ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
အခန်း (၁)—သတင်းစကားနှင့်၎င်းကိုတင်ဆက်ဟောပြောခြင်း
သတင်းစကားတင်ဆက်ခြင်းစိတ်ဓာတ်နှင့်ဟန်အမူအရာ
အမှန်တရားတင်ဆက်ခြင်း၏ဟန်အမူအရာအရေးကြီးခြင်း - တင်ဆက်သော သတင်းစကားကို လူတို့လက်ခံရန်၊ သို့မဟုတ် ငြင်းပယ်ရန်အတွက် အမှန် တရားတင်ဆက်ဟောပြောခြင်း၏ဟန်အမူအရာအပေါ်အများအားဖြင့် ဆုံးဖြတ် ချက်ပေးပါသည်။ Testimonies, vol. 4, pp. 404, 405. (1880) [Ev 168.1] EvBur 197.1
အများသောသူတို့သည် နှုတ်ကပတ်တော်အမှန်တရားတင်ဆက် ဟောပြောခြင်းသည် လူတို့၏စိတ်ထဲ၌များစွာခံစားမှုကိုဖြစ်စေခြင်းနှင့် အမှန် တရားလက်ခံရရှိခဲ့ပြီးသော ခရစ်ယာန်များတို့၏နောက်ပိုင်းအသက်တာဖြစ်ပေါ် လာသည့် အကျင့်စာရိတ္တအပေါ်သြဇာမည်ကဲ့သို့သက်ရောက်မှုရှိကြောင်းတို့ကို နားမလည်ကြခြင်းမှာ ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ ခရစ်တော်၏လုပ်ငန်း လုပ်ဆောင်သည့်ဟန်အမူအရာကို အတုယူရမည့်အစား အများသောသူတို့ သည် ခက်ထန်သောသဘော၊ အပြစ်ရှာသောသဘောနှင့်အာဏာရှင်ဆန်သော သဘောရှိကြသည်။ သူတို့သည် ဝိညာဉ်များတို့ကိုရယူရမည့်အစား ဝိညာဉ် စကားအားဖြင့် အားနည်းသူများတို့၏စိတ်ကို အနာတရဖြစ်စေခြင်းနှင့်စိတ်ဓာတ် များကိုဟန့်တားထားခြင်းပြုကြသည်။ ထိုသူတို့သည် မိမိတို့၏ပြင်းထန်သော ကျစေခြင်းမည်မျှရှိသည်ကို မည်သည့်အခါမျှမသိပါ။ Historical Sketches, P. 121. (1886) [Ev 168.2] EvBur 197.2
တုန်လှုပ်ချောက်ချားစေသောသတင်းစကားများ - ထိတ်လန့်စရာအလွန်ကောင်း သောသတင်းစကားများကို ဘုရားရှင်ခန့်ထားသောသူများအားဖြင့် ပြောဆိုရ လိမ့်မည်။ ဤသတင်းစကားများတို့သည် လူတို့ကိုသတိပေးရန်၊ နိုးကြားခြင်း ရှိစေရန်ဖြစ်သည်။ ထိုနောက် တချို့သောသူတို့သည် ဤသတိပေးခြင်းအားဖြင့် ဒေါသထွက်ခြင်း၊ အလင်းနှင့်အထောက်အထားကိုဆန့်ကျင်ရန် သူတို့ကို ပို့ဆောင်ခြင်းရှိမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ပေးသောသတင်းစကားသည် ယခုအချိန်အတွက် ခိုင်မာသောသတင်းစကားဖြစ်၊ မဖြစ် ဆန်းစစ်ကြည့်ရပါ မည်။ ကြားနာရသူများတို့ကိုထိတ်လန့်စေရန် ဘုရားရှင်ပေးထားသောသတင်း စကားကို တိကျစွာဟောပြောရမည့် ဆက်ကပ်သောသာသနာပြုဆရာများရှိ ရပါမည်။ Testimonies, vol. 9, p. 137. (1909) EvBur 197.3
ဆုံးဖြတ်ချက်နှင့် သေချာမှုဖြင့် - အမှန်တရား၌အသက်ရှင်သောတန်ခိုး ရှိပြီး သန့်ရှင်းသောဝိညာဉ်တော်သည် အမှန်တရားသို့လူတို့၏စိတ်နှလုံးတံခါး ကိုဖွင့်ပေးသောကိုယ်စားလှယ်ဖြစ်သည်။ သို့သော် အမှန်တရားကိုကြွေးကြော် သောဓမ္မဆရာများနှင့်အမှုဆောင်များတို့သည် သေချာခြင်းနှင့်ဆုံးဖြတ်ခြင်းကို ပြသရမည့်။ သူတို့သည် ယုံကြည်ခြင်းဖြင့်ထွက်သွားပြီး မိမိတို့ယုံကြည်သည့် နှုတ်ကပတ်တော်ကိုဟောပြောကြရမည်။ သင်ကြိုးစား၍လုပ်ဆောင်သောသူတို့ အား သင်ဟောပြောသောအရာသည် ဘုရားသခင်၏အမှန်တရားဖြစ်ကြောင်း နားလည်စေပါ။ ခရစ်တော်နှင့်သူ၏ကပ်တိုင်၌ရိုက်ထားခံရခြင်းအကြောင်းကို ဟောပါ။ ဤအရာသည် မာရ်နတ်၏လိမ်လည်မှုနှင့်ဆန့်ကျင်လိမ့်မည်။ Letter 34, 1896. [Ev 169.1] EvBur 198.1
အသက်ရှင်သောဘုရားသခင်၏နှုတ်ကပတ်တော် - အကယ်၍သင်အမှန်တရား တင်ဆက်ဟောပြောသောနည်းလမ်းသည် ဘုရားသခင်၏နည်းလမ်းဖြစ်ပါက သင်တင်ဆက်ဟောပြောသောအမှန်တရားသည် သင်၏ပရိသတ်များတို့အပေါ် လွန်စွာတန်ခိုးသြဇာသက်ရောက်ခြင်းရှိပေလိမ့်မည်။ သူတို့ကြားရသောသတင်း စကားသည် အသက်ရှင်တော်မူသောဘုရားသခင်ထံမှလာသော နှုတ်ကပတ် တော်ဖြစ်ကြောင်းယုံကြည်ကြမည်ဖြစ်ပြီး တန်ခိုးဖြင့်ဘုရားသခင်၏အလိုတော် ကို သင်ပြည့်စုံစေလိမ့်မည်။ Letter 48, 1902. [Ev 169.2] EvBur 198.2
နှုတ်ကပတ်တော်အမှန်တရား၏ကြီးမားသောအတွေးအခေါ်များ - သင်၏အလို တော်အတိုင်းမဟောပြောပါနှင့်၊ သို့သော် ရှိနေပြီးတန်ဖိုးရှိသည့်အမှန်တရားသည် ကြီးမားလွန်းလှသည်။ အကြောင်းမှာ နေရာအနှံ့သို့ရောက်ရှိနိုင်ခြင်း၊ လွန်စွာ နက်ရှိုင်းခြင်း၊ လွန်စွာကျယ်ဝန်းခြင်းကြောင့် သင်၏အတ္တစိတ်ပျောက်ကွယ် သွားမည်ဖြစ်သည်။ လူတို့သည် ကြီးမားသောအတွေးအခေါ်နှင့် နှုတ်ကပတ် တော်ထဲမှတန်ဖိုးရှိသည့်ဘဏ္ဍာကိုတူးယူရရှိနိုင်ရန်အတွက် သင်ဟောပြောပါ။ Manuscript 7, 1894. [Ev 169.3] EvBur 198.3
ဝိညာဉ်တော်၏လေးနက်သောလှုပ်ရှားမှုကို သက်သေခံရန်အစည်းအဝေးများ - မြို့များအထဲကျွန်ုပ်တို့၏အစည်းအဝေးများနှင့် ကျွန်ုပ်တို့၏စခန်းအစည်းအဝေး များမှ အစည်းအဝေးများကိုကျင်းပစဉ်၊ ကြီးမားသောသက်သေနှင့်တကွ တင်ဆက်ပြသမှုများကို ကျွန်ုပ်တို့မတောင်းဆိုပါ။ သို့သော် အမှန်တရားကို လူတို့ရှေ့၌ စိတ်အားထက်သန်စွာဟောပြောမည့်သူများ၊ ဘုရားသခင်သည် သူတို့နှင့်အတူရှိနေကြောင်း ပေါ်လွင်စေနိုင်သောသူများကိုသာ ဟောပြောရန် မှုအောက်၌ ကျင်းပသွားနိုင်ရန် ဘုရားသခင်ကိုအထူးရှာဖွေခြင်းရှိရလိမ့်မည်။ တောင်းဆိုပါသည်။ စည်းဝေး၌သန့်ရှင်းသောဝိညာဉ်တော်ကြီးမားစွာလှုပ်ရှား အမှားနှင့်အမှန်ရောနှောခြင်းမရှိစေရပါ။ [ [Ev 169.4] EvBur 199.1
ပို၍လှုပ်ရှားခြင်းနှင့်စိတ်အားထက်သန်မှု - ကျွန်ုပ်တို့၏တစ်ပုံစံတည်း လုပ်ဆောင်လျက်ရှိသောလုပ်ငန်းကို ပြောင်းလဲလုပ်ဆောင်ရန်လိုအပ်သည်။ လောက၌ ကျွန်ုပ်တို့အလုပ်တစ်ခုကိုလုပ်နေသော်လည်း လုံလောက်သော လှုပ်ရှားမှုနှင့်စိတ်အားထက်သန်မှုကို ကျွန်ုပ်တို့ဖော်ပြခြင်းမရှိပါ။ အကယ်၍ ကျွန်ုပ်တို့သည် ပို၍စိတ်အားထက်သန်မှုရှိပါက- လူတို့သည် ကျွန်ုပ်တို့၏ အမှန်တရားသတင်းစကားကို ယုံကြည်လာမည်ဖြစ်သည်။ ဘုရားသခင်အတွက် မရပါ။ ကျွန်ုပ်တို့၌နက်ရှိုင်းသော၊ ကြိုးစားအားထုတ်၍သန့်ရှင်းသောစိတ်အား ကျွန်ုပ်တို့၏ထုံထိုင်းနှေးကွေးသောလှုပ်ရှားမှုဖြင့်ဆောင်ရွက်ခြင်း၊ အသက်မပါ သောအစီအစဉ်ဖြင့်ဆောင်ရွက်ခြင်းသည် လူတို့ကိုယုံကြည်ရန်ခေါ်ဆောင်၍ ထက်သန်မှုကို လူတို့တွေ့ မြင်လိုကြသည်။ ဤခေတ်ကာလအတွက် ရိုးသား စွာဖြင့်လှုပ်ရှားသောဘာသာသည် လူတို့ကိုအကျိုးမပြုနိုင်ပါ။ ပြင်ပပေါ်လွင် သည့်လှုပ်ရှားမှုအားလုံးပါရှိသည့်အစီအစဉ်ကို ကျွန်ုပ်တို့ပြုလုပ်ရမည်။ သို့သော် ဂိလဗောတောင်ကုန်းများပေါ် နှင်းနှင့်မိုးရေကင်းမဲ့သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သြဇာကင်းမဲ့ခြင်းမရှိရပါ။ ဝိညာဉ်အခိုးအငွေ့ကို ကျွန်ုပ်တို့လို သည်။ ကျွန်ုပ်တို့၏စိတ်နှလုံးသားများကို နူးညံ့ပျော့ပျောင်းစေသည့် ဖြောင့်မတ် ခြင်းနေမင်း၏ရောင်ခြည်တော်အလင်းကိုလည်း ကျွန်ုပ်တို့လိုအပ်သည်။ Review and Herald, May 26, 1903. [Ev 169.5] EvBur 199.2
တည်ငြိမ်၍စိတ်အားထက်သန်သောအကျိုးသင့်၊ အကြောင်းသင့်တွေးခေါ်ခြင်း - ကျွန်ုပ်တို့ဖန်တီးလိုသောအရာသည် စိတ်ကိုလှုပ်ရှားစေသောအရာမဟုတ်ပါ။ ထာဝရကာလအတွက် တည်တံ့ခိုင်မြဲသော စစ်မှန်ကောင်းမွန်သည့်အလုပ်ကို ကြားနာရသူတို့မှလုပ်ဆောင်ရန် လေးနက်၍စိတ်အားထက်သန်စွာစဉ်းစား ဆင်ခြင်ပြီး လုပ်ဆောင်ရပါမည်။ စိတ်လှုပ်ရှားရန်နှင့်ခံစားမှုအာရုံကိုထကြွ စေရန်အတွက် ကျွန်ုပ်တို့မလိုအပ်ပါ။ ဤအရာများနည်းပါးခြင်းသည် သာ၍ ကောင်းသည်။ နှုတ်ကပတ်တော်မှတည်ငြိမ်၍ စိတ်အားထက်သန်စွာ အကျိုး သင့်အကြောင်းသင့်တွေးခေါ်ခြင်းသည် တန်ဖိုးရှိပြီးအကျိုးခံစားရမည်ဖြစ်သည်။ ဤနေရာ၌ လျှို့ဝှက်သောအောင်မြင်ခြင်းရှိသည်။ ရိုးသားခြင်း၊ စိတ်အား ထက်သန်ခြင်းအမူအရာဖြင့် အသက်ရှင်သောကယ်တင်ရှင်အကြောင်းကို ဟောပြောခြင်းသည်သာ အသက်နှင့်ပြည့်ဝသော နှုတ်ကပတ်တော်၏တန်ခိုး ကို လူတို့သည်ယုံကြည်ခြင်းအားဖြင့် ကိုင်ဆွဲနိုင်ပါလိမ့်မည်။ Letter 102, 1894. [Ev 170.1] EvBur 200.1
အမှန်တရားအထောက်အထားများအားဖြင့်ဟောပြောခြင်း - လူတို့သည် မိမိတို့ ခင်တွယ်မြတ်နိုးသောအမှားအပေါ် အမှန်တရားကိုချက်ချင်းတွေ့ မြင်လိုရန် မျှော်လင့်ခြင်းမရှိပါ။ မှားယွင်းသောယူဆချက်ကိုပျောက်ကွယ်သွားစေရန် အကောင်းဆုံးနည်းလမ်းသည် အမှန်တရား၏အထောက်အထားများကို တင်ဆက်ဟောပြောခြင်းဖြစ်သည်။ ဤအချက်သည် မှားယွင်းခြင်းကိုအကောင်း ဆုံးနိုင်နင်းခြင်းဖြစ်သည်။ ဖြောင့်မတ်ခြင်းနေမင်းကြီး၏ရောင်ခြည်တော်အလင်း ကို ပြန်လည်၍ရောင်ပြန်ဟပ်စေခြင်းအားဖြင့် စိတ်နှလုံးများထဲရှိ မှောင်မိုက် တိမ်လိပ်ကြီးများကို ပျောက်လွင့်သွားရန်ဖယ်ရှားပစ်လိုက်ပါ။ Pacific Union Recorder, Oct. 23, 1902. [Ev 170.2] EvBur 200.2
လူတို့ ၏ယုံကြည်စိတ်ချမှုကိုရယူခြင်း - ခရစ်တော်အတွက်အမှုထမ်းသော သူတို့သည် အစစအရာရာ၌ သတိကြီးစွာဆင်ခြင်မှုပြုရန်လိုအပ်ပြီး မိမိတို့၏ ယုံကြည်ခြင်းအယူဝါဒများကို နားမလည်သောသူများမှ သူတို့ကိုလေးစား ကြရန်၊ အယူသီးသူများ၊ ကြမ်းတမ်း၍ကမူးရှူးထိုးလုပ်တတ်သောသူများ မဟုတ်ကြောင်းကိုသိရှိရန် အရေးကြီးပါသည်။ သူတို့ဟောပြောခြင်းများနှင့် ပြုမူပြောဆိုပုံတို့သည်ရိုးသားပြီး ဤဓမ္မအမှုဆောင်များတို့သည် စဉ်းစားဆင်ခြင် တတ်သောသူများ၊ ကျစ်လျစ်သောစာရိတ္တရှိသူများ၊ ကောင်းကင်အဖခမည်း တော်ကို ချစ်ကြောက်ရိုသေသောသူများဖြစ်ကြောင်း လူတို့မှမှတ်ချက်ချစေရန် ဖြစ်သည်။ လူတို့၏ယုံကြည်စိတ်ချမှုကို သူတို့ရယူသင့်သည်။ သို့မှသာ သူတို့၏ဟောကြားချက်များကိုကြားရသောသူတို့အနေဖြင့် ဤဓမ္မအမှုဆောင် တို့သည် အချည်းနှီးသောပုံပြင်များကိုပြောဆိုသောသူများမဟုတ်၊ သူတို့ပြောဆို သောစကားသည် တန်ဖိုးနှင့်ပြည့်သောစကားများ၊ စဉ်းစားဆင်ခြင်အာရုံပြုသင့် သောသက်သေခံချက်များဖြစ်ကြောင်း သူတို့သိရလိမ့်မည်။ သင်သည် မိမိ ကိုယ်ကိုဘေးဖယ်ကာ ယေရှုကိုသာမြှောက်တင်သောသူဖြစ်စေပါ။ Review and Herald, April 26, 1992. [Ev 170.3] EvBur 201.1
ခက်ခဲရှည်လျားပြီးရှုပ်ထွေးသောအကျိုးအကြောင်းသင့် တွေးခေါ်ခြင်းမပြုရန် - အမှန်တရားသည် အမှန်တရားဖြစ်ကြောင်း ကြိုးစား၍သက်သေထူပြောကြား ခြင်းကို ခရစ်တော်ပြုလုပ်ခဲ့သည်။ သူသည် အမှန်တရားကိုအကောင်းဆုံး ရန်ကိစ္စကို ကြားနာရသူများတို့၏လက်ထဲ၌ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေး တတ်နိုင်သမျှဖော်ပြပြီး မိမိဖော်ပြချက်များကိုလက်ခံရန်၊ သို့မဟုတ် ငြင်းပယ် ထားသည်။ မည်သူ့ကိုမျှအတင်းအဓမ္မယုံကြည်ရန် သူမတိုက်တွန်းပါ။ တောင်ပေါ်ဒေသနာ၌ လက်တွေ့ ဘုရားဝတ်၌မွေ့လျော်ခြင်းကို လူတို့အား သွန်သင်ခဲ့ပြီး မိမိတို့၏တာဝန်ကို ရှင်းလင်းစွာဖော်ပြထားသည်။ လူတို့၏ စိတ်ထဲ၌စွဲမြဲစေရန် သူသည် အမှန်တရားကို အမိန့်အာဏာဖြင့်ပြောဆိုခဲ့သည်။ တပည့်တော်များမှ တန်ခိုးထင်ရှားခြင်းသည် မိမိတို့ပြောဆိုသောအမှန်တရား ၏ရှင်းခြင်းနှင့် ပြောဆိုသောသူ၏စိတ်အားထက်သန်ခြင်းအပေါ်မူတည်ကြောင်း တွေ့မြင်ရပါသည်။ [Ev 171.1] EvBur 201.2
ခရစ်တော်၏သင်ကြားခြင်း၌ ခက်ခဲ၊ ရှည်လျား၊ ရှုပ်ထွေးပြီး လက်ခံ ၍မရသောကျိုးကြောင်းသင့်တွေးခေါ်ခြင်းမပါပါ။ သူသည် အချက်ကျကျ ပြောဆိုသည်။ သူ၏လုပ်ငန်း၌ စိတ်နှလုံးတိုင်းကိုဖွင့်ထားလျက်ရှိသောစာအုပ် သဖွယ်သူဖတ်နိုင်ပြီး မကုန်ခန်းနိုင်သောသူ၏ဘဏ္ဍာတိုက်ထဲမှ သစ်သော အရာနှင့်ဟောင်းသောအရာများအားလုံးကိုဆွဲယူကာ မိမိ၏သင်ကြားမှု၌ဖော်ပြ ကာ အင်အားဖြည့်ဆည်းပေးသည်။ သူသည် လူတို့၏စိတ်နှလုံးကိုတို့ထိပြီး သနားကြင်နာခြင်းများကိုပေါက်ပွားစေပါသည်။ Manuscript 24, 1891. [Ev 171.2] EvBur 202.1
ရိုးစင်း၍ တန်ခိုးပါသည့်ယုံ ကြည်ချက်နှင့်ပတ်သက်သောသွန်သင်ခြင်း - ကျွန်ုပ် တို့၏ယုံကြည်ခြင်းကိုမသိသေးသောသူများတို့အတွက် အနည်းငယ်သာအရှိန် အဟုန်ရှိသောအကြောင်းအရာများကိုတင်ပြခြင်းသည် ကြီးမားသောအကြောင်း အရာကိုတင်ပြပြီး ကြားနာရသူများအတွက် ရှင်းလင်းပြတ်သားခြင်းမရှိခြင်း ထက် ပို၍စိတ်ထဲ၌စွဲမြဲစေပါသည်။ ၎င်းအထဲ၌ ခရစ်တော်သင်ကြားခြင်း၏ အနာဂတ်လက်တွေ့ သင်ခန်းစာများနှင့်လည်း ပါဝင်ပွားများသင့်သည်။ Letter 48, 1886. [Ev 171.3] EvBur 202.2
ဆီလျော်သောစကားများကို ဘုရားသခင်ပေးလိမ့်မည် - ဝိညာဉ်များပြောင်းလဲ ခြင်းအတွက် လုပ်ဆောင်ရခြင်းသည် ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အားခေါ်တော်မူခြင်းသည် မြင့်မားလှသည်။ ဤလုပ်ငန်းနှင့်သင့်လျော် ရန် ဒံယေလအားဘုရားသခင်သည် အကောင်းဆုံးစိတ်သဘောကိုပေးသကဲ့သို့ ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် အသိဉာဏ်ပညာကိုတိုးတက်စေလိမ့် မည်။ မှောင်မိုက်ထဲ၌ရှိနေသောသူများတို့အား အမှန်တရားများကိုနားလည် ရန်သင်ပေးခြင်း၌ ကျွန်ုပ်တို့အား ဘုရားသခင်သည် အလင်းပေးသကဲ့သို့ သူသည်ကျွန်ုပ်တို့အား ဤအမှန်တရားများကို ကျွန်ုပ်တို့ကိုယ်တိုင် ပို၍ ကောင်းမွန်စွာနားလည်ရန် သင်ပေးပါလိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ် တို့အား သင့်လျော်သောစကားကိုပြောဆိုနိုင်ရန်ပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ အနား၌ မတ်တတ်ထနေသောကောင်းကင်တမန်အားဖြင့် ကျွန်ုပ်တို့နှင့်ဆက်သွယ် မှုပြုပါလိမ့်မည်။ Manuscript 126, 1902. [Ev 172.1] EvBur 202.3
အငြင်းပွားမှုထက်ခရစ်တော်ကိုပို၍ဦးစားပေးခြင်း - ကျွန်ုပ်တို့သည် အငြင်း ပွားခြင်းထက် ခရစ်တော်ကိုပို၍ဦးစားပေးကြရမည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းအားလုံး၏ဗဟိုအချက်အချာ ဖြစ်သည်။ သူ၏အနှိုင်းမဲ့မေတ္တာကိုဖော်ပြနိုင်သောသူတို့နှင့် သူ့အားမိမိတို့၏ အကောင်းဆုံးနှင့်အသန့်ရှင်းဆုံးမေတ္တာကိုပေးနိုင်ရန် နှလုံးသားများကိုခွန်အား ပေးနိုင်သောသူများတို့သည် ကြီးမြတ်၍သန့်ရှင်းသောအလုပ်ကို လုပ်နေခြင်း ဖြစ်ပါသည်။ Colporteur Evangelist, pp. 60, 61. (1902) [Ev 172.2] EvBur 203.1
ငြင်းခုံဖွယ်ရာတရားဟောချက်များစွာတို့ကိုဟောပြောခြင်းသည် နှလုံးသားကိုနူးညံ့ပျော့ပျောင်းနိုင်စွမ်းမရှိပါ။ Letter 15, 1892. [Ev 172.3] EvBur 203.2
အပြစ်မရှာနှင့် - အမှန်တရားကိုထောက်ခံဟောပြောသောသူတို့သည် မျှတ၍ညင်သာသောသူများဖြစ်ရမည်။ လူ့ခွန်အားရောနှောခြင်းမရှိစေရပါ။ သင့်အတွက်ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြုရန်မဟုတ် ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည်သာ သင့်ကိုအသုံးပြုရပါမည်။ [Ev 172.4] EvBur 203.3
တစ်ကြိမ်တည်း၌ပင်အပြစ်ရှာခြင်းမပြုမိရန်သတိပြုပါ။ ဘုရားသခင် ၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက်အသက်နှင့်အသံဖြစ်ရန် ကျွန်ုပ်တို့အလိုရှိသည်။ ကျွန်ုပ်တို့၏လျှာသည် စာရေးသူ၏လက်တွင်း၌ အဆင်သင့်ရှိနေသောကလောင်ကဲ့သို့ဖြစ်သင့်သည်။ အကြောင်းမှာ ဘုရားသခင် ၏ဝိညာဉ်တော်သည် လူ့ကိုယ်စားလှယ်အားဖြင့် စကားပြောနေသည်။ ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်ပြောင်လှောင်သရော်ခြင်းစကားများကိုပြောသောအခါ သင့်ကိုယ် ကိုသင်လှုံ့ဆော်မှုတစ်ခုပြုလုပ်ခြင်းဖြစ်သည်။ ၎င်းအရာတစ်ခုကိုမျှရောပြွမ်းရန် ကျွန်ုပ်တို့အလိုမရှိပါ။ Manuscript 7, 1894. EvBur 203.4
တန်ခိုးအာဏာများကိုမတိုက်ခိုက်နှင့် - ကျွန်ုပ်တို့၏အလုပ်သည် အစိုးရ ကိုတိုက်ခိုက်ရန်မဟုတ်ပါ။ လူတို့အားဘုရားသခင်၏နေ့ရက်ကြီး၌ရပ်တည် နိုင်ရန် ပြင်ဆင်ခြင်းဖြစ်သည်။ အာဏာနှင့်တန်ခိုးရှိသူများတို့ကို တိုက်ခိုက် မှုနည်းလေ၊ ဘုရားရှင်အတွက်ပို၍ ကျွန်ုပ်တို့ဆောင်ရွက်နိုင်လေဖြစ်ပါလိမ့်မည်။ [Ev 173.1] EvBur 204.1
ကျွန်ုပ်တို့သည် အမှန်တရားကိုကာကွယ်ရမည်။ သို့သော် ယေရှု ၏စိတ်သဘောထားဖြင့်ကာကွယ်ရမည်။ အကယ်၍ အေးချမ်းစွာမေတ္တာတရား ဖြင့် ဘုရားသခင်၏လူတို့သည် ဆောင်ရွက်ခြင်းမရှိပါက လုပ်ငန်းသည် ကြီးမားစွာဆုံးရှုံးခြင်းရှိပြီး၊ ပြုပြင်၍မရသောဆုံးရှုံးမှုဖြစ်ပေလိမ့်မည်။ သူတို့ သည် ဘုရားသခင်၏အမှုတော်နှင့်ပြန်လည်၍ဆက်သွယ်မှုရှိသည့်တိုင် ဝိညာဉ် များတို့သည် ခရစ်တော်ထံမှဝေးကွာသွားပေလိမ့်မည်။ [Ev 173.2] EvBur 204.2
ကျွန်ုပ်တို့ကဲ့သို့ အခွင့်အရေးမရသောသူတို့အပေါ်တရားစီရင်ခြင်းကို ကျွန်ုပ်တို့မပြုသင့်ပါ။ တချို့သောသူတို့သည် ကြီးမားသောအလင်းကိုရရှိပြီး ၎င်းအလင်းတရားအတိုင်း အသက်ရှင်ခြင်းမရှိသောကြောင့် သူတို့၏ရှေ့၌ ထိုသူတို့သည် ကောင်းကင်နိုင်ငံသို့သွားလိမ့်မည်ဖြစ်သည်။ [Ev 173.3] EvBur 204.3
အကယ်၍ မယုံကြည်သူများတို့အား ကျွန်ုပ်တို့၌ရှိသောဝိညာဉ်များ ကို သန့်ရှင်းစေသည့်အမှန်တရားနှင့် အကျင့်စာရိတ္တကိုပြောင်းလဲစေနိုင်သော အမှန်တရားကို ယုံကြည်စေလိုပါက သူတို့၌ရှိသောအမှားများကို ပြင်းထန် စွာသူတို့အားစွပ်စွဲခြင်းမပြုရပါ။ ဤကဲ့သို့ပြုမိပါက ကျွန်ုပ်တို့၏အမှန်တရား သည် ကျွန်ုပ်တို့ကို ကြင်နာခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းမပြုလုပ်နိုင်ဘဲ ညံ့ဖျင်း ၍ကြမ်းတမ်းသော ဘာသာရေးအသင်းအဖွဲ့တစ်ခုဟုသာ သူတို့မှတ်ယူကြပါ လိမ့်မည်။ [Ev 173.4] EvBur 204.4
တချို့သောသူတို့သည် လွယ်ကူစွာစိတ်လှုပ်ရှားပြီး အမြဲပင်အဆင်သင့် တိုက်ပွဲအတွက်လက်နက်များကို ယူဆောင်တတ်သည်။ စုံစမ်းရာကာလ၌ ထိုသူတို့သည် မိမိတို့၏ယုံကြည်ခြင်းကို ကျောက်ဆောင်ပေါ်၌တည်ဆောက် ထားခြင်းမရှိကြောင်းကို သူတို့ပြသလိမ့်မည်။ [Ev 173.5] EvBur 205.1
ခရစ်တော်ကိုမြော်လင့်သောသတ္တမနေ့အသင်းဝင်များတို့သည် မိမိ တို့ကိုတရားမဲ့သောသူများ၊ နာခံခြင်းမရှိသောသူများဖြစ်သည်ဟု သူတစ်ပါး မှအသိအမှတ်ပြုခြင်းခံရမည့်အရာဟူသမျှကို မပြုလုပ်စေပါနှင့်။ ရှေ့နောက် မညီသောအရာအားလုံးကို မိမိတို့အသက်တာ၌ သူတို့အားဖယ်ရှားပစ်စေပါ။ ကျွန်ုပ်တို့၏အလုပ်သည် အမှန်တရားကိုကြွေးကြော်ရန်ဖြစ်ပြီး ကိစ္စများကို ဘုရားရှင်ထံအပ်နှံထားရမည်။ [Ev 173.6] EvBur 205.2
အလင်းကိုရောင်ပြန်ဟပ်စေရန် သင်၏ခွန်အားနှင့်အရာအားလုံးကို ဆောင်ရွက်ပါ။ သို့သော် စိတ်ကိုနာကျင်စေမည်၊ သို့မဟုတ် စိတ်ဆိုးစေမည့် စကားများကိုမပြောဆိုပါနှင့်။ Manuscript 117a, 1901. [Ev 173.7] EvBur 205.3
ပြင်းထန်သောနည်းဖြင့် အမှန်တရားကိုတင်ဆက်ခြင်း - လွန်ခဲ့သောအချိန်၌ သင်သည် အမှန်တရားကိုကြမ်းတမ်းသောနည်းဖြင့် သူများအတွက်ကြာပွတ် ရိုက်ဆုံးမခြင်းကိုအသုံးပြုသကဲ့သို့ ဟောပြောခဲ့သည်။ ၎င်းနည်းသည် ဘုရားသခင်၏ဘုန်းတော်ကိုမထင်ရှားစေပါ။ သင်သည်လူတို့အား ဘုရားသခင် ၏ကြွယ်ဝသောနှုတ်ကပတ်တော်ဘဏ္ဍာများကိုပေးနေသော်လည်း သင်၏ အမူအရာသည် လူတို့ကိုပြစ်ဒဏ်ပေးဆုံးမသကဲ့သို့ ဟောပြောသောကြောင့် လူတို့သည် သင်ဟောပြောသောအကြောင်းအရာမှ ထွက်ခွာသွားကြပါသည်။ သင်သည် အမှန်တရားကိုခရစ်တော်နည်းတူသွန်သင်ခြင်းမပြုပါ။ သင်သည် သင်၏သတင်းစကားဩဇာကို ဖျက်ဆီးသောနည်းဖြင့်ဟောပြောသည်။ သင်၏ နှလုံးသည် ခရစ်တော်၏ပြောင်းလဲပေးနိုင်သောကျေးဇူးတော်နှင့်ပြည့်ဝရန် လိုအပ်နေသည်။ Letter 164, 1902. [Ev 173.8] EvBur 205.4
အမှန်တရားကိုသိမ်မွေ့စွာတင်ဆက်ခြင်း - ဓမ္မအမှုဆောင်တိုင်း ဝမ်းမြောက် ဖွယ်ဧဝံဂေလိတရား၏ဖိနပ်ကို ဝတ်ဆင်ရန်သင်ယူစေပါ။ ငြိမ်သက်ခြင်း၏ ဧဝံဂေလိသတင်းစကားကိုပြင်ဆင်သော ဖိနပ်ဝတ်ဆင်သောသူတို့သည် ခရစ်တော် လမ်းလျှောက်သကဲ့သို့ လျှောက်ကြလိမ့်မည်။ သူသည် မှန်သောစကားများ ကို မေတ္တာဖြင့်လူတို့အားပြောနိုင်လိမ့်မည်။ ဘုရားသခင်၏မှန်ကန်သော သတင်းစကားကို လူတို့အားမိမိတို့အိမ်သို့ပြန်သွားကြရန် ကြိုးစား၍မောင်းထုတ် မည်မဟုတ်ပါ။ လူတိုင်းနှင့်နူးညံ့သိမ်မွေ့စွာဆက်ဆံပြီး သူသည် အလွန်ကောင်း သောသြဇာလွယ်ကူစွာသက်ရောက်ခံစားနိုင်မည့်သူတို့အပေါ်သို့ ဝိညာဉ်တော် လုပ်ဆောင်ခြင်း၊ နှိုးဆော်ခြင်းရှိလိမ့်မည်ကို သိရှိပေလိမ့်မည်။ သူ၏အမူအရာ သည် မည်သည့်အခါမျှပြင်းထန်မည်မဟုတ်ပါ။ သူပြောဆိုသောစကားလုံး တိုင်းသည် ပျော့ပျောင်းနူးညံ့သောတန်ခိုးသြဇာရှိပေလိမ့်မည်။ [Ev 174.1] EvBur 206.1
ဆုံးမစကားပြောဆိုရာ၌ ဖြစ်နိုင်သမျှမိမိတို့၏စကားသံထဲတွင် ခရစ်တော်နှင့်တူသော နူးညံ့သိမ်မွေ့ခြင်းနှင့်မေတ္တာတရားပါရှိစေပါ။ ဓမ္မဆရာ တစ်ဦး၏ရာထူးသည်ပို၍မြင့်လေ၊ သူ၏အပြောအဆိုနှင့်အလုပ်အကိုင်၌ ပို၍ သတိတရားရှိလေဖြစ်ရပါမည်။ Manuscript 127, 1902. [Ev 174.2] EvBur 206.2
ပြစ်တင်ခြင်းထက်ပြုပြင်ခြင်းကိုပြုပါ - မိမိတို့၏စိတ်ထဲ၌ သနားခြင်းနှင့် မေတ္တာစိတ်မကုန်ခန်းသူအားလုံးတို့သည် ပြစ်တင်ခြင်းထက်ပြုပြင်ခြင်းကိုပြုလုပ် ကြလိမ့်မည်။ စိတ်ထဲ၌ခရစ်တော်ကိန်းအောင်းနေခြင်းသည် မည်သည့်အခါ မျှမခန်းခြောက်သောစမ်းချောင်းကဲ့သို့ဖြစ်လိမ့်မည်။ ခရစ်တော်ရှိသောနေရာ၌ ကောင်းမှုများနှင့်ပြည့်လျှံလျက်ရှိနေလိမ့်မည်။ Thoughts From the Mount of Blessing, p. 39. (1896) [Ev 174.3] EvBur 206.3