ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
မြို့ပေါ် သာသနာ့သင်တန်းကျောင်း
လုပ်ငန်းအတွက်အခြေခံအုတ်မြစ်ချခြင်း - မှောင်မိုက်ထဲ၌ရှိနေကြသော သူများအတွက် အမှန်တရား၏ဆရာတစ်ဦးဖြစ်လာရန် ပုဂ္ဂိုလ်တစ်ဦးအား ပြင်ဆင်သည့်အခါ၊ သူသည် သင်ယူသူတစ်ဦးအဖြစ် ဦးစွာဖြစ်ရပါမည်။ အရေးကြီးသောနေရာတစ်ခုအတွက် အထူးကြိုးစားမှုပြုရန်လိုအပ်သည့်အခါ တိုင်း ကောင်းသောစနစ်တကျလုပ်ငန်းကို အခြေချသင့်သည်။ သို့မှသာ ရှိသောသူများဖြစ်စေ၊ မိမိတို့၏လုပ်ငန်းကိုထိရောက်အောင်မြင်စွာဆောင်ရွက် ဓမ္မစာပေရောင်းချဖြန့်ချိလိုသောသူများဖြစ်စေ၊ ကျမ်းစာသင်တန်းပို့ချရန်ဆန္ဒ နိုင်ရန် လိုအပ်သည့်ညွှန်ကြားမှုများကို ရရှိကြပါလိမ့်မည်။ EvBur 117.2
အမှုဆောင်ဖြစ်လိုသောသူများတို့သည် ကျွန်ုပ်တို့၏သာသနာ့ဌာနနှင့် သော်လည်းကောင်း၊ သင်တန်းကျောင်းများနှင့်သော်လည်းကောင်း ဆက်သွယ် မှုပြုလုပ်သင့်သည်။ ဝိညာဉ်အောင်မြင်ရန်အတွက် ကျွမ်းကျင်မှုကိုပေးမည့် သင်တန်းရယူရန်လိုအပ်ကြောင်း သူတို့အနေဖြင့် သိရှိသင့်ကြပါသည်။ ဤကျောင်းများတို့၌ အလုပ်အမျိုးမျိုးရှိသင့်သည်။ ကျမ်းစာလေ့လာခြင်းသည် အဓိကအရေးအကြီးဆုံးအရာဖြစ်ပြီး၊ တစ်ချိန်တည်း၌ စိတ်ဓာတ်နှင့်ပုံပန်း သဏ္ဌာန်ကို စနစ်တကျရှိစေရန်ပို့ချသင့်သည်။ သို့မှသာ သူတစ်ပါးတို့အား အကောင်းဆုံးနည်းဖြင့်ချဉ်းကပ်နိုင်လိမ့်မည်။ အမှုထမ်းဆောင်သောသူအားလုံး တို့သည် လိမ္မာပါးနပ်စွာ၊ ယဉ်ကျေးသိမ်မွေ့စွာ၊ ခရစ်တော်၏စိတ်သဘော ထားခြင်းဖြင့် မည်ကဲ့သို့ဆောင်ရွက်ကြရမည်ကို သင်ယူသင့်ကြပါသည်။ Review and Herald, June 14, 1887. [Ev 107.3] EvBur 118.1
ဧဝံဂေလိလုပ်ငန်းကာလအတွင်းအမှုဆောင်များတို့ ကိုသင်တန်းပေးခြင်း - မြို့ကြီး များအထဲ၌ လူထုတရားပွဲကျင်းပနေစဉ် အမှုဆောင်များအတွက် ကျမ်းစာ သင်တန်းကျောင်းဖွင့်သောအခါ၊ လုပ်ငန်းကိုကောင်းမွန်မျှတစွာကျင်းပနိုင်ပါ လိမ့်မည်။ သင်တန်းကျောင်း၊ သို့မဟုတ် မြို့တွင်းသာသနာ့လုပ်ငန်းနှင့် ဆက်နွှယ်သောလုပ်ငန်း၌ ဝိညာဉ်ခွန်အားနက်ရှိုင်းစွာဗဟုသုတရှိသူများ၊ နေ့စဉ် ကျမ်းစာအမှုထမ်းများကို သင်တန်းပေးနိုင်သူများနှင့် လူထုတရားပွဲ၌ စိတ်နှလုံး ကိုလုံးလုံးဆက်ကပ်နိုင်ရန် စည်းလုံးနိုင်သူများပါရှိရပါမည်။ ထို့နောက်လူများ တို့သည် အမှန်တရားသို့ပြောင်းလဲလာသည်နှင့်အညီ အသင်းတော်၏လုပ်ငန်း ၌ များစွာဆုတောင်းခြင်းအားဖြင့် အသစ်ပြောင်းလဲလာသူများတို့အား မိမိ တို့၏စိတ်နှလုံးထဲ၌ အမှန်တရား၏တန်ခိုးကို မည်ကဲ့သို့မြည်းစမ်းနိုင်ကြောင်း တာဝန်ရှိပုဂ္ဂိုလ်များတို့သည် ပြသရပါလိမ့်မည်။ အကယ်၍ မည်ကဲ့သို့ပါးနပ် စွာဆောင်ရွက်ရမည့်အကြောင်းကို နားလည်သည့်ပုဂ္ဂိုလ်များဆောင်ရွက်သွား ပါက မှောင်မိုက်ထဲ၌အလင်းထွန်းလင်းနိုင်မည်ဖြစ်ပါ သည်။ Gospel Workers, pp. 364, 365. [Ev 108.1] EvBur 118.2
ကမ္ဘာလှုပ်ရှားသောနယ်ကျောင်း - ဟပ်(စ်)ကဲ(လ်) (Haskell) ဇနီးမောင်နှံနှစ်ဦး တို့သည် မြို့တစ်မြို့၏အကောင်းဆုံးသောနေရာ၌ အိမ်တစ်ဆောင်ကိုငှားယူပြီး ကူညီမစသူများကိုခေါ်ယူကာ တစ်နေ့ပြီးတစ်နေ့ ကျမ်းစာသင်ခြင်း၊ ဓမ္မစာပေ ရောင်းချခြင်းနှင့်ဆေးသာသနာပြုလုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ဝတ်ပြု ကိုးကွယ်ခြင်းအချိန်၌ အမှုဆောင်များတို့သည် မိမိတို့၏ဗဟုသုတများကို ပြောပြကြပါသည်။ ကျမ်းစာဖတ်ခြင်းနှင့်ဓမ္မစာပေရောင်းချခြင်းသင်တန်းကို လည်း ကောင်းမွန်စွာရရှိကြသည်။ သူတို့၏ဆောင်ရွက်မှုများတို့ကို ဘုရားရှင် ကောင်းချီးပေးသောကြောင့် အမှန်တရားကိုလူအချို့တို့လက်ခံကြပြီး အများ သောသူတို့သည် စိတ်ပါဝင်စားလာကြပါသည်။ [Ev 108.2] EvBur 119.1
ဤအတိုင်း အခြားသောမြို့ များတို့၌လည်း ပြုလုပ်သင့်ကြသည်။ ဤမြို့များတို့၌သွားရောက်အလုပ်လုပ်ကိုင်ကြသော လူငယ်လူရွယ်များတို့သည် ဆက်ကပ်၍ဗဟုသုတရှိသောခေါင်းဆောင်များတို့၏ညွှန်ကြားမှုအောက်၌ ဆောင်ရွက်သင့်ကြသည်။ အမှုဆောင်များအတွက် ဤလူငယ်များတို့အား သင်တန်းကောင်းမွန်စွာပေးနိုင်ရန် ကောင်းသောအိမ်ကိုပြင်ဆင်ပေးကြပါစို့။ Review and Herald, Sept. 7, 1905. [Ev 108.3] EvBur 119.2
ဗဟုသုတရှိသောအမှုဆောင်နှင့်ပေါင်းဖက်လုပ်ဆောင်ခြင်း - ဓမ္မအမှုဆောင် များ၊ ကျမ်းစာဝန်ထမ်းများနှင့်ဓမ္မစာပေအမှုဆောင်များကို ဘုရားသခင်ခေါ်လျက် ရှိသည်။ ကျွန်ုပ်တို့၏လူငယ်လူရွယ်များတို့ကို ဓမ္မအမှုဆောင်များ၊ ကျမ်းစာ ဝန်ထမ်းများအဖြစ် အောင်မြင်စွာမည်ကဲ့သို့အလုပ်လုပ်ရမည်ကို လမ်းပြနိုင် သောဗဟုသုတရှိသည့်အမှုဆောင်တစ်ဦးနှင့်အတူထွက်၍ အမှုတော်လုပ်ငန်း၌ လုပ်ဆောင်စေပါ။ Manuscript 71, 1903. [Ev 109.1] EvBur 119.3
ခရစ်တော်နည်းလမ်းဖြင့် သင်တန်းပေးခြင်း - မိမိတို့၏သခင်နှင့်ပေါင်းသင်း ကြသည့်အခါ၊ တပည့်တော်များတို့သည် သာသနာ့လုပ်ငန်းအတွက် လက်တွေ့ သင်တန်းကိုရရှိကြပါသည်။ အမှန်တရားကို သူတို့သခင်မည်ကဲ့သို့တင်ဆက် ဟောကြားခြင်းကို သူတို့ကြားရပြီး၊ သူ၏လုပ်ငန်းမှမေးမြန်းလာသော ရှုပ်ထွေး သည့်မေးခွန်းများတို့ကို သူမည်ကဲ့သို့ဖြေရှင်းခဲ့ကြောင်း တွေ့မြင်ခဲ့ရပါသည်။ ရောက်ရှိသည့်နေရာတိုင်း၌ လူနာများကိုမည်ကဲ့သို့ကုသမှုပြုခဲ့ကြောင်းကိုတွေ့မြင် ရပြီး ဆင်းရဲသောသူများထံသို့ ဧဝံဂေလိတရားကို မည်ကဲ့သို့ဟောကြားခဲ့ ကြောင်း သူတို့ကြားခဲ့ရပါသည်။ ကျွန်ုပ်တို့၏အချိန်၌ မှတ်တမ်းတင်ထား သော သူ၏အသက်တာအားဖြင့် သူ၏လုပ်ဆောင်ပုံစနစ်ကို ကျွန်ုပ်တို့အားလုံး သင်ယူရပါမည်။ Letter 208a, 1902. [Ev 109.2] EvBur 119.4
ကောင်းမွန်စွာသင်တန်းပေးခြင်းသည် အရည်အချင်းကို ပွားများလာစေခြင်း - လုပ်ငန်းအတွက် သင်တန်းနှင့်ပညာရရှိသောအမှုဆောင်တစ်ဦးသည် ခရစ်တော် ၏ဝိညာဉ်တော်အုပ်စိုးခြင်းကိုခံရပါက၊ ပညာအားဖြင့်နည်း၍ ယုံကြည်ခြင်း၌ အားနည်းသောအမှုဆောင် (၁၀) ယောက်ထက် လုပ်ငန်းကိုပို၍ပြီးမြောက် အောင် ဆောင်ရွက်နိုင်ပါသည်။ ဘုရားရှင်အကြံပြုခြင်းနှင့်အညီသော်လည်း ကောင်း၊ မိမိတို့၏ညီအစ်ကိုများတို့နှင့် စည်းလုံးသောအားဖြင့်သော်လည်း ကောင်း အမှုထမ်းဆောင်သောအမှုဆောင်တစ်ဦးသည် ဘုရားရှင်အပေါ်မှီခို ရန်မလိုအပ်ဟုထင်ပြီး အမှုတော်၏စီမံကိန်းနှင့်အညီ မဆောင်ရွက်သောသူ (၁၀) ယောက်ထက် ကောင်းသောအရာကိုပို၍ထိရောက်စွာလုပ်ဆောင်နိုင်ပါ သည်။ Review and Herald, May 29, 1888. EvBur 120.1
သင်တန်းဌာနနှင့် ဆက်လက်လုပ်ဆောင်ခြင်းလုပ်ငန်း - ကောင်းမွန်စွာစနစ် တကျဆောင်ရွက်ခဲ့သော စခန်းအစည်းအဝေးအားဖြင့် ပတ်ဝန်းကျင်မှလှုပ်ရှား မှုရှိလာပြီးနောက်ပိုင်းတွင် အမှုဆောင်များတို့သည် လုပ်ငန်းကိုရပ်ဆိုင်းလိုက် ပြီး အခြားတစ်နေရာသို့ပြောင်းရွှေ့သွားကြမည်လား။ ထိုသို့မဖြစ်စေရပါ။ ကျွန်ုပ်ပြောလိုသည်မှာ အမှုဆောင်များတို့ကို ကျမ်းစာသင်ပေးမည့်သူတစ်ဖွဲ့၊ ဓမ္မစာပေများကိုရောင်းချမည့်သူတစ်ဖွဲ့၊ စာစောင်များဝေငှဖြန့်ဖြူးမည့်သူတစ်ဖွဲ့ အစရှိသဖြင့် တာဝန်ခွဲဝေပေးလိုက်ပါ။ အမှုဆောင်များတို့ကို လုပ်ငန်းအသီးသီး ၌ပညာပေးခြင်းအားဖြင့် ပြင်ဆင်မှုပြုနိုင်ရန် သာသနာ့အိမ်တစ်လုံးရှိစေပါ။ လုပ်ငန်းမပျက်ပြားစေရန်အတွက်ဖြစ်သည်။ ဘုရား သခင်၏အမှုဆောင်များမှ လူတို့၏စိတ်ကို ကောင်းသောဆွဲဆောင်မှုပြုခဲ့သည့် တန်ခိုးသြဇာမပျောက်ပျက် သွားရန်လိုအပ်ပါသည်။ Ev109.4] EvBur 120.2
တစ်အိမ်မှတစ်အိမ်သို့ သွားရောက်ပြီး ဝိညာဉ်များကိုရှာဖွေခြင်း၊ ပျောက်သောသိုးများကိုရှာဖွေခြင်းလုပ်ငန်းသည် ကျွန်ုပ်တို့လုပ်ဆောင်ရန်လိုအပ် သော အရေးအကြီးဆုံးလုပ်ငန်းဖြစ်သည်။ ဝိညာဉ် (၇၅) လုံးအသင်းတော် သို့ရောက်ရှိလာပြီး၊ ဤအတွက်ဘုရားသခင်ကိုကျေးဇူးတင်သည်။ လူပေါင်း (၅၀) တို့သည် စခန်းအစည်းအဝေးအချိန်မှစ၍ အမှန်တရားကိုခင်တွယ်ခဲ့ ပါသည်။ Letter 137, 1898. [Ev 110.1] EvBur 121.1