ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ဘုရားသခင်ထံတော်၌အကျိုးရလဒ်အပ်ထားလိုက်ပါ
ကောင်းသောမျိုးစေ့သည် အချိန်အတိုင်းအတာတစ်ခုအတွင်း အေးအေးဆေးဆေးတစ်ကိုယ်ကောင်းစိတ်နှင့် လောကဆန်ဆန်နှလုံးသားဖြင့် မြေတွင်းထဲ၌ အမြစ်ပေါက်နေသည်ဟု သက်သေမပေးဘဲ မသိမသာရှိနေ ပါလိမ့်မည်။ သို့သော် နောက်ပိုင်းရောက်သောအခါ လူ့ကိုယ်အထဲ ဘုရားသခင် ဝိညာဉ်တော်မှုတ်သွင်းတော်မူသကဲ့သို့ ဖုံးအုပ်နေသောမျိုးစေ့သည် အညှောက် ပေါက်ထွက်၍ အပင်ဖြစ်လာပြီး နောက်ဆုံးတွင် ဘုရားသခင်တန်ခိုးတော် ထင်ရှားစေသောအသီးသီးခြင်းရှိလာ၏။ ကျွန်ုပ်တို့၏ဘဝအသက်တာထဲ၌ လည်း ထိုအရာ၊ ဤအရာ၊ မည်သည့်အရာများကောင်းစားခြင်းရှိလာမည်ကို မသိရကြပါ။ ဤအချက်သည် ကျွန်ုပ်တို့အတွက် အဖြေရှာရန် မေးခွန်းတစ်ခု မဟုတ်။ ကျွန်ုပ်တို့သည် ကိုယ့်အလုပ်ကို ကိုယ်လုပ်နေကြရမည် သာဖြစ်သည်။ အကျိုးထွက်ရှိခြင်းကို ဘုရားသခင်၌သာ အပ်ထား ရမည်။ “နံနက်အချိန်၌မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေ နှင့်။” ဘုရားသခင်၏ကြီးမြတ်တော်မူသောပဋိညာဉ်တရားကြွေးကြော်သည် ကား “မြေကြီးတည်နေစဉ်အခါ---- မျိုးစေ့ကြဲချိန်နှင့်ရိတ်သိမ်းချိန်တို့သည် မပျောက်မပျက်စေရ” ဟူ၏။ ဤကတိတော်၌ စိတ်ချယုံကြည်သူအိမ်ထောင် ဦးစီးယောက်ျားသည် ထွန်ယက်ခြင်း၊ မျိုးစေ့ကြဲခြင်းပြုနေ၏။ ဝိညာဉ်မျိုးစေ့ ကြံခြင်းအမှုကိုဆောင်သူ ကျွန်ုပ်တို့သည် ထိုသို့စိတ်ချယုံကြည်မှုထက် မလျော့စေဘဲ ကိုယ်တော်ပေးသောအာမခံချက်၌ စိတ်ချအပ်နှင်းခြင်း ရှိရမည်။ “ထို့အတူ ငါ၏နှုတ်ကပတ်တော်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။”——“မျက်ရည်ကျလျက်ကြဲရန် မျိုးစေ့ကိုဆောင်၍ ထွက်သွား သောသူသည် ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။” (ChS 264.3) ChSBur 441.1
-o-