ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

173/271

မြတ်နိုးဖွယ်ရာအာဗြဟံ၏နမူနာ

အာဗြဟံ၏စမ်းသပ်ခံရမှုသည် မပေါ့ပါ။ သူ၏အပ်နှံမှုသည်လည်း မသေးပါ။ သူသည် သူ့တိုင်းပြည်မှာလူကုံထံတစ်ဦးဖြစ်၍ သူ့ဆွေမျိုးအသိုက် အဝန်းနှင့် သူ၏မိသားစုတို့စပ်ကြား ကြီးမားသောသံယောဇဉ်ရှိပါသည်။ သို့သော်လည်း ထာဝရဘုရား၏စကားတော်ကို နားထောင်ရန် သူမနှေးကွေး ခဲ့ပါ။ ကတိတော်ပြည်နှင့်ပတ်သက်၍လည်း သူမေးခွန်းမထုတ်ပါ။ ထိုပြည် မှာ မြေသြဇာကောင်းရဲ့လား။ ရာသီဥတုမျှတသလား။ လူကိုကျန်းမာစေရဲ့ လား။ တိုင်းပြည်ပတ်ဝန်းကျင်အခြေအနေကောင်းရဲ့လား။ ချမ်းသာကြွယ်ဝ စရာလမ်းမြင်ရနိုင်သလား စသည့်မေးခွန်းများသူ့နှုတ်မှမထွက်ပါ။ ထာဝရ ဘုရားပြောသမျှကို ဘုရားသခင်၏အစေခံကျွန်သည် နားထောင်ရမည်။ သူ့အတွက် အပျော်ရွှင်ရဆုံးနေရာဒေသကို သူနေဖို့ ဘုရားသခင်ပြင်ဆင်ထား ပြီးဖြစ်ပါသည်။ (ChS 181.2) ChSBur 302.2

လူများစွာသည် အာဗြဟံကဲ့သို့စမ်းသပ်ခြင်းမျိုးကို ခံနေရဆဲရှိပါ ၏။ ထိုသူတို့သည် ကောင်းကင်ဘုံမှစကားသံတော်ကို တိုက်ရိုက်ကြားရ သည်တော့မဟုတ်ပါ။ သို့သော်လည်း ထာဝရဘုရားသည် သူတို့ကိုနှုတ်ကပတ် တော်နှင့်သွန်သင်ပြီး ဖြစ်ရပ်မှန်များအားဖြင့် ကိုယ်တော်၏စီမံချက်များကို ဖော်ပြပါသည်။ ထိုသူတို့သည် ကြွယ်ဝချမ်းသာပြီး ဂုဏ်အသေရေမြင့်မား စေဖို့ ဘုရားကတိတော်များကို စွန့်လွှတ်ရနိုင်ပါသည်။ မိမိ၏ဝါသနာကောင်း များနှင့်အကျိုးပေးသောအပေါင်းအသင်းဆွေမျိုးရင်းချာများကို ချန်ထားခဲ့ပြီး မိမိကိုယ်ကိုမိမိငြင်းပယ်ရုံမျှမက ကြမ်းတမ်းသောခရီးလမ်းကို ရွေးချယ်၍ အနစ်နာခံအပ်နှံလျှောက်လှမ်းရသည့်အဖြစ်မျိုးနှင့်လည်း ရင်ဆိုင်ရနိုင်ပါသည်။ ထိုသူတို့အတွက် လုပ်စရာအလုပ်သည် ထာဝရဘုရားမှာရှိပါသည်။ သို့သော် လည်း သက်သောင့်သက်သာအဆင်ပြေသောဘဝမျိုးနှင့် ဆွေမျိုးရင်းချာ မိတ်ဆွေများသည် အမှုတော်မြတ်ကြီးပြီးမြောက်စေရန် မရှိမဖြစ်လိုအပ်သော စရိုက်ကောင်းတစ်ခုတိုးတက်ရေးကို ဟန့်တားစေနိုင်သည်။ ဘုရားသခင်သည် လူသားတို့၏ သြဇာလွှမ်းမိုးမှုနှင့်ထောက်ပံ့မှုများကို ဝေးဝေးရှောင်စေကာ ကိုယ်တော်၏အကူအညီကိုသာ အမှန်လိုအပ်ကြောင်း၊ ကိုယ့်တော်ကိုသာ လုံးဝမှီခိုအားကိုးစေလိုကြောင်းကို သိစေလိုပါသည်။ သို့မှသာလျှင် ဘုရား သခင်သည် ထိုသူတို့အား မိမိကိုယ်ကိုထင်ရှားပြသနိုင်မည်။ (ChS 181.3) ChSBur 303.1

မည်သူသည် မြတ်နိုးတွယ်တာစရာကောင်းသည့် စီမံကိန်းနှင့် ရင်းနှီးသောမိတ်ဆွေအသိုက်အဝန်းများကိုစွန့်ကာ ဘုရားသခင်၏ခေါ်တော် မူသံကို လက်ခံရန် အသင့်ရှိပါသလဲ။ မည်သူသည် ခရစ်တော်သခင်အတွက် ဆုံးရှုံးမှုများကို အကျိုးအမြတ်များဟုမှတ်ယူကာ ထာဝရဘုရား၏အမှုတော် ကို ခိုင်မြဲတက်ကြွသောစိတ်နှလုံးဖြင့် ထမ်းဆောင်လျက် ဒေသသစ်များသို့ သွားရောက်၍ အသစ်သောတာဝန်များကို လက်ခံထမ်းဆောင်ကြလိမ့်မည် နည်း။ ဤကဲ့သို့လုပ်ဆောင်သောသူများ၌ အာဗြဟံ၏ယုံကြည်ခြင်းမျိုးရှိသော ကြောင့် ထိုသူတို့သည် “မျက်မှောက်၌ခံရသောဒုက္ခဆင်းရဲနှင့်မယှဉ်နိုင်လောက် အောင်” “အတိုင်းထက်အလွန်များပြားစွာသောနိစ္စထာဝရဘုန်းအသရေတော်” ကို အာဗြဟံနှင့်အတူ မျှဝေစံစားရကြပါလိမ့်မည်။ (ChS 181.4) ChSBur 303.2