ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

18/271

အမှုဆောင်ခြင်း၌လမ်းကြောင်းများ

ပျိုရွယ်မောင်မယ်တို့သည် ခွန်အားစိုက်၍ အကူအညီပေးနိုင်ရန် လမ်းကြောင်းများစွာ၌ အခွင့်အရေးကို ရှာတွေ့နိုင်ကြသည်။ သူနာပြုဝန်ထမ်း များ၊ ဧဝံဂေလိဆရာ၊ဆရာမများ၊ ကျမ်းစာသင်ဓမ္မဝန်ထမ်းများ၊ သာသနာ စည်းရုံးရေးမှူးများ၊ သင်းအုပ်ဆရာများနှင့်ဆေးကုသမှုဆိုင်ရာသာသနာပြုဆရာ၊ ဆရာမများအသီးသီးတို့ကို အုပ်စုများအဖြစ် ဖွဲ့စည်းထားပြီးလျှင် အသေအချာ ဂရုတစိုက်ပညာသင်ပေးသင့်ကြပါသည်။ (ChS 33.1) ChSBur 47.1

လူငယ်အချင်းချင်းတစ်ဦးကိုတစ်ဦးကူညီတတ်ဖို့ ကျွန်ုပ်တို့သွန်သင် ပေးရမည်။ ဤအမှုကို သူတို့ရှာ၍လုပ်ဆောင်လာကြပြီဆိုသောအခါ အတွေ့ အကြုံရလာမည်ဖြစ်၍ ပိုမိုကျယ်ပြန့်သောသာသနာရပ်ဝန်း၌ ဆက်ကပ်သော ဓမ္မဝန်ဆောင်များဖြစ်ရန် သူတို့ကိုအရည်အချင်းပြည့်ဝလာစေလိမ့်မည်။ (ChS 33.2) ChSBur 47.2

ပျိုရွယ်မောင်မယ်တို့သည် မိမိတို့၏အိမ်နီးနားချင်းများနှင့် အခြား သောနေရာများ၌ အမှုတော်ဆောင်များဖြစ်လာရန် သွန်သင်ခြင်းခံယူကြရမည်။ ယနေ့ကာလ၌ လိုအပ်သောအမှုဆောင်အလုပ်များအတွက် လိမ္မာပါးနပ်၍ ဉာဏ်ရည်ထက်လာစေရန် စိတ်နှလုံးကို အာရုံစူးစိုက်လျက် အကောင်းဆုံး လိုက်ဖက်ညီလုပ်ဆောင်နိုင်ရေးအတွက် သူတို့ကိုယ်သူတို့အရည်အသွေးတက် လာအောင် လုပ်ဆောင်လာကြလိမ့်မည်။ (ChS 33.3) ChSBur 47.3