ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

169/271

မြတ်နိုးစုံမက်စရာနမူနာတစ်ခု

ဆင်းရဲသောမုဆိုးမသည် ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ ကြေးပြား နှစ်ပြားထည့်လိုက်ပါသည်။ မိမိဘာလုပ်နေသည်ကို အနည်းငယ်သာသိသော သူဖြစ်၏။ ယင်းသို့သူမ၏ကိုယ်ကျိုးစွန့်အပ်နှံခြင်းပုံစံသည် ခေတ်အဆက် ဆက်နေရာဒေသတိုင်းရှိ ထောင်သောင်းမကသောစိတ်နှလုံးများကို ထိတွေ့ကာ နည်းယူစေခဲ့ပါသည်။ ထိုသာဓကသည် အသင်းတော်သာသနာလုပ်ငန်းများစွာ ကိုထိန်းသိမ်းကူညီနေပါ၏။ ဆေးရုံ၊ ဆေးခန်းများကိုလည်း တည်ဆောက် စေပါ၏။ ငတ်မွတ်နေသူများကိုအစာကျွေးခြင်း၊ အဝတ်မရှိသူများကို အဝတ် အထည်ပေးခြင်း၊ ဖျားနာသူများကို ကုသပေးခြင်း၊ ဆင်းရဲသားများကို ဧဝံ ဂေလိသတင်းဟောပြောခြင်းစသည့်အမှုများကို ပြီးစီးစေပါသည်။ ထိုမုဆိုးမ ၏ကိုယ်ကျိုးစွန့်လုပ်ဆောင်မှုအားဖြင့် သိန်းသန်းမက များစွာသောလူများသည် ကောင်းချီးမင်္ဂလာကို ခံစားကြရပါ၏။ (ChS 171.2) ChSBur 285.2