ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ကောင်းကင်ဘုံမှပေးသောအခွင့်အလမ်းတစ်ရပ်
ကျွန်ုပ်တို့၏တိုင်းပြည်ထဲ၌ နိုင်ငံတကာအရပ်ရပ်မှ ဘာသာစကား မျိုးစုံပြောသောလူထောင်ပေါင်းများစွာသည် နေထိုင်လျက်ရှိကြပြီး သူတို့သည် ပညာမတတ်သူများနှင့် အစွဲအလမ်းကြီးသူများဖြစ်ကြ၍ ကျမ်းစာဗဟုသုတ မရှိကြ။ မြတ်သောသြဝါဒကိုလည်း မခံခဲ့ကြရသူများလှပါ၏။ ဘုရားသခင် အလိုတော်ရှိ၍သာ အမေရိကန်ပြည်သို့ သူတို့ရောက်လာကြရသည်ဖြစ်ရာ ကိုယ်တော်၏စကားသံတော်ကိုကြား၍ သမ္မာတရားအုပ်စိုးမှုအောက်၌ ဉာဏ် အလင်းရစေဖို့ သူတို့ကိုဆောင်ကြဉ်းယူတင်ကြရမည်။ ဘုရားသခင်၏ကယ်တင် ခြင်းယုံကြည်မှုအောက်သို့ သူတို့ကိုဝင်စားစေရပါမည်။ (ChS 200.1) ChSBur 332.1
ဘုရားသခင်မစတော်မူ၍သာ ကျွန်ုပ်တို့ရှိရာအရပ်သို့ သူတို့အား ဘုရားသခင်ပို့ဆောင်ပေးခဲ့သည်ဖြစ်၍ သူတို့ကိုစိတ်ချယုံကြည်စွာလက်ခံပါ။ လက်ကမ်းကြိုဆိုပါ။ သမ္မာတရားကို သူတို့အား သင်ပေးကြရလိမ့်မည်။ သူတို့နှင့်ဘာသာစကားတူသူလူများအား အလင်းပေးအမှုဆောင်ခြင်းသည် ကျွန်ုပ်တို့မတတ်နိုင်သည့်အလုပ်ဖြစ်သောကြောင့် ထိုအတွက် သူတို့သည် အရည်အချင်းရှိသူများဖြစ်လာကြပါလိမ့်မည်။ (ChS 200.2) ChSBur 332.2
ဘုရားသခင်မစတော်မူ၍သာလျှင် ကျွန်ုပ်တို့၏မြေပေါ်သို့ရောက်လာ နေကြသောတိုင်းတစ်ပါးသားများစွာသည် ဤကာလ၌ သမ္မာတရားကို ကြားရ ဖို့အခွင့်ရှိကြပါသည်။ တစ်ချိန်ချိန်တွင် သူတို့မွေးရပ်မြေသို့ သူတို့ပြန်ကြလျှင် သူတို့သည် ကောင်းကင်ပလ္လင်ထက်မှ တောက်ပထွန်းလင်းသောအလင်းတိုင် ကို ကိုင်၍ပြန်နိုင်ကြရန် သမ္မာတရားကို ပြင်ဆင်လက်ခံယူနိုင်ကြသည်။ (ChS 200.3) ChSBur 333.1
ကျွန်ုပ်တို့မြေပေါ်ရှိမြို့များ၌ ရောက်နေကြသောတိုင်းတစ်ပါးသားများ အပေါ်၌ ယုံကြည်အားစိုက်၍သာ လုပ်သွားနိုင်ကြလျှင် ဝေးရပ်ဒေသရှိ ဘုရား သခင့်အမှုတော်ထဲတွင် အကျိုးကြီးစွာဖြစ်ထွန်းစေမည်။ သူတို့အထဲမှ အချို့ သောယောက်ျားမိန်းမတို့သည် သမ္မာတရားကို လက်ခံပြီးသည်နှင့် ဤပြည်တွင်း ရှိသူတို့၏လူများနှင့် ပြည်ပနိုင်ငံများဆီသို့ပင် အမှုတော်ဆောင်ရန် မကြာ ခဏပြင်ဆင်နိုင်ကြပါလိမ့်မည်။ သူတို့အထဲက နေရပ်ပြန်လှည့်၍ မိတ်ဆွေ အပေါင်းအသင်းများအား သမ္မာတရား၏ မျှော်လင့်ခြင်းပေးကမ်းရန် လိုလား သူအများရှိတတ်ကြပါသည်။ သူတို့၏သွေးချင်းလူမျိုးများနှင့် နီးစပ်မိတ်ဆွေ များကို သူတို့သာလျှင် ရှာတွေ့ နိုင်ပြီး တတိယကောင်းကင်တမန်၏သတင်း စကားအကြောင်းကို ဖောက်သည်ချဆက်သွယ်ပြောပြနိုင်ကြပါသည်။ (ChS 200.4) ChSBur 333.2