ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အခန်း (၂၄)—ခရစ်ယာန်အမှုတော်ဆောင်အောင်မြင်ရေးအတွက်အရည်အချင်းများ
ကျွမ်းကျင်မှ
နုံးချည့်ခြင်းနှင့်မတတ်ကျွမ်းခြင်းသည် ဘာသာတရားကို ရိုသေ ကိုင်းရှိုင်းခြင်းမဟုတ်။ ဘုရားသခင်အတွက် အမှုဆောင်နေသည်ဟု ကျွန်ုပ် တို့အမှန်သိလာကြသောအခါ ဝိညာဉ်ရေးရာအမှုကို ယခင်ကထက်ပို၍ ဦးစား ပေးဆောင်ရွက်နေပါကြောင်း အမြင်အာရုံမြင့်မားစွာကျွန်ုပ်တို့၌ရှိနေကြရမည်။ ဤသို့အမှန်သိမြင်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာဘဝကြိုးပမ်းမှုနှင့် မဆုတ် မနစ်သောဝီရိယစွမ်းအင်တို့ဖြင့် ကျရာတာဝန်တိုင်းကို ဆောင်ရွက်ခြင်းပြုကြ လိမ့်မည်။ (ChS 223.1) ChSBur 369.1
အချိန်သည် ကျွမ်းကျင်မှုကြီးစွာနှင့်နစ်မြှုပ်မှု၊ နက်ရှိုင်းမှုရှိဖို့ တောင်းဆို နေသည်။ အိုဘုရားသခင်၊ ကျွန်ုပ်၌ ဤအကြောင်းပြည့်ဝစွာရှိ၍ ကိုယ်တော် အား ကျွန်ုပ်အော်ဟစ်တောင်းဆိုပါ၏။ “ထတော်မူပါ၊ ဘုရားသခင်၊ သတင်း ပြောကြားသူများကို သူတို့တာဝန်ရှိမှုအမြင်အာရုံပြည့်နှင့် စေလွှတ်တော်မူပါ။ ဒုစရိုက်အလုံးစုံ၏ အုတ်မြစ်ဖြစ်သောသူတို့ရဲ့အတ္တကိုးစားခြင်းစိတ်နှလုံးကို လက်ဝါးကပ်တိုင်၌ သူတို့တင်ရိုက်ပြီးခဲ့ပါပြီ။” (ChS 223.2) ChSBur 369.2
တပည့် တော်များဆက်ကပ်နှစ်မြုပ်ထားသောအမှုတော်သည် ကျွမ်းကျင်မှုကြီးစွာလိုအပ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စာတန်မာရ်နတ် ၏ဒီရေသည် သူတို့ကိုတိုက်ထိရန် နက်ရှိုင်းပြင်းထန်စွာပြေးဝင်လာနေသည်။ (ChS 223.3) ChSBur 369.3