ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

108/271

လူတွေရှိသည့် နေရာသို ့သွားပါ

ကျွန်ုပ်တို့ဆီသို့ လူတွေရောက်လာရန် စောင့်မျှော်နေရမည်မဟုတ်။ သူတို့ရှိသည့်နေရာသို့ ကျွန်ုပ်တို့သွားရမည်။ ပလ္လင်ပေါ်မှာ နှုတ်ကပတ်တော် ဟောပြောရပြီဆိုသောအခါ အမှုတော်မြတ်အစပြုလေပြီ။ ဧဝံဂေလိသတင်း ကောင်းကို သူတို့ထံ သယ်ယူပို့ဆောင်မပေးမချင်း၊ ဘယ်တော့မျှသတင်း ကောင်းမကြားရသူတွေ အမြောက်အမြားရှိနေပါသည်။ (ChS 121.3) ChSBur 201.1

သတင်းကောင်းအမှုတော်မြတ်သည် ခရစ်တော်၏နိုင်ငံတော်မှထုတ် ပေးသောမစ်ရှင်လုပ်ခွင့်ပဋိညာဉ်စာတမ်းကြီးဖြစ်လေသည်။ တပည့်တော်များ သည် ဝိညာဉ်များအတွက် လေးနက်တည်ကြည်စွာအမှုဆောင်၍ ကရုဏာ တော်နယ်အထဲသို့ ခေါ်ဖိတ်သွင်းကြရမည်။ သူတို့သည် လူတွေသူတို့ဆီ ရောက်လာကြရန် မျှော်နေကြရမည်မဟုတ်။ သတင်းကောင်းစကားပြောရန် လူတွေရှိရာသို့ သူတို့သွားကြရမည်။ (ChS 121.4) ChSBur 201.2