ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
အခန်း(၁၃)—သဒိ၉ာခင်မြခမိဝ ခရစ်ယာန်စာပေသာသနာ
ဦးစွာအရေးကြီးသောအလုပ်တစ်ခု
အခြားအလုပ်တစ်ခုခုထက် ပိုအရေးကြီးသည့်အလုပ်ရှိသည်ဆိုလျှင် ထိုအလုပ်သည် ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောစာအုပ်၊ စာစောင်များကို လူထု ရှေ့မှောက်သို့ အရောက်ပို့ဆောင်ပေးသောအလုပ်ဖြစ်ရမည်။ ဤနည်းဖြင့် လူတွေသမ္မာကျမ်းစာကို ဖွေရှာဖတ်ကြည့်ကြလိမ့်မည်။ မစ်ရှင်အလုပ်ဆိုသည် မှာ မိသားစုများဆီသို့ ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောစာပေများကို မိတ်ဆက် ပေးခြင်း၊ စကားစမြည်ပြောခြင်းနှင့် သူတို့အတွက် သူတို့နှင့်အတူ ဆုတောင်း ခြင်းစသည်ဖြင့် ကောင်းသောအလုပ်တစ်ခုဖြစ်သည်။ (ChS 145.1) ChSBur 240.1
ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းသားတိုင်း မိမိကိုယ်မိမိ မေးကြည့်ပါ။ “တတိယကောင်းကင်တမန်၏သတင်းစကားကို ကြွေးကြော်ရန် ကျွန်ုပ်ဘာလုပ်ပေးနိုင်သလဲ။” ခရစ်တော်သည် မိမိတပည့်များက ဤသတင်း စကားကို အသင်းတော်သို့ ဟောပြောပေးစေလို၍ ကမ္ဘာမြေကြီးသို့ ဆင်းကြွ လာခဲ့သည်။ ဤသတင်းစကားကို လူမျိုးအသီးသီး၊ တိုင်းနိုင်ငံရှိသမျှနှင့် ဘာသာစကားအမျိုးမျိုးပြောသူအနန္တလူသတ္တဝါအပေါင်းတို့အား ကြေညာပြော ပြဖို့ဖြစ်ပါသည်။ ကျွန်ုပ်တို့ဘယ်လိုဟောပြောရပါ့မလဲ။ ကျွန်ုပ်တို့၏စာအုပ် စာပေများဖြန့်ချိခြင်းသည် ထိုသတင်းစကားကို ကြေညာပေးနိုင်သည့်နည်းတစ် နည်းဖြစ်ပါ၏။ ယုံကြည်သူတိုင်းသည် ယနေ့ကာလအတွက် သတင်းစကား ပါဝင်သည့် အသံလွှင့်ချက်သတင်းလက်ကမ်းစာစောင်များနှင့် စာအုပ်စာပေ များကို ကြဲဖြန့်ပေးကြရမည်။ နေရာဒေသအသီးသီးသို့ ကျွန်ုပ်တို့ပုံနှိပ်ထုတ် ဝေထားသောစာပေများကို ဖြန့်ဝေခြင်းလုပ်ငန်းလုပ်ဆောင်ရန် နယ်လှည့်ဓမ္မစာပေ ရောင်းချသူကိုလည်း ခန့်ထားဖို့လိုအပ်သည်။ (ChS 145.2) ChSBur 240.2
စာနယ်ဇင်းစာအုပ်စာစောင်များသည် ယနေ့အတွက် သတင်းစကားကို လူတို့ထံသို့ အမြဲပို့ပေးနိုင်ရန် ဘုရားသခင်ရည်ရွယ်တော်မူခဲ့ခြင်းဖြစ်သည်။ လူတွေကိုဉာဏ်အလင်းရစေ၍ သမ္မာတရား၌ ခိုင်မြဲနေစေရန် ပုံနှိပ်ထုတ်ဝေ စာအုပ်စာစောင်များသည် တရားဟောသာသနာတစ်ခုတည်းက ပြီးစီးအောင် လုပ်ပေးနိုင်သည်ထက် ပိုမို၍ကြီးစွာသောအမှုကို လုပ်ပေးနိုင်သည်။ စည်းရုံး ဆွဲဆောင်သူ၏လုပ်ဆောင်ချက်ကြောင့် အိမ်တွေထဲက လူတွေရဲ့အရှေ့ရောက် နေသောအသံတိတ်တမန်များဖြစ်သည့်စာအုပ်စာစောင်များသည် နည်းမျိုးစုံဖြင့် ဧဝံဂေလိသာသနာကို အားကောင်းစေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဉ်တော်သည် စာအုပ်ဖတ်သူတို့၏စိတ်နှလုံးကို စွဲလမ်းစေ လိမ့်မည်။ နှုတ်ကပတ်တရားဒေသနာကြားရသူများ၏စိတ်ဘဝင်ကို စွဲလမ်းစေ သကဲ့သို့ စွဲလမ်းစေလိမ့်မည်။ သင်းအုပ်ဆရာများ၏အမှုတော်ထဲတွင် သာသနာ့ ကောင်းကင်တမန်များစောင့်ရှောက်သကဲ့သို့ သမ္မာတရားပါသောစာအုပ်စာစောင် များ၌လည်း နည်းတူစောင့်ရှောက်လျက်ရှိကြသည်။ (ChS 145.3) ChSBur 241.1
စည်းရုံးဆွဲဆောင်မှုအလုပ်သည် အားပျော့နုံးခွေကျသွားခြင်းမရှိရ။ လက်ငင်းအမှန်တရားအကြောင်း ဖေါ်ပြပါဝင်သောစာအုပ်စာစောင်များသည် ဖြစ်နိုင်သမျှလူများစွာတို့၏ရှေ့တွင် ချခင်းပေးထားရမည်။ အသင်းတော် ယူနီယံဌာနချုပ်ဥက္ကဋ္ဌမှအစ တိုင်းဌာနချုပ်မှသာသနာ့ဝန်ထမ်းတာဝန်ရှိပုဂ္ဂိုလ် များအားလုံးသည် ဤကိစ္စကိုတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည်။ (ChS 145.4) ChSBur 241.2
ဤကမ္ဘာလောကကြီးသည် ကျွန်ုပ်တို့၏အချိန်အခါအလိုက် ထုတ်ဝေ သောစာအုပ်စာပေလက်ကမ်းစာစောင်များအထဲမှတစ်ဆင့် ဧဝံဂေလိနှုတ်ကပတ် တော်သာသနာပြုခြင်းအားဖြင့် သမ္မာတရားအလင်းကိုရကြဖို့ဖြစ်သည်။ ကျွန်ုပ် တို့ပုံနှိပ်ထုတ်ဝေသောစာစောင်များသည် အရာအားလုံးလက်ရှိ နောက်ဆုံးရောက် နေပြီဆိုသည်ကို ပြသရန်ဖြစ်သည်။ (ChS 146.1) ChSBur 241.3
ဘုရားသခင်သည် မိမိလူတို့ကိုခေါ်ယူသည်မှာ အသက်ရှင်သောသူ များကဲ့သို့လှုပ်ရှားဖို့ဖြစ်သည်။ လူဖျင်း၊ လူပျင်း၊ လူနုံအ၊ လူခပ်ညံ့ညံ့များကို ခေါ်ယူသည်မဟုတ်ပါ။ ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောစာအုပ်စာစောင်များကို လူတွေဆီသို့ သယ်ယူသွားကြပြီး လူတွေလက်ခံရန် တိုက်တွန်းနှိုးဆော်ကြ ရမည်။ (ChS 146.2) ChSBur 241.4
ကျွန်ုပ်တို့ပုံနှိပ်ထုတ်ဝေသောစာအုပ်စာစောင်များသည် ဧဝံဂေလိမျိုးစေ့ များကို ယခုကြဲချလိုက်ခြင်းဖြစ်ပြီး တရားဒေသနာများကဲ့သို့ ဝိညာဉ်များစွာ ကို ခရစ်တော်ဆီယူတင်ပို့ပေးနိုင်သောတန်ဆာပလာများဖြစ်လေသည်။ သူတို့ ဖြန့်ဝေပေးနိုင်သောအကျိုးအားဖြင့် အသင်းတော်တစ်ရပ်လုံးသည် နိုးထလာခဲ့ ကြသည်။ ဤအမှုတော်အထဲတွင် ခရစ်တော်၏တပည့်တိုင်းသည် အပိုင်း တစ်ပိုင်းပိုင်း၌ ပါဝင်လှုပ်ရှားနိုင်ကြသည်။ (ChS 146.3) ChSBur 242.1
ကောင်းကင်ဘုံမှတမန်တစ်ပါးသည် ကျွန်ုပ်တို့၏အလယ်မှာပေါ်လာ ၍သြဝါဒနှင့်သတိပေးစကားများကို ပြောလာပါသည်။ သူသည် နိုင်ငံတော် သတင်းစကားမှာ ပျက်စီးဆုံးပါးနေသော ဤကမ္ဘာလောကအတွက် ဖြစ်ကြောင်း ရှင်းလင်းစွာနားလည်စေခဲ့ပါသည်။ ထိုသတင်းစကားသည် ကျွန်ုပ်တို့ အသင့်ပုံနှိပ်ထုတ်ဝေပြီးသောစာနယ်ဇင်းများနှင့် နောက်ထပ်ထုတ်ဝေမည့်စာစောင် များအထဲတွင်ပါဝင်ပြီး ရပ်နီးရပ်ဝေး၌ရှိကြကုန်သောကမ္ဘာ့လူသားအပေါင်းတို့ထံ ဖြန့်ဝေပေးသင့်ကြသည်။ (ChS 146.4) ChSBur 242.2
စာအုပ်လုပ်ငန်းသည် အလေးအမြတ်ထားအပ်သောလက်ရှိသမ္မာ တရားအလင်းကို ကမ္ဘာလောကသို့ အလျင်အမြန်ထွန်းလင်းပေးရမည့်ရည်ရွယ် ချက်ဖြစ်သင့်သည်။ (ChS 146.5) ChSBur 242.3
စာတန်သည် ပျိုရွယ်မောင်မယ်တို့၏ ကိုယ်ကျင့်တရားကျဆင်းခြင်းနှင့် စိတ်ဓာတ်အဆိပ်သင့်စေသောညစ်ညမ်းစာပေများ ဖြန့်ဖြူးရေးအလုပ်ဖြင့် ဝင်လာ နှောင့်ယှက်ရန် ကျွန်ုပ်တို့လုပ်ငန်းဌာနထဲတွင် အလုပ်များနေသည်။ မိစ္ဆာ တရားစာနယ်ဇင်းများသည် နယ်မြေတစ်လွှားတွင် များစွာပျံ့နှံ့လျက်၊ ဟောပြော လျက်ရှိနေသည်။ အသင်းသူ/အသင်းသားတိုင်းသည် လူတို့စိတ်ဓာတ် ကိုမြှင့်တင်ပေးရန် သူတို့အရှေ့သို့ သမ္မာတရားတိုက်ရိုက်ပို့ပေးနိုင်သော ပုံနှိပ်ထုတ်ဝေစာအုပ်စာစောင်များဖြန့်ဝေပေးခြင်းအလုပ်ကို စိတ်ပါဝင်တစား အလေးအနက်ထားမလုပ်သင့်ကြပြီလော။ ယင်းစာနယ်ဇင်းများနှင့် လက်ကမ်း စာစောင်များသည် လောကကိုအလင်းပေးရန်ဖြစ်ပြီး လူတွေပြောင်းလဲရောက်ရှိ လာစေဖို့ မကြာမကြာအသုံးဝင်သောတန်ဆာပလာများဖြစ်ကြသည်။ (ChS 146.6) ChSBur 242.4
ကျွန်ုပ်တို့သည် ကောင်းမွန်စွာပြင်ဆင်ထားသောစာအုပ်စာပေများ ပျံ့နှံ့စေရေးအလုပ်ကို ပြီးဆုံးအောင်လုပ်ရမည့်အကြောင်းနှင့်ပတ်သက်၍ လက်ရှိလည်း အိပ်ပျော်နေဆဲဖြစ်ပါသည်။ ယခုတွင် ကျွန်ုပ်တို့သည် ပုံနှိပ် ထုတ်ဝေထားသောစာအုပ်စာစောင်များကို ကောင်းကောင်းအသုံးချခြင်းဖြင့် စိတ်ဆုံးဖြတ်ခိုင်မြဲစွာ၊ နှုတ်ကပတ်တရားကို ဟောပြောကြပါစို့။ သို့ပြုမှသာ ပတ်မုကျွန်းတွင် ယောဟန်အား ခရစ်တော်ပေးခဲ့သောသတင်းစကားကို ဤလောကကြီးက သဘောပေါက်နိုင်လာကြလိမ့်မည်။ (ChS 146.7) ChSBur 243.1
အသင်းသူ/အသင်းသားအပေါင်းတို့ ကျွန်ုပ်တို့၏ဓမ္မစာပေဖြန့်ချိရေး အလုပ်အတွက် အရေးတကြီးထားလုပ်ကြရန် နိုးထကြပါစို့။ လူနေအိမ်တွေ မှာ လက်ကမ်းစာစောင်၊ စာအုပ်စာပေစာနယ်ဇင်းများ အရောက်ပို့ထား၍ အပိုင်းကဏ္ဍပေါင်းစုံဖြင့် သတင်းကောင်းတရားကို ဟောပြောကြပါစို့။ အချိန် တွေမကုန်ဆုံးသွားစေကြရ။ လူများစွာသည် ကိုယ်တိုင်စိတ်ပါလျက် ကိုယ်ကျိုး မဖက်ဆွဲဆောင်စည်းရုံးခြင်းအလုပ်ကို လုပ်ကြဖို့လိုသည်။ သို့နှင့်သူတို့ကို ကြောင်းကျိုးခိုင်လုံသောသတိပေးစကားများပြောလာရန် ကူညီနိုင်လိမ့်မည်။ အသင်းတော်သည် ခန့်အပ်အမှုကိုဆောင်သည်ရှိသော် ရှေ့တိုးတက်လိမ့်မည်။ လကဲ့သို့တင့်တယ်၍ နေကဲ့သို့ရှင်းလင်းကာ အောင်လံတလွင့်လွင့်နှင့်ခန့်ညား သောတပ်မဟာကြီးတစ်ခုကဲ့သို့သောအသင်းတော်” ဖြစ်လတ္တံ့။ (ChS 147.1) သာသနာလုပ်ငန်းပိုင်းဆိုင်ရာကြိုးစားမှုများကြောင့် ကမ္ဘာလောကကြီး သို့သမ္မာတရားအလင်းရောင်ခြည်တန်းထိုးကျနေပါသည်။ ပုံနှိပ်စာပေဖြန့်ချိ ရေးလုပ်ငန်းသည် အသင်းတော်သာသနာ့လုပ်ငန်းအားဖြင့် ရောက်နိုင်ချေမရှိ သောလူများစွာဆီသို ့ သတင်းစကားအရောက်ပို့ပေးနိုင်သည့်တန်ဆာပလာ ကောင်းတစ်ခုဖြစ်ပါသည်။ (ChS 147.2) ChSBur 243.2
စစ်ကြောရေးညကာလကုန်လုနီးပါပြီ။ စာတန်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုမြင်သောကြောင့် ပိုင်နိုင်သောအာဏာစက်ဖြင့် ထိန်းချုပ် လာနေပါသည်။ ထာဝရဘုရား၏ဆုံးမပဲ့ပြင်မှုသည်လည်း ဤကမ္ဘာပေါ်၌ တည်နေသဖြင့် သမ္မာတရားကို သိနားလည်ကြသူများကျောက်ဆောင်တည်း ဟူသောခရစ်တော်ကို အကာအကွယ်ယူလျက် ဘုရားသခင်၏ဘုန်းတော် ထင်ရှားခြင်းကို ရှုစားရန်ဖြစ်ပါသည်။ ယခုတွင် သမ္မာတရားသည် ဖုံးအုပ် မနေရ။ ရှင်းလင်းသောကြေညာချက်ပြုရတော့မည်။ အရှိအတိုင်းဖြစ်သော သမ္မာတရားကို စာအုပ်စာပေများဖြင့်တစ်မျိုး၊ လက်ကမ်းစာစောင်များဖြင့် တစ်ဖုံ၊ ဆောင်းဦးရာသီသစ်ရွက်များကဲ့သို့ ကမ္ဘာ့နေရာအနှံ့ကို ကြဲဖြန့်ရောက် စေသင့်ပါသည်။ (ChS 147.3) ChSBur 244.1
လူတို့၏ဝန်ဆောင်မှုကိုလိုလားသူ၊ အလင်းတရားရှာနေသူများအား အချိန်မီဟောပြောပေးနိုင်ကြသည့် စည်းရုံးဆွဲဆောင်သူများသည် ဤသမ္မာ တရား၏အသံတိတ်တမန်များကဲ့သို့သောဓမ္မစာစောင်များကို လူတွေဆီအရောက် ပို့ဆောင်ပေးရန် လိုအပ်ပါသည်။ “ကျွန်ုပ်သည် သင်းအုပ်ဆရာမဟုတ်၊ တရားမဟောတတ်” ဟု လူအချို့ဆိုပါမည်။ သင်သည် တရားမဟောနိုင် သော်လည်း သင်နှင့်ထိတွေ့ ဆက်ဆံလာသူများ၏လိုအပ်ချက်များကို အစေခံ ပြုစုပေးရသောဧဝံဂေလိဆရာတစ်ဦးဖြစ်နိုင်ပါသည်။ သင်သည် တပည့်တော် များလုပ်ဆောင်ခဲ့သည့်အတိုင်း ဘုရားသခင်၏အကူလက်အဖြစ် လုပ်ပေးနိုင် သည်။ သခင်ယေရှုကို ချစ်သောသူများနှင့် သင်တွေ့ ဆုံရလျှင် အတူတကွ စကားစမြည်ပြောခြင်း၊ ဆုတောင်းခြင်းလုပ်နိုင်သည်။ (ChS 147.4) ChSBur 244.2