ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

157/163

စမ်းသပ်ခြင်းကာလ

နုနယ်သောအမှုဆောင်များလုပ်ငန်းတာဝန်သို့ ရောက်ရှိလာခြင်း - လုပ်ငန်းသို့ ဝင်ရောက်ရန်ပြင်ဆင်ပြီး ကင်းစခန်းများကိုအင်အားဖြည့်ဆည်းရန် တာဝန်ကျေ သောအမျိုးသားလူပျိုလူရွယ်များရှိကြပါသည်။ အကယ်၍သူတို့သည် ဘုရားရှင် နှင့်အတူနှိမ့်ချစွာလျှောက်လှမ်းကြပါက ဘုရားရှင်သည် သူတို့နှင့်အတူစကား ပြောပြီး သူတို့ကိုညွှန်ကြားမည်ဖြစ်ပါသည်။ သူတို့ကိုကျွန်ုပ်ပြောရမည်မှာ၊ သင်ရှိသောအရပ်၌အလုပ်လုပ်ပါ။ သင့်အတွက်အလွန်တန်ဖိုးရှိသောအမှန် တရားကိုဟောပြောရန် တတ်နိုင်သမျှဆောင်ရွက်ပါ။ ရိုးသားမှုကိုထိန်းသိမ်း ထားပြီး ဖြည့်စွက်ရန်လစ်လပ်နေသည့်တာဝန်ရှိလာသောအခါ “မိတ်ဆွေ၊ ပို၍မြင့်ရာအရပ်သို့တက်လာခဲ့ပါ” ဟူသောအသံကို သင်ကြားရပါလိမ့်မည်။ သင်သည် ရှေ့သို့တိုးတက်ရန် စိတ်ဆန္ဒမရှိဘဲဖြစ်နေပါလိမ့်မည်။ သို့သော် ဘုရားရှင်ကိုယုံကြည်ကိုးစားခြင်းဖြင့် ရှေ့သို့ချီတက်ပါ။ ဝိညာဉ်ဖြူစင်ခြင်း များအားဖြင့် ယုံကြည်ခြင်းနှင့်ပြည့်ဝသောစိတ်နှလုံးသားဖြင့် သူ၏အလုပ်ထဲသို့ သစ်လွင်လန်းဆန်းသောအရာတစ်ခုကို ယူဆောင်လာခြင်းကိုပြုပါ။ အသက်ရေ ကိုသင်ဆာငတ်သကဲ့သို့ ၎င်းကိုခရစ်တော်ထံသို့သင်တောင်းယူပါ။ သင့်အား အသက်ရေကိုသောက်သုံးရန် အခမဲ့ပေးလိမ့်မည်။ သူသည် သင့်အတွက် ထာဝရအသက်စီးဆင်းရာ ရေတွင်းတစ်တွင်းဖြစ်ပါလိမ့်မည်။ Letter9,1899. [Ev 682.3] EvBur 909.2

မှန်ကန်သောအစပြုခြင်းအပေါ်များစွာမူတည်ခြင်း - ဟောပြောရန်ဘုရားသခင် ခေါ်တော်မူသည်ဟု ခံစားရသောပျိုရွယ်သည့်အမျိုးသားများတို့၏အသုံးဝင်ခြင်း သည် မိမိတို့၏လုပ်ငန်းသို့ဝင်ရောက်လုပ်ကိုင်သည့် သူတို့၏လုပ်ကိုင်သော အမူအရာအပေါ် များစွာမူတည်လျက်ရှိသည်။ သာသနာ့လုပ်ငန်းအတွက် ဘုရားသခင်ရွေးချယ်သောသူတို့သည် သူတို့၏အထက်အရပ်မှ ခေါ်တော်မူ ခြင်း၏သက်သေကိုပြသလိမ့်မည်ဖြစ်ပြီး၊ နည်းလမ်းတိုင်းဟူသမျှဖြင့် လုပ်ဆောင် နိုင်သောလုပ်သားများအဖြစ် မိမိတို့၏ကိုယ်ကိုပြုစုပျိုးထောင်ခြင်းကို ရှာကြံ ကြလိမ့်မည်။ Acts of the Apostles, p. 353. (1911) [Ev 683.1] EvBur 910.1

ဝါရင့်ဓမ္မဆရာများနှင့် အတူလုပ်ငန်းကိုအစပြုပါ - သာသနာ့လုပ်ငန်းအတွက် ပြင်ဆင်မှုတစ်ခုပြုလုပ်နိုင်ရန် ပျိုရွယ်သောအမျိုးသားများတို့သည် ဝါရင့်ဓမ္မ ဆရာများတို့နှင့်အတူ လက်တွဲလုပ်ဆောင်သင့်ကြသည်။ လက်ရှိလုပ်ငန်း၌ ဗဟုသုတရှိသောသူတို့သည် ဗဟုသုတမရှိသောလူပျိုလူရွယ်အမှုဆောင်များ တို့ကို သာသနာ့လယ်ပြင်သို့ခေါ်ယူကာ ဝိညာဉ်များပြောင်းလဲခြင်းအတွက် မည်ကဲ့သို့အောင်မြင်စွာလုပ်ဆောင်ရမည်ကို သူတို့အားသွန်သင်ပေးရပါမည်။ သူတို့အားဘုရားသခင်ခေါ်တော်မူသောလုပ်ငန်းအတွက် လူပျိုလူရွယ်များတို့ကို ပြင်ဆင်ရန် ဤဝါရင့်အမှုဆောင်များတို့သည် ကြင်နာစွာနှင့်ချစ်ခင်စွာဖြင့် ကူညီမစကြရပါမည်။ ထိုနောက် သင်တန်း၌ရှိကြသောလူပျိုလူရွယ်များတို့ သည် မိမိတို့သင်တန်းဆရာများတို့၏အကြံပေးချက်များတို့ကိုလေးစားသင့်ပြီး၊ သူတို့၏ဆက်ကပ်အပ်နှံခြင်းကိုတန်ဖိုးထားကာ သူတို့၏ကြာရှည်စွာအမှုထမ်း ခဲ့သောအတွေ့အကြုံအားဖြင့် မိမိတို့အားပညာပေးနေသည်ကို သတိရခြင်းရှိ ကြရပါမည်။[Ev 683.2] EvBur 910.2

လာမှု ဝါရင့်အမှုဆောင်များတို့ကို ပညာပေးသူများဖြစ်စေပြီး ဘုရားသခင် ၏စည်းကမ်းအောက်၌ မိမိတို့၏ကိုယ်ကိုထားရှိစေပါ။ ပျိုရွယ်သောအမျိုးသား များအနေဖြင့် ဝါရင့်အမှုဆောင်များအောက်၌ ပညာဆည်းပူးရခြင်းကို အခွင့် အရေးတစ်ခုဟုခံစားစေပြီး သူတို့အား မိမိတို့၏နုပျိုခြင်းနှင့်ဗဟုသုတခွင့်ပြု သမျှဖြင့် သာသနာ့ဝန်တိုင်းကိုထမ်းရွက်စေပါ။ ဤသို့ဖြင့် ဧလိယသည် ပုရောဖက်ကျောင်း၌ ဣသရေလလူပျိုလူရွယ်များတို့ကို ပညာပေးခဲ့သကဲ့သို့ ယနေ့လူပျိုလူရွယ်များတို့ကိုလည်း ထိုသင်တန်းမျိုးကိုပေးကြရပါမည်။ လူပျို လူရွယ်များမည်ကဲ့သို့ဆောင်ရွက်သင့်ကြသည်ကို ကိစ္စတိုင်း၌တိကျသောအကြံ ပေးခြင်းကိုမပြုနိုင်သော်လည်း ဝါရင့်အမှုဆောင်များအားဖြင့်ညွှန်ကြားသည့် ညွှန်ကြားချက်များတို့ကို သူတို့သည် သစ္စာရှိစွာလိုက်လျှောက်သင့်ကြပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအစပြုပြီး အဆုံးစီရင်သည့်ပုဂ္ဂိုလ်ဖြစ်သော ဘုရားရှင် ကိုကြည့်ရန်သင်ကြားပေးရပါမည်။ Gospel Workers, pp. 101, 102. (1915) [Ev 683.3] EvBur 911.1

ဗဟုသုတရှိသောအမှုဆောင်များနှင့်အတူအလုပ်လုပ်ပါ၊ သို့သော်အတုမယူပါနှင့် - ဗဟုသုတမရှိသေးသောသူများတို့ကို တစ်ယောက်တည်းစေလွှတ်ခြင်းမပြုသင့် ပါ။ သူတို့သည် အသက်ကြီး၍ ဗဟုသုတရှိသောသူတို့နှင့်လက်တွဲ၍အလုပ်လုပ် ခြင်းဖြင့် သူတို့အားဗဟုသုတရှိသူတို့မှ ပညာပေးသွားပါလိမ့်မည်။ သို့သော် သူတို့အားဗဟုသုတရှိသူများတို့မှ ပြောသင့်သည့်အရာမှာ၊ “မင်းစကားပြော နေသလား၊ ငါပဲစကားပြောနေသလားဆိုတာ ဘယ်သူမျှမသိရအောင်၊ မင်းငါ့ဟန် အမူအရာနဲ့ငါပြောတဲ့အသံကိုအတုမယူပါနဲ့၊ မင်းကိုယ်တိုင်ရဲ့လက်နက်အပေါ်၊ ဘုရားရှင်သန့်ရှင်းစေတဲ့ မင်းကိုယ်တိုင်ရဲ့ စာရိတ္တအပေါ် မင်းမတ်တတ်ရပ်နေ ရမှာဖြစ်ပါတယ်။ ငါ့ရဲ့စာရိတ္တ၊ ငါ့ဟန်အမူအရာ၊ ငါ့အသံ၊ ငါဖော်ပြပုံ၊ ငါ့စကားလုံးများတို့ကို မင်းအတုမယူပါနဲ့” ဟုဖြစ်ပါသည်။ [Ev 684.1] EvBur 911.2

ဤအရာကို ကျွန်ုပ်၏ဘဝအသက်တာ၌ အကြိမ် (၂၀) ပြသခြင်း ခံခဲ့ရပြီဟု ကျွန်ုပ်ထင်ပါသည်။ ကျွန်ုပ်၏ညီအစ်ကိုများတို့ကို ကြိုးစားပြီးပြောပြ ခဲ့သော်လည်း၊ ဤမကောင်းသောအရာကိုပြုပြင်ခြင်းမရှိကြပါ။ ဤအမှုတော်၌ ဗဟုသုတမရှိသောပုဂ္ဂိုလ်များအထဲမှ တစ်ယောက်သူသည် သင့်အနား၌ထနေ သည့်အခါ၊ သင်ထင်သကဲ့သို့ သူအားလုံးထင်မည်မဟုတ်ပါ။ သင်ကြည့် သကဲ့သို့ သူအားလုံးကြည့်မည်မဟုတ်ပါ။ အကယ်၍သင်တို့နှစ်ဦးအားလုံး တူနေခဲ့သော် သင်အမှန်တရားကိုစွန့်လွှတ်လိုက်ပါက “ကျွန်ုပ်လည်းစွန့်လွှတ် လိုက်မည်” ဟုသူပြောပါလိမ့်မည်။ တင့်တယ်လျောက်ပတ်သောအကျင့်စာရိတ္တ တစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်ထံမှရရှိရန် သူတို့အားရပ်တည်စေပါ။ သင်၏အတွေးအခေါ်ကို သူတို့မရရှိသင့်ပါ။ သူတို့အပေါ်သင်၌ပြုပြင်နိုင်သည့် တန်ခိုးသြဇာရှိပေလိမ့်မည်။ သို့သော် သူတို့အတုယူရန်ပုံစံအဖြစ် သူတို့ကို သမ္မာကျမ်းစာသို့ သင်ပို့ဆောင်ပေးသင့်သည်။ ဤအရာ၏အရေးကြီးခြင်းကို ကြိမ်ဖန်များစွာကျွန်ုပ်အားပြသခဲ့ပြီး၊ ဤအချက်အပေါ် ကျွနု်ပ်၌ဝန်ထုပ်တစ်ခု ရှိနေသည်ဟု ကျွန်ုပ်ခံစားနေရပါသည်။ Manuscript 19b, 1890. EvBur 912.1

အမှုဆောင်သစ်များတို့ ကိုဖိနှိပ်ခြင်း၊ သို့မဟုတ် စိတ်ဓာတ်ကျခြင်းမပြုရန် -လူတစ်ယောက်၏စီရင်ဆုံးဖြတ်ချက်နှင့်စီမံကိန်းများတို့ကို အဓိကကျသည်ဟု မှတ်ယူသင့်ကြောင်း မည်သည့်အခါမျှဘုရားရှင်စီစဉ်ချမှတ်ထားခြင်းမရှိပါ။ သင်တို့သည် ဘုရားသခင်နှင့်အတူအလုပ်လုပ်သောသူများဖြစ်ကြ၏ဟု သူပြော ပါသည်။ မည်သူမျှဖိနှိပ်ချုပ်ချယ်ရန်၊ သို့မဟုတ် စိတ်ဓာတ်ကျစေရန်မပြုလုပ် စေပါနှင့်။ မိမိ၏စစ်ဝတ်စုံကို သူ၏ညီအစ်ကိုအပေါ်တင်ရန်မပြုလုပ်ပါနှင့်။ အကြောင်းမှာ သူမနှစ်သက်သောကြောင့်ဖြစ်သည်။. . . ထိုနောက် ဓမ္မဆရာ များတို့သည် မည်သူ၏အမူအရာ၊ အကျင့်ဓလေ့၊ လှုပ်ရှားပုံ၊ အသံကို မည်သည့်အခါမျှအတုမယူပါနှင့်။ သူတို့သည် မည်သူ၏အရိပ်၊ အတွေး၊ စိတ်ခံစားမှု၊ သို့မဟုတ် ကြံစည်ခြင်းသို့ဖြစ်မလာရပါ။ အကယ်၍ဘုရားသခင် သည် သိုးစု၏သိုးထိန်းတစ်ဦးအဖြစ် သင့်အားတာဝန်ပေးပါက ၎င်းအလုပ်ကို လုပ်ဆောင်ရန် သင့်အားအရည်အချင်းကိုပေးလိမ့်မည်။ Manuscript 104, 1898. [Ev 685.1] EvBur 912.2

ရှေ့တန်းသာသနာသို့ ပျိုရွယ်သူများတို့ ကိုခေါ်ယူခြင်း - သက်ကြီးရွယ်အိုများ တို့သည် သတိရှိစွာဖြင့် တိုးတက်မှုကိုရှာဖွေကြသော လူငယ်များတို့အား ရှေ့တန်းသို့ရောက်ရှိရန် အခွင့်အရေးတိုင်းကိုပေးရမည်။ သက်ကြီးရွယ်အိုများ တို့သည် လူငယ်များတို့၌ရှိသော သူတို့၏စွမ်းရည်များတို့ကိုအသုံးပြုပြီး လူကြီ များတို့၏တာဝန်ကို အစားထိုးနေရာယူဖြည့်စွက်ရန်၊ မှီခိုအားထားနိုင်ရန်နှင့် ရှေ့တန်းသို့ရောက်ရှိရန် အချိန်အခါရောက်ရှိလာသောအခါ လူငယ်များတို့သည် သူတို့ကိုမလေးစားကြဟု သူတို့မခံစားသင့်ကြပါ။ သက်ကြီးရွယ်အိုများတို့သည် လူငယ်များမှ မိမိတို့၏စွမ်းရည်များကိုပြုစုပျိုးထောင်ရန်အတွက် အားပေးသင့် သည်။ [Ev 685.2] EvBur 913.1

လုပ်ငန်းကိုသူတို့ရည်ရွယ်သည့်အတိုင်း တာဝန်ယူလုပ်ဆောင်ကြမည့် အမျိုးသားများတို့ကို ကျွန်ုပ်တို့အလိုရှိသည်။ အသက်ငယ်ရွယ်သောအမျိုးသား များတို့ကို မိမိတို့၏အရည်အချင်းကိုပြုစုပျိုးထောင်ရန် အခွင့်အရေးများတို့ကို ပေးကြရမည်။ Letter 97, 1896. [Ev 685.3] EvBur 913.2

အသိအမှတ်ပြုရန် - ခရစ်တော်သည် သူလုပ်ဆောင်သကဲ့သို့လုပ်ဆောင် ခဲ့သော သူ၏တပည့်တော်များတို့အား လူထုပရိသတ်များရှေ့၌ကျော်ကြားရန် အတွက် သူတို့၏လုပ်ဆောင်ခြင်းကို လူအများမှအသိအမှတ်ပြုရန် မိမိကိုယ် ကိုထိခိုက်နာကျင်စေသည့်အလုပ်ကိုလုပ်သည်။ ကျွန်ုပ်တို့၏သခင်မှပေးသော ကရုဏာ၏အလွန်မွန်မြတ်သောကောင်းမှုများသည် သူ၏တပည့်တော်များ အတွက် တံခါးဖွင့်ပေးပေလိမ့်မည်။ Letter 252, 1906. [Ev 685.4] EvBur 913.3

စည်းကမ်းရှိသောကျောင်းထဲ၌ရှိသောလူငယ်အမှုဆောင်များ - ခရစ်တော်မိသားစု ၏ပျိုရွယ်သောမိသားစုဝင်များတို့ကို လေးစားခြင်းအားဖြင့်ဆက်ဆံကြပါစို့။ သာသနာ့လုပ်ငန်းသို့ဝင်စရှိသော ပျိုရွယ်သည့်အမျိုးသားများတို့သည် အမှား များစွာပြုမိကြပေလိမ့်မည်။ သို့သော် အသက်အရွယ်ကြီးရင့်သောဓမ္မဆရာများ တို့သည် မိမိတို့နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သည့်အချိန်များ၌လည်း အမှားများ တို့နှင့်မလွတ်ကင်းကြပါ။ ဘုရားသခင်သည် ဤပျိုရွယ်သောအမျိုးသားများ တို့ကို မိမိကိုယ်တိုင်တာဝန်ယူသွားမှာဖြစ်ပါသည်။ တစ်ခါတစ်ရံသူတို့အား ပူပန်ခြင်းနှင့် မိမိတို့၏အမှားများအတွက် ဒုက္ခနှင့်ရင်ဆိုင်ရန်ခွင့်ပြုပေလိမ့်မည်။ သို့သော် သူတို့ကိုမည်သည့်အခါမျှစွန့်ပယ်မည်မဟုတ်ပါ။ ဘုရင်မိသားစု၏ မိသားစုဝင်များ၊ ကောင်းကင်ဘုရင်၏သားသမီးများဖြစ်ရသောအခွင့်ကို သူတို့ အားပေးလိမ့်မည်။ Manuscript 127, 1902. [Ev 685.5] EvBur 914.1

ရိတ်သိမ်းရန်လယ်ပြင်သို့ လူငယ်များတို့ ကိုခေါ်ယူခြင်း - ရိတ်သိမ်းရန်လယ်ပြင် သို့ဝင်ရောက်ပြီး လုံ့လရှိစွာရိတ်သိမ်းသောလက်များကဲ့သို့ ပါဝင်လုပ်ဆောင် ရန် ပျိုရွယ်သောအမျိုးသားများတို့ကို ကိုယ်တော်ခေါ်နေပါသည်။ သူ့အတွက် လုပ်ဆောင်ရန် သူတို့ကိုသူခေါ်နေခြင်းမှာ ထူထောင်ခဲ့ပြီးသောအသင်းတော် များတို့၌ လုပ်ဆောင်ရန်အတွက်မဟုတ်ပါ။ ဗဟုသုတရှိသောအမှုဆောင်များ တို့နှင့်အတူ ကြီးမားသောရိတ်သိမ်းရန်လယ်ပြင်၌ ဆက်သွယ်လုပ်ဆောင်ရန် ဖြစ်သည်။ စွမ်းရည်ရှိသောပျိုရွယ်သည့်အမျိုးသားများတို့အားသွားစေပြီး၊ မိမိ တို့၏စွမ်းရည်များဖြင့်အလုပ်လုပ်စေပါ။ သူတို့သွားကြစဉ် ဘုရားသခင်၏ လမ်းပြမှုကို သူတို့အားယုံကြည်ကိုးစားစေပါ။ [Ev 686.1] EvBur 914.2

ဤအလုပ်သည် ပျိုရွယ်သောအမျိုးသားများလုပ်ဆောင်ရန် အားပေး သင့်သောအလုပ်ဖြစ်သည်။ ဤအချက်ကိုကောင်းမွန်စွာသတိပြုမိပြီး ဝိညာဉ် ဆွဲဆောင်ခြင်းမရှိသည့် ခံစားခြင်းမပေးနိုင်သောသူတို့၏မပြည့်စုံသည့်လုပ်ဆောင် ချက်များတို့ကို မလိုအပ်သောပရိသတ်များသို့စကားပြောရန်မဟုတ်ပါ။ ဘုရားသခင်သည် အသင်းတော်များထဲ၌ ပျိုရွယ်သောအမျိုးသားများတို့အား အလုပ်ကိုမပေးပါ။ သူတို့၏ပထမဦးဆုံးတာဝန်သည် ဆရာကြီးဖြစ်သော ခရစ်တော်ထံ လုပ်ငန်းပေါင်းမျိုးစုံမှ သင်ခန်းစာများတို့ကိုသင်ယူရန်ဖြစ်သည်။ [Ev 686.2] EvBur 914.3

သူ၏တပည့်တော်များကို ခရစ်တော်မည်ကဲ့သို့ပြောခဲ့ပါသနည်း။ “ငါ့အမှုကိုဆောင်ရွက်သောသူဖြစ်လျှင် ငါ့နောက်သို့လိုက်ရမည်။” ဤအရာ သည် ဘုရားသခင်၏နှုတ်ကပတ်တော်မှပေးခဲ့သော စည်းမျဉ်းဥပဒေဖြစ်သည်။ ခရစ်တော်၏အသက်တာကိုလေ့လာခြင်းအားဖြင့် အမှုဆောင်များတို့သည် သူနေထိုင်ပုံနှင့်လုပ်ဆောင်ပုံကို ရှာဖွေတွေ့ရှိနိုင်ကြပါစေ။ သူတို့အား ခရစ်တော် ၏အသက်တာကိုအသက်ရှင်ရန်၊ ဘုရားသခင်၏နည်းလမ်းကိုရှာဖွေရန် နေ့စဉ် ကြိုးစားအားထုတ်စေပါ။ Manuscript 75, 1900. [Ev 686.3] EvBur 915.1

(၁၂) လစွန့်စားပြီးစီးသွားသည့်နောက် - သာသနာ့လုပ်ငန်းသို့ခေါ်ယူခြင်း ခံရသောသူများတို့အား ပါးနပ်ခြင်း၊ ကျွမ်းကျင်ခြင်းနှင့်နားလည်သဘောပေါက် ခြင်းကို ဘုရားသခင်ပေးလိမ့်မည်။ အကယ်၍ ဧဝံဂေလိလုပ်ငန်း၌ (၁၂) လ လုပ်ဆောင်ခဲ့ပြီးသည့်နောက် သူ၏ကြိုးစားမှုအားဖြင့် အသီးအပွင့်မရှိပါက၊ အကယ်၍သူလုပ်ဆောင်ပေးသောသူများအတွက် အကျိုးမရှိပါက၊ အကယ်၍ နေရာသစ်၌အဆင့်အတန်းမြှင့်တင်ခြင်းမပြုနိုင်ခြင်းနှင့် သူ၏လုပ်ဆောင်ခြင်း အားဖြင့် ပြောင်းလဲသောဝိညာဉ်များမရှိပါက ထိုသူသည် ဘုရားသခင်ရှေ့၌ သူ၏စိတ်ကိုနှိမ့်ချပြီး သူ၏အခေါ်ခံရခြင်းမမှားစေရန် ကြိုးစားနားလည်သိရှိ ရပါမည်။ နယ်ဌာနချုပ်မှပေးသောလစာကို မိမိတို့၏လုပ်ဆောင်မှုဖြင့် အသီး အပွင့်ပြနိုင်သောသူတို့အားပေးသင့်သည်။ ဘုရားသခင်အား သူ၏စွမ်းဆောင် နိုင်ခြင်းကဲ့သို့ အသိအမှတ်ပြုသောသူတစ်ယောက်၏အလုပ်၊ ဝိညာဉ်တန်ဖိုး ၏စစ်မှန်သောအတွေးရှိသောသူ၊ သူ၏စိတ်ထဲ၌ခရစ်တော်၏မေတ္တာနှင့်ပြည့်ဝ သောသူတစ်ယောက်သည် သူ၏လုပ်ဆောင်မှု၌ အသီးအပွင့်ရှိပေလိမ့်မည်။ Manuscript 26, 1905. [Ev 686.4] EvBur 915.2