ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အခန်း (၁၇)—ခရစ်ယာန်များ၏မစကူညီခြင်းလုပ်ငန်း
ဘုရားသခင်၏ခြေတော်ရာအတိုင်းလိုက်ခြင်း
လူများစွာသည် ခရစ်တော်ဤလောက၌ရှိစဉ်က သွားလာလှုပ်ရှား ခဲ့သောနေရာများ၊ ရေအိုင်နံဘေးတရားပေးသောနေရာများနှင့် ကိုယ်တော်ကြည့် မျှော်၍ အနားယူခဲ့သောတောင်ပေါ်တောင်ကြားဒေသများဆီသို့ သွားရောက် လည်ပတ်ကြည့်ရှုခွင့်ရခဲ့ပါသော် အခွင့်ထူးရပေသည်ဟု ခံစားမိကြမည်။ သို့ရာ တွင် ကျွန်ုပ်တို့သည် ယေရှု၏ခြေလှမ်းအတိုင်းလိုက်၍ နာဇရက်မြို့၊ ကပေ ရနောင်မြို့နှင့် ဗေသနိရွာများသို့ အမှန်သွားရောက်ရန်မလိုအပ်ပါ။ ကိုယ်တော် ရှင်၏ခြေရာတော်များသည် လူနာကုတင်ဘေးမှာ၊ လူဆင်းရဲများ၏တဲအို တဲစုတ်တွေမှာ၊ မြို့တော်ကြီး၏လူစည်ကားသောလမ်းကြိုလမ်းကြားတွေမှာရှိ၍ နှစ်သိမ့်မှုပေးရန် လိုအပ်နေသောလူများစွာရှိနေသည်ကို ကျွန်ုပ်တို့မြင်တတ် ရမည်။ မြေကြီးပေါ်မှာ ယေရှုပြုတော်မူခဲ့သည့်အတိုင်းပြုခြင်းသည် ကိုယ်တော် ၏ခြေတော်ရာနောက်သို့ အမှန်လိုက်ပါခြင်းပင်ဖြစ်သည်။ (ChS 186.1) ChSBur 311.1
ယေရှုသည် တွေ့မြင်ခဲ့သမျှသောဒုက္ခဝေဒနာခံစားရသူများကို အနာငြိမ်းပျောက်ကင်းစေခဲ့ပါ၏။ ကိုယ်တော်၌ မစပေးကမ်းရန် ငွေအနည်း အကျဉ်းသာရှိသော်လည်း မကြာခဏအစာကိုမစားဘဲ အစာရှောင်ခြင်းဖြင့် မိမိထက် ငတ်မွတ်နေသူများကို ခံစားနေရခြင်းသက်သာစေခဲ့ပါသည်။ ယေရှု ၏သြဇာသက်ရောက်မှုသည် ငတ်မွတ်နေသူများ၏ခံစားရခြင်းကို တိုက်ဖျက် နိုင်ဖို့ အလှမ်းဝေးလှသည်ဟု ကိုယ်တော့်နောက်လိုက်ညီအစ်ကိုများခံစားမိ ကြသည်။ ယေရှု၏လိမ္မာပါးနပ်မှုမျိုးသည် သူတို့တစ်ယောက်၌မျှ မရှိသလို လိုချင်စိတ်လည်းမမွေးကြပါ။ သူတို့သည် ဆင်းရဲသားများကို ကြမ်းတမ်း စွာပြော၍ ချိုးနှိမ်ဆက်ဆံကြသောအခါ ကိုယ်တော်သည် ထိုခံစားရသူတစ်ဦး ချင်းစီတိုင်းကိုရှာဖွေ၍ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။ ကိုယ်တော် ရှင်သည် ငတ်မွတ်သောသူများကို ရေအေးတစ်ခွက်ပေးမည်။ မိမိစားရမည့် အစာကို တိတ်တဆိတ်ထိုသူတို့၏လက်ထဲသို့ ထည့်ပေးမည်ဖြစ်သည်။ ကိုယ်တော်ရှင်သည် ထိုသူတို့ခံစားနေရသောဝေဒနာများကို သက်သာပျောက် ကင်းစေခြင်း၊ သွန်သင်တော်မူသောသမ္မာတရားများသည် သနားခြင်းကရုဏာ ပြသခြင်းဖြစ်သောကြောင့် ယနေ့တိုင်အာရုံပြုသတိရအောက်မေ့စရာများဖြစ်ရ ပါသည်။ (ChS 186.2) ChSBur 311.2