ခရစ်ယာန်အမှု ထမ်းရွက်ခြင်း

135/271

အမှန်အကန်ခေါ်တော်မူသံ

ဂုဏ်နှင့် လူများစွာသည် သာသနာနယ်ထဲတွင် တစ်အိမ်တက်ဆင်းအရောက် သွား၍ အမှုဆောင်ပေးကြရန်နှင့်စိတ်ပါဝင်တစားရှိကြသူများနှင့်အတူတကွ သမ္မာကျမ်းစာဖတ်ပေးခြင်း၊ ဆုတောင်းခြင်းပြုလုပ်ကြရန် ခေါ်ယူတော်မူခြင်း ခံရကြလိမ့်မည်။ (ChS 141.3) ChSBur 234.1

အမှုဆောင်ရွက်ကြသူများစွာသည် သူတို့၏တစ်အိမ်တက်ဆင်းတာဝန် ပိုင်းကို လှုပ်ရှားခြင်းနှင့်မိသားစုအတွင်း ကျမ်းစာဖတ်ပြပေးခြင်းအမှုတို့ကို ဆောင်ရွက်ကြရမည်။ (ChS 141.4) ChSBur 234.2

ဆက်ကပ်ထားပြီးသောအမျိုးသမီးများသည် တစ်အိမ်တက်ဆင်း သမ္မာကျမ်းစာဖတ်ခြင်းအမှုတော်၌ ပါဝင်ကြရမည်။ (ChS 141.5) ChSBur 234.3

ကျွန်ုပ်တို့သည် ခရစ်တော်ခြေလှမ်းအတိုင်း လိုက်လျှောက်နေကြပါ လျှင် ကျွန်ုပ်တို့အစေခံပြုစုသည်ကို လိုလားကြသူတို့နှင့် ရင်းနှီးစွာဆက်ဆံ ကြရမည်။ ကျွန်ုပ်တို့သည် ကျမ်းစာကိုနားလည်သည်အထိ ဖတ်ပြရမည်။ ပညတ်တော်ကြေညာချက်များဟောပြောရမည်။ ချီတုံချတုံဖြစ်နေသူတို့ကို ကတိတော်များအကြောင်း ဖတ်ပြမည်။ သတိလက်လွတ်နေသူတို့ကို လှုပ်နိုး မည်။ အားနည်းသူများကို အားဖြည့်ပေးမည်။ (ChS 141.6) မိုးက ဖိလိပ္ပနှင့်အဲသယောပိအမတ်တို့ အတွေ့ အကြုံများထဲ၌ ဘုရားသခင် ခေါ်ယူတော်မူသောသူများလုပ်ရမည့်အလုပ်ကို ပြထားခဲ့သည်။ အဲသယောပိ အမတ်နေရာတွင် အဆင့်မြင့်လူတန်းစားတို့ ဖိလိပ္ပုကဲ့သို့သောသာသနာပြု လိုအပ်ကြောင်း တင်ဆက်ထားသည်ဖြစ်၍ ဘုရားသခင်၏စကားသံကို ကြားကြ ရသောသာသနာပြုများသည်လည်း ကိုယ်တော်ပို့သောနေရာသို့ သွားကြရမည်။ ဤကမ္ဘာထဲမှာ နှုတ်ကပတ်တော်သမ္မာကျမ်းစာဖတ်ပြီး ဆိုလိုရင်းအဓိပ္ပါယ်ကို နားမလည်ကြသူတို့ရှိနေပါသည်။ ဘုရားသခင်ကိုသိကျွမ်းကြသောသူလူ ယောက်ျားမိန်းမများသည် ထိုဝိညာဉ်များအား နှုတ်ကပတ်တော်အဓိပ္ပါယ်ရှင်း ပြပေးဖို့လိုသည်။ (ChS 142.1) ChSBur 234.4

ကျွန်ုပ်တို့၏အသင်းသူ/အသင်းသားများအထဲတွင် တစ်အိမ်တက်ဆင်း ကျမ်းစာဖတ်ခြင်းအမှုတော်ကို ပို၍လုပ်ပေးသင့်ကြသည်။ (ChS 142.2) ChSBur 235.1

အမှုဆောင်ရွက်ကြသူများစွာသည် တစ်အိမ်တက်ဆင်းသွားပြီး လူတွေ ကိုကျမ်းစာဖွင့်ပြဖတ်ပြပေးရမည်။ (ChS 142.3) ChSBur 235.2

ပြည်နယ်များစွာတွင်လည်း ယနေ့ကာလအတွက် သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှမကြားဘူးသေးသည့် စက်မှုလုပ်ငန်းဖြင့် အခြေကျနေသူများ၊ ကြွယ်ဝသောလယ်သမားများရှိနေကြသည်။ ယင်းသို့သောဒေသများသို့ အမှု ဆောင်ဖို့သွားကြရမည်။ ကျွန်ုပ်တို့အထဲမှ သာမန်အသင်းသားများသည် ဤအစေခံအမှုမျိုးကို ChSBur 235.3

ယူတင်လုပ်ဆောင်ကြပါစို့။ စာအုပ်များငှါးပေးခြင်း၊ ရောင်းချခြင်းဖြင့်လည်းကောင်း၊ စာစောင်သတင်းစာများပို့သူအဖြစ်လည်းကောင်း၊ ကျမ်းစာဖတ်ပြပေးခြင်းဖြင့်လည်းကောင်း ကျွန်ုပ်တို့၏သာမန်အသင်းဝင်များ သည် သူတို့၏အိမ်နီးရပ်ကွက်မိတ်ဆွေများနှင့် များစွာဝင်ဆံ့နိုင်ကြပါသည်။ ဝိညာဉ်များကို ချစ်မြတ်နိုးမှုနှင့်အတူ သူတို့တစ်တွေသည် သတင်းစကားကို တန်ခိုးနှင့်ကြေညာနိုင်၍ လူများစွာကိုပြောင်းလဲခြင်းသို့ရောက်လာစေလိမ့်မည်။ (Chs 142.4) ChSBur 235.4