ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
လူလိမ်ကြီးစာတန်အလုပ်လုပ်နေပြီ
ယခုမျက်မှောက်ကာလသည် ကမ္ဘာကုန်ဆုံးချိန်အလျင်အမြန်ချဉ်းကပ် လာနေသည်ဖြစ်ရာ စာတန်သည် ကမ္ဘာတစ်လောကလုံးကို ထောင်ချောက် ထဲသွင်းဖို့ ကြမ်းကြမ်းတမ်းတမ်းရှေ့သို့ကြိုးပမ်းလုပ်ဆောင်လာပါသည်။ စာတန် သည် လူသားတို့၏စိတ်ကိုထိန်းချုပ်၍ ကယ်တင်ခြင်းလိုအင်များကိုပြသော သမ္မာတရားလမ်းမှ အာရုံလွဲသွားစေရန် စီမံချက်များစွာကို ဖန်တီးပေးနေပါ သည်။ မြို့ကြီးတိုင်းမှာ စာတန်၏စေတမန်တို့သည် ဘုရားပညတ်တော်ပါ အချက်များကို ကန့်ကွက်ဆန့်ကျင်ရန် အုပ်စုဖွဲ့စည်းတည်ထောင်ခြင်းဖြင့် အလုပ် များလာနေပါ၏။ မာယာရှင်ကြီးသည် လူသားတို့ထဲ၌ ရှုပ်ထွေးဆန့်ကျင် ပုန်ကန်ထကြွလာစေဖို့လိုအပ်ချက်များကို မိတ်ဆက်ပေးခြင်းအလုပ်လုပ်နေသည်။ လူတို့သည် ဉာဏ်ပညာမဲ့မာနစိတ်ကြီးမွေးလျက် ပူပန်နေကြကုန်၏။ (ChS 54.2) ChSBur 84.2
စာတန်သည် လုံ့လရှိသောကျမ်းစာကျောင်းသားတစ်ဦးဖြစ်သည်။ မိမိ၌အချိန်သိပ်မကျန်တော့ကြောင်းကို သူသိ၏။ သို့ဖြစ်၍ ဤမြေကြီးပေါ်၌ သခင်ဘုရား၏အမှုတော်ကို ဆန့်ကျင်သည့်လုပ်ရပ်တိုင်းကို ရှာဖွေလုပ်ကိုင် နေပါသည်။ (ChS 54.3) ChSBur 85.1
ယခုအခါ စာတန်သည် ထာဝရဘုရားသခင်၏လူတို့ဘာမျှအလုပ် မလုပ်ဘဲနေကြရန် သွေးဆောင်လုပ်ကိုင်လျက် သမ္မာတရားတိုးပွားစေရေးအတွက် လူတွေလုပ်ကြရမည့်အပိုင်းကိုလည်း ပစ်ပယ်ထားစေသဖြင့် နောက်ဆုံးတွင် လူတို့၏တန်ဖိုးကို စစ်ကြောလေသော် လိုအပ်ချက်များတွေ့ရမည်သာတည်း။ (ChS 54.4) ChSBur 85.2