ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
စိတ်ဝင်စားဖွယ်ရာအကြောင်းအရာများ
အမှန်တရားသည်ဆွဲဆောင်သင့်သည် - သင်၏ကြိုးစားမှုသည် လောက၏ လမ်းသို့လိုက်ခြင်းမဟုတ်ဘဲ ဘုရား၏လမ်းသို့လိုက်စေပါ။ ပြင်ပခင်းကျင်း ပြသမှုသည် အထက်တန်းလူတန်းစားများ အမှန်တရားကိုကြားရ၍ ယုံကြည် ရန်ပြုလုပ်ရမည့် ဘုရားသခင်၏ဆန္ဒနှင့်ကိုက်ညီသောအလုပ်မဟုတ်ပါ။ အမှန် တရား၏ဂုဏ်သိက္ခာနှင့်ဆွဲဆောင်မှုကို ကောင်းကင်၏နည်းစနစ်ဖြင့်အသုံးပြု ခြင်းထက် လောက၏အစီအစဉ်များကိုလိုက်ခြင်းဖြင့် မစွန့်လွှတ်ပါနှင့်။ သင်၏ တရားနာပရိသတ်များတို့သည် တနင်္ဂနွေညအစည်းအဝေး၌ သူတို့ကိုဆွဲဆောင် နိုင်ရန် တေးသီချင်းနှင့်အခြားအရာများမပြုလုပ်ဘဲ သင်တို့သည် အမှန်တရား ကိုသာ လေးနက်စွာဟောပြောပြီး သူတို့အတွက်သတိပေးစကားကဲ့သို့ စိတ်အလို သို့လိုက်တတ်သောအိပ်ပျော်ခြင်းမှ နိုးထရန်ဆောင်ရွက်ကြောင်းကို သူတို့အား နားလည်စေပါ။ ဤအရာသည် သွားနှစ်ဖက်ထက်သောသံလျက်ကဲ့သို့ စစ်မှန်သောအမှန်တရားလုံးလုံးလျားလျားဖြစ်ပါသည်။ [Ev 148.1] EvBur 170.2
ဘုရားသခင်အတွက်အမှုထမ်းသောသူတို့၏လုပ်ငန်း၌ အောင်မြင် ခြင်းရှိရန် လောက၏စီမံကိန်းများကိုအားကိုးသောသူတို့သည် ဆုံးရှုံးခြင်းကို သာကြုံတွေ့ရပါသည်။ လုပ်ငန်း၏ဆောင်ရွက်ပုံကိုပြောင်းလဲရန် ဘုရားသခင် ခေါ်တော်မူသည်။ ဘုရားသခင်၏ ဆန္ဒသည် ခရစ်တော်၏အသက်တာမှ သင်ကြားရသောသင်ခန်းစာများကို ကျင့်သုံးရန်ဖြစ်သည်။ ထိုအခါခရစ်တော် ၏ပုံစံကို သင်၏ကျင်းပသောစည်းဝေးအားလုံး၌ တွေ့မြင်ရပါလိမ့်မည်။ Letter 48, 1902. [Ev 148.2] EvBur 171.1
ဖန်တီးထားသောသွန်သင်ခြင်း - ဆရာသမားများတို့၏မင်းသားခရစ်တော် သည် သူတို့၏အသိကျွမ်းဆုံးသောဆက်ဆံခြင်းလမ်းကြောင်းအားဖြင့် လူတို့ နှင့်ချဉ်းကပ်နိုင်ရန်ရှာဖွေသည်။ သူသည် အမှန်တရားကိုဟောပြောသောနည်း အားဖြင့် သူ၏စကားကိုကြားရသောသူတို့သည် မိမိတို့၏အသက်တာ နောက်ပိုင်းတွင် ပြန်လည်၍စဉ်းစားတွေးတောခြင်းနှင့် ကိုယ်ချင်းစာတရားဖြင့် ရောနှောစေနိုင်ကြသည်။ သူ၏သွန်သင်ခြင်းအားဖြင့် ကြားရသူတို့၏စိတ်ဝင်စား မှုများနှင့်ပျော်ရွှင်မှုများတွင် သူကိုယ်တိုင်အနေဖြင့် ပါဝင်ခံစားနေကြောင်း သူတို့ခံစားရ၍ စိတ်ချမ်းသာကြသည်။ သူ၏သွန်သင်မှုသည် ရိုးစင်းပြီး၊ သူပေးသောပုံပမာများမှာ ဆီလျော်လှသည်။ သူ၏စကားများသည် ကြင်နာ သနားခြင်းများစွာပါရှိပြီး လွန်စွာအားရဖွယ်ဖြစ်သောကြောင့် ကြားနာရသော သူများတို့ကို ဆွဲဆောင်စေသည်။ [Ev 148.3] EvBur 171.2
ခရစ်တော်သည် ကြီးမားသောသဘာဝတရား၏ဘဏ္ဍာတိုက်ထဲမှ သရုပ်ဖော်ခြင်းများနှင့် သင်ခန်းစာများကို များစွာဆွဲယူဟောပြောသည်။ နှင်းပန်း ကိုသူဆွတ်ခူးယူပြီး သူ၏တရားနာပရိသတ်များအား နှင်းပန်း၏ဖြူစင်ခြင်း နှင့်အံ့ဖွယ်ကောင်းသောအလှအပကိုပြောပြသည်။ လယ်ပြင်၌ရှိသောမြက်ပင် များကို ညွှန်ပြပြီးပြောခဲ့သည်မှာ၊ “အကယ်၍ဘုရားသခင်သည် တောမြက်ပင် များကို ထိုသို့သောအဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင် ထိုမျှမကသင်တို့ကိုအဝတ် နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။” သူ၏ဆန္ဒမှာ သဘာဝအရာများအားဖြင့် ဘုရားသခင်၏မေတ္တာတော်ကို လူတို့ကိုတွေ့ မြင်စေရန်ဖြစ်သည်။ ထိုကြောင့် အပြစ်တရားအားဖြင့် ဤအရာများချွတ်ယွင်းခဲ့သည့်တိုင် အာဒံနှင့်ဧ၀တို့အား ဘုရားရှင်ထားရှိခဲ့သောဧဒင်ဥယျာဉ်အကြောင်း ပြောနေသေးကြောင်းတွေ့ ရ ပါသည်။ ကျွန်ုပ်တို့အတွက်သူ၏ဆန္ဒမှာ ထိုဧဒင်ဥယျာဉ်ကို ကျွန်ုပ်တို့ပြန်လည် ၍ရရှိပြီးလျှင် ဤကမ္ဘာကြီးသည် ဘုရားရှင်အားချီးမွမ်းသောအသံဖြင့်ပြည့်လျှံ ဦးမည်ဖြစ်ကြောင်း သတိရစေရန်ဖြစ်သည်။ Letter 213, 1902. [Ev 148.4] EvBur 171.3
သူတို့ ၏စိတ်ဝင်စားမှုကိုသူရယူနိုင်သည် - ဘုရားသခင်သားတော်၏နှုတ် မှလွတ်လပ်စွာစီးဆင်းလာသော ကရုဏာစကားများကို လူအများနားထောင် လျက်ရှိသည်။ ရိုးစင်းလှ၍ ရှင်းလင်းလှသောနှစ်လိုဖွယ်စကားများကို လူတို့ ကြားရသည့်အခါ သူတို့၏ဝိညာဉ်အတွက် ဂိလဒ်ပြည်၏အနာကိုပျောက်စေ သောဆေးကဲ့သို့ဖြစ်သည်။ ကုသမှုကိုပေးသည့် သူ၏မွန်မြတ်သောလက်သည် ဝမ်းမြောက်ခြင်းနှင့်မြောပါးနေသောသူတို့အား အသက်ကိုပေးပြီး၊ ဝေဒနာ ခံစားရသောသူတို့ကို ကျန်းမာခြင်းနှင့်စိတ်ချမ်းသာခြင်းကိုပေးသည်။ နေ့ရက် များသည် မြေကြီးပေါ်၌ကောင်းကင်သဖွယ်ခံစားရပြီး မည်သည့်အရာကိုမျှ မစားရကြသေးသည်ကိုပင် သတိမရကြပါ။ [Ev 149.1] EvBur 172.1
လူတို့အားငြိမ်သက်ခြင်းနှင့်ပျော်ရွှင်ခြင်းရရှိရန် သွန်သင်သောသူသည် လူတို့၏ယာယီလိုအပ်သည့်အရာများကို တွေးတောပေးရုံမျှမက၊ ဝိညာဉ်ရေး လိုအပ်ချက်ကိုပါ တွေးတောပေးပါသည်။ လူတို့သည် မောပန်း၍နွမ်းနယ် ကြသည်။ လက်ပေါ်၌ကလေးငယ်များကိုပွေ့ချီထားသောမိခင်များလည်းပါပြီး၊ ကလေးငယ်များသည် မိခင်များနှင့်တွယ်ကပ်လျက်ရှိသည်။ နာရီပေါင်းများစွာ ထနေကြသောသူများလည်းရှိသည်။ သူတို့သည် ခရစ်တော်၏စကားကို လွန်စွာ စိတ်ဝင်စားသောကြောင့် ထိုင်ချရန်ပင်သတိမရကြပါ။ လူထုကြီးသည်လည်း များလွန်းလှသောကြောင့် တစ်ဦးအပေါ်တစ်ဦးနင်းမိကြရန်ပင် အန္တရာယ် ရှိပါသည်။ ယေရှုသည် သူတို့အားအနားယူခွင့်ပေးပြီး ထိုင်ချကြရန် တောင်းဆိုသည်။ ထိုနေရာ၌မြက်ခင်းရှိသောကြောင့် အားလုံးစိတ်သက်သာစွာ အနားယူနိုင်ကြပါသည်။ The Desire of Ages, pp. 365, 366. (1898) EvBur 172.2
စိတ်ဝင်စားခြင်းကို ဖြစ် စေ သောအစီအစဉ်တစ်ခု - အခြားမြင်ကွင်းတစ်ခုကို ကျွန်ုပ်အားပြပါသည်။ စည်းဝေးအချိန်ကာလ၌ တဲများကိုအခြားမတူညီသော နေရာများသို့ ယူသွားကြပါသည်။ စခန်းအစည်းအဝေးများကို မတူညီသော နေရာ၌ ကျင်းပကြပါသည်။ ဤအစည်းအဝေးများကို စွမ်းဆောင်နိုင်သူများ၊ ဘုရားကိုကြောက်ရွံ့သောသူများနှင့် သင့်လျော်သည့်ကူညီဖော်များတို့ဖြင့် ကျင်းပကြပါသည်။ ကလေးများအစည်းအဝေးနှင့် ဝိညာဉ်နိုးကြားခြင်းအစည်း အဝေးများနှင့် လူများတို့အားဆုံးဖြတ်ချက်ချရန် စိတ်ပါစွာကြိုးစား၍ခေါ်ဆောင် ကြပါသည်။ ပေါလုစိုက်ပြီး အာပေါလုရေလောင်း၍ ဘုရားသခင်သည် တိုးပွားများပြားစေသည်။ [Ev 150.1] EvBur 173.1
သီချင်းဆိုတတ်သူများကို သီချင်းဆိုစေပါ။ တီးမှုတ်သော တန်ဆာပလာများကိုလည်း အသုံးပြုရန်ကန့်ကွက်ခြင်းမရှိပါ။ ဤအရာများကို ရှေးဘာသာရေးအစီအစဉ်များတို့၌ အသုံးပြုခဲ့ကြပါသည်။ ဝတ်ပြုကိုးကွယ် သောသူတို့သည် စောင်းကောက်နှင့်လင်းကွင်း၊ တေးသီချင်းများသူ့နေရာနှင့် သူ ကျွန်ုပ်တို့၏အစီအစဉ်များ၌ရှိပါသည်။ စိတ်ဝင်စားခြင်းကို ပို၍ရှိစေပါ သည်။ [Ev 150.2] EvBur 173.2
သို့သော် လူတို့၏အာရုံကို ယေရှုကဲ့သို့သူတို့ရှေ့၌ အမှန်တရား ဟောကြားခြင်းအားဖြင့် ဆွဲယူထိန်းသိမ်းထားပါ။ သူတို့ရှေ့၌ ကရာနိ၏ လက်ဝါးကပ်တိုင်ကိုထားပါ။ ခရစ်တော်၏သေခြင်းကို မည်သည့်အရာက ပြုလုပ်သနည်း။ ပညတ်တော်ကိုကျူးလွန်ခြင်းဖြစ်သည်။ ခရစ်တော်၏အသေခံ ခြင်းသည် လူတို့အား သူ၏သစ္စာရှိသောနိုင်ငံသားများဖြစ်ရန် အခွင့်အရေး တစ်ခုပေးခြင်းဖြစ်သည်။ [Ev 150.3] EvBur 173.3
ဟောပြောချက်များကိုတိုစေပါ။ တို၍စိတ်အားထက်သန်စွာဆုတောင်း ခြင်းများကိုပြုပါ။ ပြည့်စုံသောဝိညာဉ်ရေးအစီအစဉ်တစ်ခုလုံးဖြစ်စေရန် ပညာ ပေးပါ၊ ပညာပေးပါ။ တိကျသောဆက်ကပ်ခြင်း၊ များစွာဆုတောင်းခြင်း၊ လွန်စွာစိတ်ပါဝင်စားခြင်းတို့သည် စိတ်ထဲ၌စွဲမြဲခြင်းတစ်ခုကိုဖြစ်စေလိမ့်မည်။ အကြောင်းမှာ လူတို့၏စိတ်နှလုံးကိုလှုပ်ရှားစေရန် ဘုရားသခင်၏ကောင်းကင် တမန်များတို့သည် ပါရှိကြမည်ဖြစ်သောကြောင့်ဖြစ်သည်။ Letter 132, 1898, [Ev 150.4] EvBur 173.4
ဧဝံဂေလိ တရားပွဲ ၏ဆွဲ ဆောင်မှုအမျိုးမျိုး - ဤအစည်းအဝေးများတို့၌ အဆင့်မြင့်သူနှင့်အဆင့်နိမ့်သူများ၊ ချမ်းသာသူနှင့်ဆင်းရဲသူများ၊ အပြစ်သား အမျိုးမျိုးနှင့်စုရုံးလာကြသောသူများအားလုံးတို့သည် ဘုရားသခင်၏ရွေးချယ် ထားသောအစေခံများမှ ဟောပြောသောကရုဏာသတင်းစကားကို ကြားရကြ ပါသည်။ ကျမ်းစာမှအကြောင်းအရာအမျိုးမျိုးတို့ကိုဟောကြားပြီး စည်းဝေး ကာလတွင် လှုပ်ရှားမှုအမျိုးမျိုးကိုလည်းတွေ့ ရှိရပါသည်။ [Ev 150.5] EvBur 174.1
ဘုရားသခင်သည် လူကြီးနှင့်လူငယ်များကိုခေါ်၍ ကြားနာရသော သူများတို့၏စိတ်နှလုံးကို သြဇာလွှမ်းမိုးမှုရှိစေသည်။ ဤနည်းလမ်းအားဖြင့် ဥပမာပုံပြင်၌ ညစာစားပွဲကိုလူအားလုံးတို့အားခေါ်ဖိတ်သည်။ တချို့သောသူ များတို့သည် မိမိတို့၏ကိုယ်ပိုင်ခံယူချက်အရ ဘုရားကျောင်းသို့မလာခဲ့ကြ သည်မှာ ၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်ကြာခဲ့သော်လည်း ယခုယုံကြည်၍ ပြောင်းလဲလာကြပါသည်။ အသင်းသူအသင်းသားများတို့သည်လည်း အလွန် စိတ်လှုပ်ရှားကြပြီး တရားဟောချက်များနှင့်သမ္မာကျမ်းစာရှင်းပြချက်များကို အလွန်အံ့အားသင့်စွာဖြင့် နားထောင်ကြပါသည်။ ထိုနောက် ပေါင်းသင်း ဆက်ဆံခြင်းအစည်းအဝေးများ၌ ကိစ္စတိုင်းအတွက် ဆီလျော်သောအရာများ ကိုလည်း တွေ့မြင်ရပါသည်။ Manuscript 7, 1900. [Ev 150.6] EvBur 174.2
ဆောင်ပုဒ်ကြီးများ- ခေတ်မီသတင်းစကား - အမှန်တရား၏ဆရာများအဖြစ် လူတို့ရှေ့၌မတ်တတ်ထသောသူတို့သည် ကြီးမားသောဆောင်ပုဒ်များကို မြဲမြံ စွာဆုပ်ကိုင်ထားကြသည်။ အရေးမကြီးသောကိစ္စများကိုပြောခြင်းဖြင့် တန်ဖိုး ရှိသောအချိန်ကိုမဖြုန်းတီးပါ။ သူတို့အားနှုတ်ကပတ်တော်ကိုလေ့လာစေပြီး နှုတ်ကပတ်တော်ကိုဟောပြောစေပါ။ နှုတ်ကပတ်တော်သည် သူတို့၏လက်ထဲ ၌ရှိသော သွားနှစ်ဖက်ထက်သည့်သန်လျက်ကဲ့သို့ဖြစ်စေပါ။ အတိတ်ကာလ မှအမှန်တရားများကိုသက်သေခံပြီး အနာဂတ်ကာလ၌ မည်သည့်အရာများ ဖြစ်ပျက်လာမည်ကိုပြသစေပါ။ [Ev 151.1] EvBur 174.3
ကောင်းကင်မှခရစ်တော်ကြွလာခြင်းသည် ကျွန်ုပ်တို့၏အသက်တာ ကိုပုံသွင်းရန် ယောဟန်အား ကြီးမား၍အံ့သြဖွယ်ကောင်းသောအမှန်တရားများ ကိုပေးခြင်းနှင့် ကျွန်ုပ်တို့အားဖြင့် ဤအမှန်တရားကို ကမ္ဘာသို့ဟောပြောခြင်း ပြုရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အချိန်နှင့်လျော်ညီစွာ၊ ရှင်းလင်းပြတ်သားစွာ၊ ပညာသားပါပါ သန့်ရှင်းသောဝိညာဉ်တော်၏သွန်းလောင်းခြင်းအားဖြင့် လမ်းပြ မှုကိုခံယူကာ သက်သေခံကြရမည်။ Review and Herald, April 19, 1906. [Ev 151.2) EvBur 175.1