ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

129/163

ချမ်းသာကြွယ်ဝသူနှင့်သြဇာရှိသူများတို့ထံချဉ်းကပ်လုပ်ဆောင်ခြင်း

စီးပွားရေးနှင့် အစိုးရဌာနရှိခေါင်းဆောင်များတို့ ကို ခေါ်ယူပါ - “လမ်းမကြီးပေါ်” ဟောပြောရန်ခေါ်ခြင်းသည် ကမ္ဘာပေါ်ရှိလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် နေကြသောသူအားလုံး၊ ဆရာသမားများ၊ ခေါင်းဆောင်များအားလုံးတို့ကို ဟောပြောရန်ဖြစ်သည်။ လူထုအသက်တာ၌ လေးလံသောတာဝန်များတို့ကို ထမ်းဆောင်နေကြရသူများ၊ ဆရာဝန်များနှင့်ဆရာများ၊ ရှေ့နေနှင့်တရားသူကြီး များ၊ လူထုအရာရှိများနှင့်စီးပွားရေးလုပ်ငန်းရှင်များထံသို့ ရှင်းလင်းတိကျ သောသတင်းစကားကို ဟောပြောကြရပါမည်။ Testimonies, vol. 6, p. 78. (1900) [Ev 554.3] EvBur 728.3

ဩဇာရှိသောသူများတို့ ကိုရှာဖွေပါ - အဆင့်မြင့်သောအဖွဲ့အစည်းနှင့် သက်ဆိုင်ကြသောသူတို့ကို သိမ်မွေ့သောမေတ္တာနှင့် ညီအစ်ကိုစိတ်ထားဖြင့် ရှာဖွေရပါမည်။ စီးပွားရေးအသက်တာ၌ ကျင်လည်နေသောသူများ၊ အားကိုး ထိုက်သောရာထူးရှိပုဂ္ဂိုလ်များ၊ တီထွင်ကြံဆနိုင်သော သိပ္ပံအတတ်၌အမြင်ရှိ သူများ၊ ဉာဏ်ကြီးရှင်များ၊ ဤအချိန်အတွက် အထူးအမှန်တရားသို့ခေါ်ခြင်း မခံရသေးသည့် ဧဝံဂေလိဆရာများ- ဤပုဂ္ဂိုလ်များတို့သည် ခေါ်တော်မူခြင်း ကိုဦးစွာကြားနာရန်သင့်သောသူများဖြစ်ပါသည်။ Christ’s Object Lessons, p. 230. (1900) [Ev 555.1] EvBur 729.1

ကျွန်ုပ်တို့သည် လျစ်လျူရှုထားခဲ့သော ဆင်းရဲနွမ်းပါးသူများအကြောင်း များစွာပြောဆိုရေးသားခဲ့ပါသည်။ လျစ်လျူရှုထားသောကြွယ်ဝချမ်းသာသူတို့ အပေါ် အာရုံတချို့ကိုလည်းစိုက်သင့်ကြပါသည်။ ဤအဆင့်အတန်းရှိသူများ ကို လူအများတို့မှ မျှော်လင့်ခြင်းကင်းမဲ့သူများဟုတွေ့ မြင်ကြပြီး ထာဝရ အတွက်ကိုမစဉ်းစားဘဲ မာရ်နတ်၏တန်ခိုးဖြင့် မျက်မမြင်ဘဝသို့ရောက်နေ ကြသောဤသူများအတွက် အနည်းငယ်သာသူတို့ဆောင်ရွက်နေကြပါသည်။ ထောင်ပေါင်းများစွာသောသူတို့သည် သတိပေးခြင်းမခံရဘဲ မိမိတို့၏သင်္ချိုင်း ဂူထဲသို့ ရောက်ရှိခဲ့ကြရပါသည်။ အကြောင်းမှာ ပြင်ပပေါ်လွင်မှုအားဖြင့် မျှော်လင့်ခြင်းကင်းမဲ့သူများဟုသတ်မှတ်ကြကာ သူတို့ကိုရှောင်ဖယ်သွားကြ ပါသည်။ သို့သော် သူတို့၏ပြင်ပပေါ်လွင်မှုနှင့်ခြားနားပြီး ကျွန်ုပ်အားပြသ ခဲ့သည်မှာ အများသောဤအဆင့်အတန်းရှိသူတို့သည် ဝိညာဉ်အတွက်ပူပင် နေကြသူများဖြစ်သည်။ ဝိညာဉ်အစာငတ်နေသော ကြွယ်ဝချမ်းသာသူထောင် ပေါင်းများစွာရှိနေပါသည်။ အများသောသူတို့သည် မိမိတို့၏အသက်တာ၌ မရရှိသေးသောသူတို့မှ လိုအပ်နေသည်ဟုခံစားနေရသည့်အရာတစ်ခုရှိနေပါ သည်။ ၎င်းအထဲ၌ အနည်းငယ်သောသူတို့သည် ဘုရားကျောင်းသို့သွားကြ သော်လည်း အကျိုးမရရှိကြောင်း သူတို့ခံစားရပါသည်။ သွန်သင်မှုများသည် သူတို့၏စိတ်နှလုံးကိုထိတွေ့ခြင်းမရှိပါ။ သူတို့အတွက် တစ်ဦးချင်းကျွန်ုပ် တို့ကြိုးစား၍လုပ်ဆောင်ပေးသင့်ကြပါသည်။ Testimonies, vol. 6, p. 78. (1900) [Ev 555.2] EvBur 729.2

အဆင့် အတန်းမြင့် သူများတို့ ကို ချဉ်းကပ်ရန် ထက်မြက်သောအမှုဆောင်များ - အဆင့်အတန်းမြင့်သူများထံသို့ ဝင်ရောက်ထိုးဖောက်သင့်သလောက် ထိုးဖောက် ခြင်းမပြုကြသေးပါ။ ဆင်းရဲသောသူများတို့အား ကျွန်ုပ်တို့ဟောပြောကြသော အခါ၊ စွမ်းရည်ရှိသူများတို့ကိုလည်း အကောင်းဆုံးဆွဲဆောင်နိုင်သောအလင်း တရားဖြင့် များစွာပို၍ပါးနပ်စွာ စိတ်ဆန္ဒအပြည့်အဝ ဘုရားကိုကြောက်ရွံ့သော ကြိုးစားမှုဖြင့် သူတို့အားအမှန်တရားသို့ပို့ဆောင်ရပါမည်။ [Ev 555.3] EvBur 730.1

သို့သော် ဤကဲ့သို့ဆောင်ရွက်နိုင်ရန် အမှုဆောင်အားလုံးတို့သည် သူတို့၏ကိုယ်ကိုမြင့်ပြီး ထက်မြက်သောအသိဉာဏ်အဆင့်သို့ထားရှိရပါမည်။ သူတို့အနေဖြင့် မလိုအပ်ဟုနိမ့်ကျ၍ ရိုးရိုးအဆင့်ဖြင့်အသိဉာဏ်နည်းပြီး အဆင့် ရှိသူတို့အားဟောပြောသကဲ့သို့ ဟောပြောခြင်းပြု၍မရပါ။ သူတို့သည် အမှန် တရားကို ပညာသားပါပါဟောပြောနိုင်ရန်နှင့် အဆင့်အတန်းမြင့်သောသူများ တို့ကို ဝင်ရောက်ချဉ်းကပ်နိုင်ရန် လိုအပ်သည့်အသိဉာဏ်ထက်မြက်ခြင်းကို ဆည်းပူးပြီး မိမိကိုယ်ကိုအကောင်းဆုံးပြင်ဆင်မှုပြုရပါမည်။ သူတို့၏စိတ်ဓာတ် သည် ပို၍မြင့်ရာသို့ရောက်ရှိပြီး ပို၍ကြီးသောခွန်အားနှင့်ကြည်လင်ခြင်းကို ပြသရပါမည်။ [Ev 556.1] EvBur 730.2

လွန်ခဲ့သောအချိန်၌ အဆင့်ပို၍မြင့်သောသူတို့အတွက် သင့်အား ကျွန်ုပ်ဖော်ပြသကဲ့သို့ အဘယ်ကြောင့်ကြိုးစား၍မဆောင်ရွက်ရသည့်အကြောင်း ရင်းတစ်ခုမှာ၊ လူတို့သည် ဘုရားသခင်၌ယုံကြည်မှုမရှိခြင်းနှင့် စစ်မှန်သော ရဲရင့်ခြင်းသတ္တိမရှိခြင်းကြောင့်ဖြစ်သည်။ Manuscript 14, 1887. [Ev 556.2] EvBur 730.3

သေချာစွာအစာချိတ်ထားသောငါးမျှားချိတ်တစ်ခုဖြင့် - ထက်မြက်သောသူ၊ ကောင်းသောသူများစွာကျော်လွန်သွားခဲ့ပါသည်။ ဤလူတန်းစားကိုရယူရန် ငါးမျှားချိတ်၌အစာမချိတ်ထားပါ။ အမှန်တရားသူတို့ထံသို့ရောက်ရှိပြီး သူတို့ အားကယ်တင်ခြင်းသို့ပို့ဆောင်နိုင်မည့်နည်းလမ်းနှင့်စနစ်များကိုလည်း သေချာ စွာစီမံထားခြင်းမရှိပါ။ ယေဘုယျအားဖြင့် ခေတ်ဆန်၍ကြွယ်ဝချမ်းသာပြီး မာနထောင်လွှားသောသူတို့သည် ဗဟုသုတအားဖြင့် သူတို့နားလည်ရသည် မှာ ပျော်ရွှင်ခြင်းကို ငွေကြေးများစွာပိုင်ဆိုင်ခြင်း၊ တန်ဖိုးကြီးသောအဆောက် အဦများ၊ လှပသောတန်ဖိုးကြီးသည့်အိမ်ထောင်ပရိဘောဂနှင့်ရုပ်ကားများတို့ ရှိခြင်းအားဖြင့်မဟုတ်ကြောင်းဖြစ်ပါသည်။ သူတို့၌မရှိသည့်အရာတစ်ခုကို သူတို့လိုချင်နေသည်။ သို့သော် ဤအဆင့်ရှိသူတို့သည် တစ်ယောက်နှင့် တစ်ယောက်အပေါ်၌သာ ဆွဲဆောင်မှုရှိနေကြပြီး သူတို့ထံသို့ဝင်ရောက်ချဉ်းကပ် နိုင်ရန် ခက်ခဲရခြင်းသည် သူတို့အားတစ်စုံတစ်ခုမျှ သူတို့၏စိတ်ကို ချမ်းသာ ခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းပေးမည်ဟုတောင့်တကြသော်လည်း ဤအရာ များစွာတို့အားဖြင့် မိမိတို့၏အပြစ်များ၌ ပျက်စီးနေကြပါသည်။ သူတို့သည် ဖြောင့်မတ်ခြင်း၏အလင်း၊ ယေရှုကိုလိုအပ်လျက်ရှိနေပါသည်။ [Ev 556.3] EvBur 731.1

အဆင့်အတန်းရှိသောလူစုကြီးကို ဟောပြောခြင်းမပြုကြဘဲ ချန်လှပ် ထားရခြင်းသည် သေချာသောအခြားလုပ်ငန်းများတို့ကို သေချာသောနည်း ဖြင့်ဆောင်ရွက်နေကြခြင်းကြောင့်ဖြစ်သည်။ [Ev 556.4] EvBur 731.2

ချမ်းသာသောသူများတို့ကို ကယ်ရန်ကြိုးစားခြင်းမရှိ၊ လျစ်လျူရှုထား ခြင်းကြောင့် သူတို့သည် မိမိတို့ကိုယ်တိုင်အတွေးအခေါ်ထဲ၌သာ တစ်နေ့ တခြားပို၍ခိုင်မြဲနေကြပြီး ကယ်တင်ခြင်းမှဝေးကွာရပါသည်။ သူတို့ကိုယ်တိုင် မှရရှိသောအတွေးများနှင့်ဆက်ဆံခြင်းများတို့သည် သူတို့၏စဉ်းစားဉာဏ်ထဲ ၌ ထာဝရအရာကိုပျောက်ဆုံးသွားစေပါသည်။ သူတို့သည် ပို၍စိတ်နေမြင့် လာပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်နှလုံးခိုင်မာပြီး သူတို့နှင့်အလွယ် တကူဆက်ဆံ၍မရခြင်း၊ လူတိုင်းပိုက်ဆံလိုချင်ကြသည်ဟု အထင်အမြင် လွဲခြင်း အစရှိသည့်စိတ်ဓာတ်မျိုးရှိကြသောကြောင့် သူတို့ကိုတွေ့မြင်ရသော အခါ သူတို့၏မျမ်းသာကြွယ်ဝမှုအပေါ် ငြူစူရမည့်အစား၊ သနားရမည်ကို ဆင်းရဲသားများတို့နှင့်အများသောသူတို့သည် သူတို့အပေါ်ငြူစူနေကြပါသည်။ ဤအရာများအားလုံးကို ကယ်တင်ခြင်းအမှန်တရား၏တန်ခိုးတော်အောက်သို့ ယူဆောင်လာပါ။ သို့မှသာ ဘုရားသခင်၏နိုင်ငံတော်တည်ဆောက်ခြင်းသည် ပို၍အောင်မြင်မှုရရှိပြီး ရှေ့သို့တိုးတက်ခြင်းရှိပါလိမ့်မည်။ Manuscript 66, 1894. [Ev 556.5] EvBur 731.3

နှုတ်ကပတ် တော်အမှန်တရားအားဖြင့်ဆွဲဆောင်ခြင်း - လောက၌ယုံကြည် စိတ်ချရသောအဆင့်အတန်းမြင့်သူတို့အား ရှင်းလင်းပြတ်သားသောနှုတ်ကပတ် တော်ထွက်ဆိုချက်အမှန်တရားအားဖြင့်သာ ဆွဲဆောင်နိုင်မည်ဖြစ်သည်။ Leter 111, 1904. [Ev 557.1] EvBur 732.1

ပြင်းထန်သောငြင်းခုံခြင်းကို ရှောင်ပါ — ကျော်ကြားသူများ၊ ပညာရှိသူများ တို့ကို ပြင်းထန်သောငြင်းခုံခြင်းအားဖြင့် သူတို့ကိုဆွဲဆောင်၍မရဘဲ ရိုးသား သောဘုရားတရားကြည်ညိုသည့်အသက်တာအားဖြင့်သာ ဆွဲဆောင်နိုင်မည် ဖြစ်သည်။ အသက်နှင့်တိုးတက်မှုကိုပေးနိုင်သော ရှင်သန်ခြင်းအပြည့်အဝရှိ သည့်ဘာသာရေးသည် ကောင်းသောစိတ်စွဲလမ်းစေနိုင်သည့်သြဇာကိုပေးနိုင် ပါလိမ့်မည်။ ခရစ်တော်၏ဝိညာဉ်အလုပ်လုပ်ခြင်းအားဖြင့် တန်ဖိုးရှိသော အမှန်တရား၏မျိုးစေ့သည် စိတ်နှလုံးထဲ၌နေရာယူသောအခါ ထိုသူသည် အပြစ်သားများ၏ပြင်းထန်သောစိတ်၊ မောက်မာခြင်း၊ နားမလည်ခြင်းများတို့ ကို တွေ့ရှိရလိမ့်မည်။ ဤအရာအားလုံးတို့သည် စိတ်နှလုံးဗိမာန်ထဲမှကင်းစင် ရမည်ဖြစ်ပြီး ဘုရားသခင်၏ကျေးဇူးတော်ကိန်းအောင်းရာ စည်းကမ်းတစ်ခု ဖြစ်လာရပါမည်။ ထိုအခါ အမှန်တရား၏စည်းကမ်းအားလုံး ဘုရားသခင်၏ ဥယျာဉ်၌ နှိမ့်ချခြင်း၊ နူးညံ့ခြင်း၊ သည်းခံခြင်းနှင့်မေတ္တာပန်းများ ဖူးပွင့် လာပါလိမ့်မည်။ Letter 6b, 1890. [Ev 557.2] EvBur 732.2

အမှန်တရားကိုကိန်းဂဏန်းများနှင့်ပုံပြင်သာဓကများဖြင့် ဟောပြောပါ - အမှန် တရားကိုနည်းလမ်းအမျိုးမျိုးအားဖြင့် တင်ဆက်ဟောပြောရပါမည်။ ကိန်းဂဏန်း နှင့်ဥပမာပုံပြင်များအားဖြင့် ဟောပြောတင်ဆက်ခြင်းကြောင့် အသက်တာ၌ ပို၍အဆင့်အတန်းမြင့်သောသူတချို့ လက်ခံနိုင်မည်ဖြစ်ပါသည်။ Medical Ministry, p. 318. (1905) [Ev 557.3] EvBur 733.1

လွယ်ကူသောဧဝံဂေလိသတင်းစကားအားဖြင့်ဆွဲယူခြင်း - ကျော်ကြားသူများ အတွက် လူသားများတို့၏တန်ခိုးဖြင့် ကြိုးစားလုပ်ဆောင်ခြင်းထက် ဧဝံဂေလိ သတင်းစကား၏လွယ်ကူရိုးစင်းသောတန်ခိုးသြဇာသည် သူတို့ကိုပို၍လွယ်ကူ စွာဆွဲဆောင်နိုင်ပါသည်။ ဘုရားကိုပို၍အားကိုးပြီး အတ္တစိတ်ကိုဖျောက်ပစ်ရ ပါမည်။ ဘုရားသခင်သည် ဝိညာဉ်တော်ပို့ဆောင်သော အားအနည်းဆုံး လူသားကိုယ်စားလှယ်အားဖြင့် အလုပ်လုပ်သွားလိမ့်မည်။ Letter 72,1899, Ev_557.4] EvBur 733.2

အသိဉာဏ်နှင့်ငွေကြေးများတို့ ၏စွမ်းရည် - ကျွန်ုပ်တို့သည် ယုံကြည်ကိုးစား ရသော ရာထူးရာခံရှိသည့်ပုဂ္ဂိုလ်များအတွက် အထူးသောအလုပ်ကိုလုပ်ဆောင် ကြရမည်။ ဘုရားသခင်သည် မိမိ၏ပစ္စည်းဥစ္စာများအားဖြင့် သူပေးအပ်သော သူများတို့ကို သူ၏အမှုတော်၌ မိမိတို့၏အသိဉာဏ်စွမ်းရည်နှင့်ငွေကြေးများ တို့ဖြင့် အသုံးပြုရန်ခေါ်တော်မူသည်။ တချို့သောသူတို့သည် ဝိညာဉ်တော် အားဖြင့် ဘုရားသခင်၏ငွေကြေးကို အမှုတော်တိုးတက်ရန်အတွက် ရင်းနှီး မြှုပ်နှံလိုသောလှုံ့ဆော်ခြင်းကို ခံရလိမ့်မည်။ ဘုရားသခင်၏ရည်ရွယ်ချက်ကို သူတို့သည် ကျွန်ုပ်တို့၏မြို့ကြီးများတို့၌ တန်ခိုးသြဇာဗဟိုဌာနများဖန်တီးရန် ကူညီခြင်းအားဖြင့် ဖြည့်ဆီးပေးလိမ့်မည်။ ကျွန်ုပ်တို့၏အမှုဆောင်များတို့သည် ကျွန်ုပ်တို့၏လိုအပ်ချက်များဖြစ်သော ရှင်းလင်းသည့်ဖော်ပြချက်တစ်ခုကို ဤပုဂ္ဂိုလ်များတို့၏ရှေ့၌ဖော်ပြသင့်သည်။ ဆင်းရဲသားများနှင့်လိုအပ်သူများ တို့ကိုမစရန်နှင့် ခိုင်မာသောအခြေခံအပေါ် အလုပ်ကိုတည်ထောင်ရန် ကျွန်ုပ် တို့၏လိုအပ်သည့်အရာကို သူတို့အားသိစေပါ။ Medical Ministry, p. 329. (1900) [Ev 558.1] EvBur 733.3

ကော်နေလိနှင့်တူသောလူတို့ အတွက်လုပ်ဆောင်ပါ - ကော်နေလိ၏အကြောင်း အရာမှ ကျွန်ုပ်တို့ကောင်းမွန်စွာလုပ်ဆောင်ပြီး နားလည်ရန်သင်ခန်းစာတစ်ခု ရယူနိုင်ပါသည်။ ကောင်းကင်အရှင်ဘုရားသည် သူ၏စေတမန်များတို့အား ဤကမ္ဘာသို့ပို့ဆောင်ပြီး အမှန်တရားသင်ကြားပေးနိုင်သည့်အခြေအနေများသို့ ရောက်ရှိရန်စီစဉ်ကာ ပေတရုနှင့်ကော်နေလိကို ဆက်သွယ်ပေးခဲ့ပါသည်။ ကောင်းကင်တမန်၏လုပ်ဆောင်မှုကြောင့် ပေတရုကို အမှန်တရားဆည်းပူး သိရှိလိုသောဝိညာဉ်များတို့နှင့် အမှန်တရားကိုကြားနာနိုင်ရန် အရာခပ်သိမ်း အတွက်ပြုပြင်ထားပြီး ကြီးမားသောအလင်းကိုရရှိရန် ပူးပေါင်းပေးခဲ့ပါသည်။ [Ev 558.2] EvBur 734.1

ကော်နေလိနှင့်သူ၏အိမ်ထောင်မိသားစုပြောင်းလဲခြင်းသည် ကမ္ဘာ ပေါ်ရှိ ကောက်ရိတ်သိမ်းခြင်းတစ်ခု၏ပထမဦးဆုံးအသီးအနှံများတို့ကို စုသိမ်း ခြင်းဖြစ်ပါသည်။ ဤအိမ်ထောင်မိသားစုမှစပြီး ကြီးမားသောကျေးဇူးတော် ၏အလုပ်သည် ဘုရားတရားမသိရှိရသေးသောမြို့ များသို့ သယ်ဆောင်သွား ခြင်းကိုပြုလုပ်နိုင်ခဲ့ပါသည်။ Letter 17, 1900. [Ev 558.3] EvBur 734.2

ဘုရားသခင်၏လူများအထဲမှ နိုးကြားခြင်းတစ်ခုဖြစ်ပေါ်ရန်လိုအပ် ပြီး သူ၏အလုပ်ကို တန်ခိုးဖြင့်ရှေ့သို့သယ်ဆောင်သွားနိုင်ရန်ဖြစ်သည်။ ကျွန်ုပ် တို့သည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းခံယူရန်လိုသည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏လူတို့အဆင့်သို့ စွမ်းရည်နှင့်သြဇာရှိသူများတို့ကို ကမ္ဘာ သို့သတိပေးရမည့် မိမိတို့၏တာဝန်ကိုဆောင်ရွက်ရန် တိုးပွားများပြားစေလိမ့် မည်။ ကမ္ဘာပေါ်ရှိလူတို့သည် ဥပဒေမဲ့သူများ၊ ဆိုးသွမ်းသူများအားလုံးမဟုတ် ပါ။ ဗာလဘုရားရှေ့၌ဒူးမထောက်သော ဘုရားသခင်၏လူထောင်ပေါင်းများစွာ ရှိသည်။ မမှန်သောအသင်းတော်များအထဲ၌ ဘုရားကိုကြောက်ရွံ့သောသူ များစွာရှိနေပါသည်။ အကယ်၍ ထိုသို့မဟုတ်ပါက “ဗာဗုလုန်မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏အထဲမှထွက်ခဲ့ကြငါ့လူတို့” ဟူသောသတင်းကိုသယ်ဆောင်ရန် သူစေခိုင်းမည်မဟုတ်ပါ။ [Ev 558.4] EvBur 734.3

ဧဝံဂေလိသတင်းစကားကို ကျွန်ုပ်တို့၏မြို့ များတို့၌ ကြွေးကြော်ရ လိမ့်မည်။ ပညာရှိသူများနှင့်သြဇာရှိသူများတို့သည် သတင်းစကားကိုကြား ရပါလိမ့်မည်။ မျက်နှာဖြူများသာမက၊ စွမ်းရည်ရှိသောလူမည်းများတို့လည်း ယုံကြည်ခြင်းကိုလက်ခံရန်ဖြစ်သည်။ သူတို့၏လူအတွက် သူတို့မှအလုပ်လုပ် ကြရမည်ဖြစ်ပြီး ဘုရားသခင်၏ဆန္ဒရှိသည့်အတိုင်း လုပ်ငန်းပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူတို့ကိုပံ့ပိုးကြရပါမည်။ [Ev 559.1] EvBur 735.1

ဘုရားသခင်၏အမှုတော်လုပ်ငန်း၌ ပို၍များစွာဆုတောင်းခြင်း၊ ပို၍ များစွာခရစ်တော်နှင့်တူညီခြင်း၊ ပို၍များစွာဘုရားသခင်၏အလိုတော်နှင့်အညီ လိုက်လျှောက်ခြင်းများတို့ကို ရှိစေရပါမည်။ ပြင်ပပေါ်လွင်ထင်ရှားခြင်း၊ အကျိုး မဲ့ငွေကြေးဖြုန်းတီးခြင်းတို့သည် လုပ်ငန်းကိုပြီးစီးစေမည်မဟုတ်ပါ။ ကောင်းကင် မှအသက်ရှူရှိုက်ခြင်းတစ်ခုအတွက် လူအများတို့သည် ဆုပ်ကိုင်လျက်ရှိကြ ပါသည်။ ဘုရားသခင်ချမှတ်ထားသောပုံစံနှင့်အညီ သူတို့ထံသို့သတင်းစကား ကိုယူဆောင်လာသောအခါ၊ သူတို့သည် ဧဝံဂေလိသတင်းစကားဖြစ်ကြောင်း ကို သိရှိကြလိမ့်မည်။[Ev 559.2] EvBur 735.2

စီးပွားရေးဆူညံသံနှင့်ကုန်ကူးသန်းရောင်းဝယ်ရေး၌ ငြင်းခုံသံဖြင့် အလုပ်များနေကြသော ဤကမ္ဘာကြီးအထဲတွင် လူတို့သည် ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းစိတ်ဖြင့် ကြိုးစား၍အရာခပ်သိမ်းကိုရယူကြသည့်အချိန်၌ ခရစ်တော်သည်ကြွဆင်းလာပြီး ရှုပ်ထွေးမှုများအပေါ် ဘုရားသခင်၏ခရာသံ ကဲ့သို့ သူ၏အသံကိုဤကဲ့သို့ကြားရပါသည်။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျှင် အဘယ်အကျိုးကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” [Ev 559.3] EvBur 735.3

သူတို့အသိအမှတ်ပြုခြင်းပျောက်ဆုံးသွားခဲ့သည့် သာ၍မြင့်မြတ်သော ကမ္ဘာသို့ ခရစ်တော်သည် လူတို့ကိုပြညွှန်ပြီး ဤမြို့သည် ဘုရားသခင် တည်ဆောက်၍ပြုလုပ်ခဲ့သော ထာဝရတည်မြဲမည့်မြို့ တစ်မြို့တည်းသာဖြစ်မည့် အကြောင်း သူတို့အားပြောပြခဲ့ပါသည်။ သူတို့အား ဘုရားသခင်၏အသက်ရှင် သောဘုန်းတော်ဖြင့်သန့်ရှင်းစေသည့်ကောင်းကင်၏ဝင်ပေါက်ကိုပြပြီး ကောင်းကင် နိုင်ငံတော်၏ဘဏ္ဍာများသည် အောင်မြင်သောသူများအတွက်ဖြစ်ကြောင်း သူတို့အားခိုင်မာစွာပြောဆိုခဲ့သည်။ ထာဝရအသက်ရှင်ခြင်းအမွေအနှစ်ကိုရရှိ ရန်၊ သန့်ရှင်းသောရည်မှန်းချက်ကိုကြိုးစားအားထုတ်ရယူရန် သူတို့အား ဘုရားသခင်ခေါ်တော်မူသည်။ မိမိတို့၏ဘဏ္ဍာကို ဘုရားသခင်၏ပလ္လင်တော် နား၌ချထားရန် သူတို့အားဘုရားသခင်တောင်းဆိုပါသည်။ ထိုနောက်သူတို့ သည် မိမိတို့၏ကိုယ်ကိုအပင်ပန်းခံစေပြီး လောကီဘဏ္ဍာကိုရရှိခြင်းထက် ခရစ်တော်အတွက်စိတ်ရောကိုယ်ပါ ခွန်အားရှိသမျှဖြင့်ဆောင်ရွက်ရမည်ဖြစ် သည်။ မိမိတို့၏စွမ်းရည်ကိုအသုံးပြုသောနည်းဖြင့် သူ့အတွက်ဝိညာဉ်များကို အောင်မြင်စေရန် ဤလောက၌ရှိသောအလုပ်များတို့ထက် သာ၍အရေးကြီး သောအလုပ်ကို သူတို့လုပ်ဆောင်ကြပါလိမ့်မည်။ [Ev 559.4] EvBur 735.4

ဤလောက၌ရှိသော ငွေကြေးကြွယ်ဝသူများ သတိပြုရမည့်သတိပေး စကားကို ဤကဲ့သို့ဖော်ပြထားပါသည်။ “ဤဘဝ၌ ငွေရတတ်သူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစား ဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့် သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ဆည်းပူးခြင်းတို့ကိုပြုရမည်အကြောင်း ပညတ်ထားလော့။” Letter 51, 1902. [Ev 560.1] EvBur 736.1

ဘုရင်များနှင့်အရာရှိများကြားစေရမည် — အလင်းကိုရှင်ဘုရင်များနှင့် ကမ္ဘာ ပေါ်ရှိကျော်ကြားသူများထံသို့ ယူဆောင်သွားရမည်။ သူတို့သည် ဘုရားသခင် ၏အစေခံများသက်သေခံခြင်းကိုကြားခဲ့ရပြီးနောက်မှ ပြန်လည်၍ “သူ၏ စကားကိုငါနားထောင်ရမည်မှာ ထိုဘုရားကားအဘယ်သူနည်း” ဟုပြောသကဲ့ သို့ သူတို့သည် ပြန်လည်ပြောကြသည့်တိုင် သူတို့ထံသို့အလင်းကိုသယ်ဆောင် သွားရပါမည်။ [Ev 560.2] 27 EvBur 736.2

ရှင်ဘုရင်များ၊ အစိုးရအရာရှိများနှင့်ကျော်ကြားသူများတို့သည် သင့်ကို မုန်းတီးသောသူများထံမှ သင်တို့၏အကြောင်းကိုကြားရသည့်အတွက် သင်တို့ ၏ယုံကြည်ခြင်းနှင့်စာရိတ္တသည် သူတို့ရှေ့၌မှားယွင်းစွာဖော်ပြထားမည်ဖြစ် ပါသည်။ သို့သော် မှားယွင်းစွာစွပ်စွဲခြင်းခံရသောသူတို့သည် သူတို့အား စွပ်စွဲသူတို့ရှေ့၌ သူတို့ကိုယ်တိုင်အတွက်ဖြေရှင်းရန် အခွင့်အရေးရရှိကြပါ မည်။ ကမ္ဘာ့ကျော်ကြားသူတို့ရှေ့၌ သူတို့သည် အလင်းကိုသယ်ဆောင်ခွင့် ရကြပေလိမ့်မည်။ အကယ်၍သင်သည် ကျမ်းစာကိုလေ့လာထားပြီး သင့်ကို မေးမြန်းလာသူတို့အား သင်၏ယုံကြည်မျှော်လင့်ခြင်းကို နူးညံ့သိမ်မွေ့ ကြောက်ရွံ့သောစိတ်ဖြင့် အဆင်သင့်ဖြေဆိုနိုင်ပါက သင်၏ရန်သူတို့သည် သင်၏ပညာကိုငြင်းဆို၍ရမည်မဟုတ်ပါ။ Review and Herald, April 26, 1892. [Ev 560.3] EvBur 737.1

တိုင်းပြည်ခေါင်းဆောင်များတို့ ကို သတိပေးခြင်း - နိုင်ငံခေါင်းဆောင်များတို့ သည် မိမိတို့၏ခြေကို ထာဝရအမှန်တရား၏စင်မြင့်ပေါ်မှာ စိုက်ထူထားရန် လိုအပ်သည်။ သူတို့၏အိမ်များတို့ကို အသိတရားမရှိခြင်းကြောင့် သဲပေါ် မှာသူတို့အားဆောက်ခွင့်မပြုသင့်ပါ။ ဤပုဂ္ဂိုလ်များတို့ကို ဘုရားများအဖြစ် ဝတ်မပြုရပါ။ သူတို့၏အပြုအမူများအတွက် သူတို့သည် ဘုရားနှင့်ဖြေရှင်း ရန်တာဝန်ရှိသည်။ အကယ်၍သူတို့သည် မိမိတို့၏အုပ်ချုပ်မှုအောက်၌ရှိသော သူတို့အားဖျက်ဆီးခြင်းသို့ရောက်သည့်တိုင်အောင်ပြုလုပ်ပါက ဘုရားထံသို့အဖြေ ပေးရပါလိမ့်မည်။ Letter 187, 1903. [Ev .561.1] EvBur 737.2

တိုးတက်ကြီးပွားခြင်း၏အန္တရာယ်များ - လူတို့၏သမိုင်းစဉ်တစ်လျှောက်၌ တိုးတက်ကြီးပွားခြင်းသည် မည်မျှအန္တရာယ်ရှိကြောင်း သင်ယူကြရပါသည်။ အကြီးဆုံးအန္တရာယ်သို့ရောက်ရှိသူများတို့သည် မိမိတို့၏ငွေကြေးဆုံးရှုံးခြင်းနှင့် ပစ္စည်းဥစ္စာဆုံးရှုံးခြင်းကြောင့်မဟုတ်ပါ။ ကံကြမ္မာကောင်းသောသူနှင့် ရာထူး ရာခံမြင့်မားခြင်းသို့ရောက်သောသူများသာဖြစ်သည်။ ဤအရာများအတွက် သတိပြုပြီး စိတ်အားထက်သန်စွာလုပ်ဆောင်ရန်လိုအပ်သည်။ ဘေးဒုက္ခကြုံ ရခြင်းသည် စိတ်ဓာတ်ကျစေနိုင်သည်။ သို့သော် တိုးတက်ကြီးပွားခြင်းသည် လွန်စွာဝါကြွားခြင်းသို့ပို့ဆောင်စေနိုင်ပါသည်။ [Ev 561.2] EvBur 737.3

ဆုတောင်းခြင်းများကို ဒုက္ခကြုံတွေ့ရသူတို့အတွက် တောင်းဆိုပေး ကြခြင်းသည် လုပ်သင့်သောအရာတစ်ခုဖြစ်သည်။ သို့သော် စိတ်ပါစွာအကောင်း ဆုံးဆုတောင်းခြင်းများကို တိုးတက်ကြီးပွားသောအဆင့်၌ရှိနေသူများအတွက် ပြုလုပ်ပေးသင့်ပါသည်။ ဤပုဂ္ဂိုလ်များတို့သည် ဝိညာဉ်ပျောက်ဆုံးနိုင်သည့် အကြီးဆုံးသောအန္တရာယ်၌ ရှိနေကြပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ကိုလေးစားပြီး ကျွန်ုပ်တို့၏ကိုးစားရာအဖြစ်ထားသောအခါ အရှက်ခွဲသိက္ခာ ချခြင်း၏ချိုင့်ဝှမ်းထဲ၌ လုံခြုံစွာကျွန်ုပ်တို့လျှောက်လှမ်းနိုင်ပါသည်။ မြင့်မား သောအရပ်၌ကျွန်ုပ်တို့ရှိနေပြီး ချီးမွမ်းခြင်းအသံကိုကြားရခြင်းနှင့် ကျွန်ုပ်တို့၏ ဉာဏ်ပညာနှင့်ကြီးမြတ်ခြင်း အလွန်ဂုဏ်ပြုချီးကျူးခြင်းခံရသောအခါ၊ ကျွန်ုပ် တို့ကိုစောင့်ရှောက်ရန် အထူးတန်ခိုး၊ အထူးလက်ရုံးလိုအပ်ပါသည်။ [Ev 561.3] EvBur 738.1

ဤအသိတရားသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်မတူသောသူတို့ အား အထူးဂရုပြုသင့်ပါသည်။ ချီးမြှောက်ခြင်းနှင့်ချီးမွမ်းခြင်းခံရသောသူများ တို့သည် သူတို့ရရှိသည်ထက်ပို၍ ခရစ်တော်၏ရိုးသားခြင်းအမအစကို လိုအပ် လျက်ရှိပါသည်။ သူတို့သည် ပျက်စီးခြင်းမှလွတ်မြောက်ရန် ပို၍ဇွဲဖြင့်စိတ်အား ထက်သန်စွာဆုတောင်းခြင်းကို လိုအပ်လျက်ရှိပါသည်။ Letter 72, 1899. EvBur 738.2