ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ကွဲပြားခြင်းထဲမှစည်းလုံးခြင်း
မတူညီသောဆု ကျေးဇူးများ၌ ဘုရားသခင်၏စီမံကိန်း - ဘုရားသခင်၏ အစီအစဉ်အားလုံးအထဲတွင် လူတို့အားကွဲပြားသောဆုကျေးဇူးများကိုချပေးခြင်း ထက် ပို၍လှပကောင်းမွန်သောအရာမရှိပါ။ အသင်းတော်သည် သစ်ပင်အမျိုးမျိုး၊ အပင်အနှံအမျိုးမျိုးနှင့်ပန်းအမျိုးမျိုးအားဖြင့် စီခြယ်ထားသော ဘုရားရှင်၏ ဥယျာဉ်ဖြစ်သည်။ အပင်ငယ်များတို့သည် အပင်ကြီးများကိုဖုံးအုပ်ရန်သော် လည်းကောင်း၊ သံလွင်ပင်သည် ထင်းရှူးပင်များတို့ထက်မြင့်ရန်အတွက်သော် လည်းကောင်း သူအလိုမရှိပါ။ အများသောပုဂ္ဂိုလ်တို့သည် အသိတရားနှင့် ဘာသာရေးသင်တန်းအနည်းငယ်သာရရှိကြပါသည်။ သို့သော် အကယ်၍ နှိမ့်ချသောစိတ်၊ ဘုရားကိုကိုးစားသောသဘောဖြင့် ကြိုးစားလုပ်ဆောင်ပါက ဤလူတန်းစားအတွက် ဘုရားရှင်၌အလုပ်ရှိပါသည်။ Letter 122, 1902. [Ev 98.3] EvBur 106.2
ပန်းမျိုးစုံကဲ့သို့ ခြားနားသောစာရိတ္တများ - မကုန်ဆုံးနိုင်သောအပင်အနှံနှင့် ပန်းအမျိုးမျိုးတို့မှ အရေးကြီးသောသင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်ပါသည်။ ဖူးပွင့်လျက်ရှိသောပန်းအားလုံးတို့သည် အရွယ်အစားနှင့်အရောင်မတူကြပါ။ တချို့ကုသမှုပြုနိုင်သည့်တန်ခိုးရှိသည်။ တချို့ အမြဲမွှေးကြိုင်လျက်ရှိသည်။ ခရစ်ယာန်အားလုံးတို့ကို သူတို့နှင့်တူအောင်ပြုလုပ်ရမည့်တာဝန်ရှိသည်ဟုထင် ကြသော ယုံကြည်သူခရစ်ယာန်များရှိကြပါသည်။ ဤထင်မြင်ချက်သည် လူ၏စီမံကိန်းဖြစ်သည်။ ဘုရားသခင်၏စီမံကိန်းမဟုတ်ပါ။ ဘုရားသခင်၏ အသင်းတော်တွင် ဥယျာဉ်များအထဲ၌ရှိနေသည့်ပန်းများကဲ့သို့ ခြားနားသော စာရိတ္တအမျိုးမျိုးအတွက် နေရာရှိပါသည်။ သူ၏ဝိညာဉ်ရေးဥယျာဉ်ထဲ၌ ကွဲပြားသည့်ပန်းအမျိုးပေါင်းများစွာရှိသည်။ Letter 95, 1902. [Ev 99.1] EvBur 107.1
စိတ်ထားနှင့်အတွေးအခေါ်များအထဲ၌ခြားနားခြင်း - မတူညီကြသောစိတ်ဓာတ်၊ အတွေးအခေါ်များ၊ စိတ်တစ်လုံးတစ်ဝတည်းဖြစ်ရန်၊ အမှန်တရားသို့ဝိညာဉ် များပြောင်းလဲပြီး လူအားလုံးတို့ကိုကပ်တိုင်သို့ပို့ဆောင်ရန်ဖြစ်သည်။ Letter 31, 1892. [Ev 99.2] EvBur 107.2
အထူးလုပ်ငန်းအတွက်အထူးစွမ်းရည်များ - အမှုဆောင်တစ်ဦးသည် စကား ပြောကောင်းသောသူ၊ အခြားတစ်ဦးသည် စာရေးတော်သောသူ၊ အခြားတစ်ဦး ၌ရိုးသားကြိုးစား၍ လုံ့လဝီရိယဖြင့်ဆုတောင်းသောသူ၊ အခြားသောသူသည် အဆိုကျော်၊ အခြားသောသူသည် နှုတ်ကပတ်တော်ကိုရှင်းလင်းစွာရှင်းပြနိုင်သူ အစရှိသဖြင့် အမျိုးမျိုးဆုကျေးဇူးတစ်ခုစီတို့သည် ဘုရားသခင်၏တန်ခိုးဖြစ် လာရပါမည်။ အကြောင်းမှာ ဘုရားသခင်သည် အမှုထမ်းများနှင့်အတူအလုပ် လုပ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် တစ်ယောက်သောသူအား ဉာဏ်ပညာ၊ တစ်ယောက်သောသူအားထိုးထွင်းဉာဏ်၊ တစ်ယောက်သောသူ အား ယုံကြည်ခြင်းပေးပါ၏။ သို့သော် အားလုံးတို့သည် ခေါင်းတစ်ခုတည်း အောက်၌ အလုပ်လုပ်ကြရပါမည်။ ကွဲပြားသောဆုကျေးဇူးများတို့သည် ကွဲပြား သောလှုပ်ရှားမှုပြုရကြပါမည်။ သို့သော် “ခပ်သိမ်းသောသူတို့၌ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တစ်ပါးတည်းရှိ၏” ၁ကော ၁၂း၆။ [Ev 99.3] EvBur 107.3
ဘုရားသခင်၏ဆန္ဒသည် သူရွေးချယ်ထားသောအမှုဆောင်များ အတူတကွစည်းလုံးစွာအလုပ်လုပ်ကြရန်ဖြစ်သည်။ အချို့သောအမှုဆောင်များ တို့သည် မိမိတို့ရရှိသောဝိညာဉ်ဆုကျေးဇူးများ တစ်ဦးနှင့်တစ်ဦးများစွာကွာခြား ခြင်းကြောင့် အတူတကွညီညွတ်စွာပူးပေါင်း၍ အလုပ်ကိုလုပ်ကြရန်မဖြစ်နိုင် ပါဟုထင်ကြပါသည်။ သို့သော် မတူညီကြသောစိတ်ဓာတ်ရှိသူတို့အား ဟောပြောရာ၌ အမှုဆောင်တစ်ဦး၏ဆောင်ရွက်ခြင်းကို ကြားနာသိရှိရသူတစ်ဦး မှငြင်းပယ်ပြီး၊ ထိုငြင်းပယ်သောသူသည် အခြားအမှုဆောင်တစ်ဦး၏ဆောင်ရွက် ပုံနှင့်ဟောပြောခြင်းကိုလက်ခံကြောင်း သူတို့နားလည်သဘောပေါက်သည့်အခါ သူတို့သည် အတူတကွလက်တွဲလုပ်ဆောင်နိုင်ကြပေလိမ့်မည်။ သူတို့၏ စွမ်းရည်သတ္တိနှင့်ရရှိသောဆုကျေးဇူးသည် မည်ကဲ့သို့ခြားနားစေကာမူ ဝိညာဉ် တစ်ခုတည်း၏အောက်၌ ထိန်းချုပ်ခြင်းခံနေရပါသည်။ ပြောဆိုဆောင်ရွက် လေသမျှတို့၌ ကြင်နာခြင်းနှင့်မေတ္တာပေါ်လွင်ရမည်ဖြစ်ပြီး တစ်ဦးစီ၏တာဝန် ကို သစ္စာရှိစွာဖြင့်ထမ်းဆောင်ခြင်းကြောင့် တပည့်တော်များစည်းလုံးခြင်းအတွက် ခရစ်တော်၏ဆုတောင်းချက်ပြည့်စုံမည်ဖြစ်သည်။ ကမ္ဘာမှလည်း ထိုသူတို့ အား ခရစ်တော်၏တပည့်တော်များဖြစ်ကြောင်း သိရှိရလိမ့်မည်။ [Ev 99.4] EvBur 108.1
မြို့ကြီးများရှိအမှုတော်ဆောင်များတို့၌ ဆောင်ရွက်ရန်လုပ်ငန်းများစွာရှိ သည်။ အကောင်းဆုံးအကျိုးရရှိရန် ကြိုးစားကြရမည်။ သူတို့သည် ယုံကြည် ခြင်းအကြောင်းကိုပြော၍ ဆောင်ရွက်မှု၌ သူတစ်ပါးတို့၏စိတ်ကိုဆွဲဆောင် နိုင်ရမည်။ မိမိတို့၏အတွေးအခေါ်အားဖြင့် လုပ်ငန်းကိုထိခိုက်မှုမဖြစ်စေရပါ။ ယခင်အချိန်၌ ဤကဲ့သို့ကြိမ်ပေါင်းများစွာဆောင်ရွက်ခဲ့သောကြောင့် အမှုတော် ၌အောင်မြင်မှုမရှိခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၌ ခြားနားသောလမ်းစဉ်များ ရှိကြောင်းနှင့် သူယုံကြည်စိတ်ချရသော ခြားနားသည့်မတူညီသောဆုကျေးဇူး ရရှိသည့် အမှုဆောင်များရှိကြောင်းသတိရပါ။ Testimonies, vol. 9, pp. 144-146. (1909) [Ev 100.1] EvBur 108.2
အမှုဆောင်များကွဲပြားရန်မာရ်နတ်၏ကြိုးစားမှုများ - မြို့ပေါ်ရှိလူထုများအတွက် ကျွန်ုပ်တို့စတင်၍အမှုထမ်းကြသည်နှင့်အမျှ ကျွန်ုပ်တို့၏ဆောင်ရွက်မှုအင်အား ကိုဖျက်ဆီးရန်မျှော်လင့်လျက် မာရ်နတ်သည် အစွမ်းကုန်ရှုပ်ထွေးစေလိမ့်မည်။ ကောင်းမွန်စွာပြောင်းလဲခြင်းမရှိသောသူတို့သည် မာရ်နတ်၏အကြံပြုခြင်းကို ဘုရားရှင်၏ဝိညာဉ်တော်ပို့ဆောင်သကဲ့သို့ထင်ပြီး လိုက်ပါသွားနိုင်သည့် အန္တရာယ်အမြဲရှိနေပါသည်။ ဘုရားရှင်ကျွန်ုပ်တို့အား အလင်းပေးထားသည် နှင့်အမျှ အလင်းထဲ၌လျှောက်လှမ်းကြပါစို့။ Manuscript 13, 1910. [Ev 100.2] EvBur 109.1
မာရ်နတ်၏စီမံကိန်းများကိုသတိထားခြင်း - အမှုတော်ကိုထမ်းရွက်သောသူ အားလုံးတို့၌ စိတ်ဓာတ်ခြင်းမတူညီကြပါ။ သူတို့သည် ပညာ၌သော်လည်း ကောင်း၊ သင်တန်းရယူရာ၌သော်လည်းကောင်း မတူကြပါ။ ထိုကြောင့် စာရိတ္တခြားနားကြသောကြောင့် နေ့စဉ်ပြောင်းလဲသူများမဖြစ်ကြပါက ရည်ရွယ် ချက်များခြားနားခြင်းနှင့် အမှုတော်ကိုဆောင်ရွက်ကြမည်မှာ သေချာပါသည်။ [Ev 100.3] EvBur 109.2
မာရ်နတ်သည်နေ့စဉ်လုပ်ဆောင်ရန်သူ၏စီမံကိန်းရှိသည် - နည်းလမ်းအမျိုးမျိုး ဖြင့် ယေရှုခရစ်တော်အတွက်သက်သေခံသောသူများတို့၏လမ်းကို ကာဆီး လျက်ရှိသည်။ ယခုအကယ်၍လှုပ်ရှားလျက်ရှိသော ယေရှု၏ကိုယ်စားလှယ် များတို့သည် ယေရှုထံသည်းခံ၊ နှိမ့်ချ၊ နူးညံ့သိမ်မွေ့သောသဘောမရရှိပါက မာရ်နတ်လက်တွင်းသို့ ရောက်ရှိကြမည်ဖြစ်သည်။ မာရ်နတ်သည် လိမ္မာပါးနပ် စွာဖြင့် အမြဲစောင့်နေသောကြောင့် အမှုဆောင်များတို့သည် အကယ်၍ဆုတောင်း ခြင်းမရှိခဲ့ပါက မထင်မမှတ်သောအချိန်၌ သူတို့ကိုအနိုင်ယူလိမ့်မည်။ ညအချိန် သူခိုးလာသကဲ့သို့ သူတို့ကိုတိတ်တဆိတ်ဆောင်ယူသွားပြီး သူ၏ကျွန်များ ဖြစ်စေလိမ့်မည်။ ထိုနောက် အမှုဆောင်တစ်ဦးစီတို့၏စိတ်နှလုံးထဲ၌အလုပ်လုပ် ပြီး သူတို့တစ်ဦးစီ၏အတွေးအခေါ်နှင့်အကြံအစည်များကို ညစ်ညူးစေပြီး၊ ၎င်းအန္တရာယ်ကို တစ်ပါးသူထံကြားသိရသောအခါ တစ်ဦးတစ်ယောက်မှ သူတို့ကိုထိခိုက်ဒဏ်ရာပေးနေပြီး သူတို့၏သြဇာကိုအားနည်းစေရန် ကြိုးစား နေကြောင်းခံစားရလိမ့်မည်။ ထိုအခါသူတို့သည် အမှုတော်လုပ်ငန်းကို တစ်မျိုးစီ ဆောင်ရွက်ကြလိမ့်မည်။ [Ev 101.1] EvBur 109.3
လုပ်ငန်းရပ်တန့်ခြင်း၊ မှားယွင်းသောလုပ်ဆောင်ခြင်းကြောင့် မာရ်နတ် ဝမ်းသာလိမ့်မည်။ အကယ်၍ အမှုဆောင်များတို့သည် ကိုယ်ကျိုးကိုမငဲ့၊ ဂရုပြုခြင်းမရှိ၊ မကောင်းသောသိက္ခာကိုသိုထားခြင်းမပြုပါက ကောင်းသော အလုပ်နှင့်ပို၍ကြီးကျယ်သောအလုပ်ကို မိမိတို့၏ပေါင်းစည်းထားသည့် ကောင်းသောစာရိတ္တဖြင့် လုပ်ဆောင်နိုင်ကြပါလိမ့်မည်။ သူတို့၏ခရစ်တော် ၌စည်းလုံးသော မတူညီကြသည့်စွမ်းရည်သည် သူတို့၏အသုံးဝင်သောတန်ခိုး ဖြစ်ပါလိမ့်မည်။ အကယ်၍ စပျစ်နွယ်ပင်၏မတူညီကြသောအကိုင်းအသီးသီး တို့သည် ပင်မကြီးနှင့်ဆက်သွယ်သကဲ့သို့ ဆက်သွယ်ခဲ့ပါက များစွာသော အသီးကိုသီးပါလိမ့်မည်။ သူတို့၏ကွဲပြားခြင်းသည် လုံးလုံးတူညီရပါလိမ့် မည်။ အကြောင်းမှာ ပင်မကြီးမှခွန်အားရရှိနိုင်ခြင်းကြောင့်သာဖြစ်သည်။ [Ev 101.2] EvBur 110.1
အမှုဆောင်များ၌ရှိနေသည့် စည်းလုံးခြင်းလိုအပ်နေခြင်းကို ဘုရားသခင် မနှစ်သက်ပါ။ မိမိတို့၏လမ်းစဉ်အတိုင်း လုပ်ငန်းကိုဆောင်ရွက်ကြသော ကြောင့် သူ၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းခြင်းပြု၍မရပါ။ ဘုရားသခင်၏လမ်းကိုသာလိုက်ရကြမည်။ မာရ်နတ်နှင့်သူ၏ဆိုးသွမ်းသော အဖွဲ့ထံမှ ကြီးစွာသောစိတ်ဓာတ်ကျစရာယူဆောင်လာမည်။ သို့သော် “သင်တို့ အားလုံးညီအစ်ကိုများဖြစ်သည်။” သင်တို့တစ်ဦးစီ၏မဖြူစင်သောစာရိတ္တအား ဖြင့် . တစ်ယောက်နှင့်တစ်ယောက်စိတ်ဓာတ်ကျစေပါက သင်တို့အနေဖြင့် ဘုရားသခင်ကိုပြစ်မှားရာရောက်ပါလိမ့်မည်။ Letter 31, 1892. ဝေ EvBur 110.2
အတူတကွလုပ်ဆောင်ပါ၊ အတူတကွလုပ်ဆောင်ပါ - ကိုယ့်ကိုကိုယ်ချစ်ခြင်း၊ ဝါကြွားခြင်း၊ မိမိကိုယ်ကိုယုံကြည်စိတ်ချခြင်းတို့သည် ဘာသာရေးလောက၌ အကြီးမားဆုံးသောစုံစမ်းခြင်းများနှင့် ကွဲပြားမှုများတို့၏အခြေခံအုတ်မြစ်ဖြစ် သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ကျွန်ုပ်အားကောင်းကင်တမန်ပြောသည်မှာ၊ “တစ်သဘောတည်း၊ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် အတူတကွလုပ်ဆောင်ပါ၊ အတူတကွလုပ်ဆောင်ပါ။” ခရစ်တော်သည် သင်တို့၏ခေါင်းဆောင်ဖြစ်သည်။ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြသည်။ သူ့နောက်သို့လိုက်ပါ။ Letter 4, 1890. [Ev 102.1] EvBur 111.1
ရာထူးမက်မောခြင်းအတွက်ခိုက်ရန်ဖြစ်ပွားခြင်း - ယုံကြည်စိတ်ချမှု၌ အတူ တကွဆက်စပ်ခြင်း၊ သန့်ရှင်းမွန်မြတ်သောမေတ္တာတရား၌ချည်နှောင်ထားခြင်း ဖြင့် ညီအစ်ကိုတို့သည် ဖြစ်နိုင်ခြေရှိသောအကူအညီတို့ကို ညီအစ်ကိုတစ်ယောက် နှင့်တစ်ယောက်ထံမှရရှိနိုင်ပေသည်။[Ev 102.2] EvBur 111.2
ရာထူးမက်မောသောစိတ်ဓာတ်ကို သိုမှီးသောသူသည် ဘုရားသခင် ၏နိုင်ငံတော်သို့ဝင်ရောက်နိုင်မည်မဟုတ်ပါ။ အခြားသောအမှုဆောင်တစ်ဦး ဝေဖန်၍အပြစ်ရှာသော ဝန်ထမ်းတစ်ဦး၏စိတ်ထဲ၌ ခရစ်တော်၏ငြိမ်သက် ခြင်းကိန်းအောင်း၍မရပါ။ အကြောင်းမှာ၊ သူအကောင်းဆုံးထင်သည့်အတိုင်း အခြားသူဆောင်ရွက်မည်မဟုတ်ဟုသူယူဆပြီး၊ သူတစ်ပါးသူ့ကိုချီးမွမ်းမည် မဟုတ်ဟုလည်း သူယူဆသောကြောင့်ဖြစ်သည်။ မိမိ၏ညီအစ်ကိုများကို ဝေဖန်ပြီး အပြစ်တင်သောသူအား မည်သည့်အခါမျှဘုရားကောင်းချီးပေးမည် မဟုတ်ပါ။ ဤအလုပ်သည် မာရ်နတ်၏အလုပ်ဖြစ်ပါသည်။ Manuscript 21, 1894. [Ev 102.3] EvBur 111.3
အခြားသူတို့ ၏ဆုကျေးဇူးကို တန်ဖိုးထားခြင်း - ကျွန်ုပ်၏ညီအစ်ကိုတို့၊ ခရစ်တော်၏ထမ်းပိုးကို ကြိုးစား၍သယ်ပိုးပါ။ သင်၏ဝိညာဉ်ရေးစိတ်နေမြင့် ခြင်းအရပ်မှဆင်းလာပြီး နှိမ့်ချခြင်းစိတ်သဘောကိုမွေးမြူပါ။ အပြစ်ပြောဆို တတ်သောအရာအားလုံးကိုစွန့်လွှတ်ပြီး သင်၏ညီအစ်ကိုတို့အား ဘုရားရှင် ပေးထားသောဆုကျေးဇူးများ၏တန်ဖိုးကို တွေ့မြင်လိုသောဆန္ဒရှိပါ။ Letter 125, 1903. [Ev 102.4] EvBur 111.4
စိတ်သဘောထားခြားနားသော်လည်းဝိညာဉ်တော်၌စည်းလုံးခြင်း - ကျွန်ုပ်တို့၏ အိမ်၌ ကွဲပြားခြင်းမရှိ၊ သည်းမခံနိုင်သောစကားမကြားရပါ။ ကျွန်ုပ်၏ အမှုဆောင်များသည် စိတ်သဘောထားခြားနားကြပြီး သူတို့၏လမ်းနှင့်နေထိုင် ပုံမတူညီကြပါ။ သို့သော် ကျွန်ုပ်တို့သည် လှုပ်ရှားမှု၌ညှိနှိုင်းခြင်းရှိကြပြီး ဝိညာဉ်ရေး၌စည်းလုံးစွာရပ်တည်လျက်ရှိသည်။ တစ်ယောက်နှင့်တစ်ယောက် ကူညီအားပေးရန် ရှာဖွေကြသည်။ မတူညီကြသည့်စိတ်နေစိတ်ထားကြောင့် ဤကဲ့သို့သာကွဲပြားနေမည်ဖြစ်ပါက မည်သည့်အကျိုးကိုမျှခံစားရကြမည်မဟုတ် ကြောင်း ကျွန်ုပ်တို့သိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားငယ်သမီး ငယ်များဖြစ်ကြပြီး မည်ကဲ့သို့အသက်ရှင်ရမည်ကို သူ့အားကျွန်ုပ်တို့တောင်း လျှောက်သည်။ ကျွန်ုပ်တို့စိတ်ကျေနပ်ချမ်းသာရန်နှင့် မိမိတို့၏လမ်းအတိုင်း လျှောက်လှမ်းရန်မဟုတ်ပါ။ ဘုရားရှင်နှစ်သက်စေရန်နှင့် သူ၏ဘုန်းတော်ကို ထင်ရှားစေရန်အတွက်ဖြစ်သည်။ Letter 252, 1903. [Ev 102.5] EvBur 112.1