ခရစ်ယာန်အမှု ထမ်းရွက်ခြင်း
ဆေးကုသပေးခြင်းဧဝံဂေလိမစ်ရှင်
အမှုဆောင်သူများတို့၊ ဆေးကုဧဝံဂေလိမစ်ရှင်ကို ယနေ့လုပ်ဖို့လိုပါပြီ။ ဤအမှုတော်ပြင်ဆင်ရေးအတွက် နှစ်များစွာသင်၌အချိန်ရမည်မဟုတ်ပါ။ သမ္မာတရားသို့ ယခုဖွင့်ပေးထားသောတံခါးသည် မကြာမီအမြဲတမ်း ပိတ်သွားတော့မည်။ ယခုပင် သတင်းစကားသွားပြောကြပါ။ သင့်အတွက် ယခုဖွင့်ပေးထားသောကွင်းထဲတွင် ရန်သူဝင်စီးနေရာယူခွင့်ရသွားသည်အထိ စောင့်မနေကြပါနှင့်။ အဖွဲ့ငယ်ကလေးဖွဲ့၍ ခရစ်တော်သည် တပည့်များကို ခန့်အပ်စေလွှတ်သကဲ့သို့ ယင်းအတွက် အမှုဆောင်ရန် စေလွှတ်လိုက်ပါ။ သူတို့ကိုဧဝံဂေလိဆရာများကဲ့သို့လည်း အမှုဆောင်စေပါ။ ကျွန်ုပ်တို့၏အသင်း မှထုတ်ဝေသောစာစောင်များကို ဖြန့်ဝေစေပါ။ သူတို့တွေ့ဆုံရသောသူများအား သမ္မာတရားအကြောင်း ပြောခိုင်းပါ။ နာမကျန်းသူများအား ဆေးဝါးပေးခြင်း ဖြင့်မဟုတ်ဘဲ သဘာဝတရားကုစားခြင်းမျိုးဖြင့် ဆုတောင်းပေးခြင်း၊ လိုအင် များဖြည့်ဆည်းပြုစုပေးခြင်းတို့ကို လုပ်ဆောင်စေပါ။ လူတွေကိုအနာရောဂါ မဖြစ်စေရန်နှင့် ကျန်းမာစေရန် မည်သို့နေထိုင်ရယူရမည်ကို သွန်သင်ပေး ပါ။ (ChS 128.2) ChSBur 212.2
ညီအစ်ကိုမောင်နှမများတို့၊- အမှုတော်ဆောင်ရန် သခင်ဘုရားထံ သင့်ကိုယ်သင်ကိုယ်တိုင်အပ်နှံပါ။ တိုးတက်မှုမရှိသောအခြေအနေကို ကိုယ်၌ ခွင့်မပြုပါနှင့်။ ဖျားနာနေသူများနှင့် ဒုက္ခရောက်ခံစားနေရသူများထံ အလည် အပတ်သွားရောက်၍ သူတို့အပေါ် အကျိုးလိုလားသောသနားကြင်နာခြင်း ဖြင့် ဆက်ဆံပြောဆိုပါ။ သူတို့သက်သာစေဖို့ တစ်စုံတစ်ရာလုပ်ပေးပါ။ ဤသို့ရည်ရွယ်ပြုစုပေးခြင်းအားဖြင့် သူတို့၏ စိတ်နှလုံးအထဲသို့ သင်ရောက် နိုင်ပြီး သူတို့ကိုခရစ်တော်အကြောင်း စကားတစ်ခွန်းပြောနိုင်ပါလိမ့်မည်။ ဤသို့အမှုဆောင်ကဏ္ဍသည် အဘယ်မျှဝေးဝေးရောက်သည်အထိ လုပ်နိုင် သည်ဖြစ်စေ၊ ထာဝရအသက်ရခြင်းတစ်ခုတည်းသာလျှင် ဖွင့်ချပြနိုင်ပါလိမ့် မည်။ ဤအမှုတော်ကဏ္ဍအသုံးဝင်ခြင်းအကြောင်းကိုလည်း ဝန်ဆောင်ဖို့ သူတို့ ကိုယ်သူတို့အလေးအနက်စိတ်ထားရှိသူတို့၏ အရှေ့မှာသာလျှင် ဖွင့်ပြပေးပါ လိမ့်မည်။ (ChS 128.3) ChSBur 213.1