ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

159/163

အခန်း (၂၁)—သတင်းစကားအောင်မြင်ခြင်း

ကျယ်လောင်စွာဖြင့်ကြွေးကြော်မှုပြုသောအခါ

အမှန်တရားမကြာမီအောင်ပြင်ရန် - အချိန်သည်နီးကပ်လျက် တိတ်တဆိတ် လျှို့ဝှက်စွာဖြင့် ကျွန်ုပ်တို့အပေါ်သို့ ညအချိန်၌အသံမမြည်သောသူခိုးချဉ်းကပ် သကဲ့သို့ ရောက်ရှိလာပါသည်။ အခြားလူများအိပ်ပျော်သကဲ့သို့ အိပ်ပျော် ခြင်းမရှိဘဲ ကျွန်ုပ်တို့သည်စောင့်မျှော်လျက် မိမိတို့၏ကိုယ်ကိုဆင်ခြင်နိုင်ကြ သောသူများဖြစ်ကြရန် ဘုရားသခင်ကူညီမစပါစေ။ အမှန်တရားသည် မကြာမီ တင့်တယ်စွာအောင်ပွဲခံမည်ဖြစ်ပြီး ယခုဘုရားသခင်နှင့်အတူအမှုထမ်းသူများ ဖြစ်ရန် ရွေးချယ်ကြသောသူတို့သည် ၎င်းနှင့်အတူအောင်ပွဲခံကြလိမ့်မည်။ အချိန်သည်တိုတောင်းလှပြီး မည်သူမျှအလုပ်မလုပ်နိုင်သောညအချိန်သည် မကြာမီရောက်ရှိလာပါလိမ့်မည်။ Testimonies, vol. 9, p. 135. (1909) [Ev 692.1] EvBur 922.1

ပင်တေကုတ္တေပွဲ၌ကဲ့သို့ ပြောင်းလဲခြင်း - တပည့်တော်များသန့်ရှင်းသော ဝိညာဉ်တော်ရရှိကြပြီးနောက် ပင်တေကုတ္တေပွဲနေ့၌ လူအမြောက်အမြားပြောင်းလဲ သကဲ့သို့ အချိန်အခါသည်ရောက်ရှိလာလိမ့်မည်။ Review and Herald, June 29, 1905. [Ev 692.2] EvBur 922.2

ကားသည် ယခုတိုင်ထောင်ချီသောသူတို့ သည်အလင်းသို့ ရောက်ရှိလာရန်ရှိ - အများသော သူတို့သည် ဧဝံဂေလိဖိတ်ခေါ်ခြင်းကို ဂရုမစိုက်ကြပါ။ သူတို့သည် စမ်းသပ် ခြင်းနှင့်စစ်ဆေးခြင်းခံခဲ့ကြရသည်။ သို့သော် များစွာသောအနှောင့်အယှက် များတို့သည် သူတို့၏မျက်နှာရှေ့၌ပေါ်ထွက်လာပုံပေါ်ပြီး၊ သူတို့၏ရှေ့ဆက် ချီတက်မည့်လမ်းခရီးကို ကာဆီးထားခြင်းပြုပါသည်။ ယုံကြည်ခြင်း၊ ဇွဲနှင့် ရဲရင့်ခြင်းအားဖြင့် အများသောသူတို့သည် ဤဟန့်တားသည့်အရာများတို့ကို အောင်မြင်ကျော်လွှားနိုင်ပြီး ကြီးကျယ်ခမ်းနားသောအလင်းထဲသို့ ထွက်လျှောက် နိုင်ကြပါသည်။ [Ev 692.3] EvBur 922.3

ခက်ခဲကျဉ်းမြောင်းသောလမ်း၌ မထင်မမှတ်သောအကာအဆီးများစွာ စိုက်ထူထားလုနီးပါးတို့နှင့် လမ်းထဲ၌အတားအဆီးကျောက်တုံးလေးများချထား ခြင်းများ စသည့်အရာများအားလုံးလိမ့်သွားကုန်လိမ့်မည်။ မိမိတို့၏သိုးစုများ ပတ်လည်၌ မှားသောသိုးထိန်းများပစ်ချထားသည့် လုံခြုံမှုပေးခြင်းများတို့သည် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပြီး၊ ထောင်ပေါင်းများစွာသောသူတို့သည် အလင်း ထဲသို့ခြေလှမ်းလှမ်းကာ အလင်းကိုဖြန့်ချိရန်ပြုလုပ်သွားလိမ့်မည်။ စွမ်းအား ထက်မြက်သောကောင်းကင်သားများတို့သည် လူသားကိုယ်စားလှယ်များတို့ နှင့်ပေါင်းစည်းကြလိမ့်မည်။ ထိုသို့ဖြင့်ခွန်အားရရှိပြီး အသင်းတော်သည် ဧကန်အမှန်ထ၍လင်းကာ မိမိ၏သန့်ရှင်းသောအင်အားအားလုံးဖြင့် ယှဉ်ပြိုင် မှုထဲ၌ပြိုင်ဘက်ကိုအနိုင်ယူလိမ့်မည်။ ထိုသို့ဖြင့် ဘုရားသခင်၏ရည်ရွယ်ချက် ပြည့်စုံလိမ့်မည်။ ပျောက်ဆုံးသောပုလဲလေးများ ပြန်လည်တွေ့ရှိရလိမ့်မည်။ [Ev 692.4] EvBur 923.1

ပုရောဖက်များတို့သည် ဤကြီးကျယ်ခမ်းနားသောအလုပ်ကို အဝေး မှနေ၍ ကောင်းမွန်စွာတွေ့မြင်နိုင်ပြီး၊ အချိန်နာရီ၏အသိဉာဏ်ဖော်ပြခြင်းကို ရိပ်မိကာ ဖြစ်လာမည့်အရာများ၏အံ့ဖွယ်ဖော်ပြချက်များတို့ကို သိရှိနားလည် ကြပါသည်။ Review and Herald, July 23, 1895. [Ev 693.1] EvBur 923.2

ဖောက်ပြန်သူများစွာပြန်လှည့်လာကြလိမ့်မည် — ညှဉ်းဆဲနှိပ်စက်ခြင်းမုန်တိုင်း ကျွန်ုပ်တို့အပေါ်သို့ အမှန်တကယ်ကျရောက်လာသောအခါ၊ စစ်မှန်သောသိုး တို့သည် စစ်မှန်သောသိုးထိန်း၏အသံကိုကြားရလိမ့်မည်။ မိမိကိုယ်ကိုငြင်းပယ် သောကြိုးစားမှုများသည် ပျောက်ဆုံးသူကိုကယ်ရန်နှင့် သိုးခြံမှလမ်းလွှဲသွား သောသူများစွာတို့သည်ပြန်လာကြပြီး၊ သိုးထိန်းကြီး၏နောက်သို့လိုက်ကြလိမ့် မည်။ ဘုရားသခင်၏သားသမီးများတို့သည် အတူတကွစုရုံးပြီး၊ ရန်သူ၏ ရှေ့၌ ညီညွတ်စွာဖြင့်ရပ်တည်ကြလိမ့်မည်။ ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊ ကျွန်ုပ်တို့၏ညီအစ်ကိုချစ်ခြင်းမေတ္တာတို့သည် ကျွန်ုပ်တို့ခရစ်တော်နှင့်အတူရှိ ပြီး၊ သူ့ထံမှသင်ယူနည်းခံခဲ့ကြကြောင်း ကမ္ဘာသို့သက်သေထူလိမ့်မည်။ ထို့နောက် တတိယကောင်းကင်တမန်သတင်းစကားသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်ပြီး ကမ္ဘာတစ်ခုလုံးသည် ဘုရားသခင်၏ဘုန်းတော်နှင့်ထွန်းလင်း ပေလိမ့်မည်။ Testimonies, vol. 6, p. 401. (1900) [Ev 693.2] EvBur 923.3

ပုံနှိပ်တိုက်အားဖြင့် သြဇာညောင်းခြင်း - အကယ်၍ ကျွန်ုပ်တို့သည် သူ၏ ခြေတော်ရင်း၌နှိမ့်ချပြီး ယုံကြည်ခြင်းရှိမည်ဖြစ်ပါက ဘုရားသခင်သည် ကျွန်ုပ် တို့အတွက်ကြီးမားသောအရာများတို့ကို မကြာမီပြုလုပ်လိမ့်မည်။ မကြာမီ တစ်ရက်အတွင်း လူပေါင်းတစ်ထောင်ထက်မက ပြောင်းလဲလာကြလိမ့်မည်။ အများအားဖြင့် ကျွန်ုပ်တို့၏ပုံနှိပ်ဖြန့်ချိသောစာအုပ်များတို့ကိုဖတ်ရှုကြခြင်း ဖြင့် သူတို့၏ယုံကြည်သက်ဝင်မှုများကို ဦးစွာပြုကြလိမ့်မည်။ Review and Herald, Nov. 10, 1885. [Ev 693.3] EvBur 924.1

၁၈၄၄ ခုနှစ်၏တန်ခိုးပြန်လည်၍ပြောဆိုခြင်း - လူတို့အားကြီးမားစွာ လှုံ့ဆော်ခဲ့သည့် ၁၈၄၄ ခုနှစ်လှုပ်ရှားမှု၏တန်ခိုးသည် တစ်ဖန်ပေါ်လာလိမ့် မည်။ တတိယကောင်းကင်တမန်သတင်းစကားသည် တီးတိုးသံအားဖြင့်မဟုတ် ဘဲ ကျယ်လောင်သောအသံအားဖြင့် ပျံ့နှံ့သွားလိမ့်မည်။ Testimonies, vol. 5, p. 252. (1885) EvBur 924.2

ကျယ်လောင်သောကြွေးကြော်သံ - ကျယ်လောင်သောကြွေးကြော်သံအချိန် အခါ၌ အသင်းတော်သည် ဘုရားသခင်၏ဝင်ရောက်ပါဝင်ပြင်ဆင်ပေးမှုကြောင့် အကူအညီရရှိကာ မြောက်မြားစွာသောကယ်တင်ခြင်း၏အသိတရားပျံ့နှံ့စေရန် အလင်းကိုမြို့ကြီးမြို့ငယ်တိုင်းသို့ ဆက်သွယ်ပေးနိုင်ပါလိမ့်မည်။ ကမ္ဘာကြီး သည် ကယ်တင်ခြင်းအသိတရားနှင့်ပြည့်ဝလျက်ရှိသည်။ ပြင်းထန်စွာလှုပ်ရှား သောကိုယ်စားလှယ်များတို့ကို အလွန်မြောက်မြားစွာသော ဘုရားသခင်၏အသစ် တစ်ဖန်ပြုပြင်ပေးသည့်ဝိညာဉ်အားဖြင့် အောင်မြင်ခြင်းကိုပေးကာ၊ လက်ရှိ အမှန်တရားဇါ အလင်းကို နေရာတိုင်း၌တောက်ပထွန်းလင်းလျက်ရှိသည်ကို တွေ့မြင်ရလိမ့်မည်။ Review and Herald, Oct. 13, 1904. [Ev 694.1] EvBur 924.3