ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
မစ်ရှင်နည်းစနစ်လက်တွေ့ သရုပ်ဖော်ရှင်းလင်းခြင်း
စခန်းသွင်းအစည်းအဝေး၌ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့သူ တိုင်းသည် မိမိတို့နေထိုင်ရာဒေသ၏အသင်းတော်သို့ ပြန်ရောက်သွားသော အခါ ဘယ်လိုအောင်မြင်စွာအမှုတော်ဆောင်ရွက်ကြရမည့်အကြောင်း သင်ယူ သွားနိုင်ကြ၏။ (ChS 195.4) ChSBur 326.1
စခန်းသွင်းအစည်းအဝေးတချို့၌ အစည်းအဝေးလာသူများအထဲ စိတ်အားကြီးသူများကို စုစည်းပြီး မြို့တွင်းမြို့ပြင်အနှံ့အရောက်သွား၍ အသင်း တော်ဝေစာများကမ်းခဲ့ကြရာ လူတွေကိုဝတ်ပြုအစည်းအဝေးတက်ဖို့ ဖိတ်ခေါ် နိုင်ခဲ့ကြသည်။ ဤသို့ဖြင့် လူရာဂဏန်းများစွာသည် ယခင်ပြီးခဲ့သောကာလ ၌ဝတ်ပြုပွဲများသို့ ပုံမှန်တက်ရောက်လာကြသောကြောင့် ကယ်တင်ခြင်းရခဲ့ကြ သည်။ ဒါကိုရေးရေးလေးသာလူတွေတွေးမိတတ်ကြ၏။ (ChS 195.5) ChSBur 326.2
ကျွန်ုပ်တို့သည် စခန်းသွင်းအစည်းအဝေးကို သွားတက်ဖို့သက်သက် ဆိုသည်ထက် ဝင်ပါလုပ်ပေးဖို့ လိုပါသည်။ ခရစ်တော်၏ကယ်လွှတ်ခြင်း မေတ္တာတရားကို ပါဝင်ဆင်နွှဲကြသောသူတစ်ဦးချင်းစီတိုင်း၌သော်လည်းကောင်း၊ ဝိညာဉ်တော်အလင်းပေး၍ သစ္စာတရားဆီသို့ ပြောင်းလဲရောက်ရှိလာကြသူ တစ်ယောက်ချင်းစီတိုင်း၌သော်လည်းကောင်း ဤအဖိုးတန်ကောင်းချီးမင်္ဂလာ များသည် ဘုရားသခင်နှင့်ဆက်မိသူ ဝိညာဉ်သားတိုင်းအပေါ်သို့ ကိုယ်တော် ၏ ကျေးဇူးတော်အကြွေးတင်လျက်ရှိကြောင်း ခံစားမိကြလိမ့်မည်။ ထိုအထဲ မှအသင်းတော်၌ စိတ်နှလုံးနှိမ့်ချသောသူများကို ဘိသိက်ခံဆရာများမရောက် နိုင်သည့်ဝိညာဉ်များထံသို့ရောက်စေရန် သခင်ဘုရားအသုံးချတော်မူလိမ့်မည်။ သူတို့သည် ခရစ်တော်၏ကယ်တင်ခြင်းကျေးဇူးတရားကိုရ၍ စကားအားဖြင့် ထုတ်ပြောလာနိုင်ကြလိမ့်မည်။ (ChS 196.1) ChSBur 326.3
သခင်ဘုရား၏ကယ်လွှတ်တော်မူခြင်းအစီအမံနောက်သို့ လိုက်နေ ကြသောကျွန်ုပ်တို့သည် “ဘုရားသခင်နှင့်အတူ လုပ်ဆောင်သူများ” ဖြစ်ကြ သည်။ ကျွန်ုပ်တို့သည် အလုပ်လုပ်သည့်အဆင့်၌ရှိနေသူဖြစ်နေပါစေ၊ ညီလာခံ သဘာပတိသင်းအုပ်များ၊ ဆရာများ၊ ကျောင်းသားများ (သို့တည်းမဟုတ်) သာမန်အသင်းသားများဖြစ်နေပါစေ၊ သမ္မာတရားသိလိုသောသူများအား ဖွင့်ပြ ပေးရန် ကျွန်ုပ်တို့သည် အခွင့်အရေးရယူလုပ်ဆောင်တတ်ဖို့ သခင်ဘုရား တာဝန်ပေးထားကြောင်းကို ကျွန်ုပ်တို့မှတ်သားကြရမည်။ အခြေခံလုပ်ဆောင် မှုတစ်ခုအနေဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်အပ်နှင်းထားသည့်အရာသည် ပုံနှိပ်ဝေစာများဖြစ်၏။ ကျွန်ုပ်တို့၏ကျောင်းနှင့်ဆေးကုခန်းတွေဆီမှာ နေအိမ် အသင်းများ၊ အထူးသဖြင့် ကျွန်ုပ်တို့၏နှစ်ပတ်လည်စခန်းသွင်းအစည်းအဝေး ပွဲများတွင် ဤအဖိုးတန်ပုံနှိပ်ဝေစာများကို ကောင်းစွာအသုံးချတတ်ဖို့ လေ့လာ သွားကြရမည်။ စိတ်ရှည်ရှည်ထား၍ ကြိုးစားစိတ်ရှိကြသောဝါရင့်လုပ်ဆောင် သူများသည် မိမိတို့၏လူများကို မယုံကြည်သူများထံ မည်သို့ကြင်ကြင်နာနာ နှင့်မြော်မြင်စွာချဉ်းကပ်ပြီး ဝေစာများကို ထိုသူတို့လက်ထဲသို့ပေးကမ်း၍ ရှင်းပြ ကာ တန်ဖိုးရှိသော ဤယနေ့ခေတ်သမ္မာတရား၏သတင်းစကားကို မည်သို့ ပြောပြပေးရန် ဆိုသည်ကိုလည်း လမ်းညွှန်သွန်သင်ပေးကြရမည်။ (ChS 196.2) ChSBur 326.4
သိုးက စခန်းသွင်းအစည်းအဝေးများ၌ လမ်းပြနာယူမှုသည် လူတို့လုပ်သော ပရိယာယ်ဟူ၍ မဖြစ်စေရဘဲ ခရစ်တော်အမှုဆောင်သောအမူအရာနောက်သို့ လိုက်ပါလုပ်ဆောင်ရမည်။ အသင်းသူ/အသင်းသားများသည် လုပ်တတ်သူ များဖြစ်ကုန်ကြရမည်။ (ChS 196.3) ChSBur 327.1