SC 32.2

အပြစ်သားသည် ဤမေတ္တာကိုငြင်းပယ်၍ သခင်ခရစ်တော်ထံဆွဲငင်ခြင်းအမှုကိုအလို မရှိဘဲနေလိမ့်မည်။သို့ရာတွင်သူသည်မငြင်းပယ်လျှင်၊သခင်ယေရှုထံသို့သူ့ကိုဆွဲငင်လိမ့်မည်။ ကယ်တင်ခြင်းအကြံအစည်တော်အကြောင်းသိကျွမ်းခြင်းအမှုသည် ဘုရားသခင်၏သားတော် ကိုဒုက္ခဝေဒနာခံစေခဲ့သောသူ၏ အပြစ်များအတွက်နောင်တရသောသဘောနှင့်သူ့အား လက်ဝါးကပ်တိုင်၏ခြေရင်းသို့ပို့ဆောင်လိမ့်မည်။ SC 33.1

သဘာဝ၏အရာဝတ္ထုတို့ကိုပြုပြင်စီမံလျက်ရှိသောအလားတူ ဘုရားသဘောတော် သည်လူတို့၏စိတ်နှလုံးကိုနှိုးဆော်နေလျက်မိမိတို့၌မရှိသောအရာကိုမဘော်ပြနိုင်လောက် အောင်တောင့်တနေခြင်းစိတ်ကိုဖြစ်ပေါ်လာစေရန်ပြုပြင်ဖန်တီးလျက်နေ၏။ လောက၏ အရာဝတ္ထုတို့သည်သူတို့တောင်းတသောအရာကိုမဖြည့်စွမ်းနိုင်ခြေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်ငြိမ်သက်ခြင်းနှင့်စိတ်ချမ်းသာခြင်းအခွင့်တို့ကိုပေးနိုင်သောအရာတည်းဟူ သောသခင်ခရစ်တော်၏ကျေးဇူးတော်သန့်ရှင်းခြင်း၏စည်းစိမ်ချမ်းသာကိုရှာစေရန်သူတို့ အားနှိုးဆော်လျက်ရှိတော်မူ၏. မြင်ရသောအရာ၊ မမြင်ရသောအရာတို့၏သတ္တိအားဖြင့်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် လူတို့၏စိတ်ကို၊အပြစ်မပြေစေနိုင်သောပျော်မွေ့ခြင်းများမှ ကိုယ်တော်၌သူတို့ရရှိနိုင်သောအနန္တကောင်းကြီးမင်္ဂလာများသို့စွဲလန်းလာစေရန် အစဉ် ပြုပြင်လျက်ရှိတော်မူသည်။ ဤလောက၏ ပျက်စီးနေသောရေလှောင်စည်ကြီးများမှရေသောက်ရန်အချည်းအနှီးကြံစည်ကြိုးစား နေကြသော ဤဝိညာဉ်အပေါင်းတို့အား၊ “ရေငတ်သောသူသည်လာပါစေ။ အလိုရှိသောသူ သည်အဘိုးကိုမပေးဘဲအသက်ရေကိုယူပါစေ”ဟူသောဘုရားသခင်၏သတင်းစကားကိုကြား ပြောလျက်ရှိပါသည်။ (ဗျာဒိတ်ကျမ်း၊ ၂၂း ၁၇။) SC 33.2

ဤလောကတွင်ရရှိနိုင်သောအရာများထက်သာ၍ကောင်းသောအရာကိုမိမိတို့၏ စိတ်နှလုံးထဲ၌တောင့်တသောသင်သည်ဤတောင်းတခြင်းအမှုကိုသင်၏စိတ်နှလုံးအား ဘုရားသခင်မိန့်တော်မူသောစကားတော်ကဲ့သို့အသိအမှတ်ပြု၏။ သင့်အားနောင်တ၊တရား ကိုပေးတော်မူရန်သော၎င်း။ သခင်ခရစ်တော်၏အနန္တမေတ္တာ၊ စုံလင်သောဖြူစင်ခြင်းတွင်ကိုယ် တော်ကိုသင့်အားထင်ရှားစေဘို့ရန်သော်၎င်း တောင်းလျှေက်လော့။ ကယ်တင်ရှင်၏အသက် တာ၌ဘုရားသခင်နှင့်လူအချင်းချင်းတို့အားချစ်ခြင်းတည်းဟူသောပညတ်တော်၏အခြေခံတရ များကိုစုံလင်စွာပုံသက်သေပြထား၏။ ကိုယ်တော်၏အသက်တာတွင်ကျေးဇူးပြုတတ်သောသ ဘောနှင့်ကိုယ်ကျိုးငဲ့ကွက်သောသဘောများထင်ရှား၏။ ကျွန်ုပ်တို့သည်ကိုယ်တော်ကိုကြည့်ရှု နေကြစဉ်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်ထံမှအလင်းသည်ကျွန်ုပ်တို့အပေါ်သို့ထွန်းတောက်လျက် နေသောအခါ၊ ကျွန်ုပ်တို့သည်မိမိတို့စိတ်နှလုံးထဲ၌ အပြစ်ရှိနေသောအဖြစ်ကိုတွေ့မြင်ရကြပေ သည်။ SC 34.1

ကျွန်ုပ်တို့၏အသက်တာသည် ဖြောင့်မှတ်၍အကျင့်သည်လည်းမှန်ကန်သည်ဟု ကျွန်ုပ်တို့သည်နိကောဒင်ကဲ့သို့ မိမိကိုယ်ကိုချီးမြှောက်ကြလျက်၊ ရိုးရိုးအပြစ်သားကဲ့သို့ဘုရား သခင်ရှေ့တော်၌စိတ်နှိမ့်ချဘို့မလိုဟုထင်မှတ်တတ်ကြသည်။ သို့သောသခင်ခရစ်တော်ထံမှ အလင်းသည်ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ထွန်းတောက်လာသောအခါ၊ ကျွန်ုပ်တို့သည်မည်မျှညစ် ညူးကြသည်ကို သိမြင်လာကြလိမ့်မည်။ အသက်တာ၏အပြုအမူတိုင်းကိုညစ်ညူးစေခဲ့သော၊ ဘုရားသခင်နှစ်သက်တော်မူသည့်ကိုယ်ကျိုးရှာတတ်သောသဘောကိုလည်းကောင်းစွာနား လည်လာကြလိမ့် မည်။ ထိုနောက်ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းသည်ညစ်ညူးသောအဝတ်စုတ်ကဲ့သို့အမှန်ဖြစ်သ ဖြင့်၊ သခင်ခရစ်တော်၏အသွေးတော်သာလျှင်အပြစ်၏ညစ်ညူးခြင်းကိုဆေးကြော၍ကိုယ် တော်နှင့်တူရန်ကျွန်ုတို့၏စိတ်နှလုံးကိုအသစ်ပြုပြင်နိုင်မည်ကိုကျွန်ုပ်တိုသိရှိလာကြလိမ့်မည်။ SC 34.2

ဘုရာသခင်၏ဘုန်းတော်ရောင်ခြည်တသွယ်၊ သခင်ခရစ်တော်၏ဖြူစင်ခြင်း ရောင်ခြည် တစ်ဖြာသည်စိတ်ဝိညာဉ်ထဲသို့ထိုးဖောက်ဝင်သွားသောအခါ၊ ညစ်ညူးသောအစွန်းအကွက်ရှိ သမျှတို့ကိုအလွန်သေချာစွာထင်ရှားသိသာစေ၍ ချို့တဲ့ပျက်စီးယိုယွင်းနေသောအရာမျာိးကို ထင်ပေါ်လာစေလိမ့်မည်။ မသန့်ရှင်းသောအလိုဆန္ဒများ၊ စိတ်နှလုံးထဲ၌သစ္စာဖေါက်ခြင်းသ ဘော၊ မသန့်ရှင်းသောသောနှုတ်ထွက်စကားများတို့ကိုလည်းသိမြင်လာစေ၏။ ဘုရားသခင်၏ ပညတ်တော်ကိုပယ်ဖြတ်ခြင်းဖြင့်အပြစ်သား၏သစ္စာမရှိသောအမှုကိုသူသည်ထင်းရှားစွာသိမြင် လာ၍ ဘုရားသခင်၏ဝိညာဉ်တော်ကစစ်ဆေးရှာဖွေပြုပြင်ခြင်းတန်ခိုးအားဖြင့်သူ၏စိတ်ဝိညာဉ် သည်ဝေဒနာခံစားနေရလျက်ဒုက္ခရောနေ၏။ သခင်ခရစ်တော်၏သန့်ရှင်း၊ အစွန်းကင်းသော အကျင့်စာရိတ္တကိုသိမြင်ရသောအခါ၊ သူသည်မိမိကိုယ်ကိုပင်ရွံရှာလာလေ၏ SC 35.1

ပရောဖက်ဒံယေလသည်မိမိထံသိုစေလွှတ်လိုက်တော်မူသောအကောင်းကင်တမန် ပတ်လည်ရှိဘုန်းရောင်ခြည်ကိုမြင်ရသောအခါသူသည်မိမိကိုယ်တိုင်၌ရှိနေသောအားနည်းခြင်း မစုံလင်းခြင်းအဖြစ်တို့ကိုထင်ရှားစွာသိမြင်လာလေ၏။အံ့သြဘွယ်ကောင်းသောရှုပါရုံကြောင့်မ မိ၌ဖြစ်ပျက်သောအခြေအနေကိုသူကဤကဲ့သို့ဘောပြထား၏။ “ခွန်အားလျော့၍မျက်နှာပျက် လျက်၊ ကိုယ်၌အစွမ်းသတ္တိအလျှင်းမရှိဖြစ်လေ၏။” (ဒေယေလ၊ ၁၀း၈။) ထိုကဲ့သို့ထိခိုက်ခြင်း ခံရသောစိတ်ဝိညာဉ်သည်၎င်း၏ကိုယ်ကျိုးရှာသောသဘောကို၎င်း၊ ကိုယ်ကိုကိုယ်ချစ်ခင်နှစ် သက်သေသဘောကို၎င်း ရွံရှာစက်ဆုပ်လာ၍သခင်ခရစ်တော်၏ဖြောင့်မတ်ခြင်းတန်ခိုးအားဖြင့် ဘုရားသခင်၏ပညတ်တော်နှင့်၎င်း သခင်ခရစ်တော်၏အကျင့်သဘောတော်နှင့်၎င်းညီညွတ် သောစိတ်နှလုံးသန့်ရှင်းခြင်းအဖြစ်ကိုရှာကြလိမ့်မည်။ SC 35.2

ရှင်ပေါလုက၊ “ပညတ်တရားအားဖြင့်ရသောဖြောင့်မတ်ခြင်းကိုမေးပြန်သော်” အပြင်အပအပြုအမူတို့နှင့်သက်ဆိုင်လျှင်၊သူသည် “အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဖြစ် ၏” ပြောဆို၏။ (ဖိလ္လိပိ၊ ၃း၆)သို့ရာတွင်ပညတ်တရား၏ဝိညာဉ်သဘောကိုသိမြင်လာသောအ ခါ၊ မိမိကိုယ်တိုင်သည်အပြစ်ရှိသောသူဖြစ်သည်ကိုမြင်ရလေ၏။ လူများတို့သည်ပညတ်တရား ကိုမိမိတို့၏အပြင်အပအသက်တာနှင့်နှိုင်းစာကြည့်ကြလျှင်သူသည်အပြစ်နှင့်ကင်းစင်၏။ သို့ရာတွင်၎င်း၏သန့်ရှင်းသောတရာများကိုနက်နဲစွာဆင်ခြင်စစ်ဆေးကြည့်သဖြင့်၊ဘုရားသခင သည် သူ့အားမြင်သကဲ့သို့သူသည်မိမိကိုယ်ကိုမြင်လာသောအခါသူသည်မိမိကိုယ်ကိုနှိမ့်ချဦး ညွတ်လျက်၊ မိမိ၏အပြစ်ကိုဝန်ခံလေ၏။ “အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည်အသက် ရှင်၏၊ ပညတ်တရားပေါ်သောအခါအပြစ်တရားသည်ရှင်ပြန်၏။ ငါလည်သေ၏။” ဟု သူကပြောဆို၏။ (ရောမ၊ ၇း၉။)သူသည်ပညတ်တရား၏ဝိညာဉ်သဘောကိုသိမြင်လာသော အခါ၊ အပြစ်တရားသည် အမှန်ကြောက်မက်ဘွယ်ကောင်းသောအခြေအနေ၌ထင်ပေါ်လာ၍ သူ၏ကိုယ်ကိုချီးမြှောက်တတ်သောသဘောသည်ကွယ်ပျေက်သွားလေ၏။ SC 36.1

ဘုရားသခင်သည်အပြစ်အားလုံးကိုအတူတူလိုပင်သဘောထားတော်မမူပါ။ လူတို့၏အ ထင်အမြင်မှာကဲ့သို့ပင်ဘုရားသခင်၏အထင်အမြင်၌အပြစ်အမျိုးမျိုးအစားစားရှိသည်။သို့ရာ တွင်လူတို့၏မျက်မှောက်၌မှားသောဤအမှုသို့မဟုတ်ထိုအမှုသည်မည်မျှလောက်သေးငယ် သည်ဟုထင်ရသော်လည်း၊ ဘုရားသခင်၏ရှေ့တော်၌မည်သည့်အပြစ်မျှမသေးငယ်ဘာ ဘုရားသခင်မူကားခပ်သိမ်းသောအမှုတို့ကိုအကယ်ပင်တည်ရှိသောအခြေအနေအတိုင်းထင် မှတ်တော်မူ၏။ အရက်သမားကိုစက်ဆုတ်ရွံရှာတော်မူ၏ သူ၏အပြစ်သည်သူ့အားကောင်းကင် မှပယ်ထုတ်လိမ့်မည်ဟုမိန့်တော်မူ၏။ မာနထောင်လွှားခြင်း၊ ကိုယ်ကျိုးရှာခြင်းနှင့်တပ်မက်ခြင်း သဘောရှိသူတို့ကိုလည်းမကြာခဏဆုံးမပဲ့ပြင်တော်မူ၏။ သို့ရာတွင်ဘုရားသခင်ကိုသာအထူး သဖြင့်ပြစ်မှားသောအပြစ်များလည်းရှိသေး ၏။ အကြောင်းကား၎င်းတို့သည်ဘုရားသခင်၏ကျေးဇူးပြုတတ်သောသဘောနှင့်၎င်း၊ မဖေါက်ပြန်သောစကြာဝဠာတဝှမ်းလုံးတွင်ရှိကိုယ်ကျိုးမရှာသောမေတ္တာနှင့်၎င်းဆန့်ကျင်ဘက် ဖြစ်ကြ၏။ သာ၍ကြီးသောပြစ်မှုများကိုပြုမိသောသူသည် မိမိရှက်ဘွယ်သောအဖြစ်၊ ဆင်းရဲ သောအဖြစ်နှင့်သခင်ခရစ်တော်၏ကျေးဇူးကရုဏာတော်ကိုလိုနေသောအဖြစ်မျိုးရှိနေသည်ကို သိရှိကောင်းသိရှိလိမ့်မည်။သို့ရာတွင်မာနထောင်လွှားသောစိတ်သောစိတ်ရှိသူကား၎င်းကိုမ လိုဟုထင်သဖြင့်၊၎င်းသဘောမျိုးသည်မိမိ၏စိတ်နှလုံးထဲ၌သခင်ခရစ်တော်ကို၎င်း၊ ကိုယ်တော် ပေးတော်မူမည့်အနန္တကောင်းကြီးမင်္ဂလာတို့ကို၎င်းလက်မခံချေ။ SC 36.2

“အိုဘုရားသခင်အပြစ်များသောအကျွန်ုပ်ကိုသနားကရုဏာစိတ်ရှိတော်မူပါ”ဟုဆု တောင်းသောအခွန်ခံသည်မိမိကိုယ်ကိုအလွန်းဆိုးသောသူဟုသဘောထား၏။အခြားသောသူ တို့ကလည်းထိုကဲ့သို့ထင်မှတ်ကြ၏။ သို့ရာတွင်သူသည်မိမိ၌လိုနေသောအရာကိုသိမြင်သဖြင့် အပြစ်ဝန်ထုပ်နှင့်၎င်း၊ ရှက်ကြောက်ခြင်းနှင့်၎င်းဘုရားသခင်၏ရှေ့တော်သို့ရောက်လာလျက်သ နားခြင်းကရုဏာတော်ကိုတောင်းလျှောက်လေ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည်၎င်း၏ ကျေးဇူးရှိသောအမှုကိုပြုလုပ်၍သူ့အားအပြစ်၏တန်ခိုးမှကယ်လွှတ်စေရန်သူသည်မိမိ၏စိတ် နှလုံးကိုဖွင့်ပေး၏။ ဖါရိရှဲ၏စိတ်နှလုံးမူကားဘုရားသခင်၏ဝိညာဉ်တော်ပြုပြင်ခြင်းတန်ခိုးကိုငြင်း ပယ်လျက်ရိကြောင်း၊ကြွားဝါသောသဘောကိုယ်ကိုကိုဖြောင့်မတ်သည်ဟုထင်သောသဘော နှင့်ဆုတောင်းခြင်းဖြင့်ပြုပြင်ခြင်းတန်ခိုးကိုငြင်းပယ်လျက်ရှိကြောင်း၊ ကြွားဝါသောသဘော ကိုယ်ကိုကိုယ်ဖြောင့်မတ်သည်ဟုထင်သောသဘောနှင့်ဆုတောင်းခြင်း၏စုံလင်သောသန့်ရှင်း ခြင်းအဖြစ်နှင့်နှိုင်းစာလိုက်သောအခါမိမိကိုယ်တိုင်၌ညစ်ညူးနေသောအဖြစ်ကိုမသိမမြင်ခဲ့ချေ။ သူ၌ဘာမျှမလိုဟုထင်မှတ်သဖြင့်သူသည်မည်သည့်အရာကိုမျှမရခဲ့ချေ။ SC 37.1

သင့်၌အပြစ်ရှိနေသောအဖြစ်ကိုသိမြင်လျှင်သင့်ကိုယ်ကိုသာ၍ကောင်းလာအောင်ပြု ကျင့်နိုင်လာသည်တိုင်အောင် စောင့်ဆိုင်းမနေပါနှင့်။ မိမိတို့သည်သခင်ခရစ်တော်ထံသို့ချဉ်း ကပ်ရလောက်အောင် ကောင်းသောသူများမဟုတ်ကြဟုထင်မှတ်သူဘယ်နှစ်ယောက်ရှိကြသလဲ။မိမိကိုယ်တိုင် ကြိုးစားအားထုတ်မှုဖြင့်သာ၍ ကောင်းလာရန်သင်သည်မြော်လင့်သလား။ “အဲသယောပိလူ သည်မိမိအဆင်းကို၎င်း၊ ကျားသစ်သည်မိမိအကွက်အကျားကို၎င်းပြောင်းလဲနိုင်သေလော။ ပြောင်းလဲနိုင်လျှင်ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည်သူ့စရိုက်ကိုပြုခြင်းငှာတတ်နိုင်ကြလိမ့် မည်။” (ယေရမိ၊ ၁၃း၂၃။) ကျွန်ုပ်တို့သည်ဘုရားသခင်ထံမှသာအကူအညီကိုရရှိနိုင်ကြသည်။ ကျွန်ုပ်တို့သည်သာ၍ပြင်းသောတိုက်တွန်းနှိုးဆော်ချက်၊သာ၍ကောင်းသောအခွင့်ထူး သို့မဟုတ်သာ၍သန့်ရှင်းသောသဘောထားများရဘို့ရန်အတွက်စောင့်ဆိုင်း၍မနေသင့်ပေ။ ကျွန်ုပ်တို့သည်မိမိတို့ကိုယ်တိုင်ဘာမျှမပြုလုပ်နိုင်ကြ။မိမိတို့၌ရှိနေသောအဖြစ်မျိုးနှင့်ပင်သခင်ခရစ်တော်ထံသို့လာရကြမည်။ SC 37.2

သို့ရာတွင်ဘုရားသခင်သည်မိမိ၏ကျေးဇူးတော်ကိုငြင်းပယ်သောသူတို့ကိုပင်မိမိ၏ မဟာမေတ္တာတော်နှင့်ကရုဏာတော်အားဖြင့်ကယ်တင်တော်မူလိမ့်မည်ဟုမည်သူမျှမိမိတို့ ကိုယ်ကိုမလှည့်ဖြားစေကြနှင့်။လက်ဝါးကပ်တိုင်၏အလင်း၌သာလျှင်အပြစ်သည်မည်မျှကြီး လေးယုတ်ညံ့ကြောင်းကိုသိရှိနိုင်သည်။ဘုရားသခင်သည်အပြစ်ရှိသောသူကိုမစွန့်ပယ်နိုင် လောက်အောင်အလွန်ကောင်းမြတ်တော်မူသည်ဟုလူများကနှိုးဆော်သောအခါ၊ သူတို့အား ကရာနီကုန်းကိုမြော်ကြည့်ကြပါစေ။ အကြောင်းမူကား၊လူသည်ကယ်တင်ခြင်းခံစားဘို့ရန် အခြားနည်းလမ်းမရှိချေ။ အကြောင်းမူကား၊ ဤမျှလောက်စွန့်စားပူဇော်ခြင်းမရှိလျှင်၊ လူ သတ္တဝါသည် အပြစ်၏ညစ်ညူးစေသောသတ္တိမှ ကင်းလွတ်ခြင်းငှာ၎င်း၊ သန့်ရှင်းသောသတ္တဝါ တို့နှင့်ပေါင်းသင်းဆက်ဆံရန်အခွင့်ကိုပြန်၍ခံယူနိုင်ခွင့်ရရှိခြင်းငှာမတတ်နိုင်။ ဤအကြောင်း ကြောင့်ပင်သခင်ခရစ်တော်သည်နားမထောင်သောသူ၏အပြစ်ကိုခံတော်မူ၏။ ဘုရားသခင့် သားတော်၏မေတ္တာတော်၊ ဒုက္ခဆင်းရဲနှင့်အသေခံတော်မူခြင်းအမှုအားလုံးတို့က အပြစ်ဒုစရိုက်၏အလွန်ကြောက်မက်ဘွယ်ကြီးမားသောအဖြစ်ကိုထင်ရှားစေလေပြီ။ ၎င်းပြင်သခင်ခရစ်တော်အားမိမိကိုယ်ကိုအပ်နှံခြင်းမပြုဘဲ၊ အပြစ်တန်ခိုးမှ ကင်းလွတ်ခြင်း၊ မြင့်မြတ်သောအသက်တာအတွက်မြော်လင့်ခြင်းတို့ကိုမရရှိနိုင်ဟုဘော်ပြထားသေး၏။ SC 39.1

နောင်တရသောသူတို့သည်တခါတရံခရစ်ယာန်ဟုအခေါ်ခံနေကြသောသူတို့၏ အ ကြောင်းကိုအစွဲပြု၍ “ကျွန်ုပ်သည်သူတို့လောက်ကောင်းပါသေးသည်။သူတို့သည်သူတို့၏ အကျင့်များတွင်ကျွန်ုပ်ထက်သာ၍ကိုယ်ကိုငြင်းပယ်ခြင်း၊ ဣနြေ္ဒစောင့်ခြင်း၊မြော်မြင်ဝိရိယ စိုက်ခြင်းမရှိကြပါ။ကျွန်ုပ်ကဲ့သို့ပင်သူတို့လည်းကာမဂုဏ်ပျော်မွေ့ခြင်း၊ ကိုယ့်အလိုသို့လိုက်ခြင်း ကိုနှစ်သက်ကြသည်” ဟုဆင်ခြင်ပေးတတ်ကြသည်။ထိုနည်းအားဖြင့်အခြားသူတို့၏အပြစ်များ ကိုဘော်ပြခြင်းဖြင့်မိမိတို့တာဝန်ပျက်ကွယ်မှုကိုဆင်ခြင်ပေးတတ်ကြသည်။သို့ရာတွင်အခြားသ တို့၏အပြစ်များနှင့်ချို့ယွင်းချက်များကိုထောက်လျက်တစုံတယောက်သောသူ၏အပြစ်ကိုမ လွှတ်နိုင်။ အကြောင်းမူကား၊ ထာဝရဘုရာသည်ကျွန်ုပ်တို့အားမှားယွင်းတတ်သောလူကို ပုံသက်သေအဖြစ်နှင့်ဘောပြထားတော်မမူ။ အစွန်းအကွက်ကင်းသောဘုရားသားတော်ကို ကျွန်ုပ်တို့၏ပုံသက်သေအဖြစ်ပေးတော်မူ၏။ ၎င်းပြင်ခရစ်ယာန်ဟုခေါ်ဝေါ်နေသောသူတို့၏ အမှားကိုစွပ်စွဲနေသောသူတို့သည်သာ၍ကေင်းသောအသက်တာ၊ သာ၍မြင့်မြတ်သောပုံသက် သေကိုပြဘို့သင့်သောသူများဖြစ်ကြသည်။ ခရစ်ယာန်သည်ဘယ်ကဲ့သို့ဖြစ်အပ်သည်ဟုသူတို့ ၌ထိုမျှလောက်မြင့်မြတ်သောစိတ်ကူးရှိခဲ့လျှင်၊သူတို့၏အပြစ်သည်ထိုမျှလောက်ပင်ကြီးကျယ သည်မဟုတ်လော။သူတို့သည်အဘယ်အရာမှန်သည်ကိုသိသော်လည်း၎င်းအမှုကိုပြုကျင့်ရန် ငြင်းပယ်ကြ၏ SC 40.1

နေ့ရက်ရွှေ့ဆိုင်းမနေပါနှင့်။သင်၏အပြစ်ကိုစွန့်ပစ်၍သခင်ယေရှုအားဖြင့်စိတ်နှလုံးဖြူ စင်ရန်ရှာဖွေခြင်းအမှုကိုရက်ရွှေ့မနေပါနှင့်။ ဤအချက်၌ထောင်ပေါင်းများစွာသောသူတို့သည် ထာဝရဆုံးရှုံးခြင်းသို့ရောက်သည်တိုင်အောင်မှားခဲ့ကြပြီ။ အသက်တာသည်တိုတောင်း၍မသေ ချာကြောင်းကိုအထူးပြောမနေလိုပါ။ သို့ရာတွင်အပြစ်တွင်နစ်မွန်းလျက်နေရန် ရွေး ချယ်ခြင်းဖြင့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကတောင်းပန်နှိုးဆော်နေသောအသံ တော်ကို လိုက်နာဘို့ရန်နှောင့်နှေးနေခြင်း၌ကြောက်စရာကောင်းသောဘေးဥပဒ်ရှိ၏။ ဤကဲ့သို့ အပြစ်၌နေလိုသည့်အတွက်ပင်ဧကန်အမှန်နှောင့်နှေးနေခြင်းဖြစ်သည်။ အပြစ်သည်မည်မျှ လောက်သေးငယ်သည်ဟုထင်ရသော်လည်း၊ ၎င်းကိုပြုကျင့်လျှင်အကန့်အသတ်မရှိသောဆုံး ရှုံးခြင်းကိုသာဖြစ်စေလိမ့်မည်။ ကျွန်ုပ်တို့မအောင်မြင်သောအရာသည်ကျွန်ုပ်တို့ကိုနိုင်နင်းလျက် ကျွန်ုပ်တို့အားပျက်စီးခြင်းသို့ရောက်စေရန်စီမံလိမ့်မည်။ SC 40.2

အာဒံနှင့်ဧဝတို့က တားမြစ်ထားသောအပင်၏အသီးကိုစားခြင်းလောက်သေးငယ်သော အမှုကလေးတွက်ဘုရားသခင်၏မိန့်မှာတော်မူသည်အတိုင်းကြောက်စရာကောင်းသောအ ကြောင်းအရာဖြစ်နိုင်လိမ့်မည်မဟုတ်ဟု မိမိတို့စိတ်၌တွေးထင်ကြလေ၏။ သို့ရာတွင်ဤငယ် သောအမှုကလေးသည်ဘုရားသခင်၏မပြောင်းလဲသန့်ရှင်းသောပညတ်တရားတော်ကိုလွန် ကျူးခြင်းဖြစ်သောကြောင့်၊ ထိုအမှုသည်လူအားဘုရားသခင်နှင့်ဝေးကွာစေလျက်၊ ကျွန်ုပ်တို့၏ လောကထဲသို့သေခြင်းတရားလမ်းများကိုသက်ရောက်စေလေပြီ။ လူ၏နားမထောင်ခြင်းအမှု ကြောင့်ကာလအဆက်ဆက်ကျွန်ုပ်တို့၏ကမ္ဘာမြေကြေီးမှငိုကြွေးသံများကိုအစဉ်သဖြင့် ကြားနေရကြလျက်၊ ဖန်ဆင်းထားသမျှသောအရာအပေါင်းတို့သည်ဝေဒနာခံစားနေရကာ ညည်းညူ၍ဒုက္ခရောက်လျက်ရှိကြ၏။ လူသည်ဘုရားသခင်ကိုပုန်ကန်ခြင်းကြောင့်၊ကောင်း ကင်၌ပင်ထိခိုက်ခြင်းခံရ၏။ကရာနီကုန်းသည်ပညတ်တရားတော်ကိုလွန်ကျူးခြင်းအပြစ်ကိုဖြေ လွှတ်ရန်အတွက်လိုအပ်သည့်အလွန်အံ့သြဘွယ်စွန့်စားပူဇော်ခြင်း၏အထမ်းအမှတ်အဖြစ်နှင် တည်ရှိနေ၏အပြစ်ဒုစရိုက်ကိုသေးငယ်ပေါ့ဆသောအရာကလေးကဲ့သို့ကျွန်ုပ်တို့သည်မထင် မမှတ်အပ်ပေ။ SC 41.1

လွန်ကျူးခြင်းအမှုတိုင်း၊ သခင်ခရစ်တော်၏ ကျေးဇူးတော်ကိုအမှုမထား၊ငြင်းပယ်သော အမှုတိုင်းတို့သည်သင့်အပေါ်၌ပြန်၍ထိခိုက်လိမ့်မည်။စိတ်နှလုံးကိုခိုင်မာစေ၍စိတ်ဆန္ဒကိုဆုတ် ယုတ်စေပြီးသိနား လည်တတ်သောဥာဏ်ကိုထိုင်းစေလျက်၊ဘုရားသခင်၏ဝိညာဉ်တော်ကကြင်နာစွာနှိုးဆော် တိုက်တွန်းနေသည်ကိုလိုက်နာလိုသောစိတ်နည်းပါးလာသည်မက၊လိုက်နာနိုင်သောသတ္တိပင ဆုတ်လျော့သွားစေလိမ့်မည်။ SC 41.2

အများသောသူတို့သည်မိမိတို့အလိုရှိသောအခါမကောင်းသောလမ်းကိုလွှဲရှောင်နိုင် လိမ့်မည်ဟုထင်မှတ်လျက်မိမိတို့အထဲ၌လှုပ်ရှားထကြွနေသောသြတ္တပ္ပစိတ်ကိုဆိတ်ငြိမ်နေေ တတ်ကြသည်ဟုထင်မှတ်ကြသည်။သန့်ရှင်းသောဝိညာဉ်တောကိုအငြိုးထားလျက်စာတန် အလိုသို့လိုက်နေကြပြီးနောက်၊အလွန်ကြောက်မက်ဘွယ်ကောင်းသောအဆုံးအချိန်၌သူတို့ သည်မိမိ၏လမ်းကိုပြောင်းလွှဲနိုင်ကြသည်ဟုထင်မှတ်ကြသည်။ သို့ရာတွင်ဤအမှုကိုအလွယ် တကူနှင့်မပြုလုပ်နိုင်ချေ။ အသက်တာတလျှောက်လုံးတွင်တွေ့ကြုံသင်ကြားခဲ့ရသောဗဟုသု တို့သည်အကျင့်စာရိတ္တကိုလုံးလုံးစီမံဖန်တီးနေသဖြင့်၊အနည်းငယ်သောသူတို့သာထိုအချိန်အ ခါ၌သခင်ယရှု၏ပုံသဏ္ဍာန်ကိုလက်ခံရန်လိုလားတတ်ကြသည်။ SC 42.1

မှားသောအကျင့်တစ်ခု၊ အပြစ်ရှိသောအလိုဆန္ဒတခုပင်လျှင်၊ ဆက်လက်ပြုကျင့်ကြံ စည်နေခဲ့သော်၊ဧဝံဂလိတရား၏တန်ခိုးတော်အားလုံးကိုအဆုံး၌ပြယ်ပျောက်သွားစေလိမ့်မည်။ အပြစ်၌နစ်မွန်းနေသောအပြစ်ရှိသမျှသည်ဘုရားသခင်ကိုမနှစ်သက်စေရန်စိတ်ဝိညာဉ်ကိုခိုင် မာစေ၏။ ဘုရားတရားကိုမကြည်ညိုသောသဘောတွင်၊ စိတ်ခိုင်မာသောသူ သို့မဟုတ် သမ္မာတရားတော်ကိုမိုက်မဲစွာအမှုမထားသောသူသည်မိမိစိုက်ပျိုးသောအရာ၏အသီးအနှံကိ အဆုံး၌ရိတ်ရလေသည်။ ဆိုးသောအမှုကိုပေါ့ပေါ့ဆဆထင်မှတ်တတ်သောသူတို့အကြောင်း နှင့်သက်ဆိုင်၍ကျမ်းစာတွင်၊ အပြစ်ပြုသောသူသည် “မိမိအပြစ်ကြိုးတို့ဖြင့်ချည်နှောင်ခြင်းကိုခံ ရလိမ့်မည်” ဟုပညာရှိတပါးပြောထားသောစကားများထက်သာ၍ကြောက်စရာကောင်းသော သတိပေးစကားမရှိတော့ချေ။ (သုတ္တံကျမ်း၊၅၊၂၂။) SC 42.2

သခင်ခရစ်တော်သည်ကျွန်ုပ်တို့အားအပြစ်မှကယ်လွတ်ရန်အသင့်ရှိတော်မူ၏။သို့သော် ကျွန်ုပ်တို့အလိုမတူဘဲအတင်းအကြပ်ပြုတော်မမူ။အပြစ်ကိုဆက်လက်ကျူးလွန်နေခြင်းဖြင့်မ ကောင်းမှုဒုစရိုက်ဘက်၌သာလုံးလုံးစိတ်ညွတ်နေ၍ အပြစ်မှလွတ်ဘို့ရန်ကျွန်ုပ်တို့သည်အလိုမ ရှိကြလျှင်၊ ကိုယ်တော်၏ကျေးဇူးတော်ကိုလက်မခံလိုကြလျှင်၊ ကိုယ်တော်သည်မည်ကဲ့သို့ ပြုလုပ်နိုင်တော်မူဦးမည်လဲ။ ကျွန်ုပ်တို့သည်ကိုယ်တော်၏မေတ္တာတော်ကိုအသေအချာငြင်း ပယ်ခြင်းဖြစ်မိမိတို့ကိုယ်ကိုဖျက်ဆီးခဲ့ကြပြီ။ “ယခုပင်နှစ်သက်ဘွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏။” “ယနေ့တွင်သင်တို့သည်ဗျာဒိတ်တော်အသံကိုကြားလျက်ရှိ သည်ဖြစ်၍၊ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။” (၂ကောရိန်သု၊ ၆း၂။ ဟေဗြဲ၊ ၃း၇၊၈။) SC 43.1

“လူသည်အဆင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏၊ ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ် သည်။” (ဓမ္မရာဇဝင်မဠမစောင်၊ ၁၆း၇။) လူ၏စိတ်နှလုံးသည်အတွင်း၌ဝမ်းမြောက်ခြင်းနှင့်ဝမ်း နည်းခြင်းတို့၏ တိုက်လှန်ခြင်းနှင့်ပြည့်ဝနေ၏။ လမ်းမှားလျက်ထင်ရာရောက်နေသောစိတ်ဖြစ် ၍ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအမျိုးမျိုးနှင့်ပြည့်ဝလျက်ရှိသောစိတ်ဖြစ်၏။ ကိုယ်တော်သည် လူ၏စိတ်နှလုံးတွင်ရှိသောအကြံအစည်၊ရည်ရွယ်ချက်နှင့်အလိုဆန္ဒများကိုသိရှိတော်မူ၏ သင်၏စိတ်ဝိညာဉ်သည်ထိုသို့စွန်းကွက်နေသည်အတိုင်းပင်၊ ကိုယ်တော်ထံသို့ချဉ်းကပ်လော့။ အလုံးစုံတို့ကိုသိမြင်တော်မူသောအရှင်အား၊ မိမိ၏နှလုံးအခန်းများကိုဖွင့်ပေးလျက်ဆာလံဆ ရာကဲ့သို့၊ “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍အကျွန်ုပ်နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်းသိမှတ်တော်မူပါ။ဆိုးသောလမ်းသို့အကျွန်ုပ်လိုက်သည်မလိုက်သည ကိုကြည့်ရှု၍၊ ထာဝရလမ်းထဲသို့သွေးဆောင်တော်မူပါ” ဟုကြွေးကြော်ပါလော့။ (ဆာလံကျမ်း၊ ၁၃၉း ၂၃၊ ၂၄။) SC 43.2

အများသောသူတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း တမျိုးဖြစ်သည့်အသိဥာဏ်နှင့်စပ် ဆိုင်သောဘာသာတရားတမျိုးကိုလက်ခံကြသည်၊ သင်၏ဆုတောင်းချက်ကား၊ “အိုဘုရားသ ခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ။မြဲမြံတည်ကြည်သောသဘော ကိုအသစ်ပြုပြင်တော်မူပါ”ဟူသောအချက်ဖြစ်ပါစေ။ (ဆာလံကျမ်း၊ ၅၁း၁၀။) သင်၏စိတ် ဝိညာဉ်နှင့်မှန်ကန်စွာပြုပါ။သင်၏သေတတ်သောအသက်တာသည်ဒုက္ခရောက်နေလျှင်၊ သင် သည်တတ်နိုင်သမျှစိတ်အားကြီးစွာနှင့်ဆက်လက်ကြိုးစားပါ။ ဤအမှုသည်သင်၏စိတ်ဝိညာဉ် နှင့်ဘုရားသခင်၏စပ်ကြားတွင်ထာဝရကာလအတွက် ဆုံးဖြတ်ရမည့်အမှုဖြစ်ပေသည်။စိတ် ကူးနှင့်သာမြော်လင့်နေလျက်ဘာမျှထပ်မံမပြုလုပ်ဘဲနေလျှင်သင်သည်အမှန်ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ SC 43.3

ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဆုတောင်းလျက်လေ့ကျက်ပါ။ ထိုနှုတ်ကပတ်တော် တွင်ပါရှိသောဘုရားသခင်၏ပညတ်တော်၌၎င်း၊ သခင်ခရစ်တော်၏အသက်တာအကြောင်း၌ ၎င်း၊ သန့်ရှင်းခြင်းနှင့်ဆိုင်သောအခြေခံတရားကြီးကိုသင်တို့အားဘော်ပြထားပါသည်။ဤကဲ့သို့ သော “သန့်ရှင်းခြင်းမရှိလျှင်၊အဘယ်သူမျှထာဝရဘုရားကိုမဖူးမမြင်ရ။” ဟေဗြဲ၊၁၂း၁၄။၎င်း သည် အပြစ်ကိုဘော်ပြ၏။ ကယ်တင်ရာလမ်းကိုလည်းထင်ရှားစွာဘော်ပြ၏။ သင်၏စိတ် ဝိညာဉ်အားဘုရားသခင်မိန့်တော်မူသောစကားသံကဲ့သို့၎င်းကိုသတိပြုပါ။ SC 44.1

အပြစ်၏ကြီးကျယ်သောအဖြစ်ကိုသင်သည်သိမြင်လျှင်၊သင့်ကိုယ်တိုင်အကယ်ပင်ဖြစ် နေသောအခြေအနေကိုသင်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်အံ့သောငှာကြွလာတော်မူ ၏။ ဘုရားသခင်အားကျွန်ုပ်တို့နှင့်မိဿဟာယဖွဲ့စေရန်ကျွန်ုပ်တို့ကသွား၍တောင်းပန်နေရ သည်မဟုတ်။ ဘုရားသခင်သည်သခင်ခရစ်တော်၌ “လောကအားကိုယ်တော်နှင့်မိဿဟာယ ဖွဲ့စေတော်မူ၏” (၂ကောရိန်သု ၅း၁၉။) အို၊ မည်မျှအံ့သြဘွယ်ကောင်းသောမေတ္တာဖြစ်သလဲ ကိုယ်တော်သည်မိမိ၏သိမ်မွေ့သောမေတ္တာတော်အားဖြင့်မှားနေသောသားသမီတို့၏စိတ် နှလုံးကိုဆွဲငင်လျက်နေတော်မူ၏။ ဘုရာသခင်သည်ကယ်ဆယ်ရန်ရှာကြံနေသောသူတို့၏ အပြစ်နှင့်မှားသောအမှုများကိုသည်းခံတော်မူသကဲ့သို့မည်သည့်လောကီမိဘတယောက်မျှ သည်းခံနိုင်မည်မဟုတ်။ အပြစ်ပြုသောသူကို မည်သူမျှကြင်နာစွာတောင်းပန်တိုက်တွန်းနေကြမည်မဟုတ်။လမ်းမှားလျက်လှည့်လည် နေသောသူအားဘုရားသခင်ထက်မည်သူသည်သာ၍ကြင်နာစွာတောင်းပန်နေလိမ့်မည်လဲ ဘုရားသခင်၏ဂတိတော်နှင့်သတိပေးစကားအပေါင်းတို့ကားမပြောပြနိုင်လောက်အောင် ကြီကျယ်သောမေတ္တာတော်၏အရှိန်ပင်ဖြစ်ကြသည်။ SC 44.2

သင်သည်အပြစ်များသောသူဖြစ်သည်ဟု ပြောဆိုရန်စာတန်သည်သင့်ထံလာသော အခါ၊ သင်၏ရွေးနှုတ်ရှင်ကိုမြော်ကြည့်လျက်ကိုယ်တော်၏ကုသိုလ်အကြောင်းကိုပြောပြ လော့။ သင့်အားမစကူညီမည့်အရာသည်ကိုယ်တော်၏အလင်းကိုကြည့်ခြင်းအမှုဖြစ်သည်။ သင်၏အပြစ်ကိုဝန်ခံပြီးနောက် “ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာ ဤလောကသို့ကြွလာတော်မူသည်” ဟုရန်သူအားပြောပြလော့။ (၁တိမောသေ၊ ၁း၁၅။) ၎င်းပြင်ကိုယ်တော်၏မနှိုင်းရှင်နိုင်သောမေတ္တာတော်ယေရှုသည်ရှိမုန်အား၊ကြွေးရှိသောသူနှစ် ဦးအကြောင်းနှင့်စပ်ဆိုင်၍မေးခွန်းတခုကိုမေးတောမူ၏။ တဦးသည်မိမိသခင်အားအနည်းငယ် သောအကြွေးကိုပေးစရာရှိ၏။ အခြားတဦး၌အလွန်းများသောအကြွေးကိုပေးစရာရှိ၏။သို့ရာ တွင်သခင်သည်နှစ်ဦးစလုံးကိုအပြစ်လွတ်၏။ ထို့နောက်သခင်ခရစ်တော်ကရှိမုန်အား၊အဘယ် သူသည်မိမိသခင်ကိုသာ၍ချစ်မည်နည်းဟုမေးတော်မူ၏၊ ရှိမုန်က “သာ၍ကျေးဇူးခံရသောသူ သည်သာ၍ချစ်လိမ့်မည်”ဟုပြန်ဖြေ၏။ (လုကာ၊၇း၄၃။) ကျွန်ုပ်တို့သည်အပြစ်များသောသူများ ဖြစ်ခဲ့ကြပြီ။ သို့သော်သခင်ခရစ်တော်သည်ကျွန်ုပ်တို့၏အပြစ်ကိုပြေလွတ်စေခြင်းငှာအသေခံ တော်မူ၏။ကိုယ်တော်၏စွန့်စားဆက်ကပ်ခြင်းတည်းဟူသောကုသိုလ်ကောင်းမှုတော်ကြီးသည် ကျွန်ုပ်တို့အတွက်ခမည်းတော်ရှေ့တွင်ဆက်ကပ်ရန်လုံလောက်ပေ၏။ကိုယ်တော်ကများစွာအ ပြစ်လွှတ်ခြင်းခံရသောသူတို့သည် ကိုယ်တော်ကိုများစွာချစ်ခင်ကြ၍ကိုယ်တော်၏မဟာမေတ္တာ တော်နှင့်အနန္တစွန်းစားပူဇော်ခြင်းအမှုအတွက်ကိုယ်တော်ကိုချီးမွမ်းရန် သူတို့သည်ကိုယ်တော် နှင့်အနီးကပ်ဆုံးရပ်နေကြလိမ့်မည်။ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာတော်အကြောင်း SC 45.1

ကိုအလွန်ရှင်းလင်းစွာသိနားလည်လာကြသောအခါ၌၊ကျွန်ုပ်တို့သည်အပြစ်၏ကြီးလေးသေ အဖြစ်ကိုကောင်းစွာသိရှိလာကြ၏။ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့ထံသို့ခပေးလိုက်သောမေတ္တာကြိုး ၏အရှည်အလျားကိုကျွန်ုပ်တို့သိမြင်ရကြသောအခါ၊ ကျွန်ုပ်တို့အတွက်သခင်ခရစ်တော်ပြုတော် မူသောအနန္တစွန့်စားပူဇော်ခြင်းအကြောင်းကိုကျွန်ုပ်တို့သည်သိရှိနားလည်လာကြသောအခါ၊ ကျွန်ုပ်တို့၏စိတ်နှလုံးသည်နူးညံ့ကြေကွဲခြင်းနှင့်ညွတ်ပျောင်းလာကြ၏။ SC 46.1