ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

153/271

ဖြစ်လာမည့် ဖြစ်ရပ်များ

ကျွန်ုပ်၏လူများသည် တန်ဖိုးထားဂရုစိုက်ခံရဖို့ မရေမရာအညတရ များဟု မှတ်ယူခြင်းခံရပါသော်လည်း ပြောင်းလဲမှုတော့ဖြစ်လာလိမ့်မည်။ ခရစ်ယာန်လောကသည် ပညတ်စောင့်သူများပေါ်လွင်ထင်ရှားလာစေရန် လိုအပ် မည့်လှုပ်ရှားမှုများကို ယခုလုပ်ကိုင်နေကြပါပြီ။ လူလုပ်အယူဝါဒသီအိုရီများ နှင့်မိစ္ဆာသြဝါဒများသည် ဘုရားသခင်၏သမ္မာတရားကို အစဉ်အစားထိုးနေရာ ယူလာနေသည်။ လှုပ်ရှားမှုများသည်လည်း ဘုရားသခင်အား သစ္စာခံသူတို့ ၏အသိတရားကို ကျွန်ပြုဖို့ခြေလှမ်းရောက်လာနေသည်။ ဥပဒေပြုအာဏာစက် သည် ဘုရားသခင်၏လူတို့ကိုရန်လုပ်ကြ၏။ လူတိုင်းစမ်းသပ်ခံနေကြရပြီ။ (ChS 155.3) ChSBur 258.1

လူတို့သည် ဘုရားသခင်၏ပညတ်တော်နှင့် တိုက်ရိုက်ဆန့်ကျင် သောတင်းကျပ်သည့်ဥပဒေစည်းကမ်းများကို ပြဌာန်းခြင်းဖြင့် ဘဝင်ခိုက်နေ ကြသည်။ သူတို့၏ကိုယ်ပိုင်ပညတ်ချက်များကို စိတ်ကြီးဝင်လျက် ပြဌာန်း လိုက်ခြင်းအားဖြင့် သူတို့သည် “ထာဝရဘုရားမိန့်တော်မူသည်ကား” ဆိုသည် နှင့်ရှင်းရှင်းခြေလှမ်းလှည့်ထွက်သွားကြလိမ့်မည်။ အတုအယောင်နားရက်တစ်ရက် ကို ဂုဏ်တင်နေခြင်းဖြင့်လည်း ယေဟောဝါဘုရားသခင်၏ဂုဏ်တော်ဖေါ်ပြ ချက်များဖြစ်သောကိုယ်တော်၏ပညတ်တရားကို မလေးမစားလုပ်၍ လူတွေ ကိုလည်း အတင်းအကျပ်လုပ်နေကြကုန်သည်။ အပြစ်ရှိနေရာမှ အပြစ်လွှတ် ခံရသောဘုရားသခင်၏အစေခံများသည် စာတန်လှုံ့ဆော်သောအားဖြင့် မနာ လိုခြင်း၊ ဘာသာရေးတစ်ယူသန်ခြင်းစိတ်များဖြင့် ပြည့်နေသောသူတို့၏လက် ထဲသို့ အရှက်တကွဲနှင့်ညှဉ်းဆဲနှိပ်စက်ခြင်းခံကြရန် အပ်နှံခြင်းခံကြရလိမ့်မည်။ (ChS 156.1) ChSBur 258.2

သိုးသငယ်၏လက္ခဏာကိုရ၍ ကောင်းကင်ဘုံနှင့်ဆက်နွှယ်မှုရှိပါ သည်ဟု ပြောဆိုကြွေးကြော်နေသောဘာသာရေးအာဏာစက်သည် နဂါး တစ်ကောင်၏နှလုံးသားသူတို့မှာရှိသည်ကို သူတို့အပြုအမူအားဖြင့် ပြနေ၏။ သူတို့သည် စာတန်၏သွေးထိုးမှု၊ အုပ်စိုးမှုအောက်မှာရှိနေကြသည်။ ဘုရား သခင်၏လူများသည် သန့်ရှင်းသောဥပုသ်နေ့ကို စောင့်ထိန်းသောကြောင့် ညှဉ်းပန်းနှိပ်စက်သူများ၏လက်ထဲတွင် ခံစားလာရသောအခါ ထိုအချိန်ရောက် လာတော့မည်။ သို့သော်လည်း ဘုရားသခင်၏လူများသည် ကိုယ်တော့် အတွက် မြဲမြဲရပ်နေမည်။ ဘုရားသခင်သည်လည်း သူတို့ကိုယ်စားလုပ်ဆောင် ပေး၍ ကိုယ်တော်သည် ဘုရားတကာတို့၏ဘုရားသခင်ဖြစ်ကြောင်းကို ရှင်းလင်း စွာဖွင့်ပြလိမ့်မည်ဖြစ်သတည်း။ (ChS 156.2) ChSBur 259.1

စော်ကားမော်ကားပြုခြင်း၊ အပြစ်ဖို့ခြင်း၊ အကြင်နာတရားခေါင်းပါး ခြင်းတို့ဖြင့် လူ့နှလုံးသားထဲသို့ စာတန်သွေးထိုးလုပ်ကြံထည့်ပေးလိုက်နိုင် သည့်အရာအားလုံးသည် ယေရှုနောက်လိုက်များအပေါ်သို့ ဘေးသင့်ရောက်လာ ပါသည်။ မှတ်သားဖွယ်နည်းဟန်တစ်ရပ်နှင့်လည်း ပြည့်စုံလာလိမ့်မည်။ အကြောင်းမူကား သွေးသားနှင့်ဆိုင်သောစိတ်နှလုံးသည် ဘုရားပညတ်တော် နှင့်ရန်ဘက်ဖြစ်နေသေးခြင်းနှင့် ပညတ်တရား၌ မူတည်ခြင်းရှိနေလိမ့်မည် မဟုတ်သောကြောင့်တည်း။ ယနေ့လောကသည် တမန်တော်ကြီးများနေ့ကာလ များကထက် ခရစ်တော်၏အခြေခံစည်းကမ်းများနှင့် လိုက်လျောညီခြင်းပို၍ ရှိမလာပါ။ မျိုးတူအမုန်းတရားဖြင့်လည်း အော်ဟစ်နေကြသေးသည်။ “သူ့ကို လက်ဝါးကပ်တိုင်မှာရိုက်ထားပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ” ဟူ၍ တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်ရန် လမ်းပြပေးနေသောထိုအမုန်းတရား မျိုးသည် မနာခံသားတွေအထဲမှာ ရှိနေသေးသည်။ ထိုသို့သောမျိုးတူစိတ်ဓာတ် သည် လူယောက်ျား၊ လူမိန်းမတို့ကို ထောင်ထဲသို့ပို့ရန်၊ အဝေးနယ်နှင်ပစ် ရန်၊ သေစေရန် အပ်နှံကြသောအမှောင်ခေတ်ကာလကကဲ့သို့လည်းကောင်း၊ ရှေးဘုရင်ဂျီဂိုဏ်း၏ စစ်ကြောရေး၌ အသည်းခိုက်အောင်နှိပ်စက်သည့်ကြံစည် ခြင်းကဲ့သို့သော်လည်းကောင်း၊ ရှင်ဗာသောလမဲတို့အုပ်စုကို အစုလိုက်အပြုံ လိုက်သတ်ပစ်ရန် ကြံစည်ခြင်းကဲ့သို့သော်လည်းကောင်း၊ စမစ်ဖီးလ်လူသတ် ကွင်းထဲမှာ မီးတင်ရှို့ဖို့မီးမွှေးနေသူများကဲ့သို့လည်းကောင်း ပြန်လည်မသန်စွမ်း လာနိုင်သောရောဂါရအင်အားနှင့်အတူ အလုပ်လုပ်လျက်ရှိသေးသည်။ သမ္မာ တရားသမိုင်းကြောင်းတစ်လျှောက်တွင်လည်း အမှန်နှင့်အမှားကြားတွင် ယှဉ်ပြိုင်ရုန်းကန်မှုမှတ်တမ်းများအစဉ်ရှိခဲ့သည်။ သတင်းကောင်းကြွေးကြော် ခြင်းသည်လည်း ကန့်ကွက်သူများ၏မျက်မှောက်၌ ဘေးသင့်ခြင်း၊ ဆုံးရှုံး ရခြင်းနှင့် ဝေဒနာခံစားရခြင်းတို့ဖြင့် လောကအထဲမှာ အစဉ်ရှေ့သို့သယ်ဆောင် သွားနေပါသည်။ (ChS 156.3) ChSBur 259.2

ကျန်ကြွင်းသောအသင်းတော်သည် ကြီးမားသောစမ်းသပ်မှုနှင့် ထိခိုက် နာကျင်မှုများခံစားရပါလိမ့်မည်။ ဘုရားသခင်ပညတ်တော်နှင့် ခရစ်တော်၏ ယုံကြည်ခြင်းကို စောင့်ထိန်းသူများသည် နဂါးနှင့်သူ့အုပ်စု၏ဒေါသကိုခံစား သတိပြုမိကြလိမ့်မည်။ စာတန်သည် လောကကိုသူ့လက်အောက်ခံအဖြစ် တွက်ချက်ပြီးသားဖြစ်သည်။ ဖေါက်ပြန်သွားသောအသင်းများကိုလည်း ထိန်းချုပ် ထားနိုင်သည်။ သို့သော် သူ့သာလွန်အုပ်စိုးမှုကို တားဆီးခုခံသည့်အဖွဲ့ငယ် တစ်စုရှိနေသည်။ စာတန်သည် သူတို့ကိုမြေကြီးပေါ်မှ ပယ်ထုတ်လိုက်နိုင် မည်ဆိုလျှင် သူ့အောင်ပွဲလုံးဝပြည့်စုံလိမ့်မည်။ စာတန်သည် ဣသရေလနိုင်ငံ ကိုဖျက်ဆီးရန် ဘုရားတရားမဲ့နိုင်ငံများအား လွှမ်းမိုးတွန်းထိုးနိုင်ခဲ့သလို မကြာ မီအနာဂတ်ကာလတွင်လည်း ဘုရားသခင်၏လူတွေကို ဖျက်ဆီးရန် ကောက်ကျစ် စဉ်းလဲသောမြေကြီးပေါ်မှ အာဏာစက်ကို ထိုးမွှေပေးလိမ့်မည်။ လူအားလုံး သည် ကောင်းကင်ဘုံရှင်၏ပညတ်တော်ကို ချိုးဖဲ့လိုက်သောလူတို့၏ တည်းဖြတ်ချက်များကို နာခံကြဖို့ လိုအပ်ချက်ဖြစ်လာလိမ့်မည်။ ဘုရားသခင် နှင့်တာဝန်ခံမှုအမှန်ရှိကြသူများသည် “မိဘ၊ ညီအစ်ကိုဆွေမျိုးအုပ်စုနှင့် အပေါင်းအသင်းအားလုံး” တို့၏သစ္စာဖေါက်အပ်နှံခြင်းကို ခံကြရလိမ့်မည်။ (ChS 157.1) ChSBur 260.1

လူတိုင်းအပေါ်သို့ စစ်ကြောခြင်းရောက်လာတော့မည့်အချိန်သည် သိပ်မဝေးတော့ပါ။ မှားယွင်းသောဥပုသ်ကိုစောင့်ကြဖို့ ကျွန်ုပ်တို့ကိုတိုက်တွန်း လာကြလိမ့်မည်။ ဘုရားသခင်ပညတ်တော်အချက်များနှင့် လူလုပ်ပညတ်ချက် များအကြားတွင် ပြိုင်ပွဲဖြစ်လာလိမ့်မည်။ လောကအလိုကိုလိုက်၍ လောက ထုံးတမ်းနောက်သို့ လိုက်လျှောက်ပြီး တစ်လှမ်းချင်းအလျှော့ပေးလှမ်းဝင်သွား ကြသူများသည် အာဏာစက်အောက်မှာ အရှုံးပေးလိုက်ရသည်ထက် လှောင်ပြောင် ခံရခြင်း၊ စော်ကားခံရခြင်း၊ ထောင်ကျရန်၊ အသတ်ခံရရန် ခြိမ်းခြောက်ခံ ရခြင်းအောက်သို့ သူတို့ကိုယ်တိုင်ရောက်သွားသည်ကို ပိုလိုလားနေကြသည်။ “ထိုကာလ၌ ရွှေကိုအဖျင်းမှ ရွေးထုတ်ယူသွားလိမ့်မည်။ ကျွန်ုပ်တို့ချီးမွမ်းခဲ့ သည့်တောက်ပသောကြယ်များစွာသည်လည်း ညအမှောင်ထဲကြွေကျကွယ် ပျောက်လိမ့်မည်။” ခိုလှုံရာအိမ်အထဲမှာ အလှဆင်တန်ဆာများစွာနှင့် နေကြသူ တို့သည် ခရစ်တော်၏ဖြောင့်မတ်ခြင်းဝတ်ရုံကို ယူတင်ခြင်းမရှိကြလေသော် သူတို့ကိုယ်၌ ဝတ်လစ်စားလစ်ဖြစ်၍ အရှက်ရကြလိမ့်မည်။ (ChS 157.2) ChSBur 261.1

လူလုပ်ပညတ်ချက်များရှင်းထုတ်ထားသောထာဝရဘုရား၏ပညတ် တော်များကို စောင့်ထိန်းကာကွယ်ရာတွင် ထောင်ကျခံရမည်။. ပစ္စည်းဥစ္စာ ဆုံးရှုံးမည်။ အသက်ကိုပင်အသတ်ခံရမည်စသည်တို့ကို အရဲစွန့်၍ ဆက်လက် ရုန်းကန်နေကြရခြင်းအတွက် ကျွန်ုပ်တို့အရှေ့မှာ မျှော်လင့်ချက်အလားအလာ ရှိပါသည်။ (ChS 157.3) ChSBur 261.2

သမ္မာတရားဘက်၌ ရပ်တည်ကာကွယ်နေကြသူများသည် ခရစ်တော် ခံစားချက်များတွင် သက်ဝင်ရခြင်း၏မည်သည့်အဓိပ္ပါယ်ရှိသည်ကို သိလာရ သောအခါ အချိန်သည် အလောတကြီးဖြစ်လာပါတော့သည်။ ဖိနှိပ်ချုပ်ချယ် သူကြီးစာတန်သည် သူ၌အလုပ်လုပ်ဖို့ အချိန်နည်းနေပြီ။ လူတွေကိုမကြာမီ သူလက်လွှတ်ပေးရတော့မည်။ သူ၌အပ်ထားသောတန်ခိုးလည်း အသိမ်းခံရ တော့မည်ကိုမြင်နေ၏။ သူသည် လူတွေသေဆုံးကုန်စေဖို့ ကောက်ကျစ်စဉ်း လဲသောလှည့်စားခြင်းမျိုးစုံနှင့် အလုပ်လုပ်လာလိမ့်မည်။ အယူသီးတစ်ယူသန် ခြင်းနှင့်အမှားလုပ်နေကြခြင်းသည် သစ္စာတရား၊ တရားမျှတခြင်းနှင့်ညီမျှခြင်း မဏ္ဍိုင်များအပေါ် နင်းခြေထားလိမ့်မည်။ သမ္မာတရားကိုရန်လိုစိုးမိုးသောတန်ခိုး မျိုးအားလုံးသည် အားကောင်းလာလိမ့်မည်။ (ChS 157.4) ChSBur 261.3

ငြိမ်သက်ခြင်း၊ ကြီးပွားချမ်းသာခြင်းရှိရမည့်ကာလ၌ ဆုံးရှုံးကြရသော အသင်းတော်၏အမှုဆောင်ခြင်းများသည် စိတ်အပျက်ရဆုံးကြောက်မက်ဖွယ် အခြေအနေဆိုးများအောက်တွင် ဆိုးဆိုးရွားရွားသေရေးရှင်ရေးကာလအထဲ သူတို့ လုပ်ကိုင်ကြရလိမ့်မည်။ လောကထုံးတမ်းနောက်လိုက်ပါနေခြင်းကို သတိပေး ခြင်းသည် အသံတိတ် (သို့မဟုတ်) ထိမ်ချန်နေရပြီး ယုံကြည်ခြင်း၏ရန်သူ များကြမ်းကြမ်းကြုတ်ကြုတ်ရန်လိုမှုအောက်မှာ အပ်ထားခံရမည်။ အမှုတော် တိုးတက်မှုကို ပုံမှန်နှောင့်နှေးသွားအောင်သြဇာရှိကြသူ၊ ရေပေါ်ဆီလူတန်းစား ကွန်ဆာဗေးတစ်ရှေးရိုးစွဲသမားများသည် ယုံကြည်ခြင်းကို ကျောခိုင်းစွန့်ခွါ သွားကြလိမ့်မည်။ သူတို့၏သနားကြင်နာတတ်ခြင်းသည်လည်း ကြာမြင့်စွာ ကတည်းက ယိမ်းယိုင်နေသည်ဖြစ်၍ ရှင်းရှင်းဘွင်းဘွင်းမိုက်သောရန်သူများ နှင့်အတူ သူတို့ရပ်တည်နေကြလိမ့်မည်။ ယင်းသို့ဖေါက်ပြန်သူများသည် သူတို့ ၏ခါးသီးစွာရန်လိုစိတ်ကို အပေါ်လွင်ဆုံးပြသလာကြပြီး သူတို့၏ယခင်က ညီအစ်ကိုတော်များကို ဖိနှိပ်ပြစ်တင်မကောင်းပြောခြင်းနှင့် မခံမရပ်နိုင်ဖြစ် လာအောင် လှုပ်ဆွပေးခြင်းတို့ကို အစွမ်းကုန်သူတို့လုပ်လာကြလိမ့်မည်။ ဤနေ့သည် ကျွန်ုပ်တို့အရှေ့မှာရောက်နေပြီ။ အသင်းတော်အဖွဲ့ဝင်များသည် တစ်ဦးချင်းစစ်ဆေးခံကြရမည်။ သက်သေခံကြရမည်။ သူတို့သည် သမ္မာတရား အတွက် သက်သေခံကြဖို့အားယူရမည့်အခြေအနေအောက်မှာ ချထားခံရလိမ့် မည်။ လူများစွာသည်လည်း ဒေသန္တရအာဏာပိုင်များအဖွဲ့နှင့်တရားခံများ ရှေ့သို့ဖြေရှင်းရန် ဆင့်ခေါ်ခံကြရလိမ့်မည်။ လူခွဲထုတ်၍ တစ်ယောက်တည်း လည်းဖြစ်နိုင်သည်။ ဤအတွေ့ အကြုံသည် အရေးပေါ်အခြေအနေ၌ သူတို့ သတိမထားမိခဲ့သည်များကိုပြန်ရဖို့ သူတို့ကိုကူညီလိမ့်မည်။ သူတို့၏စိတ် ဝိညာဉ်သည်လည်း သူတို့ဖြုန်းတီးပစ်ခဲ့သည့်အခွင့်အရေးများနှင့် လျစ်လျူရှု ထားခဲ့သည့်အထူးအခွင့်အရေးများအတွက် ဝမ်းနည်းနောင်တရခြင်းနှင့်အတူ ဝန်ထုပ်ကိုခံယူကြမည်။ (ChS 158.1) ChSBur 262.1

လူအများအကြား ရေပန်းစားသောရိုးရာဓလေ့ထုံးတမ်းများကို အသိ တရားနှင့်ငြင်းပယ်၍ စိတ်နှိမ့်ချနေကြသူလူအနည်းစုတို့ကို သူတို့စိတ်ဆိုးဒေါသ ထွက်ရလေအောင် စာတန်နှိုးဆွပေးလာလိမ့်မည်။ ရာထူးဂုဏ်သိမ်နှင့်နေကြ သူများသည် ဘုရားလူများနှင့်ဆန့်ကျင်သောသြဝါဒများကိုခံယူရန် ပညတ် တရားမဲ့ဆိုးညစ်မှုနောက်သို့ လိုက်သွားကြလိမ့်မည်။ ကြွယ်ဝခြင်း၊ ဉာဏ်ထက် မြက်ခြင်းနှင့် ပညာရေးဂုဏ်ရှိခြင်းများသည် တွဲချိတ်လျက် သူတစ်ပါးအား မခန့်လေးစားပြုခြင်းဖြင့် သူတို့၌ မောဟလွှမ်းနေလိမ့်မည်။ အသင်းတော် အုပ်ချုပ်သူများ၊ သင်းအုပ်များနှင့်အသင်းသားများအား ညှဉ်းပန်းနှိပ်ကွပ်သူ တို့သည် လျှို့ဝှက်ပူးပေါင်းကြံစည်လာကြလိမ့်မည်။ အသံဖြင့်လည်းကောင်း၊ ကလောင်ဖြင့်လည်းကောင်း၊ သူတို့၏ကြွားဝါခြင်း၊ ခြိမ်းခြောက်ခြင်း၊ လှောင်ပြောင် ခြင်းများဖြင့် သူတို့၏ယုံကြည်ခြင်းကိုပင် သူတို့ဖျက်ပစ်ရန် လမ်းရှာလာကြ မည်။ အမှားတင်ဆက်ခြင်း၊ စိတ်ဆိုးမာန်ဆိုးတောင်းပန်ခြင်းတို့ဖြင့် လူတွေ ရဲ့စိတ်ပြင်းပြမှုကို သူတို့ထိုးမွှေနှောင့်ယှက်လာကြမည်။ “ကျမ်းစာ၌လာသည် ကား” ဟူ၍မရှိဘဲ ကျမ်းစာအလိုဥပုသ်နေ့မြတ်အကျိုးဆောင်တို့ကို သူတို့ ဆန့်ကျင်ပြောလာကြမည်။ ချို့တဲ့မှုကိုပေးနေသည့် ဖိနှိပ်ချုပ်ချယ်သောဥပဒေ ထုတ်ပြန်ချက်များကို သူတို့အားကိုးအားထားပြုလာကြလိမ့်မည်။ လူအများ ရေပန်းစားထောက်ခံမှုနှင့် အားပေးမှုအတွက် စိတ်ချရစေရန် ဥပဒေပြုအာဏာ ပိုင်များသည် ” တနင်္ဂနွေဥပဒေ” ကိုလိုက်လျောပေးလာလိမ့်မည်။ အမှန်နှင့် အမှားအကြား ဤသို့အငြင်းပွားနေရသည့်နောက်ဆုံးပဋိပက္ခသည် ဤစစ်တလင်း ပြင်အပေါ်သို့ ရောက်လာနေပြီ။ (ChS 158.2) ChSBur 263.1