ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ဧဝံဂေလိအမှုဆောင်များလိုအပ်ခြင်း
သီးနှံရိတ်သိမ်းရန်ကျယ်ဝန်းသည် - လေးနက်၍သန့်ရှင်းမွန်မြတ်သော သတိပေးစကားကို အခက်ခဲဆုံးဒေသနှင့်အဆိုးသွမ်းဆုံးသောမြို့ များတို့၌ ကြွေးကြော်ရမည်။ ကြီးမားသောဧဝံဂေလိသတင်းစကား၏အလင်းမရောက်ရှိ သေးသောနေရာတိုင်း၌ ဟောပြောကြရမည်။ သိုးသငယ်၏ညစာစားပွဲသို့ နောက်ဆုံးဖိတ်ခေါ်သံကို လူတိုင်းအားကြားသိစေရမည်။ [Ev , 21.3]. EvBur 9.2
ယခုအချိန်အထိ ဧဝံဂေလိသတင်းစကားမကြားသိရသေးသော တိုင်းပြည်များတို့၌ တံခါးပွင့်လျက်ရှိပြီး၊ ဘုရားရှင်၏နှုတ်ကပတ်တော်ကို ရှင်းပြရန် လူတို့သည် ခေါ်ဖိတ်တောင်းဆိုလျက်ရှိသည်။ ရှင်ဘုရားများနှင့် မင်းသားများတို့၏ကြာမြင့်စွာပိတ်ထားလျက်ရှိသောတံခါးမှာ ကပ်တိုင်၏သတင်း စကားကိုကြားနာရန် ခေါ်ဖိတ်လျက်ရှိသည်။ ရိတ်သိမ်းရန်လယ်ပြင်အမှန်ပင် ကျယ်ပြန့်နေပါသည်။ ထာဝရကာလသာလျှင် စနစ်တကျကြိုးစားလုပ်ဆောင် မှုရလဒ်ကို ဖော်ပြမည်ဖြစ်သည်။ Gospel Workers, p. 27, (1915) [Ev , 22.1). EvBur 9.3
ခရစ်တော်အတွက်သံတမန်များ - ခရစ်တော်နှင့်လူသားအချင်းချင်းတို့ကို ချစ်သော နှလုံးသားနှင့်ပြည့်ဝသည့် ဘုရားရှင်၏စေတမန်များတို့သည် မှားယွင်း ၍အပြစ်၌နစ်မွန်းနေသူများတို့အား နိုးထရန်ရှာဖွေလျက်ရှိသည်။ သင်၏ ကြိုးစားပြီးတောင်းဆိုသတိပေးခြင်းတို့သည် သူတို့၏သြတ္တပ္ပစိတ်အသိတရားကို ထိုးဖောက်နိုင်ပါစေ။ သင်၏ဇွဲလုံ့လဖြင့်ဆုတောင်းခြင်းသည် သူတို့၏စိတ် နှလုံးသားတို့ကိုအရေပျော်စေ၍ ကယ်တင်ရှင်ထံသို့နောင်တတရားရရှိနိုင်ရန် ပို့ဆောင်နိုင်ပါစေ။ ဘုရားရှင်၏ကယ်တင်ခြင်းသတင်းစကားကိုကြွေးကြော်ရန် သင်တို့သည် ခရစ်တော်၏သံတမန်များဖြစ်ကြပါသည်။ Gospel Workers, p. 35, (1915) [Ev , 22.2]. EvBur 10.1
ယခုတစ်ယောက်တည်းရှိနေသောနေရာ၌ အမှုဆောင်အယောက် (၁၀၀) လိုအပ်နေ - အချိန်တိုတောင်းလှသည်။ နေရာတိုင်း၌ ခရစ်တော်၏ အမှုထမ်းများလိုအပ်နေသည်။ ပြည်တွင်းပြည်ပသာသနာ့နယ်မြေများ၌ ယခုအမှုထမ်းတစ်ယောက်တည်းရှိသောနေရာတွင် သစ္စာရှိပြီးကြိုးစားလုပ်ဆောင် မည့် အမှုထမ်းဦးရေအယောက် (၁၀၀) ရှိသင့်ပြီ။ လမ်းမကြီးနှင့်လမ်းသွယ်များ တို့၌ ယခုမလုပ်ဆောင်ကြသေးပါ။ သခင့်အတွက် ယခုသာသနာ့လုပ်ငန်း၌ လူတိုင်းအရေးတကြီးလုပ်ဆောင်ရန်ပါဝင်သင့်ကြပြီ။ Fundamentals of Christian Education, p. 488, (1903) [Ev , 22.3]. EvBur 10.2
လိမ္မာပါးနပ်စွာလူအင်အားခွဲဝေခြင်း - မြို့ကြီးများအားလုံးသို့ သတိပေး ခြင်းအလုပ်ပြီးစီးရန် ဘုရားရှင်ခေါ်တော်မူသည့်အတွက် သတိပညာဖြင့် လုပ်ဆောင်ရမည့်အင်အားကို ဝေငှဖြန့်ချိရန် ဘုရားရှင်၏အမှုထမ်းများ စီမံ ခန့်ခွဲကြရမည်။ များသောအားဖြင့် လူထုတရားပွဲ၌ အောင်မြင်စွာလုပ်ဆောင် နိုင်စွမ်းရှိသူများကို သာသနာ့လုပ်ငန်းတွင်အသုံးပြုရန် မေ့လျော့နေကြသည်။ သာသနာ့လုပ်ငန်းအမျိုးမျိုးတို့ကိုဆောင်ရွက်ရန် လူမှန်နေရာမှန်၊ ဆူးနေရာဆူး၊ ဆောက်နေရာဆောက် ခွဲခန့်စီမံတတ်ရန်လိုအပ်ပြီး ဆက်ကပ်၍သင်တန်းရယူ ခဲ့သောသူများကို တာဝန်ပေးကာကြိုးစားလုပ်ဆောင်စေရမည်။ အရေးကြီးသော ဘုရားရှင်၏နှုတ်ကပတ်တော်အမှန်တရားကို လူထုရှေ့၌ဟောပြောနိုင်စွမ်းရှိသူ များအားအသုံးမပြုဘဲ တန်ခိုးသြဇာလွှမ်းမိုးသူတို့၏ထိန်းချုပ်မှုအောက်၌ ထိုပုဂ္ဂိုလ်များတို့ကို အရေးမကြီးလှသည့်လုပ်ငန်းတာဝန်ကို အမြဲထမ်းဆောင် စေခြင်း၏လုပ်ရိုးလုပ်စဉ်ကိုမပြုမိရန် ရှောင်ရှားသင့်ပါသည်။ Review and Herald, April 7, 1910. [Ev , 22.4]. EvBur 10.3
အမြင့်ဆုံးသောခေါ်ခြင်း - ဧဝံဂေလိသာသနာ့လုပ်ငန်းကိုအထင်မသေး သင့်ပါ။ နှုတ်ကပတ်တော်ဟောပြောဖြန့်ချိခြင်းလုပ်ငန်းသည် သေးငယ်သော လုပ်ငန်းတစ်ခုမဟုတ်ပါ။ ဤလုပ်ငန်းကိုအထင်သေးခြင်းသည် ခရစ်တော်ကို အထင်သေးခြင်းဖြစ်သည်။ အမြင့်ဆုံးသောသာသနာ့လုပ်ငန်းအမျိုးမျိုးတို့ကို လူငယ်လူရွယ်ရှေ့တွင်ထားရှိသင့်ပြီး သာသနာပြုဓမ္မဆရာထက် ဘုရားရှင် ကောင်းချီးပေးသောလုပ်ငန်းမရှိကြောင်း သူတို့အားသိစေအပ်ပါသည်။ [23.1]. ၁၀ပြု လူငယ်လူရွယ်များ သာသနာ့လုပ်ငန်းထဲ၌ စိတ်အားထက်သန်ခြင်း ကိုမတားဆီးပါနှင့်။ ဘုရားရှင်လျှောက်လှမ်းစေလိုသောလမ်း၌ များစွာပါဝင် လိုခြင်းမှဝေးကွာစေခြင်းသည် အန္တရာယ်ရှိသည်။ သာသနာ့လုပ်ငန်းထဲ၌ပါဝင် ရန် မိမိကိုယ်ကိုပြင်ဆင်သင့်သူများကို ဆေးပညာ၌သင်ကြားရန်အားပေးသူ များတချို့ရှိကြပါသည်။ Testimonies, vol. 6, p. 411. (1900) [23.2]. EvBur 11.1
ကောင်းသောအမှုဆောင်များနေရာကိုလူငယ်များအစားထိုးခြင်း - ကောင်းသော အမှုဆောင်များကျရှုံးသောအခါ၊ လစ်လပ်သည့်နေရာများကို လူငယ်များဖြင့် အစားထိုးပြီး သတင်းစကားကိုဆက်လက်ဟောကြားသင့်သည်။ စိတ်အား ထက်သန်စွာလုပ်ငန်းကိုတိုးချဲ့ရမည်။ နုပျိုသန်မာသောလူငယ်များတို့သည် ကမ္ဘာ၏မှောင်မိုက်သောနေရာများသို့ သွားကြရမည်ဖြစ်ပြီး၊ ပျက်စီးမည့်ဝိညာဉ် များကို နောင်တသို့ပို့ဆောင်ကြရမည်။ - Gospel Workers, p. 104, (1915) [23.3]. EvBur 11.2
လုပ်ငန်းအတွက်လျင်မြန်စွာပြင်ဆင်မှုပြုရန် - ကျွန်ုပ်တို့၏ကျောင်းများ ကို ဘုရားရှင်မှထူထောင်ခဲ့ပြီး၊ သူ၏ရည်ရွယ်ချက်နှင့်အညီလုပ်ဆောင်ကြ ပါက ပညာလာရောက်ဆည်းပူးသူတို့အား သာသနာ့လုပ်ငန်းမျိုးစုံအတွက် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ပေးနိုင်လိမ့်မည်။ တချို့ကိုသူနာပြုများအဖြစ်၊ တချို့ ကိုဓမ္မစာပေဖြန့်ချိသူများအဖြစ်၊ တချို့ကိုဓမ္မဆရာများအဖြစ်၊ တချို့ကို ကျောင်းဆရာများအဖြစ်နှင့် တချို့ ကိုဧဝံဂေလိဓမ္မဆရာများအဖြစ် သင်တန်း ပေးသွားနိုင်လိမ့်မည်။ Letter 113, 1903. Ev, 23.4]. EvBur 12.1
ဧဝံဂေလိလုပ်ငန်းလုပ်ဆောင်ရန်သူတို့ကိုသွန်သင်ပါ - ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်ဆက်နွှယ်လျက်ရှိသောဆေးရုံများ၊ ပုံနှိပ်တိုက်များနှင့်စာသင်ကျောင်း များတို့ကို ဧဝံဂေလိလုပ်ငန်းလုပ်ကိုင်ရန်အတွက် လူငယ်များတို့အားသွန်သင် ရန် ခေါ်တော်မူသည်။ ကျွန်ုပ်တို့၏အချိန်နှင့်ခွန်အားတို့ကို ဆေးရုံများ၊ အစာရောင်းချသောဆိုင်များ၊ စားသောက်ဆိုင်များတို့၌ များစွာရင်းနှီးမြှုပ်နှံ အသုံးပြုကာ အခြားသောလုပ်ငန်းများကို မမေ့လျော့စေရပါ။ သာသနာ့လုပ်ငန်း၊ ကျမ်းစာသင်ကြားခြင်းလုပ်ငန်းနှင့်ဓမ္မစာပေဖြန့်ချိခြင်းလုပ်ငန်းများ၌ ပါဝင် လုပ်ကိုင်သင့်ကြသောလူငယ်လူရွယ်များတို့ကို စက်မှုလုပ်ငန်းများ၌သာ လုပ်ကိုင် ခွင့်ပြုရန်မသင့်လျော်ပါ။ Review and Herald, May 16, 1912. [Ev , 24.1]. EvBur 12.2
သန်မာသောလူငယ်များကို ခေါ်ယူခြင်း - သာသနာ့လုပ်ငန်းကို သတ္တိရှိရှိ ဖြင့် ယုံကြည်စိတ်ချစွာ အဆင်သင့်ဆောင်ရွက်ရန်မည်သူများရှိနေပါသနည်း။ “ငါ့သား၊ ယနေ့ငါ့စပျစ်ဥယျာဉ်သို့သွား၍လုပ်ဆောင်ပါ” ဟုဘုရားရှင်ခေါ်နေ ပါသည်။ မိမိကိုယ်ကိုဘုရားရှင်အတွက်ဆက်ကပ်သောလူငယ်များတို့ကို လူတို့ အား မှားယွင်းသောရှေးဘိုးဘေးများယူဆချက်နှင့်ဆန့်ကျင်သည့်အမှန်တရားကို ဟောပြောနိုင်ရန် တန်ဆာပလာအဖြစ် ယနေ့ဘုရားရှင်ရွေးချယ်ပေလိမ့်မည်။ နှုတ်ကပတ်တော်ကို မိမိတို့၏စိတ်နှလုံးသားထဲ၌သိုမှီးထားလျက် သူတစ်ပါး တို့အား အမှန်တရားကိုဝေငှလိုသော ခွန်အားရှိလူငယ်များတို့အပေါ် ဤတာဝန် ကို ဘုရားရှင်ချပေးပါစေသော။ Manuscript, p. 134, 1898. [Ev , 24.2]. EvBur 12.3
နောက်မဆုတ်သောသူများ - ဘုရားရှင်အပေါ်သစ္စာရှိသောသူများ၊ စိတ်နှလုံးနှိမ့်ချ၍ ဧဝံဂေလိလုပ်ငန်း၏လိုအပ်ချက်ကိုသိရှိပြီး နောက်ဆုတ်သူ များမဟုတ်၊ နေ့စဉ်လုပ်ငန်းကို သစ္စာရှိစွာလုပ်ဆောင်သူများ၊ လိုအပ်ချက်တိုင်း အတွက် အမအစနှင့်ခွန်အားကိုရရှိရန် ဘုရားရှင်အပေါ်မှီခိုအားကိုးသူများကို ဘုရားရှင်ခေါ်လျက်ရှိသည်။ ဘုရားရှင်ကိုချစ်၍ကြောက်ရွံ့သူများတို့အားဖြင့် သတင်းစကားကိုသယ်ဆောင်ရပါလိမ့်မည်။ သင်၏ဆောင်ရွက်ရမည့်တာဝန် ကို နယ်ဌာနချုပ်အပေါ်မချထားပါနှင့်။ “ဘုရားသခင်မိန့်တော်မူသောနှုတ်ကပတ် တော်” ကို ဧဝံဂေလိဓမ္မဆရာများအဖြစ် နှိမ့်ချသောစိတ်ဖြင့်သွား၍ဟောပြော တင်ဆက်ပါ။ Letter 43, 1905. [24.3]. EvBur 13.1