ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အဆင့်တိုးဖြည့် စွက်ရန်လျာထားချက်
သာသနာ့ဝန်ထမ်းများတချို့ခရစ်တော်၌ အိပ်စက်အနားယူသွားကြ ပါပြီ။ သူတို့အထဲက လူများစွာသည်လည်း ကျွန်ုပ်တို့တည်ထောင်ခဲ့သည့် အသင်းတော်ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို အထင်ကရဆောင်ရွက်ပြီးစီး၍ လူတစ်ယောက်အနေဖြင့် ယခုတွင် အသက်တာ၏မွန်းတည့်အချိန်ကာလကို ကျော်လွန်ကာ၊ ရုပ်ခန္ဓာနှင့်ဥာဏ်စွမ်းအားများယုတ်လျော့လာခဲ့ကြပါပြီ။ ဤအတွက် အလေးအနက်ထား၍ မေးခွန်းမေးရမည်။ သူတို့နေရာမှာ မည်သူ တွေအစားထိုးလုပ်ဆောင်ကြမည်နည်း။ အသင်းတော်စံနှုန်းအတိုင်း တာဝန် ထမ်းဆောင်ခဲ့သူများကွယ်လွန်ပြီးသောအခါ ဤသို့အလွန်အရေးကြီးသော အသင်းတော်အကျိုးအတွက် မည်သူတွေက တာဝန်ယူဆက်ခံသွားကြမည် နည်း။ ကျွန်ုပ်တို့မလုပ်နိုင်ကြဟုဆိုသော်လည်း ယနေ့လူငယ်များအပေါ်၌ ထိုတာဝန်များပစ်တင်၍ သူတို့၌တာဝန်ရှိစေရမည်ကို ကျွန်ုပ်တို့စိုးရိမ်တကြီး မျှော်ကြည့်နေကြပါသည်။ အနားယူသူယူ၍ အစားဝင်သူဝင်ရပါမည်။ သူတို့ ၏အမှုဆောင်ခြင်းနည်းလမ်းသည် စာရိတ္တအရာ၊ ဘာသာတရားအသိ၊ ပဓာန ကျသောဘုရားဝတ်၌ မွေ့လျော်ခြင်းတို့၌ အောင်မြင်ကြောင်း သတ်မှတ်ခံရ လိမ့်မည်။ သို့တည်းမဟုတ် ကိုယ်ကျင့်တရားဖေါက်ပြန်မှုနှင့် သစ္စာတရား ကင်းမဲ့မှုသည် အဖိုးတန်အရာအားလုံးကို ပျက်စီးစေခြင်းနှင့် ညှိုးချုံးခြောက်ကပ် သွားစေပါမည်။ (ChS 32.1) ChSBur 44.2