ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
လူတို့နှင့်ရင်းနှီးမှုရယူခြင်း
သူတို့ ၏သွားခြင်းလာခြင်း၌လူတို့ နှင့်တွေ့ဆုံခြင်း - မြို့ကြီးတစ်မြို့ အနီး စည်းဝေးများ၏အရေးကြီးသောစိတ်ပါဝင်စားမှုရှိရန်ကျင်းပသောအခါ အမှုဆောင် အားလုံးတို့၏ တညီတညွတ်တည်းပံ့ပိုးမှုသည်လိုအပ်ပါသည်။ စည်းဝေးများ၏ ပတ်ဝန်းကျင်ကို အကောင်းဆုံးထားရှိသင့်သည်။ သွားလာလှုပ်ရှားခြင်း၌ လူတို့နှင့်ရင်းနှီးစွာဆက်ဆံကြရမည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ကြင်နာခြင်းကို ပြသကာ သူတို့၏ဝိညာဉ်များကိုချစ်ရမည်။ အချိန်မရွေးအမှုဆောင်များတို့ သည် လူတို့နှင့်ကောင်းမွန်စွာပြောဆိုရန်အဆင်သင့်ရှိပြီး သူတို့၏ဝိညာဉ်ကို မည်ကဲ့သို့ဆွဲယူရမည်ကို စောင့်ကြည့်နေရမည်။ လူသားများတို့၏သွားရာ လမ်း၌ အမြဲထထကြွကြွစောင့်ကြည့်နေပြီး၊ သူတို့၏ပျက်စီးခြင်းအတွက် မည်သည့်ထောင်ချောက်ကိုအသုံးပြုရမည်ဟု စောင့်၍ကြည့်နေသောမာရ်နတ် ထက် ခရစ်တော်၏အမှုဆောင်များတို့သည် တစ်ဆပို၍သတိရှိရကြမည်။ Testimonies, vol. 6, p. 46. (1900) [Ev 156.1] EvBur 181.2
စိတ်ဝင်စားသူများတို့ အပေါ်သာသနာပြုဆရာများတို့ ၏တာဝန် - ဘုရားသခင် ၏အမှုတော်၌ လုပ်ဆောင်ရန်စီမံကိန်းချသောသူအားလုံး လုပ်ငန်းကိုအကောင်း ဆုံးဆောင်ရွက်နိုင်ရန် သင်ယူခြင်းသည် အရေးကြီးသည်။ တရားပွဲများကို ကုန်ကျခြင်းများစွာဖြင့်ကြိုးစားကာ အမှန်တရားကိုဟောပြောပြီး၊ အောင်မြင် မှုမရှိခြင်းအကြောင်းကို ကျွန်ုပ်အားပြသခဲ့သည်။ အကြောင်းမှာ လုပ်ဆောင် မှုတို့သည် ဆောင်ရွက်ရန်ရှိသည့်အတိုင်း မဆောင်ရွက်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏လူတို့ရှေ့၌ ပို၍ပညာရှိစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ကျွန်ုပ် တို့နှစ်ပေါင်းများစွာတင်ပြခဲ့သည်။ [Ev 156.2] EvBur 182.1
စားပွဲပေါ်မှဟောပြောခြင်းကိုပြုသောအခါ၊ လုပ်ငန်အစပြုရုံမျှသာရှိ သည်။ ထိုနောက် ဓမ္မဆရာသည် မိမိတတ်နိုင်သရွေ့ ကိုယ်တိုင်ကြိုးစားမှု အားဖြင့် မိမိဟောပြောခဲ့သောအကြောင်းအရာကို ကြားနာခဲ့ရသောသူတိုင်းနှင့် ရင်းနှီးမှုပြုရပါမည်။ အကယ်၍သူတို့သည် သင်ပြောဆိုသောအရာကို အမှန် တကယ်စိတ်ဝင်စားခြင်းရှိပါက သူတို့အပေါ်သင်၏စိတ်ဝင်စားမှုကိုပြသခြင်း အားဖြင့် သူတို့တစ်ဦးစီနှင့်ရင်းနှီးမှုရယူရန် သင်၏တာဝန်ဖြစ်သည်။ [Ev 157.1] EvBur 182.2
မာရ်နတ်နှင့်သူ၏ကိုယ်စားလှယ်များတို့သည် ကျွန်ုပ်တို့၏အမှုဆောင် များတို့ထက် ပို၍ထက်မြက်သည်။ လူတို့သတိမထားမိသောအချိန်၌ သူတို့ ၏ဝိညာဉ်ကိုရယူရန် မာရ်နတ်သည် စီမံခြင်း၊ အကြံထုတ်ခြင်းနှင့်ထောင်ချောက် များကိုသူချထားသောအခါ ကျွန်ုပ်တို့၏လူများသည် အများအားဖြင့်အေးအေး ဆေးဆေးသာနေကြပြီး အချိန်တိုင်းလိုပင်မာရ်နတ်သည် ပို၍ကျွန်ုပ်တို့၏လူ များတို့ထက် ပို၍လုပ်ဆောင်နိုင်ခဲ့သည်။ ယခုအချိန်၌ အကယ်၍ ဘုရားသခင် ၏လူတို့၌ သူနှင့်ကောင်းကင်သားများကြိုတင်၍ပိုင်ဆိုင်ထားသောနယ်မြေရှိ ပါက ဘုရားသခင်၏အမှုတော်၌ ယခင်ကကဲ့သို့ လုပ်ငန်းတစ်ဝက်မျှပင်ပြီးစီး ရန် ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းမပြု၊ မိမိတို့၏ကိုယ်၊ စိတ်၊ နှလုံး အရာခပ်သိမ်းကိုဆက်ကပ်အပ်နှံကာ အားသွန်ခွန်စိုက်လုပ်ကိုင်ကြရမည်။ [Ev 157.2] EvBur 183.1
စားပွဲပေါ်၌ရှည်လျားစွာဟောပြောရန်မလိုအပ်ပါ။ အကြောင်းမှာ ပရိသတ်များတို့ကိုငြီးငွေ့ စေရုံမျှမက ဓမ္မဆရာ၏အချိန်နှင့်အင်အားကို ကုန်ခန်း စေသောကြောင့် မိမိအခြားဆောင်ရွက်ရမည့်လုပ်ငန်းကို ဆောင်ရွက်ရန်ပျက်ကွက် မည်ဖြစ်ပါသည်။ တစ်အိမ်တက်တစ်အိမ်ဆင်းသွားပြီး အိမ်ထောင်မိသားစုများတို့ အတွက်လုပ်ဆောင်ရမည်။ သူတို့၏အာရုံကို ဘုရားသခင်၏ထာဝရအမှန် တရားသို့ဆွဲယူရမည်။ See also pp. 429- 455, “Personal Work]. အကယ်၍ ခရစ်တော်၏နူးညံ့သိမ်မွေ့သောစိတ်သဘောဖြင့် သူလုပ်ဆောင်ပါက၊ ဘုရားသခင် ၏ကောင်းကင်တမန်များတို့သည် သူနှင့်အတူပါဝင်လုပ်ဆောင်မည်မှာသေချာ သည်။ သို့သော် ကျွန်ုပ်တို့အားလုံးတို့သည် မိမိတို့၏ကျဉ်းမြောင်းလှသော အတွေးအခေါ်အကြံအစည်တို့၌ရှိနေကြပြီး၊ ယုံကြည်ခြင်းခွန်အားနည်းနေကြပါ သည်။ Manuscript 14, 1887. EvBur 183.2
သူသည် မိမိ၏အသင်းတော်ထဲ၌ မိဘများ၊ ကလေးများတို့နှင့်ခင်မင် ရင်းနှီးလာကာ သူတို့အားကြင်နာသော၊ စိတ်အားထက်သန်သောစကားများ ကို ပြောဆိုလိမ့်မည်။ Review and Herald, Jan, 21, 1902. [Ev 158.1]. EvBur 183.3
မိသားစုများတို့ ထံသို့ ဝင် ရောက်ပါ - လူတို့နှင့်နီးကပ်စွာနေပါ။ ဖြစ်နိုင် ပါက မိသားစုများတို့နှင့်ဝင်ရောက်ပါဝင်ပါ။ လူတို့သည် သိုးထိန်းကိုရှာရန် စောင့်မနေပါနှင့်။ သင်သည် အချည်းနှီးသောပုံပြင်များကို ကိုးစားခြင်းမပြု၊ ယုံကြည်စိတ်ချ၍ ခိုင်လုံသောယုံကြည်ခြင်းကိုခံယူပြီး “ဘုရားသခင်မိန့်တော် မူသည်ကား ဟူသော ရှင်းလင်းသောနှုတ်ကပတ်တော်ကိုသာခိုလှုံပါ။ Letter 8, 1895. [Ev 158.2] EvBur 184.1
လူထုတရားပွဲ၌ဆက်သွယ်မှုပြုပါ - ဤလောက၌ ခရစ်တော်သွန်သင်မှု ပြုသောအခါ၊ သူ့တရားနာပရိသတ်များ၏အခြေအနေကိုစောင့်ကြည့်နေပြီး သူတို့၏မျက်စိအနေအထား၊ သူတို့၏သက်ဝင်လှုပ်ရှားမှုတို့သည် သူ့အား တစ်ချိန်တည်း၌ အမှန်တရားကိုလက်ခံသဘောတူသည်၊ မတူသည်ကိုပြောပြ ပါသည်။ ထိုနည်းအတိုင်း ယခုကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များတို့သည်လည်း မိမိတို့၏တရားနာပရိသတ်များတို့၏အခြေအနေကို လေ့လာကြရပါမည်။ [Ev 158.3] EvBur 184.2
ပရိသတ်ထဲ၌စိတ်ဝင်စားသူတစ်ဦးကို သူတို့တွေ့ရသောအခါ၊ စည်းဝေး နေရာမှမထွက်ခွာမီ ထိုပုဂ္ဂိုလ်နှင့်မိတ်ဆွေဖွဲ့ ရမည်ဖြစ်ပြီး၊ ဖြစ်နိုင်ပါက သူ၏ နေရပ်လိပ်စာကိုတောင်းယူကာ သူ့ထံသို့အလည်အပတ်ပြုရပါမည်။ ဤတစ်ဦး တည်းလုပ်ဆောင်ချက်အားဖြင့် ပြည့်စုံသောအမှုဆောင်တစ်ဦးအဖြစ်သို့ရောက် ရန် သူတို့ကိုကူညီမစပါလိမ့်မည်။ ၎င်းသည် သူ၏အလုပ်ကိုသက်သေပြနိုင် ပြီး သူ၏သာသနာလုပ်ငန်းကို အပြည့်အဝသက်သေပြပါလိမ့်မည်။ ဤနည်း သည်လည်း အအောင်မြင်ဆုံးလူတို့ထံချဉ်းကပ်နည်းတစ်ခုဖြစ်သည်။ ဤနည်း အားဖြင့်လည်း လူတို့၏အာရုံကို အကောင်းဆုံးဆွဲယူနိုင်ပါသည်။ Histori- cal Sketches, pp. 147, 148. (1886) [Ev 158.4] EvBur 184.3
အိမ်ထောင်ဆက်သွယ်မှုများအားဖြင့်ယုံကြည်စိတ်ချမှုကိုရယူခြင်း - ဘုရားသခင် ၏နှုတ်ကပတ်တော်အမှန်တရားတစ်ခါမျှမရောက်ရှိသေးသော ” အိမ်ထောင် မိသားစုများစွာရှိသည်။ ထိုမိသားစုများတို့ထံသို့ အမှန်တရားရောက်ရှိရန် ခရစ်တော်၏ကျေးဇူးတော်ကို မြောက်မြားစွာခံစားရရှိသောဘဏ္ဍာစိုးများတို့မှ ဝင်ရောက်တွေ့ ဆုံရမည်။ စိတ်အားထက်သန်စွာသာသနာပြုခြင်း၊ သန့်ရှင်း သောဝိညာဉ်တော်အသိအမှတ်ပြုခြင်းဖြင့် သန့်ရှင်းခြင်းရှိသောသူများတို့သည် ကာဆီးမှုများတို့ကိုဖြိုဖျက်ကာ လူတို့၏စိတ်နှလုံးများထဲသို့ဝင်ရောက်နိုင်ပါသည်။ လူတို့အနေဖြင့် ဤအမှုဆောင်များတို့ကို ကရုဏာ၏စေတမန်များ၊ ကျေးဇူး တော်၏ဓမ္မအမှုဆောင်များကဲ့သို့ တွေ့မြင်ကြသောအခါ၊ သူတို့အားဖြင့်ပြောဆို သောစကားများကို လူတို့သည် နားထောင်ရန်အဆင်သင့်ရှိကြလိမ့်မည်။ EvBur 184.4
သို့သော် ဤအလုပ်ကိုလုပ်ဆောင်သောသူတို့၏နှလုံးသားသည် ခရစ်တော်၏နှလုံးသားကဲ့သို့ တူညီခြင်းရှိရမည်။ သူတို့သည် ဘုရားရှင်၏ အမှုတော်၌ လုံးလုံးဆက်ကပ်ရမည်။ ဘုရားရှင်၏စေခိုင်းခြင်းကိုဆောင်ရွက် ရန် အဆင်သင့်ရှိရမည်။ သူတို့အတွက်ဘုရားရှင်၏ပြင်ဆင်ပေးခြင်း၏ပို့ဆောင် ရာသို့သွားပြီး သူတို့အားဘုရားရှင်ပေးသောစကားကိုပြောရမည်။ အကယ်၍ သူတို့သည် ဘုရားရှင်ဖြစ်စေလိုသောသူများကဲ့သို့ဖြစ်ပါက၊ အကယ်၍သူတို့ သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောသူများဖြစ်ပါက သူတို့သည် အမှန်တကယ်ကောင်းကင်ကိုယ်စားလှယ်များတို့နှင့် ပူးပေါင်းလုပ်ဆောင်သော သူများဖြစ်ပြီး၊ “ဘုရားသခင်နှင့်အတူလုပ်ဆောင်သောသူများ” ဖြစ်လိမ့်မည်။ Letter 95, 1896. [Ev 158.5] EvBur 185.1