ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

127/163

သတိပြုစရာများကိုချိန်ဆခြင်း

ကျွန်ုပ်တို့ ၏သုံးမျိုးသောသာသနာ့လုပ်ငန်း - ဘုရားသခင်သည် ပစ္စည်း တန်ဆာပလာများကိုအသုံးပြုခြင်းအားဖြင့်အလုပ်လုပ်သည်။ သူသည် ဧဝံဂေလိ သာသနာ့လုပ်ငန်း၊ ဆေးကုသသောသာသနာပြုလုပ်ငန်းနှင့် လက်ရှိအမှန်တရား ပါရှိသည့် ပုံနှိပ်ထုတ်ဝေသောစာပေများအားဖြင့် စိတ်နှလုံးသားများတို့ကို ထိတွေ့ စေပါသည်။ အားလုံးတို့သည် ယုံကြည်ခြင်း၏နည်းလမ်းများအားဖြင့် ထိရောက်မှုကိုဖြစ်စေပါသည်။ အမှန်တရားကိုကြားရ၊ ဖတ်ရှုရသည်နှင့် သန့်ရှင်း သောဝိညာဉ်တော်အိမ်သို့ပို့ဆောင်ပြီး ကြားရ၊ ဖတ်ရသောသူတို့သည် မည်သည့် အရာမှန်သည်ကိုသိရှိလိုသော ပြင်းပြသည့်ဆန္ဒဖြစ်ပေါ်စေပါသည်။ ဧဝံဂေလိ သာသနာ့လုပ်ငန်း၊ ဆေးကုသသောသာသနာပြုလုပ်ငန်းနှင့် ကျွန်ုပ်တို့၏စာပေ ပုံနှိပ်ထုတ်ဝေသောလုပ်ငန်းတို့သည် ဘုရားသခင်၏ကိုယ်စားလှယ်များဖြစ်ပါ သည်။ တစ်ခုသည်အခြားတစ်ခုထက်သာလွန်ခြင်းမရှိပါ။ Letter 54, 1903. Ev547.1] EvBur 718.2

“ဆေးကုသခြင်း” စကားလုံးကိုတွဲပေးပါ - ဧဝံဂေလိသာသနာလုပ်ငန်းသည် ထိရောက်မှုမလျော့နည်းစေရပါ။ ၎င်းသည် ကျွန်ုပ်တို့ကမ္ဘာတစ်ခုလုံးသို့ ကြီးမားသောအလင်းထွန်းလင်းနိုင်သည့်အထိ ကိုယ်စားလှယ်ဖြစ်ရမည်။ နယ်သို့ ပို၍ အမှုဆောင်များတို့ကိုပို့နိုင်ရန် ဖြစ်နိုင်သရွေ့ အရာခပ်သိမ်းတို့၌ပြုလုပ် သင့်သည်။ မည်သည့်ဩဇာမျှ လူငယ်များတို့ကို ဓမ္မရေးရာသာသနာ့လုပ်ငန်း အတွက် မိမိတို့၏ကိုယ်ကိုသင့်လျော်ခြင်းမရှိဟု ကြိုးစားအားထုတ်ဘေးဖယ် ထားနိုင်စေရန် မဆောင်ရွက်သင့်ပါ။ ၎င်းသို့ကျွန်ုပ်တို့ “ဆေးကုသခြင်း” စကားလုံးကိုတွဲထားနိုင်ပါသည်။ အကြောင်းမှာ ဧဝံဂေလိဓမ္မအမှုဆောင်သည် ရောဂါနှင့်၎င်း၏အကြောင်းရင်းများကို သိရှိနိုင်ရန်လိုအပ်သောကြောင့်ဖြစ် သည်။ ဖျားနာသောသူများတို့ကို မည်ကဲ့သို့ကူညီရန် သူနားလည်သင့်သည်။ ကျွန်ုပ်တို့နေသောအိမ်တွင်းရှိလူတို့အား ဖျားနာသူတို့အားကုသသောနည်းကို သင်ကြားပို့ချနိုင်သည့်အရည်အချင်းရှိသင့်သည်။ ဤအရာသည် ဧဝံဂေလိ သတင်းစကား၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ Letter 123, 1900. [Ev 547.2] EvBur 719.1

မူးလယ် (Muller) ၏ထင်ရှားသောအလုပ်ကဲ့သို့ ကျွန်ုပ်တို့ ၏အလုပ် - ယခု ဘုရားသခင်သည် မိမိတို့လူတို့အပေါ် တစ်မျိုးတည်းသောအလုပ်ကို မူးလယ် (Muller) အပေါ်၌ချပေးသကဲ့သို့မပေးပါ။ George Muller, Bristol, England.] မြင့်မြတ်သောအလုပ်တစ်ခုကို မူးလယ် (Muller) ဆောင်ရွက်ခဲ့သည်။ သို့သော် ဘုရားသခင်သည် မိမိလူတို့အား ခြားနားသောစီမံကိန်းတစ်ခု၏နောက်၌ ဆောင်ရွက်ရန်အလုပ်တစ်ခုကိုပေးပါသည်။ သူတို့အားဘုရားသခင်သည် ကမ္ဘာတစ်ခုလုံးအတွက် သတင်းစကားတစ်ခုကိုပေးပါသည်။ သူတို့သည် တစ်နယ်ပြီးတစ်နယ်သို့ဝင်ရောက်ပြီး အပြစ်ဒုစရိုက်၌ပျက်စီးနေသောဝိညာဉ်များ တို့နှင့် တက်ကြွသောတိုက်ပွဲကို ဆင်းနွှဲကြရပါမည်။ Letter 33, 1900. EvBur 719.2

ချမ်းသာသူနှင့်ဆင်းရဲသူတို့ အတွက်မျှတသောအလုပ်တစ်ခု - ၁၈၉၉ ခုနှစ် အဆုံးပိုင်းအချိန်၌ ကြီးမားသောစိတ်ဝင်စားမှုသည် ဆင်းရဲသားများနှင့်ဝိုင်းပယ် ထားခြင်းခံရသူများအပေါ် ဖြစ်ပေါ်လာခဲ့ပါသည်။ ကြီးမားသောအလုပ်တစ်ခု ကိုဆုံးရှုံးသောသူနှင့် အဆင့်ကျဆင်းသူတို့ကိုမြှင့်တင်ရန်အတွက် စတင် ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဤဆောင်ရွက်သောအလုပ်သည် ကောင်းသော အလုပ်တစ်ခုဖြစ်ပါသည်။ ခရစ်တော်စိတ်ဓာတ်သည် ကျွန်ုပ်တို့၌အမြဲရှိသင့် ပြီး ကျွန်ုပ်တို့သည် ဒုက္ခရောက်သောလူသားတို့အတွက် သူဆောင်ရွက်ခဲ့သော အလုပ်တစ်မျိုးတည်းကို ဆောင်ရွက်ကြရပါမည်။ ဝိုင်းပယ်ထားသောသူများ အတွက် ဆောင်ရွက်ရန်ဘုရားသခင်၌အလုပ်ရှိသည်။ ဤကိစ္စ၌မေးခွန်းထုတ် စရာမလိုဘဲ ၎င်းကိုတချို့သောသူတို့အား သူတို့အထဲ၌လုပ်ဆောင်ရမည်ဖြစ် ပြီး ပျက်စီးသောဝိညာဉ်များတို့ကို ကြိုးစား၍ကယ်တင်စေရပါမည်။ ဤအလုပ် သည် တတိယကောင်းကင်တမန်သတင်းစကားဟောပြောခြင်းနှင့် သမ္မာ ကျမ်းစာအမှန်တရားကိုလက်ခံခြင်းနှင့်ဆက်သွယ်နေရပါမည်။ သို့သော် ဤအဆင့်အတန်းရှိလူတို့အတွက် လူတိုင်းပါဝင်လုပ်ကိုင်စေခြင်းမှာ အန္တရာယ် ရှိပါသည်။ အကြောင်းမှာ လုပ်ဆောင်ခြင်းသည် ပြင်းထန်လွန်းသောကြောင့် ဖြစ်သည်။ သူတို့အားအခြားအလုပ်သို့ဘုရားသခင်ခေါ်သောအခါ သူတို့၏ အင်အားများကို ဤအလုပ်၌သာဦးတည်ပြီး လူတို့အားလုပ်ဆောင်စေခြင်းမှာ အန္တရာယ်ရှိပါသည်။ [Ev 548.1] EvBur 720.1

လူသားများအတွက် ကျွန်ုပ်တို့တာဝန်၏ကြီးမားသောမေးခွန်းသည် အရေးကြီးသောအရာတစ်ခုဖြစ်ပြီး အများဆုံးသောကောင်းကျိုးကိုရရှိရန်၊ မည်ကဲ့သို့ဆုံးဖြတ်ရမည်ကိုသိရှိရန် ဘုရားသခင်၏ကျေးဇူးတော်များစွာလိုအပ် ပါသည်။ လူအားလုံးတို့အား အနိမ့်ဆုံးအဆင့်ရှိသူများတို့အထဲ၌လုပ်ဆောင် ခြင်းအားဖြင့် မိမိတို့၏အလုပ်ကို စတင်လုပ်ဆောင်ကြရမည်မဟုတ်ပါ။ ဘုရားသခင်သည် သူ၏အမှုဆောင်များကို မိမိတို့၏ပညာနှင့်သင်တန်းရရှိ ခြင်းသည် မိမိတို့၏ကိုယ်ကိုလုံးလုံးလျားလျား ဤအဆင့်အတန်းရှိသူများတို့ အတွက်ကိုသာ ဆက်ကပ်လုပ်ဆောင်ရန်သူမတောင်းဆိုပါ။[Ev 548.2] EvBur 720.2

ဘုရားသခင်၏လုပ်ဆောင်ခြင်းသည် ယုံကြည်စိတ်ချမှုဆောက်တည် မည့်လမ်းဖြင့်ဖော်ပြပြီး လုပ်ငန်းသည် သူ၏တီထွင်ခြင်းနှင့်လှုပ်ရှားခြင်းတိုင်း အတွက် ကောင်းသောစည်းမျဉ်းများအပေါ်မူတည်သည်။ သို့သော် ဘုရားသခင် ထံကျွန်ုပ်ညွှန်ကြားခြင်းခံရသည်မှာ ဝိုင်းပယ်ထားခြင်းခံရသူများအတွက် စီမံ ပေးခြင်းသည် တပြေးညီမဖြစ်ဘဲ တစ်ချက်တစ်ချက်အရှိန်အဝါကောင်းပြီး တုန်လှုပ်ချောက်ချားစေသောလုပ်ဆောင်မှုများတို့သည် အန္တရာယ်ရှိကြောင်းဖြစ် ပါသည်။ ဤအရာများတို့သည် စစ်မှန်သောအကျိုးကျေးဇူးကိုမပြုနိုင်ပါ။ ညီညွတ်သောလုပ်ဆောင်မှုအားဖြင့် .. အလုပ်၏ အစိတ်အပိုင်းအားလုံးကို အနည်းဆုံးအင်အားဖြစ်စေမည့်အလုပ်မျိုးကိုသာ လူတစ်စုလုပ်ဆောင်ရန် စိတ်ဓာတ်ရှိပါလိမ့်မည်။ EvBur 721.1

ဧဝံဂေလိသတင်းစကားဖိတ်ခေါ်ခြင်းကို ချမ်းသာသူနှင့်ဆင်းရဲသူ၊ အဆင့်မြင့်သူနှင့်အဆင့်နိမ့်သူအားလုံးတို့အားပေးရမည်ဖြစ်ပြီး နေရာသစ်များ သို့ အမှန်တရားသယ်ဆောင်ရန်အတွက် ကြေးငွေများတို့ကို လူအဆင့်အတန်း အားလုံးသို့ခွဲဝေရပါမည်။ ဘုရားသခင်ကျွန်ုပ်တို့အားအမိန့်ပေးသည်မှာ၊ “မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကိုပြည့်စေခြင်းငှာ အနိုင် အထက်ခေါ်သွင်းလော့။” သူပြောသည်မှာ၊ “လမ်းမကြီး၌အစပြုပါ။ လမ်းမ ပြင်ဆင်ပြီး ပျောက်ဆုံးသူကိုရှာ၍ ကယ်တင့်ခြင်း၌ခရစ်တော်ဆောင်ရွက်ခဲ့ ကြီး၌သေချာစွာဆောင်ရွက်ပါ။ သင်နှင့်အတူပေါင်းစည်းမည့်အဖွဲ့တစ်ခုကို သည်နည်းတူ ထိုအလုပ်မျိုးကိုသင်လုပ်ဆောင်ပါ။” [Ev 549.1] EvBur 721.2

ဆင်းရဲသားများတို့ထံ ဧဝံဂေလိသတင်းစကားကို ခရစ်တော်ဟော ပြောခဲ့ပါသည်။ သို့သော် ဤသူတို့အတွက် သူ၏လုပ်ဆောင်ခြင်းကိုသတ်မှတ် ထားးမပြုပါ။ သူ၏စကားကိုကြားနာဖို့ရန် အားလုံးအတွက်သူလုပ်ဆောင် ပါသည်။ အခွန်ခံနှင့်ဝိုင်းပယ်ထားခြင်းခံရသူများတို့အတွက်ကိုသာမကဘဲ ချမ်းသာသူများနှင့်အဆင့်အတန်းရှိဖာရိရှဲများ၊ ကျော်ကြားသောယုဒလူမျိုးများ၊ တပ်မှူးများနှင့်ရောမအရာရှိများအားလုံးအတွက် သူလုပ်ဆောင်ပါသည်။ ဤအလုပ်မျိုးကို ကျွန်ုပ်တို့လုပ်ဆောင်သင့်ကြောင်း ကျွန်ုပ်မြင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်ခွန်အားရှိသမျှဖြင့် ကြိုးစားအားထုတ်ပြီး အနိမ့်ဆုံးသောသူများအတွက်ဆောင်ရွက်ခြင်းနှင့် ဤအလုပ်တစ်ခုတည်းကို သာ ဆောင်ရွက်ခြင်းမပြုရပါ။ သခင့်ထံသို့ခေါ်ဆောင်လာရမည့် အခြားသူ များရှိနေပါသည်။ အမှန်တရားကိုလိုအပ်နေသူများ၊ တာဝန်များကိုထမ်းဆောင် ရသူများနှင့် မိမိတို့၏ဖြူစင်သောစွမ်းရည်ဖြင့် မြင့်သောအရပ်များ၌သော်လည်း ကောင်း၊ နိမ့်သောအရပ်များ၌သော်လည်းကောင်း ရှိသည့်လူအားလုံးအတွက် လုပ်ဆောင်မည့်သူများတို့ကို ခေါ်ဆောင်ရပါမည်။ [Ev 549.2] EvBur 721.3

ပို၍ဆင်းရဲသောလူတန်းစားတို့အတွက် အလုပ်သည် အကန့်အသတ် မရှိပါ။ မည်သည့်အခါမျှလုပ်၍မကုန်ပါ။ အမှုတော်တစ်ခုလုံး၏အစိတ်အပိုင်း တစ်ခုဟု မှတ်ယူရပါမည်။ ဘုရားသခင်၏စပျစ်ဥယျာဉ်၌ ဆောင်ရွက်စရာ များစွာရှိနေပြီး အခွင့်အရေးရှိသော်လည်း ဝင်ရောက်ဆောင်ရွက်ခြင်းမပြုရသေး ရှိလျက်နှင့် ဤဆင်းရဲသောလူတန်းစားကိုသာလျှင် ဦးစားပေးမည်ဆိုလျှင် မှားသောနေရာ၌အစပြုမည်ဖြစ်ပါသည်။ လက်ယာလက်သည် ကိုယ်ခန္ဓာနှင့် ဆက်သွယ်နေသကဲ့သို ဆေးကုသသောသာသနာ့အလုပ်သည် တတိယ ကောင်းကင်တမန်သတင်းစကားနှင့်ဆက်သွယ်လျက်နေရပါမည်။ သို့သော် လက်ယာလက်သည် ကိုယ်ခန္ဓာတစ်ခုလုံး၏နေရာကိုယူ၍မရပါ။ ဝိုင်းပယ် ခြင်းခံရသောသူတို့ကိုရှာဖွေခြင်းအလုပ်သည် အရေးကြီးသော်လည်း ကျွန်ုပ် တို့သာသနာ့လုပ်ငန်း၏အကြီးဆုံးဝန်ထုပ်မဖြစ်စေရပါ။ Medical Ministry, pp. 311, 312. (1899) EvBur 722.1

အလုပ်အရွယ်အစားတစ်ခု - ဆေးကုသသောသာသနာ့လုပ်ငန်းသည် အချိုးမကျသောလုပ်ငန်းတစ်ခုမဖြစ်စေရပါ။ အခြားလုပ်ငန်းကဲ့သို့ လုပ်ဆောင် ရမည့်အလုပ်တစ်ခုဖြစ်ရမည်။ Letter 38, 1899. [Ev 550.1] EvBur 722.2

အမှုဆောင်များတို့၏ကျန်းမာရေး - မိမိတို့၏ကိုယ်တစ်ခုလုံးကို ဆေးကုသ မှုပြုသောသာသနာ့လုပ်ငန်း၌အပ်နှံပြီး နေ့ညမပြတ် မောခြင်းပန်းခြင်းမရှိ၊ အန္တရာယ်မရှောင်၊ ဆင်းရဲနွမ်းပါးအခွံအတာခံပြီးဆောင်ရွက်ခြင်းသည် မိမိတို့ ၏သစ္စာရှိစွာကာကွယ်ရမည့်စိတ်နှင့် ကိုယ်ခန္ဓာ၏တန်ခိုးများကိုမေ့ပျောက်သွား နိုင်သောအန္တရာယ်ရှိပါသည်။ သူတို့သည် မိမိတို့၏ကိုယ်ကို လုပ်ငန်း၏ အလွန်အကျွံဖိစီးခြင်းကိုခံရန် ခွင့်မပြုသင့်ပါ။ သူတို့သည် စိတ်အားထက်သန် မှုနှင့်ပြည့်ဝပြီး တစ်ခါတစ်ရံဆင်ခြင်မှုမရှိဘဲ မိမိတို့၏ကိုယ်ကို လေးလံသော ဝန်ထုပ်အောက်သို့ချထားတတ်ပါသည်။ ဤအမှုဆောင်များ မိမိတို့၏စိတ်ဓာတ် ကိုပြောင်းလဲခြင်းမပြုကြပါက ဝေဒနာခံစားရပြီး သူတို့သည် ဆောလျင်စွာ အားအင်ဆုတ်လျော့ခြင်းနှင့် ခြေကုန်လက်ပန်းကျခြင်းအကျိုးကို ခံစားကြရ ပါလိမ့်မည်။ [Ev 550.2] EvBur 723.1

ဘုရားသခင်၏အမှုဆောင်များတို့သည် မြင့်မြတ်သောစိတ်အား ထက်သန်မှုနှင့်ပြည့်ဝပြီး ခရစ်တော်၏ပုံသက်သေကို လိုက်လျှောက်လိုသော ဆန္ဒရှိသည့်အခါ၊ တစ်နေ့တာ၏လုပ်ငန်းထဲ၌ လုပ်ငန်းပေါင်းများစွာကို ကြိုးစားဆောင်ရွက်ခြင်းမပြုသင့်ပါ။ အကယ်၍ဆောင်ရွက်ကြပါက၊ လေးလံ သောဝန်ထုပ်ကိုသယ်ပိုးရခြင်းကြောင့် ပင်ပန်းနွမ်းနယ်အားအင်ယုတ်လျော့ပြီး လျင်မြန်စွာလုပ်ငန်းမှအနားယူရပါလိမ့်မည်။ ညီအစ်ကိုတို့၊ သင်တို့သည် ဒုက္ခရောက်သူများတို့ကိုမစရန်အတွက်နှင့် ဝိညာဉ်များတို့ကိုကယ်တင်ရန်အတွက် သင်၌ရှိသောအခွင့်အရေးများကို စိတ်အားထက်သန်စွာ အကောင်းဆုံးကြိုးစား ဆောင်ရွက်အသုံးပြုရမည်မှာ မှန်ကန်ပါသည်။ သို့သော် သင်၏ကျန်းမာ ရေးကို ဆက်ကပ်ခြင်းမပြုပါနှင့်။ [Ev 550.3] EvBur 723.2

ကျွန်ုပ်တို့သည် သာမန်ထက်သာ၍မြင့်သောအလုပ်၊ အတ္တစိတ်ဝင်စား မှုများကို မြေကြီးထက်သာ၍ကောင်းကင်မြင့်သကဲ့သို့ ခေါ်ယူခြင်းကိုခံရကြ ပါသည်။ သို့သော် ဤအတွေးသည် ကျွန်ုပ်တို့၏အလိုဆန္ဒကို အနားယူချိန် မရှိဘဲ ရှိသမျှဝန်ထုပ်အားလုံးကိုထမ်းဆောင်ရမည့် ဘုရားသခင်၏အမှုဆောင် များအဖြစ်သို့ရောက်ရှိရန် ပို့ဆောင်ခြင်းမပြုသင့်ပါ။[Ev 550.4] EvBur 723.3

အကယ်၍ ဘုရားသခင်၏အံ့သြဖွယ်ရာကောင်းသော ဝိညာဉ်များ တို့၏ကယ်တင်ခြင်းစီမံကိန်းထဲ၌ ပါဝင်ထမ်းဆောင်ကြရသောသူအားလုံးတို့ သည် ပျင်းရိခြင်းမရှိကြပါက မည်မျှကောင်းလိမ့်မည်နည်း။ အကယ်၍ အမှုဆောင်တိုင်း “ဘုရားသခင်သည် ကျွန်ုပ်အားနိုးနိုးကြားကြားရှိရန် သင်၌ တာဝန်ရှိကြောင်းပြောသောကြောင့်၊ ကျွန်ုပ်ယုံကြည်သောအမှန်တရားအတွက် ကျွန်ုပ်ကြိုးစားဟောပြောမည်။ ကျွန်ုပ်လက်တွေ့ အမှုဆောင်တစ်ဦးဖြစ်မည်။ စိတ်ကူးယဉ်သမားတစ်ဦးမဖြစ်ပါ” ဟုပြောကြမည်ဖြစ်ပါက၊ ဘုရားသခင်၏ အမှုတော်မည်မျှပြီးမြောက်အောင်မြင်ခြင်းရှိလိမ့်မည်နည်း။ Medical Ministry, pp. 292, 293. (1904) [Ev 550.5] EvBur 724.1