ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

142/271

စာပုံနှိပ်ထုတ်ဝေဖြန့်ချိရေးကိုတိုးချဲ့ခြင်း

ယနေ့အတွက် သမ္မာတရားကို ယုံကြည်ကြသူအပေါင်းတို့ နိုးထ ကြကုန်လော့။ သမ္မာတရားကို သိရှိနားလည်၍ ကြွေးကြော်နေကြသောသူတို့ အား အကူအညီပေးရန် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ရ မည်မှာ ယနေ့ကာလသင်တို့၏တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မစာပေရောင်းချ ခြင်းမှရရှိသောဝင်ငွေအကျိုးအမြတ်တချို့ကို ကျွန်ုပ်တို့၏စာပေထုတ်လုပ်မှ တိုးပွားရန် လိုအပ်သည့်နေရာများမှာ အသုံးပြုသွားခြင်းဖြင့် ဝိညာဉ်မျက်လုံး ကန်းနေသူတို့အား အလင်းပေး၍ မာကျောနေသောနှလုံးသားကို ပျော့ပျောင်း စေလိမ့်မည်။ (ChS 148.4) ChSBur 246.1

အမေရိကတိုက်၊ ဥရောပတိုက်နှင့် အခြားကမ္ဘာ့ဒေသနေရာအနှံ့မှာ လက်ရှိကာလသမ္မာတရားအလင်းအကြောင်းပါဝင်သောစာပေများပုံနှိပ်ထုတ် ဝေရန် အဆောက်အအုံများဆောက်လုပ်ရမည်ဟု နှစ်များစွာကတည်းက ကျွန်ုပ် အား သခင်ဘုရားအထူးညွှန်ကြားတော်မူခဲ့ပါသည်။ ကိုယ်တော်လမ်းညွှန် တော်မူခဲ့သည်မှာ ဖိတ်ခေါ်သတိပေးခြင်းသတင်းစကားများရေးသားပုံနှိပ်ထား သည်များကို ကမ္ဘာလောကသို့ ဆက်လက်ဖြန့်ချိပေးရန် အားစိုက်ကြိုးပမ်းမှု အလုံးစုံပြုရမည်ဟူ၍ဖြစ်သည်။ လူတချို့သည် အခြားနည်းလမ်းတစ်ခုခုဖြင့် မရောက်နိုင်သည့်နေရာကို ကျွန်ုပ်တို့၏စာပေအားဖြင့် ထိုးဖေါက်ဝင်ရောက် သွားလိမ့်မည်။ ကျွန်ုပ်တို့စာအုပ်စာပေများ၏တောက်ပသောအလင်းရောင်ခြည် တန်းသည် ယနေ့ကာလသမ္မာတရားအကြောင်းကို လောကသို့ဉာဏ်အလင်း ပေးရန် တောက်ပဝင်းလက်စွာအလင်းထိုးပေးထားလိမ့်မည်။ (ChS 148.5) ChSBur 246.2

ကျွန်ုပ်တို့၏ ပုံနှိပ်စာအုပ်စာပေများသည် တိုးတက်သောတိုင်းနိုင်ငံ အသီးသီးတွင် ဖြန့်ဝေနိုင်ရန် မည်မျှပင်ကုန်ကျပါစေ။ ဘာသာစကားအမျိုး မျိုးဖြင့် ပုံနှိပ်ထုတ်ဝေရမည်ဟု ကျွန်ုပ်လမ်းပြသွန်သင်ခံရပါသည်။ ယနေ့ ငွေကြေးသည် ဝိညာဉ်များ၏အဖိုးတန်ခြင်းနှင့်နှိုင်းစာလျှင် ဘာတန်ဖိုးရှိနေ သလဲ။ ကျွန်ုပ်တို့ရှာရသောငွေတစ်ပြားတစ်စမှန်သမျှသည် ဘုရားသခင်ပေး သောဥစ္စာဖြစ်သည်ကို သိထားရမည်။ ကျွန်ုပ်တို့အပေါ် ဘုရားသခင်မြတ်နိုး အပ်နှံထားသည်ကို ကျွန်ုပ်တို့သည် မလိုလားအပ်သောဇိမ်ခံခြင်းအတွက် ဖြုန်းတီးပစ်လိုက်ကြရမည်မဟုတ်။ သို့သော် လူယောက်ျား၊ လူမိန်းမများပျက်စီး နေခြင်းမှကယ်တင်ရန် ဘုရားသခင့်အမှုတော်အထဲတွင် သတိထားသုံးစွဲသွား ကြရမည်။ (ChS 149.1) ChSBur 246.3

ပုံနှိပ်ထားပြီးသောနှုတ်ကပတ်တော်သမ္မာတရားစာအုပ်များကို ဘာသာ စကားအမျိုးမျိုးသို့ ဘာသာပြန်ပေးရမည်။ ဤကပ်ကမ္ဘာကုန်သည့်တိုင် သယ်ယူဖြန့်ဝေပေးရမည်။ (ChS 149.2) ChSBur 247.1

ပုံနှိပ်ထုတ်ဝေထားသော ဤစာနယ်ဇင်းများကို ဘာသာစကားတိုင်း သို့ဘာသာပြန်ဆိုပေးရမည်။ အဘယ်ကြောင့်ဆိုသော် တစ်လောကလုံး၌ ဧဝံ ဂေလိသတင်းကောင်းဟောပြောနိုင်ရန်ဖြစ်သည်။ လုပ်ဆောင်သူတိုင်းအပေါ်၌ ခရစ်တော်ကတိထားခဲ့သည်မှာ ကောင်းကင်ဘုံရှင်၏စွမ်းရည်တော်က ကိုယ်တော့်ဝန်ဆောင်သူများအား အောင်ခြင်းအခွင့်ပေးလိမ့်မည်ဟူ၍ဖြစ်သည်။ (ChS 149.3) ChSBur 247.2

ကျွန်ုပ်တို့၏ဓမ္မစာပေများသည် နေရာအနှံ့ထိုးဖေါက်ရောက်နေရမည်။ စာအုပ်များကို ဘာသာစကားအမျိုးမျိုးဖြင့် ပုံနှိပ်ထုတ်ဝေကြပါစို့။ တတိယ ကောင်းကင်တမန်၏သတင်းစကားသည် ဤဆက်သွယ်ရေးနည်းလမ်းနှင့် အသက်ရှင်သောသခင်ဆရာအားဖြင့် ပေးကမ်းသွားကြရမည်။ ယနေ့ကာလ သမ္မာတရားကို ယုံကြည်သောအသင်လူသားတို့၊ နိုးထကြလော့။ (ChS 149.4) ChSBur 247.3

ထာဝရဘုရား၏လူများစွာသည် ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောစာအုပ် စာပေနှင့်အတူ တတိယကောင်းကင်တမန်၏သတင်းစကားဘယ်အခါကမျှ မကြေညာရသေးသောနေရာများသို့ သယ်ဆောင်ရောက်သွားကြရမည်။ ကျွန်ုပ် တို့၏စာအုပ်စာစောင်များကိုလည်း ဘာသာစကားအမျိုးမျိုးသို့ ဘာသာပြန် ဖြန့်ဝေပေးကြရမည်။ ဤစာအုပ်များနှင့်အတူ စိတ်နှလုံးနှိမ့်ချ၍ သစ္စာရှိကြ သောသူများက အိမ်လှည့်ဧဝံဂေလိဆရာများကဲ့သို့ အမှုဆောင်ထွက်သွားခြင်း အားဖြင့် ယခင်တစ်ခါဖူးမျှ ဉာဏ်အလင်းမရကြသေးသူများထံသို့ သမ္မာတရား ကိုသယ်ဆောင်ပို့ပေးရမည်။ (ChS 149.5) ChSBur 247.4

တစ်မြို့မှတစ်မြို့သို့ တစ်နိုင်ငံမှတစ်နိုင်ငံသို့ မကြာမီကယ်တင်ရှင် ကြွလာတော်မူမည်ဟူသောကတိတော်ပါသည့် ပုံနှိပ်ထုတ်ဝေစာအုပ်စာစောင် များကို သူတို့သယ်ဆောင်သွားကြရမည်။ (ChS 149.6) ChSBur 248.1

ကျွန်ုပ်တို့ထုတ်ဝေခဲ့သောစာအုပ်စာနယ်ဇင်းများသည် ပြည်ပတိုင်းပြည် အများအပြားတွင် အချို့လူများ၏စိတ်ထဲမှ မလိုမုန်းထားအစွဲအလမ်းနှင့်အယူ သီးအစွဲကြီးခြင်းနံရံကို ချိုးဖေါက်ပေးခြင်းအမှုတော်တစ်ရပ်လုပ်ဆောင်ပြီးစီး စေခဲ့သည့်အကြောင်း ကျွန်ုပ်အား ဖေါ်ပြလာပါသည်။ လူယောက်ျားမိန်းမ တို့သည် လက်ရှိဖြစ်ပေါ်နေသည့်သမ္မာတရားအကြောင်းပါဝင်သည့် စာနယ် ဇင်းများနှင့်ဝေစာ စာမျက်နှာအနည်းငယ်အပေါ်တွင် စိတ်ပါဝင်တစားအထူး အာရုံစိုက်လေ့လာနေကြကြောင်းကို ကျွန်ုပ်အား စိတ်ဘဝင်ထင်ရှားစေခဲ့သည်။ ထိုသူများသည် သက်သေခံချက်များစွာကို တအံ့တသြဖတ်ခဲ့ကြရပြီး သူတို့ အတွက် အသစ်အဆန်းလည်းဖြစ်၍ သမ္မာကျမ်းစာကို လေးလေးနက်နက် စိတ်ဝင်စားမှုအသစ်ဖြင့် ဖွင့်လှစ်လေ့လာခဲ့ကြရာတွင် တစ်ချိန်က သူတို့အတွက် မသိခဲ့ရသောသမ္မာတရားအကြောင်းအရာများသည် ယခုသူတို့ကိုရှင်းရှင်းသိ စေခဲ့ပြီ။ အထူးသဖြင့် ထာဝရဘုရား၏လေးချက်မြောက် ပညတ်တော်မူခြင်း ဥပုသ်နေ့မြတ်အကြောင်းကို အလင်းရခဲ့ကြသည်။ ကျမ်းစာကိုသူတို့စေ့စေ့ ကြည့်ရှုဖွေရှာလေ့လာ၍ ဤအကြောင်းအမှန်ကို သိလာကြလျှင် ကောင်းကင် တမန်များသည် သူတို့အပေါ် လှုပ်ရှားပျံဝဲနေသောကြောင့် သူတို့နားလည် မှုများကို အလင်းသစ်ထွန်းလင်းပေးခဲ့သည်။ သူတို့ဖတ်ရှုနေခဲ့သည့်ပုံနှိပ်စာအုပ် စာစောင်များထဲက သမ္မာတရားသည်လည်း သူတို့စိတ်ဝိညာဉ်ကို စွဲလမ်း မှတ်သားစေခဲ့သည်။ (ChS 149.7) ChSBur 248.2

စာအုပ်စာစောင်များနှင့်ဝေစာများသူတို့လက်တစ်ဖက်မှာကိုင်၍ အခြား လက်တစ်ဖက်မှာ သမ္မာကျမ်းစာအုပ်ကိုင်ထားကြသည်ကို ကျွန်ုပ်မြင်ရ၏။ သူတို့ပါးပြင်ပေါ်မှာ မျက်ရည်များဝဲလျက် ဘုရားသခင်၏ရှေ့တော်မှောက်တွင် အလေးအနက်ထားစိတ်နှိမ့်ချဆုတောင်းခြင်းဖြင့် အလုံးစုံသောသမ္မာတရားထဲ၌ လမ်းပြမှုကိုသူတို့ခံယူနေကြသည်။ ဤအတွက် သူတို့ဆုမတောင်းမီကတည်း ကပင် ဘုရားသခင်ပြုနှင့်တော်မူလေပြီ။ သူတို့အသည်းနှလုံးထဲမှာ သမ္မာတရား ကိုလက်ခံပြီးသောအခါ သင့်မြတ်သောအမှန်တရားအစဉ်အတန်းကြီးကို သူတို့ မြင်ကြရ၏။ သမ္မာကျမ်းစာအုပ်သည် သူတို့အတွက် စာအုပ်အသစ်၊ သူတို့ စိတ်နှလုံး၌ အလွန်ပျော်ရွှင်စွာ စာအုပ်ကိုရင်ဝယ်ပိုက်လျက် သူတို့မျက်နှာရိပ် မျက်နှာထားသည်လည်း ပျော်ရွှင်ခြင်း၊ သန့်ရှင်းသောဝမ်းမြောက်ခြင်းတို့နှင့် အတူ အလုံးစုံတောက်ပထွန်းလင်းလျက်ရှိကြသည်။ (ChS 150.1) ChSBur 248.3

ဤသို့ဖြင့် သမ္မာတရားအလင်း၌ သူတို့ကိုယ်တိုင်ဝမ်းမြောက်ခြင်း သက်သက်ရှိရသည်ကို ကျေနပ်မနေဘဲ သူတစ်ပါးကိုလည်း ဝမ်းမြောက်စေဖို့ အလုပ်စလုပ်ကြသည်။ အချို့တို့သည် သမ္မာတရားအတွက်နှင့် အမှောင်ထဲ ရှိကြကုန်သောသူတို့၏မိတ်ဆွေညီအစ်ကိုများအား အကူအညီပေးရန် ကြီးစွာ သောစွန့်လွှတ်အနစ်နာခံခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ပုံနှိပ်စာအုပ်စာစောင် များနှင့်ဝေစာများကို အခြားဘာသာစကားဖြင့် ဘာသာပြန်ဖြန့်ချိနိုင်ရေးအတွက် နည်းလမ်းကိုပြင်ဆင်လာကြ၏။ (ChS 150.2) ChSBur 249.1