ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

104/271

အခန်း (၁ဝ)—နည်းစနစ်များ

တစ်အိမ်တက်ဆင်း

လူထုအကြား အထူးကြိုးစားခြင်းနှင့်အတူ ညီမျှသောအရေးတကြီး အချက်မှာ လူတို့၏နေအိမ်များသို့ တစ်အိမ်တက်ဆင်းသာသနာပြုခြင်းဖြစ် သည်။ မြို့ကြီးတွေမှာ လူထုအစည်းအဝေးများအားဖြင့် မရောက်နိုင်သော လူတန်းစားတချို့ ရှိလေသည်။ သိုးထိန်းသည် သူ၏ပျောက်သောသိုးများကို ရှာရသကဲ့သို့ သူတို့ကိုလိုက်ရှာထွက်ကြရမည်။ သူတို့ကိုယ်စား လုံ့လဝီရိယ နှင့်ပုဂ္ဂိုလ်ရေးကြိုးစားခြင်းကို ရှေ့တိုးလုပ်ပြကြရမည်။ ပုဂ္ဂိုလ်ရေးအမှုဆောင် ခြင်းကိုမေ့ပစ်ကြသောအခါ အဖိုးတန်အခွင့်အရေးများစွာ ဆုံးရှုံးလိမ့်မည်။ သူတို့တစ်တွေတိုးတက်ကောင်းမွန်လာခဲ့သော် အမှုတော်ဆုံးဖြတ်ချက်တိုးချဲ့ ခိုင်မြဲလာပါလိမ့်မည်။ (ChS 113.1) ChSBur 185.1

အလုပ်အားဖြင့်သာမက သနားကြင်နာသောစကားများသည်လည်း လိုအပ်သည်။ ခရစ်တော်သည် အကြင်နာမေတ္တာနှင့် စေတနာသဒ္ဒါတရားဖြင့် သူ၏သတင်းစကားကို အစပျိုးပေးကမ်းခဲ့သည်။ ဤလိုမျိုးအမှုဆောင်ကြသူ များကို တစ်အိမ်တက်ဆင်းသွားရောက်စေကြပါစို့။ အကူအညီလိုနေသူများ အား အကူအညီပေးပြီး အကယ်၍ အခွင့်အရေးရလျှင် လက်ဝါးကပ်တိုင် တရားအကြောင်းကို ဟောပြောကြပါစို့။ ခရစ်တော်သည် သူတို့၏ပြဌာန်း စာအုပ်ဖြစ်နေရမည်။ ဝါဒရေးရာအကြောင်းကိစ္စအပေါ်တွင် သူတို့ တည်မှီနေရန်မလို။ သူတို့၏အလုပ်နှင့်ခရစ်တော်၏စွန့်လွှတ်ခဲ့ခြင်း အကြောင်းများကိုဟောပြောကြရမည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်းတရား ကို လက်ကိုင်ထား၍ သူတို့ဘဝ၌ ကိုယ်တော်၏မြင့်မြတ်စင်ကြယ်ခြင်းကို ဖေါ်ကျူးပေးကြပါစို့။ (ChS 113.2) ChSBur 185.2

ဘုရားသခင်သည် လူမျက်နှာကြည့်သူမဟုတ်ပါ။ ကိုယ်တော်သည် နှိမ့်ချစိတ်ရှိသူ၊ စိတ်တမ်းအပ်နှံသူခရစ်ယာန်များအား သူတို့၌အခြားသူများလို ပညာရေးစုံစုံစေ့စေ့မရှိခဲ့ကြသော်လည်း အသုံးပြုတော်မူလိမ့်မည်။ ထိုသို့သော သူကို တစ်အိမ်တက်ဆင်းသွားရောက်စေလျက် ကိုယ်တော်အတွက် အမှုတော် ထဲ၌ ပါဝင်လုပ်ဆောင်စေကြပါ။ နေအိမ်မီးလင်းဖိုရှေ့မှာ ထိုင်နေကြရင်း သူတို့တစ်တွေစိတ်နှလုံးနှိမ့်ချလျက် အပြောအဆိုလိမ္မာစွာဖြင့် ဘုရားတရား ကိုင်းရှိုင်းခြင်း ပြုနိုင်ကြပါသည်။ သိက္ခာတော်ရပြီးသောဓမ္မဆရာတစ်ဦးလုပ်ဆောင် သည်ထက်ပို၍ မိသားစုများ၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်း ပေးကြပါ။ (ChS 113.3) ChSBur 185.3

ကျွန်ုပ်တို့၏အသင်းတော်မှ အသင်းသူ/အသင်းသားများသည် ကျမ်းစာ ဖတ်ခြင်းနှင့်လက်ကမ်းဓမ္မစာစောင်များဝေငှခြင်းအားဖြင့် တစ်အိမ်တက်ဆင်း ပို၍အမှုတော်ဆောင်ရွက်သင့်ကြသည်။ (ChS 113.4) ChSBur 186.1

တစ်အိမ်တက်ဆင်းအမှုဆောင်ကြသူများသည် သာသနာနယ်၏အပိုင်း ကဏ္ဍအများအပြားအတွက် အခွင့်အရေးများကို တွေ့ကြရလိမ့်မည်။ သူတို့ သည် ဖျားနာသူများအား ဆုတောင်းပေးနိုင်သည်။ ဒုက္ခဝေဒနာခံစားနေရသူ များအား သက်သာရာရစေရန် သူတို့အစွမ်းကုန်လုပ်ပေးနိုင်ကြသည်။ သူတို့ သည် လူမှုအဆင့်အတန်းနိမ့်ကျဆင်းရဲသူများ၊ အဖိနှိပ်ခံလူတန်းစားတို့အထဲ တွင် အမှုဆောင်သင့်ကြသည်။ စိတ်ဓာတ်ကျ၍ မိမိအလိုဆန္ဒကို ထိန်းသိမ်း ရန်အင်အားမရှိကြသည့်မျှော်လင့်ချက်ကင်းမဲ့နေကြသူအယောက်စီတိုင်းတို့နှင့် အတူ (သို့မဟုတ်) သူတို့အတွက် ဆုတောင်းပေးနေသင့်ကြ၏။ နှလုံးသား ပွင့်လင်း၍ နိုးထလာကြသူတို့အတွက် ကယ်တင်ခြင်းရစေရန် လေးလေးနက်နက် နှင့်တည်ကြည်စွာဖြင့် အားထုတ်ကြိုးပမ်းကြရမည်။ အတ္တကင်းစင်၍ ကြင်နာ တတ်သောအပြုအမူသည်သာလျှင် လူများစွာသို့လှမ်းရောက်နိုင်ကြသည်။ သူတို့ ဘဝလိုအပ်ချက်များသည် ပထမဦးဆုံးသက်သာခွင့်ရရှိစေရမည်။ သူတို့သည် ကျွန်ုပ်တို့၏ကိုယ်ကျိုးမရှာသောမေတ္တာနှင့် ချဉ်းကပ်မှုကို သက်သေ အဖြစ် သူတို့မြင်ကြလေသော် ခရစ်တော်၏မေတ္တာကို သူတို့လက်ခံရန် လွယ်ကူလာပါလိမ့်မည်။ (ChS 113.5) ChSBur 186.2

အမှုဆောင်များသည် တစ်အိမ်တက်ဆင်းသွားလာ၍ ကျမ်းစာအုပ် ဖွင့်ဖတ်ခြင်း၊ အသင်းတော်ထုတ်စာစောင်များဖြန့်ဝေပေးခြင်း၊ မိမိအသက်ဝိညာဉ် ကိုကောင်းချီးမင်္ဂလာပေးသောအလင်းတရားအကြောင်းကို သူတစ်ပါးအား ဟောပြောနေကြရမည်။ (ChS 114.1) ChSBur 187.1

ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင်ဘုရားသည် တစ်အိမ်တက်ဆင်းသွား လာ၍ နာမကျန်းသူများကို အနာငြိမ်းစေခြင်း၊ စိတ်မသာညည်းတွားနေကြ သူများကို သက်သောင့်သက်သာရှိစေခြင်း၊ ဒုက္ခရောက်သူများကို ချော့မြူ စကားပြောပေးခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်နေသူများကို ချမ်းသာစကားပြော ခြင်းများပြုလုပ်ခဲ့သည်။ ကိုယ်တော်သည် ကလေးသူငယ်များကို လက်တော် နှင့်ပွေ့ ဖက်၍ ကောင်းချီးပေးလေ၏။ ပန်းလျနွမ်းနယ်သောမိခင်ကို မျှော်လင့် ခြင်းသက်သာစကားပြောတော်မူ၏။ မပျက်ပြယ်သောကြင်နာမှု၊ နူးညံ့သိမ်မွေ့ မှုများနှင့်အတူ ကိုယ်တော်သည် လူတို့၏ပူဆွေးသောကနှင့်ဝေဒနာပုံစံအမျိုး မျိုးတို့ကို ဖြေသိမ့်ပေးတော်မူခဲ့ပါသည်။ မိမိကိုယ်ဖို့ (သို့မဟုတ်) သူတစ်ပါး တို့အတွက် ကိုယ်တော်အမှုဆောင်ခြင်းပင်တည်း။ ကိုယ်တော်သည် လူတိုင်း အတွက် အစေခံဖြစ်ခဲ့သည်။ ထိုအမှုသည်ပင်လျှင် သခင်ဘုရားဆက်ဆံအစေ ခံတော်မူခဲ့သောသူလူအပေါင်းတို့အဖို့ မျှော်လင့်ခြင်းနှင့်ခွန်အားယူဆောင်ပေး လာသောကိုယ်တော်၏အသားနှင့် အသွေးဖြစ်ရလေသည်။ (ChS 114.2) ChSBur 187.2

သမ္မာတရားကို ဟောပြောခြင်း၊ မေတ္တာနှင့်ရိုးစင်းမှုရှိခြင်း၊ တစ်အိမ် တက်ဆင်းအမှုဆောင်ခြင်းသည် ခရစ်တော်မှသူ၏တပည့်များကို ပထမဦးဆုံး သောသာသနာပြုစေလွှတ်တော်မူသည့်အခါက ကိုယ်တော်ပေးသောလမ်းညွှန် ချက်နှင့်အညီ အလိုက်သင့်ဖြစ်စေရမည်။ ဂုဏ်တော်သီချင်းသီဆိုခြင်းအားဖြင့် သော်လည်းကောင်း၊ နှိမ့်ချခြင်းအားဖြင့်သော်လည်းကောင်း၊ စိတ်နှလုံးပါလျက် ဆုတောင်းခြင်းအားဖြင့်သော်လည်းကောင်း၊ လူများစွာဆီသို့ဝင်ရောက်နိုင်သည်။ ဘုရားသခင်၏အမှုဆောင်သည် သူ့စိတ်နှလုံးအထဲသို့ ခိုင်မြဲသောယုံကြည် ချက်အပ်နှင်းတော်မူခြင်းခံရလိမ့်မည်။ “ငါသည် သင်တို့နှင့်အတူ အစဉ်အမြဲ ရှိသည်” ဟူ၍ ကိုယ်တော်ကတိတော်ရှိလေသည်။ ယင်းသို့ဥပဇ္ဈာယ်ဆရာ တစ်ပါး၏စွဲမြဲစွာထင်ရှားရှိနေကြောင်း စိတ်ချရမှုနှင့်အတူ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့်ခွန်အားသတ္တိများဖြင့် အမှုဆောင်နိုင်ကြပါ သည်။ (ChS 114.3) ChSBur 187.3

တစ်အိမ်တက်ဆင်းသာသနာလုပ်ငန်းလုပ်ဖို့လိုသည်။ နှုတ်ကပတ် ကျမ်းစာမှ သမ္မာတရားအကြောင်းကို လုံးဝမသိသေးသူများနေထိုင်ရာဒေသ ဆီသို့ စေလွှတ်ရန် စိတ်ဆုံးဖြတ်အားထုတ်ကြသူများကို ဘုရားသခင်သည် ဖိတ်ခေါ်နေပါ၏။ သူတို့အိမ်တွေမှာ ဓမ္မသီချင်းကျူးအေးခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းများပြုလုပ်ပေးဖို့ လိုအပ်နေပါသည်။ “ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒ ပေးကြလော့” ဟူသောစေစားခြင်းအမှုတော်မြတ်ကိုနာခံရန် အချိန် သည် ယခုပင်အချိန်ရောက်လို့နေပါပြီ။ ဤအမှုကိုလုပ်ဆောင်နေသော သူတို့သည် နှုတ်ကပတ်တော်သိကျွမ်းခြင်းရှိနှင့်ထားပြီးသူဖြစ်ရပါ မည်။ “ကျမ်းစာလာသည်ကား” ဟူသောအချက်သည် သူတို့အတွက် တိုက်ပွဲဝင်လက်နက်ဖြစ်နေရပါမည်။ (ChS 114.4) ChSBur 188.1

ညီအစ်ကိုမောင်နှမအပေါင်းတို့၊- သင်တို့အိမ်နားနေသူများထံ အလည် အပတ်သွားကြပါ။ ကိုယ်ချင်းစာစိတ်နှင့် ကြင်နာစိတ်ထားပြီး သူတို့ ၏နှလုံးသားထဲကိုဝင်ရောက်ဖို့ ကြိုးစားပါ။ အမြင်စောင်းပြီး တစ်ဖက် သတ်ဆန့်ကျင်မှုတွေကိုမဖန်တီးဘဲ ၎င်းတို့ကိုဖယ်ရှားပစ်နိုင်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ကြပါ။ ယနေ့အတွက် သမ္မာတရားကို သိနားလည်ပြီးဖြစ်သော်လည်း သူတို့၏ဦးတည်ကြိုးပမ်းမှုကို မိမိအသင်းတော် ထဲမှာသာလျှင်ရှိစေပြီး မပြောင်းလဲသေးသောနီးစပ်ရာမိတ်ဆွေများအတွက် ဝန်ဆောင်ပေးရန် ငြင်းပယ်ခဲ့ကြသောသူများသည် ထိုသို့မပြည့်မဝတာဝန်ယူခဲ့ ခြင်းအတွက် ဖြေရှင်းချက်ပေးဖို့ ခေါ်ထုတ်ခြင်းခံကြရလိမ့်မည်။ (ChS 115.1) ChSBur 188.2

ထို့အပြင် တပည့်တော်များ၏ ပထမဦးဆုံးလေ့လာစစ်ဆေးခြင်းခရီးသည် ယေရှုသွားလာခဲ့ဖူးသည့်ဒေသသို့သွားကြရန်သာဖြစ်၍ မိတ်ဆွေများရှာရန်ဖြစ် သည်။ ခရီးအတွက် သူတို့ပြင်ဆင်ရသည်မှာ အရိုးရှင်းဆုံးအမျိုးအစားဖြစ်သည်။ သူတို့၏အမှုတော်ကြီးမှ သူတို့စိတ်လမ်းကြောင်းပြောင်းသွားစေနိုင်သောမည် သည့်အရာများကိုမျှ ယူဆောင်သွားခွင့်မပြုခဲ့။ သို့တည်းမဟုတ် အတိုက်အခံ ဖြစ်စေဖို့ လှုံ့ဆော်သောလမ်းတစ်မျိုးမျိုးနှင့် ရှေ့ဆက်ဝန်ဆောင်ပေးဖို့ တံခါး ပိတ်သွားစေနိုင်သောမည်သည့်နည်းတစ်ခုခုကိုမျှ အခွင့်မပေးချေ။ သူတို့သည် ဘာသာရေးဆရာများ၏ အဝတ်အစားမျိုး ရွေးချယ်ဝတ်ဆင်ရန် မလို သလို၊ နှိမ့်ချသောသူဆင်းရဲလယ်သမားဖြစ်ကြောင်းသိစေဖို့ အယောင် ဆောင်ဝတ်စုံကိုလည်း ဝတ်ဆင်ခွင့်မပြုပါ။တရားဇရပ်ထဲသို့ ဝင်သွားပြီး လူတွေကိုအတူတကွစုဝေးဝတ်ပြုကြဖို့ ခေါ်ထုတ်ကြရမည်လည်းမဟုတ်။ သူတို့ကြိုးစားလုပ်ဆောင်ကြရမည်မှာ တစ်အိမ်တက်ဆင်းဝန်ဆောင်မှုပေးရန် ရှေ့ဆက်လုပ်သွားဖို့ဖြစ်သည်။ သူတို့သည် မလိုအပ်ဘဲနှင့် လူတွေကိုအရို အသေပေးနေကြရမည်မဟုတ်။ ဧည့်ခံဖျော်ဖြေဖို့အတွက်သာ တစ်အိမ်တက် ဆင်းဝင်နေကြရမည်လည်းမဟုတ်။ သို့ပါသော်လည်း နေရာတိုင်း၌ ထိုက်တန်သောသူများက သူတို့အား ဧည့်ခံပြုစုလာသည့်အခါနှင့် ခရစ်တော် ကိုယ်တိုင်အား ပြုစုပေးလာသည့်အတိုင်း သူတို့ကိုကြိုဆိုကြသောသူများအား လက်ခံပေးကြရန်ဖြစ်သည်။ သူတို့နေထိုင်ရမည့်အိမ်သို့ အဝင်တွင် လှပ သောပဋိသန္ဓာရစကားဖြင့် နှုတ်ခွန်းဆက်ကြရမည်မှာ “ဤအိမ်၌ မင်္ဂလာရှိ ပါစေသော” ဟူ၍ဖြစ်သည်။ ထိုအိမ်သည် တပည့်တော်တို့၏ဆုတောင်းသံများ၊ ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းသံများနှင့် မိသားစုအတွင်း အလှည့်ကျကျမ်းစာ ဖတ်ခြင်းများဖြင့် ကောင်းချီးမင်္ဂလာခံစားရပါလိမ့်မည်။ (Chs 115.2) ChSBur 188.3

သင်၏နီးစပ်ရာမိတ်ဆွေများဆီသို့ မိတ်ဆွေရင်းချာပမာအလည် အပတ်သွားလာပါ။ သူတို့နှင့်ခင်မင်ရင်းနှီးသိကျွမ်းနေရအောင် ပြုလုပ်ပါ။ --- ဤကဲ့သို့မနေထိုင်ကြသူများနှင့်ဂရုမစိုက်ကြောင်း ပေါ်လွင် ထင်ရှားနေထိုင်ပြကြသူများသည် သူတို့၏ဦးစွာသောအချစ်ဆုံးရှုံး၍ သူ၏ညီအစ်ကိုများကို ဝေဖန်ခြင်း၊ အပြစ်ရှာခြင်းနှင့်ရှုတ်ချခြင်းတို့ကို မကြာမီလုပ်လာကြတော့မည်။ (ChS 115.3) ChSBur 189.1

တမန်တော်ပေါလု၏ ကြိုးပမ်းအားထုတ်မှုများသည် လူထုတရားဟော ပြောပွဲများအတွက်လောက်သာကန့်သတ်မထားပါ။ ထိုနည်းဖြင့် မကြားရနိုင် သူတွေများစွာရှိနေပါသည်။ သို့ဖြစ်၍ သူသည် အချိန်များများယူပြီး တစ်အိမ် တက်ဆင်းသာသနာပြုပါသည်။ ဤနည်းဖြင့် အိမ်ထောင်မိသားစုဝင်များစွာနှင့် ရင်းနှီးအောင်အခွင့်အရေးရှာယူခဲ့ပါသည်။ ဖျားနာသူတို့ထံ အလည်အပတ် သွားပြီး ဒုက္ခဝေဒနာခံစားနေသူများအား နှစ်သိမ့်စကားပြောကြားပေးခြင်း နှင့်အနှိမ်ခံဘဝ၌ရှိသူများကို အားပေးမြှင့်တင်ခဲ့၏။ သူပြောဆိုလုပ်ဆောင် သမျှ၌ ယေရှုခရစ်၏နာမတော်ကို ကြီးမြတ်စေဖို့သာဖြစ်လေ၏။ ဤသို့ဖြင့် သူသည် “ခွန်အားနည်းစဉ်၊ ကြောက်ရွံ့နေစဉ်နှင့်တုန်လှုပ်ချောက်ချား နေစဉ်မှာပင်” သခင့်အတွက် အမှုဆောင်ခဲ့သူဖြစ်ပါသည်။ သူ၏သြဝါဒ များသည် ကောင်းကင်ဘုံရှင်ဘုရားသခင်ထက် လူ၏အထင်ကြီးမှုပေါ်လွင် လာမည်ကိုစိုး၍သာ သူ၌တုန်လှုပ်နေရခြင်းရှိပါသည်။ (ChS 115.4) ChSBur 190.1

သင့်အိမ်နီးချင်းမိတ်ဆွေများတစ်ဦးချင်းဆီသို့ အလည်အပတ်သွားပါ။ သင်၏ ကိုယ်ကျိုးမဖက် အမှန်တကယ်စိတ်ဝင်စား၍ ချစ်မြတ်နိုးကြောင်း သူတို့၏ရင်ထဲ၌ နွေးထွေးမှုကို ခံစားနေရသည့်တိုင်အောင် အကျွမ်းတဝင် မိတ်ဆွေဖွဲ့ပါ။ သူတို့နှင့်ထပ်တူ ကိုယ်ချင်းစာနာစိတ်ထားပါ။ သူတို့နှင့်အတူ ဆုတောင်းပါ။ သူတို့ကောင်းတာလုပ်ဖို့ အခွင့်အလမ်းရှာပြပေးပါ။ သင်တတ် နိုင်လျှင် လူအနည်းငယ်ကို အတူတကွစုစည်းပြီး မှောင်နေသောသူတို့၏စိတ် နှလုံးကို လင်းစေဖို့ ဘုရားသခင်နှုတ်ကပတ်တော်ကျမ်းစာကို ဖွင့်ဖတ်ပြပါ။ လူ့အသက်ဝိညာဉ်ကို တန်ဖိုးထားရှာဖွေနေသူကဲ့သို့ စောင့်ကြည့် နေပါ။ ဘုရားသခင်၏သိက္ခာတော်စပျစ်ဥယျာဉ်ထဲမှာ ကိုယ်တော် နှင့်အတူတကွလုပ်ဆောင်ရန် သင့်အား အခွင့်ပေးထားသော ဤအထူး အခွင့်အရေးကို အကောင်းဆုံးအသုံးချပါ။ သင့်နီးစပ်မိတ်ဆွေများနှင့် စကားစမြည်ပြောရန် မပစ်ပယ်ကြပါနှင့်။ သင်၌ခွန်အားရှိသမျှနှင့် ကြင်နာနှစ် လိုဖွယ်အလုံးစုံတို့ဖြင့် သူတို့ကိုဆက်ဆံခဲ့သောအခါ သင်သည် “လူတချို့ကို ကယ်တင်ခြင်းရစေကောင်း၏” ဟု မှတ်ယူရမည်။ ကျွန်ုပ်တို့သည် တမန်တော် ပေါလု၏စိတ်ဓာတ်ကဲ့သို့ အသက်ဝိညာဉ်များကို ချစ်မြတ်နိုးသောစိတ်သဘောနှင့် တစ်အိမ်တက်ဆင်းမျက်ရည်ကျလျက် “ထာ၀ရဘုရားသခင်ထံတော်သို့ နောင်တ နှင့်ပြန်လာပါ။ ငါတို့၏သခင်ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားပါ” ဟူ၍ သွန်သင်ဟောပြောကြပါစို့။ (ChS 116.1) ChSBur 190.2

ကျွန်ုပ်တို့၏မြို့ကြီးများတွင် ပြီးစီးအောင်လုပ်ရမည့်အလုပ်ကို ထာဝရ ဘုရားသခင်သည် ကျွန်ုပ်အား ဖော်ပြပါ၏။ ဤမြို့ကြီးများတွင်ရှိသောယုံကြည် သူများသည် မိမိတို့၏အိမ်နီးနားချင်းလူနေရပ်ကွက်တွင်းရှိ နေအိမ်များ၌ ဘုရားသခင်အတွက် သူတို့အမှုဆောင်ပေးရန်ဖြစ်သည်။ သူတို့သည် ငြိမ်းချမ်း စွာနှင့် စိတ်နှလုံးနူးညံ့သိမ်မွေ့စွာဖြင့် အမှုတော်ဆောင်ကြစဉ် သူတို့ရောက် လေရာနေရာတိုင်းမှာ ကောင်းကင်ဘုံ၏ဝန်းကျင်အခြေအနေမျိုးကို ဖေါ်ဆောင် ဖွင့်ပြကြရမည်။ (ChS 116.2) ChSBur 191.1