ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ရောမအသင်းဝင်များတို့ကိုချဉ်းကပ်ခြင်း
ကျွန်ုပ်တို့၏ချဉ်းကပ်ခြင်းကိုကာကွယ်ပါ - နေရာတစ်ခုသို့ဝင်ရောက်သော အခါ ကျွန်ုပ်တို့သည် မလိုအပ်သည့်အတားအဆီးများတို့ကို အခြားသော ဘာသာရေးဂိုဏ်းဂဏများ၊ အထူးသဖြင့် ရောမအသင်းတော်မှ ကျွန်ုပ်တို့သည် သူတို့၏ရန်သူများဖြစ်ကြောင်း ပွင့်လင်းစွာဝန်ခံသကဲ့သို့ သူတို့မထင်စေရန် ကျွန်ုပ်တို့အထူးသတိပြုရပါမည်။ မလိုအပ်ဘဲသူတို့၏စိတ်ထဲ၌ ကျွန်ုပ်တို့ အပေါ်အာဃာတစိတ်ထားခြင်း၊ မှားသောအစွဲရှိခြင်းကိုဖြစ်ပေါ်စေရန် သူတို့ အားရုတ်တရက်ဝင်ရောက်တိုက်ခိုက်သကဲ့သို့ မဖန်တီးသင့်ပါ။ ရောမအသင်း တော်ထဲမှ ကယ်တင်ခြင်းခံရမည့်သူများစွာရှိကြောင်း ဘုရားသခင်သည် ကျွန်ုပ်အားပြသခဲ့ပါသည်။ Manuscript 14, 1887, [Ev 573.4] EvBur 755.2
သတိပြုရမည့်အလုပ်တစ်ခု - ညီအစ်ကိုတို့၊ လူတို့၏အထင်မှားစရာ အစွဲကို ပြင်းထန်စွာမဖြစ်ပေါ်စေရန် သင်၏လုပ်ဆောင်မှုများ၌ သတိပြုပါ။ အခြားဘာသာရေးဂိုဏ်းဂဏများကိုတိုက်ခိုက်ခြင်းမပြုသင့်ပါ။ အကြောင်းမှာ အတိုက်အခံစိတ်ဓာတ်နှင့် အမှန်တရားသိရှိနိုင်ရန် နားနှင့်စိတ်နှလုံးကိုပိတ် ထားစေနိုင်သည့် ဖန်တီးခြင်းကိုသာဖြစ်စေမည်ဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖြိုဖျက်ရန်မဟုတ်ဘဲ .. တည်ဆောက်ရမည့်အလုပ်ကိုသာ ဆောင်ရွက်ကြရပါမည်။ ဘုရားသခင်၏ပညတ်တော်အားပြုခဲ့သည့် မမှန်သော လုပ်ရပ်ကို ပြုပြင်ကြရမည်။ တည်ဆောက်ခြင်း၊ အမှန်တရားကို ၎င်း၏အရှိန် အဟုန်နှင့်တန်ခိုးအားဖြင့်ဟောပြောပြီး အမှန်တရားနှင့်နှိုင်းယှဉ်ကာ အမှားကို ဖော်ပြခြင်းဖြင့် မိမိ၏လမ်းနှင့်မှားသောထင်မြင်မှုအစွဲကိုကျော်ဖြတ်စေခြင်းသည် ကျွန်ုပ်တို့၏မွန်မြတ်သောအလုပ်ဖြစ်သည်။ [Ev 574.1] EvBur 756.1
ကျွန်ုပ်တို့ဓမ္မဆရာများမှ ရောမအသင်းတော်ကို လွန်စွာဆန့်ကျင် ခြင်းနှင့် ထိုအသင်းတော်အား ပြင်းထန်သောအထင်အမြင်မှားခြင်းကြောင့် မိမိတို့၏ကိုယ်ကိုစိတ်ဆိုးစေခြင်းသည် အန္တရာယ်ရှိသည်။ ရောမအသင်းတော် ၌ ဤလူတို့ကိုစိတ်ဝင်စားစွာဖြင့်ကြည့်နေသောသူများစွာရှိသည်။ သို့သော် ဘုန်းတော်ကြီး၏တန်ခိုးသည် သူ၏တာဝန်ပေးအပ်ခြင်းအပေါ်ကြီးမားပြီး၊ အကယ်၍ သူ၏ငြင်းခုံခြင်းများရှောင်ရှားခြင်းအားဖြင့် လူတို့ကိုဒုက္ခဖြစ်စေ နိုင်မည်ဆိုလျှင် မမှန်သောအသင်းတော်သို့ အမှန်တရားဟောပြောသောအခါ သူတို့နားထောင်မည်မဟုတ်ပါ။ သူသည် ဧကန်ပြုမည်မဟုတ်ပါ။ သို့သော် ဘုရားနှင့်အတူလုပ်ဆောင်သူများအဖြစ်၊ ကျွန်ုပ်တို့အတွက် ဝိညာဉ်လက်နက် များပြင်ဆင်ပေးလျက်ရှိပြီး ရန်သူ၏ခံတပ်ကို တန်ခိုးကြီးစွာဖြင့်ဖြိုဖျက်နိုင်ပါ လိမ့်မည်။ Letter 39, 1887. [Ev 574.2] EvBur 756.2
ကြင်နာခြင်းမပါသောဝင်ရောက်လုပ်ကိုင်ခြင်းကိုရှောင်ပါ - ကျွန်ုပ်တို့စာပေ များတို့ကိုရေးသားသောသူတို့သည် ဧကန်အမှန်အန္တရာယ်ဖြစ်စေမည့် ကြင်နာ ခြင်းနှင့်သွယ်ဝိုက်၍ရေးသားခြင်းများမပြုစေပါနှင့်။ ဤသို့ပြုမည်ဆိုလျှင် ရောမ အသင်းတော်အပါအဝင် လူအားလုံးတို့အား ဟောပြောရမည့်သတင်းစကား အတွက် အကာအဆီးနှင့်အဟန့်အတားဖြစ်စေပါလိမ့်မည်။ အမှန်တရားကို မေတ္တာဖြင့်ပြောဆိုရမည်ဖြစ်ပြီး မသန့်ရှင်းသောပင်ကိုယ်နှလုံးသားအတွေးအခေါ် ၏အမှန်တရားနှင့် ပေါင်းစပ်ခြင်းမပြုကြရန်နှင့် ကျွန်ုပ်တို့၏ရန်သူများမှရရှိ သည့် တူညီသောဝိညာဉ်၏ထင်မြင်ယူဆချက်ဖြင့် ပြောဆိုခြင်းမပြုရပါ။ ပြင်းထန်သောတွန်းအားပေးခြင်းအားလုံးတို့သည် ကျွန်ုပ်တို့အားထိခိုက်နာကျင် ခြင်းအတွက် သူတို့မှအသုံးပြုရန် သူတို့လက်ထဲသို့တန်ခိုးများရရှိသောအခါ ကျွန်ုပ်တို့ထံသို့ နှစ်ဆပြန်လည်၍ရောက်ရှိလာလိမ့်မည်။ ကျွန်ုပ်တို့ရန်သူများ တို့၏စိတ်ကို ကျွန်ုပ်တို့အပေါ်လှုပ်ရှားမှုဖြစ်ပေါ်စေပြီး သူတို့၏စိတ်ကို ပြင်းထန် သည့်ကောင်းသောဒေါသဖြင့်နှိုးဆွစေသည့်တိုင် အမှန်တရားကိုကျွန်ုပ်တို့ ဖော်ပြရန် အမှန်တကယ်လိုအပ်ခြင်းမရှိပါက ကျွန်ုပ်တို့သည် စကားတစ်လုံး ကိုမျှပြောဆိုခြင်းနှင့် စာကြောင်းတစ်ကြောင်းကိုမျှပုံနှိပ်ထုတ်ဝေခြင်းမပြုကြရန် ကျွန်ုပ်အားထပ်ခါထပ်ခါသတိပေးလျက်ရှိပါသည်။ [Ev 574.3] EvBur 757.1
ကျွန်ုပ်တို့အတွက်ပေးခဲ့သောအမိန့်မှာ မှန်ကန်ပါသည်။ “အသံမလျော့ ဘဲ ကြွေးကြော်လော့။ တံပိုးသံကဲ့သို့ အသံကိုလွှင့်၍ ယာကုပ်အမျိုးသား ဖြစ်သော ငါ၏လူတို့အား၊ သူတို့ဒုစရိုက်အပြစ်ကိုဖော်ပြလော့” (ဟေရှာယ ၅၈း၁)။ ဤသတင်းကိုကျွန်ုပ်တို့ပေးရမည်။ သို့သော် သတိပေးသောအခါ အရှိန်အဟုန်ဖြင့်များစွာတွန်းအားမပေးရန်နှင့် ကျွန်ုပ်တို့ကဲ့သို့အလင်းမရရှိသေး သောသူများတို့ကို အပြစ်စီရင်ခြင်းမပြုကြရန် သတိပြုသင့်ကြပါသည်။ ရောမ အသင်းတော်ကို မမှန်သောနည်းနှင့် ကြမ်းတမ်းစွာအရှိန်အဟုန်ဖြင့် တွန်းအား ပေးဆက်ဆံခြင်းမပြုသင့်ပါ။ ရောမအသင်းတော်အထဲ၌ မိမိတို့ရရှိသောအလင်း တရားအတိုင်း အသက်ရှင်သောသူများနှင့် သူတို့၏ကိုယ်စား ဘုရားသခင် အလုပ်လုပ်မည့် အလွန်ရိုးသားသောခရစ်ယာန်များစွာရှိနေပါသည်။ ကြီးမား သောအခွင့်အရေးများစွာရရှိကြပြီး မိမိတို့၏ကိုယ်၊ စိတ်နှင့်ကိုယ်ကျင့်တရား ၏တန်ခိုးများကို တိုးတက်အောင်ပြုလုပ်ကြရန် ပျက်ကွက်ကြသောသူများ မိမိတို့၏စိတ်ချမ်းသာမှုအတွက်ကိုသာရှာဖွေပြီး မိမိတို့၏တာဝန်ကိုဆောင်ရွက် ရန် ငြင်းဆန်ကြသောသူတို့သည် မှားယွင်းသောယုံကြည်ခြင်းအယူဝါဒကို ခံယူနေကြသော်လည်း သူတစ်ပါး၏ကောင်းကျိုးအတွက် ရှာဖွေအသက်ရှင် နေကြသူများတို့ထက် ပို၍အန္တရာယ်ရှိနေကြပြီး ဘုရားသခင့်ရှေ့၌ ပို၍အပြစ် စီရင်ခြင်းကိုခံရကြမည်ဖြစ်ပါသည်။ သူတစ်ပါးကိုပြစ်တင်ဝေဖန်ခြင်း၊ သူတို့ အားအပြစ်စီရင်ခြင်းမပြုပါနှင့်။ Testimonies, vol. 9, pp. 241-244. (1909) [Ev _575.1] EvBur 757.2
၏မျက်နှာများ၌တံခါးကိုပိတ်ထားခြင်း - အမှန်တရားကိုဟောပြော ပါ။ သို့သော် ကြမ်းတမ်းသောသဘောကိုပြသည့်စကားများကို ချုပ်တည်းထား ပါ။ အကြောင်းမှာ ထိုစကားများတို့သည် မည်သူ့ကိုမျှအလင်းမပေးနိုင်သော ကြောင့်ဖြစ်သည်။ အက်ခိုး “Echo” စာစောင်ကို များစွာပုံနှိပ်ထုတ်ဝေသင့် သည်။ ၎င်းကိုရောင်းချရန် အတားအဆီးမပြုပါနှင့်။ အမှောင်ထဲ၌ အလင်း ကိုမပေးနိုင်သော မည်သည့်အကြောင်းအရင်းမျှမရှိပါ။ သို့သော် ခရစ်တော် ကြောင့် ရောမအသင်းတော်အကြောင်းနှင့်ပတ်သက်၍ ပြင်းထန်သောဝေဖန်မှ မှတ်ချက်များကိုချကာ ဆုံးမပြောဆိုခြင်းကိုသတိပြုပါ။ အက်ခိုး “Echo စာစောင်ကို အသင်းဝင်များစွာဖတ်ရှုကြပြီး သူတို့အထဲ၌ အမှန်တရားကို လက်ခံမည့် ရိုးသားသောပုဂ္ဂိုလ်များစွာရှိပါသည်။ သို့သော် သူတို့သည် အမှန်တရားကိုလက်ခံလုနီးပါးအချိန်၌ သူတို့၏မျက်နှာတံခါးကို ကာထား သည့်အရာများရှိနေပါသည်။ အက်ခိုး “Echo” စာစောင်အား ပို၍အားရ နှစ်သက်ဖွယ်သက်သေခံချက်များ၏ကျေးဇူးတင်ချီးမွမ်းခြင်းကိုပေးပါ။ ၎င်း၏ လမ်းကိုကာထားခြင်းမပြုပါနှင့်။ ခက်ခဲသောဖော်ပြခြင်းများတို့၏ကိုယ်စား တစ်ခုအဖြစ် ကမ္ဘာအရပ်ရပ်သို့ရောက်ရှိနိုင်ခြင်းကို အတားအဆီးမပြုပါနှင့်။ ခါးသီးသောစကားလုံးတစ်လုံးကို ၎င်း၏စာမျက်နှာပေါ်၌တွေ့ရှိရပါက မာရ်နတ် ဝမ်းသာလိမ့်မည်။ Counsels to Editors, p. 45. (1896) [Ev 575.2] EvBur 758.1
အမှန်တရားကို ဟောပြောခြင်းဖြင့် မှားသောအယူကို ပြသပါ - တိကျသော ကြွေးကြော်ခြင်းကို ပြုလုပ်ရမည်။ သို့သော် ဤလုပ်ငန်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏လူများတို့အားပြောရန် ကျွန်ုပ်ညွှန်ကြားခြင်းခံရသည်မှာ သတိပြု ရန်ဟုဖြစ်ပါသည်။ သတင်းစကားသယ်ဆောင်ရာ၌ ရောမအသင်းတော်အပါ အဝင် အခြားအသင်းတော်များတို့အား မည်သည့်တစ်ဦးချင်းတိုက်ခိုက်ခြင်း ကိုမျှမပြုရပါ။ ဘုရားသခင်၏ကောင်းကင်တမန်များတို့သည် မတူညီသော ဂိုဏ်းဂဏများရှိ လူတို့ကိုဆွဲဆောင်နိုင်မည့်နည်းလမ်းတစ်ခုမှာ အကြီးဆုံးသော သတိပြုခြင်းသာဖြစ်ကြောင်းတွေ့မြင်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့၏အပြော အဆိုကိုသတိပြုပါ။ ကျွန်ုပ်တို့၏ဓမ္မဆရာများတို့သည် မိမိတို့၏စိတ်ဆန္ဒ အလိုကိုလိုက်ပြီး “ဝှက်ထားလျက်ရှိသောအဓမ္မအရာ” ကိုရှုတ်ချခြင်းနှင့် ဖော်ပြခြင်းကိုမပြုပါစေနှင့်။ ဤဆောင်ပုဒ်များအပေါ် ဆိတ်ဆိတ်နေခြင်းသည် ကောင်းသည်။ အများသောသူတို့သည် လှည့်ဖြားခြင်းခံရကြသည်။ အမှန် တရားကို မေတ္တာအသံပါသောစကားလုံးများအားဖြင့်ပြောပါ။ ခရစ်တော်ယေရှု ကိုမြှင့်တင်စေပါ။ အမှန်တရား၏မှန်ကန်ကြောင်းကိုထိန်းသိမ်းပါ။ တစ်ဦး တစ်ယောက်အား တိုက်ခိုက်ရန်ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ချမှတ်ထား သောလမ်းကို မည်သည့်အခါမျှချန်မထားပါနှင့်။ ထိုတိုက်ခိုက်ခြင်းသည် လူကိုများစွာဒုက္ခပေးပြီး ကောင်းကျိုးမပေးပါ။ လူများစွာတို့၏ယုံကြည်ခြင်း မီးကို ငြိမ်းစေလိမ့်မည်။ အမှန်တရားဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ် တော်ကို ထိုအမှား၌ရှေ့နောက်မညီသောပုံအကြောင်းကိုပြောစေပါ။ EvBur 759.1
လူတို့သည် မိမိတို့မြတ်နိုးခဲ့သည့် မှားယွင်းသောအယူအပေါ် အမှန် တရား၏အခွင့်အရေးကို ချက်ချင်းတွေ့မြင်ရန်မျှော်လင့်ခြင်းမရှိကြပါ။ မှားယွင်း သောအယူဝါဒကိုဖော်ပြရန် အကောင်းဆုံးနည်းမှာ အမှန်တရား၏အထောက် အထားများကို ဟောပြောရန်ဖြစ်သည်။ ဤအရာသည် အမှားကိုဖော်ပြရန် အကောင်းဆုံးပြစ်တင်ပြောဆိုခြင်းဖြစ်သည်။ စိတ်ထဲ၌ရှိနေသည့် မှောင်မိုက် ကိုဖယ်ရှားပြီး ဖြောင့်မတ်ခြင်းနေမင်းကြီး၏အလင်းကို ရောင်ပြန်ဟပ်လိုက် ခြင်းအားဖြင့်ဖြစ်သည်။ Manuscript 6, 1902. [Ev 576.2] EvBur 759.2
ကျွန်ုပ်တို့၌အနည်းငယ်သာဟောပြောရန်ရှိသည် - ဘုရားသခင်၏နှုတ်ကပတ် တော်ကို သေချာစွာလေ့လာရန်လိုသည်။ ကျွန်ုပ်တို့၏လွန်ခဲ့သောသမိုင်း၌ ကဲ့သို့မတူသော ဒံယေလကျမ်းနှင့်ဗျာဒိတ်ကျမ်းတို့ကို အထူးအာရုံပြုလေ့လာ သင့်ကြသည်။ တချို့သောအကြောင်းအရာတွင် ရောမတန်ခိုးနှင့်ရဟန်းမင်း အကြောင်းကို ကျွန်ုပ်တို့လျှော့၍ပြောရန်လိုမည်ဖြစ်သော်လည်း ဘုရားသခင် ၏သန့်ရှင်းသောဝိညာဉ်တော်နှိုးဆော်ခြင်းကြောင့် ပုရောဖက်များနှင့်တမန်တော် များရေးသားခဲ့သောအကြောင်းအရာများအပေါ်သို့ သူတို့၏အာရုံကိုဆွဲယူသင့် ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုရောဖက်အနာဂတ်အကြောင်း အရာများနှင့် ဖြစ်ပျက်ခဲ့သောအကြောင်းအရာများနှစ်ခုစလုံးကို ကောင်းမွန်စွာ ပုံဖော်ထားခဲ့ခြင်းမှာ လူတို့မှခရစ်တော်၌ပုန်းနေသောဆောင်ရွက်ချက်ကိုဖယ်ရှား ပြီး ကောင်းကင်ဘုံရှင်ဘုရားသခင်နှင့် သူ၏ပညတ်တော်ကိုမြှင့်တင်ရန်ဖြစ် သည်။ Counsels to Editors, pp. 45, 46. (1896) [Ev 577,1] EvBur 760.1
ရောမအသင်းဝင်များတို့ ကိုဆွဲယူသောအမှန်တရားပုံ - ဆရာကြီးအက်(စ်) သည် သူ၏အစည်းအဝေးများ၌ ကောင်းသောစိတ်ဝင်စားမှုကို နိုးကြွစေပါ သည်။ လူမျိုးပေါင်းစုံလာရောက်နားထောင်ကြပြီး ဗျာဒိတ်ကျမ်းသားရဲများ ပါရှိသည့်ရုပ်ပုံများကိုကြည့်ကြသည်။ ရောမအသင်းဝင်များစွာလာရောက် နားထောင်ကြသည်။ သူ၏ဟောပြောသောအရာများတို့သည် နှုတ်ကပတ် တော်ထဲမှသာဖြစ်သည်။ တတ်နိုင်သမျှ သူ၏ကိုယ်တိုင်စကားကို အနည်းငယ် သာပြောဆိုသည်။ ထိုကြောင့် သူ၏တရားနာပရိသတ်များအနေဖြင့် သူ့အား ဆန့်ကျင်မည်ဖြစ်ပါက၊ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်ကိုသာ ဆန့်ကျင်ခြင်းဖြစ်ပေလိမ့်မည်။ Letter 352, 1906. [Ev 577.2] EvBur 760.2
ရောမအသင်းဝင်များကို ကျွန်ုပ်တို့ချဉ်းကပ်ရန် လက်လှမ်းမမီ သောသူများဟု မည်သူမျှမထင်ကြပါစေနှင့်။ Manuscript 14, 1887. [Ev 577.3] EvBur 761.1