ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

140/163

အံ့သြဖွယ်နိမိတ်လက္ခဏာများသည်စမ်းသပ်မှုတစ်ခုမဟုတ်

ပန်ရမာရ်နတ်သည်အံ့ ဩဗ္ဗယ်နိမိတ် လက္ခဏာများပြုလုပ်မည် - သူတို့အား ဘုရားသခင်ပို့ပေးသောသတင်းစကားကို ငြင်းဆန်သောသူများတို့သည် သံသယ ရှိရခြင်း၏အကြောင်းပြချက်များတို့ကိုရှာခြင်း၊ ကောင်းကင်မှအလင်းကိုငြင်းပယ် ခြင်းအတွက် ဆင်ခြေဆင်လက်တချို့ကိုရှာကြသည်။ အထောက်အထား ကွက်ကွက်ကွင်းကွင်းရှိသော်လည်း ယုဒလူမျိုးများကဲ့သို့ “ကျွန်ုပ်တို့အားနိမိတ် လက္ခဏာပြပါ၊ ကျွနု်ပ်တို့ယုံကြည်မည်။ အကယ်၍ စေတမန်များတို့၌ အမှန်တရားရှိပါက အဘယ်ကြောင့်လူနာများကိုမပျောက်ကင်းစေနိုင်သနည်း” ဟုပြောကြပါသည်။ Ev 594.1] EvBur 783.1

သူတို့မျှက်စိပွင့်နေပါက ဆိုးသောကောင်းကင်တမန်များတို့သည် မိမိတို့၏တန်ခိုးဖြင့် သူတို့အားလှည့်ဖြားရန် ဝမ်းမြောက်အားရစွာသူတို့အနား ပတ်လည်၌ရှိနေကြသည်ကို သူတို့တွေ့ ရလိမ့်မည်။ မာရ်နတ်သည် ဤသံသယ ရှိသူတို့၏လိုလားချက်ကိုအဖြေပေးခြင်းနှင့် ဤကဲ့သို့သောအထောက်အထား ရှာဖွေသူအားလုံးတို့၏ယုံကြည်ခြင်းကိုအတည်ပြုရန် နိမိတ်လက္ခဏာများစွာ ကို တင်ပြပြောဆိုခြင်းအချိန်အခါသည် ကျွန်ုပ်တို့၏ရှေ့၌ရှိနေပါသည်။ အမှန်တရား၏အလင်းအတွက် မိမိတို့၏မျက်စိကိုပိတ်ထားသောသူများနှင့် လှည့်ဖြားခြင်းကိုခံနိုင်ရန် နိမိတ်လက္ခဏာအတွက်တောင်းဆိုသောသူများတို့၏ အခြေအနေသည် မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။ Letter 4, 1889. [Ev 594.2] EvBur 783.2

အံ့ဩဖွယ်ကုသခြင်းနှင့် အယူသီးခြင်း - ကျွန်ုပ်တို့၏ဆေးရုံများသည် ကျွန်ုပ်တို့ချဉ်းကပ်၍မရနိုင်သောသူအား ချဉ်းကပ်နိုင်သည့်လမ်းကြောင်းတစ်ခု ဖြစ်သည်။ “အဘယ်ကြောင့်နည်း” “ဆေးရုံများစွာထူထောင်မည့်အစား၊ လူနာ များအတွက်ဆုတောင်းပေးခြင်းဖြင့် အံ့သြစွာပျောက်ကင်းစေခြင်းကို မဆောင်ရွက် သင့်ပေဘူးလား” ဟု တစ်ယောက်နှင့်တစ်ယောက်ပြောဆိုကြသည်။ အကယ်၍ ဤသို့ပြုကြမည်ဆိုလျှင်၊ ကြီးမားသောအယူသီးခြင်း ကျွန်ုပ်တို့အထဲ၌ ပေါ်ပေါက်လာမည်ဖြစ်သည်။ မိမိတို့၏ကိုယ်ကို များစွာယုံကြည်စိတ်ချသူ များစတင်လှုပ်ရှားပြီး၊ သန့်ရှင်းသောခန္ဓာရှိသည့်တန်ခိုးရရှိသူများ အမှန်ပင် ဖြစ်သကဲ့သို့ ကျွန်ုပ်တို့အထဲသို့ရောက်ရှိလာပါလိမ့်မည်။ ဤအရာများသည် ဝိညာဉ်၏လှည့်စားခြင်းအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ၁၉ဝ၁ ခုနှစ်၊ ကမ္ဘာ့သာသနာဌာနချုပ်၌ သူတို့အတွက်ကျွန်ုပ်အား ဘုရားသခင်မှပေးသော သတင်းစကားတစ်ခုအားဖြင့် သွန်သင်ဆုံးမခြင်းကိုပြုခဲ့ပါသည်။ တချို့သော သူနှစ်သက်မည့်အရာအားဖြင့် ကျွန်ုပ်တို့၏အစီအစဉ်ကို ဆောင်ရွက်သင့်ကြ ပါသလား။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုရှုပ်ထွေးစေပြီး ဝိညာဉ်တန်ခိုးပြခြင်း များတို့ကိုပြုလုပ်နိုင်သည့်အပေါင်းအဖော်များတို့ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ [Ev 594.3] EvBur 784.1

အမှားများဝင်ရောက်လာပြီး ထူးဆန်းသောအယူဝါဒများကို ပွင့်ပွင့် လင်းလင်းထောက်ခံလာကြပါသည်။ တချို့သောသူတို့သည် ယုံကြည်ခြင်းမှ သွေဖည်သွားပြီး သွေးဆောင်သောဝိညာဉ်များနှင့် နတ်ဆိုးများတို့၏အယူဝါဒများ တို့ကို လက်ခံကြပါသည်။ ရှေးအလွန်ကျသည့် ပထမဦးဆုံးဆေးရုံတည်ထောင် သောအချိန်၌ပင် ဤအရာများစတင်ရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ၁၈၄၄ ခုနှစ်၊ စိတ်ပျက်ခဲ့ရသည့်နောက်ပိုင်း မကြာမီပေါ်လာသည့်အမှားများနှင့် ဆင်းတူရိုးမားဖြစ်ပါသည်။ ခိုင်မာသောအယူသီးခြင်းတစ်မျိုးတစ်ဖုံပြောင်းလဲ ခြင်းပေါ်လာခဲ့ပြီး မိမိကိုယ်ကို သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံခြင်း ဟုခေါ်ပါသည်။ ဤဆိုးသောအလုပ်ကိုသွန်သင်ဆုံးမရန် ကျွန်ုပ်အားသတင်း ပေးပါသည်။ Letter 79, 1905. [Ev 595.1] EvBur 784.2