ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

102/163

ဝမ်းမြောက်ဖွယ်ဧဝံဂေလိလုပ်ငန်း၌အမျိုးသမီးများ

ဤအကျပ်အတည်းကာလ၌ - အမျိုးသားများအတွက်အလုပ်ရှိသကဲ့သို့ အမျိုးသမီးများအတွက်လည်းအလုပ်ရှိသည်။ ဤကျပ်တည်းသောကာလတွင် ရှိသော ဘုရားရှင်၏အလုပ်၌ အမျိုးသားများနေရာတွင် သူတို့နေရာယူပြီး သူတို့အားဖြင့် ဘုရားသခင်အလုပ်လုပ်သွားလိမ့်မည်။ အကယ်၍ သူတို့သည် မိမိတို့၏တာဝန်ကိုသိသောစိတ်ဓာတ်ရှိပြီး ဝိညာဉ်တော်သြဇာအောက်၌ အမှု တော်ကိုဆောင်ရွက်ပါက ဤအချိန်အတွက်လိုအပ်သည့်ကိုယ်ပိုင်ခွန်အားကို ရရှိကြလိမ့်မည်။ ဤဆက်ကပ်သောအမျိုးသမီးများအပေါ် မိမိ၏ရုပ်သဏ္ဌာန် အလင်းကို ကယ်တင်ရှင်သည် ရောင်ခြည်ဟပ်စေမည်ဖြစ်ပြီး အမျိုးသားများ တို့ထက် ပို၍တန်ခိုးကိုသူတို့အားပေးပါလိမ့်မည်။ အမျိုးသားများမလုပ်နိုင် သောအလုပ်တစ်ခုကို မိသားစုများအတွက်ပြုလုပ်နိုင်ပြီး အသက်တာ၏အတွင်း ပိုင်းကျသောအလုပ်ကိုပင် ထိရောက်စွာဆောင်ရွက်နိုင်ပါသည်။ အမျိုးသား များချဉ်းကပ်၍မရသောနှလုံးသားများကို အမျိုးသမီးများချဉ်းကပ်နိုင်ပါသည်။ သူတို့၏လုပ်ဆောင်မှုလိုအပ်နေပါသည်။ Review and Herald, Aug. 26, 1902. [Ev 464.2] EvBur 606.1

နှလုံးသား၌လုပ်ဆောင်နိုင်သောအမျိုးသမီးများ - ဘုရားသခင်၏အမှုတော် နှလုံးသားထဲ၌ရှိသောအမျိုးသမီးများတို့သည် မိမိတို့နေထိုင်သောဒေသ၌ ကောင်းသောအလုပ်ကိုထမ်းဆောင်နိုင်ပါသည်။ အမှန်တရားကို အခြားသော သူများရှေ့၌ဟောပြောသောသူကိုမစသည့် အမျိုးသမီးများအကြောင်းခရစ်တော် ပြောပြီး ဧဝံဂေလိလုပ်ငန်း၌ သူနှင့်အတူအမှုထမ်းသောအမျိုးသမီးများအကြောင်း ကိုလည်း ရှင်ပေါလုပြောသည်။ သို့သော် ဆန္ဒရှိပါက ကြီးမားသောအလုပ် ကိုလုပ်ဆောင်နိုင်လျက်နှင့် အနည်းငယ်သာသူတို့လုပ်ဆောင်နေကြပါသည်။ Letter 31, 1894. [Ev 465.1] EvBur 606.2

ယုံကြည်သူအမျိုးသမီးများဝိညာဉ်များအပေါ်ခံစားချက်ရှိသောအခါ - သင်၏ ဗဟုသုတအားဖြင့် ကျွန်ုပ်စဉ်းစားသည်မှာ၊ ဘုရားရှင်ဦးဆောင်မှုအောက်၌ အမျိုးသမီးများပေါင်းစည်း၍ ဘုရားအမှုတော်အတွက်ဆောင်ရွက်ရန် သင်၏ သြဇာကို သင်ကြိုးစားရယူနိုင်ပြီး ပါဝင်ဆောင်ရွက်နိုင်ပါသည်။ အမှန်ပင် အမျိုးသမီးဦးရေများစွာတို့သည် ဒုက္ခရောက်သောသူများတို့ကိုအားပေးခြင်း၊ မည်ကဲ့သို့ယုံကြည်ရန်၊ ကျွန်ုပ်တို့၏ကယ်တင်ရှင်ယေရှုခရစ်တော်၌ ရိုးရိုးသားသား ယုံကြည်ရန် သူတို့ကိုပညာပေးခြင်းများပြုကြရမည်။ ထိုနောက် လူတို့သည် မိမိတို့၏ကိုယ်ကို သခင်ယေရှုထံပေးအပ်ပြီး လုံးလုံးဆက်ကပ်အပ်နှံသည့်အခါ၊ ယုံကြည်ချက်များကို သူတို့နားလည်ကြပေလိမ့်မည်။ [Ev 465.2] EvBur 607.1

အမေရိကန်ပြည်ရှိ ကျွန်ုပ်တို့၏ညီအစ်မများတို့သည် သခင်ယေရှု အတွက် သူတို့ဆောင်ရွက်နိုင်သည်ထက် ပို၍မဆောင်ရွက်ကြသောကြောင့် ကျွန်ုပ်၏စိတ်ကိုနာကျင်စေပါသည်။ ခရစ်တော်၌တည်နေကြပါက သူတို့သည် အလုပ်အတွက်ရဲရင့်ခြင်း၊ ခွန်အားနှင့်ယုံကြည်ခြင်းကို ရရှိကြပါလိမ့်မည်။ အမျိုးသမီးအများစုတို့သည် စကားပြောခြင်းကိုနှစ်သက်ကြသည်။ အဘယ် ကြပါသနည်း။ ခရစ်တော်နှင့်ကျွန်ုပ်တို့ဆက်သွယ်မှုပို၍နီးကပ်သောအခါ၊ ဘုရား ကြောင့်ပျက်စီးကြမည့်ဝိညာဉ်များသို့ ခရစ်တော်၏နှုတ်ကပတ်တော်ကိုမပြောဆို ကိုမသိသော ပျက်စီးသည့်ဝိညာဉ်များအကြောင်းနှင့် အဖိုးဖြင့်သူတို့အားဝယ်ယူ ခဲ့သောခရစ်တော်ကို သူတို့ရှုတ်ချခြင်းအတွက် ခံစားချက်မရှိသောသူတို့အကြောင်း ကို သူတို့၏စိတ်နှလုံးသားမှသင်ယူကြလိမ့်မည်။ [Ev 465.3] EvBur 607.2

ယုံကြည်သူအမျိုးသမီးများ အပြစ်များ၏ဝန်ထုပ်သည် သူတို့ကိုယ်တိုင် နှင့်မဆိုင်သော်လည်း ဝိညာဉ်အပေါ်ခံစားချက်ရှိပါက ခရစ်တော်အမှုဆောင်ရွက် သကဲ့သို့ သူတို့ဆောင်ရွက်ကြပါလိမ့်မည်။ ခရစ်တော်ထံသို့ ဝိညာဉ်များကို ပို့ဆောင်သောဆက်ကပ်ခြင်းအလုပ်ကို ကြီးမားလွန်းသည်ဟုသူတို့ထင်ကြမည် မဟုတ်ပါ။ ဝိညာဉ်များကိုချစ်သောသူတိုင်း ဘုရားသခင်ဖြစ်ပွားစေသောသူ ဖြစ်သည်။ ခရစ်တော်၏ခြေတော်ရာကို အဆင်သင့်လျှောက်လိုက်လိုသောသူ များဖြစ်ကြပြီး သူတို့၏ပြောဆိုသောစကားများနှင့်အသံသည် သခင့်အမှုတော် ၌လုပ်ဆောင်သော စွမ်းရည်များဖြစ်ပေလိမ့်မည်။ အဓိကသိုလှောင်ရုံမှဝိညာဉ် အစားအစာသည် သူတို့ကိုယ်တိုင်ထံမှ ညှိုးနွမ်း၍ခြောက်ကပ်သောဝိညာဉ်များ ကိုချစ်သည့် ထင်ရှားသောလမ်းကြောင်းဖြင့်စီးကျလာပေလိမ့်မည်။[Ev 465.4] EvBur 608.1

ဤသာသနာလုပ်ငန်းသည်အဆက်မပြတ်လုပ်ဆောင်ရမည့်ပညာရေးတစ်ခုဖြစ်သည် - ကောင်းချီးမင်္ဂလာတစ်ခုအဖြစ်တောင့်တမှုသည် လုပ်ဆောင်သူ၏အားနည်းချက် နှင့်မပြည့်စုံမှုတို့ကို မြင်တွေ့ လာစေပါသည်။ ဤစိတ်ဆန္ဒသည် ဆုတောင်း ခြင်းအားဖြင့် ဘုရားသခင်ထံသို့စိတ်ဝိညာဉ်ရောက်ရှိသွားစေရန် မောင်းနှင် တွန်းပို့စေပြီး၊ သခင်ယေရှုမှသူ၏အလင်းနှင့်သူ၏သန့်ရှင်းသောဝိညာဉ်တော် ကိုပေးကာ မာကျောခက်ထန်နေသောနှလုံးသားများကို အရည်ပျော်စေပြီး၊ ကျိုးပဲ့သွားအောင် သခင်ခရစ်တော်လုပ်ဆောင်ပေးကြောင်းကို သူတို့သဘော ပေါက်နားလည်လာကြသည်။ Letter 133, 1898. [Ev 466.1] EvBur 608.2

လုပ်ငန်းကဏ္ဍအမျိုးမျိုးတွင်လိုအပ်နေပါသည် — ဘုရားရှင်၏အမျိုးမျိုးသော အမှုကိစ္စတို့တွင် လုပ်ဆောင်ရမည့်ကွင်းပြင်ကြီးသည် ကျယ်ပြောလှပြီး၊ ၎င်း၌ ညီမများတို့သည် သခင့်အတွက်ကောင်းသောအစေခံခြင်းများကို လုပ်ဆောင် နိုင်ပါသည်။ လိုင်းပေါင်းများစွာသော သာသနာလုပ်ငန်းတို့သည် လျစ်လျူရှု ခြင်းခံခဲ့ရပါသည်။ မတူညီကြသောအသင်းတော်များတွင် မကြာခဏဆိုသကဲ့သို့ အလုပ်ပြီးပြတ်အောင်မလုပ်ဆောင်ကြဘဲ၊ သို့မဟုတ် ပြီးစီးသွားပါသည်ဟူသော အလုပ်တို့သည်လည်း ပြည့်စုံမှုမရှိသောကြောင့် ညီမများတို့သည် မှန်ကန်စွာ သင်ကြားပို့ချမှုကိုခံယူခဲ့ကြပါက၊ ၎င်းလိုအပ်ချက်များကို ညီမများ၏အကူအညီ အားဖြင့် ပြီးမြောက်အောင်မြင်စေနိုင်ပါသည်။ လိုင်းပေါင်းစုံသောအိမ်တွင်း သာသနာလုပ်ငန်းအားဖြင့် ဓမ္မအမှုတော်ဆောင်များထိုးဖောက်ဝင်ရောက်နိုင်မှ မရှိသော လူတန်းစားအလွှာများထံ ၎င်းတို့အားဖြင့်ထိုးဖောက်ဝင်ရောက်နိုင် မည်ဖြစ်သည်။ ဆွေကြီးမျိုးကြီးမှပေါက်ဖွားလာသောအမျိုးသမီးများအထဲ၌ ကိုယ်ကျင့်တရားမြင့်မြတ်ပြီး အမှန်တရားအတွက်စိတ်ဆန္ဒပြင်းပြမှုရှိသောသူ တို့ထဲတွင် လိမ္မာပါးနပ်မှုရှိသောသူ၊ သိမြင်နားလည်သောသူနှင့် ကောင်းသော စွမ်းပကားအရည်အချင်းကောင်းများပြည့်ဝကာ ထိုသူတို့အားဖြင့် အောင်မြင် သောအမှုတော်ဆောင်ကောင်းများအဖြစ် လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ဤကဲ့သို့တန်ဖိုးရှိသော ခရစ်ယာန်အမျိုးသမီးများ၏လုပ်အားကို အမှန်ပင် လိုအပ်နေပါသည်။ Review and Herald, Dec. 10, 1914. [Ev 466.2] EvBur 608.3

ဧဝံဂေလိလုပ်ငန်း၌အမျိုးသမီးများတို့ ၏ကဏ္ဍ - အိမ်တွင်းသာသနာ့လုပ်ငန်း အမျိုးမျိုးထဲ၌ သီလနှင့်ပြည့်စုံပြီး.. လိမ္မာရေးခြားရှိသောအမျိုးသမီးသည် မိမိ၏တန်ခိုးများကို အမြင့်ဆုံးသောအကျိုးကျေးဇူးအတွက် အသုံးပြုနိုင်ပါ သည်။ သူ၏ကျေးဇူးတော်ကိုခံယူရရှိသောသူများကဲ့သို့ ခရစ်တော်အသေခံခဲ့ သော မည်သည့်အမျိုးသားအမျိုးသမီးများရှိပါသနည်း။ မိမိတို့ကိုယ်တိုင် အမှန်တရားကိုကျင့်သုံးသောအမျိုးသမီးများတို့ထက်ပို၍ အမှန်တရားနှင့်ခရစ်တော် ၏ပုံသက်သေကိုကိုယ်စားပြုနိုင်သော မည်သူများရှိပါသနည်း။ Review and Herald, Dec. 10, 1914. [Ev 466.3] EvBur 609.1

အကြံပေးသူ၊ မိတ်ဆွေနှင့်လုပ်ဖော်ဆောင်ဖက်အဖြစ် - အကယ်၍ အမျိုးသမီး တစ်ဦးသည် မိမိအချိန်နှင့်အရည်အချင်းများကို လိမ္မာစွာတိုးတက်စေပြီး၊ ပညာ နှင့်ခွန်အားအတွက် ဘုရားရှင်ကိုအမှီပြုကာ မိမိ၏ခင်ပွန်းနှင့်အတူ တန်းတူ ရည်တူ အကြံပေးသူ၊ မိတ်ဆွေနှင့်လုပ်ဖော်ဆောင်ဖက်အဖြစ်ပါဝင်လုပ်ဆောင် ပါက မိမိအမျိုးသမီးကျေးဇူးနှင့် ဂုဏ်သိက္ခာတစ်ခုကိုမျှ အလဟဿဖြစ်စေမည် မဟုတ်ပါ။ သူသည် မိမိ၏စာရိတ္တကိုတိုးတက်အောင်ပြုလုပ်နိုင်မည်ဖြစ်ပြီး ဤကဲ့သို့ဆောင်ရွက်ခြင်းဖြင့် မိမိ မိသားစု၏အကျင့်စာရိတ္တများကိုလည်း တိုးတက်စေနိုင်ခြင်းနှင့်မြင့်မြတ်စေခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ ဘေးပတ်ဝန်းကျင်ရှိသူများတို့အတွက်ကိုပါ မထင်မမှတ်သောတန်ခိုးသြဇာကို ပင် ပေးစွမ်းနိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်အမျိုးသမီးများ မိမိတို့၏အသိ ဉာဏ်ကိုမပျိုးထောင်သင့်ပါသနည်း။ အဘယ်ကြောင့်မိမိတို့ရှိနေခြင်း၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို မဖြေဆိုနိုင်ကြပါသနည်း။ အဘယ်ကြောင့် မိမိတို့၌ရှိနေသောတန်ခိုးကိုမသိ၊ ဤတန်ခိုးကိုဘုရားသခင်ထံမှရရှိကြောင်းကို နားမလည်၊ ကြိုးစား၍သူတစ်ပါးကောင်းကျိုးအတွက်နှင့် ဤကမ္ဘာ၌ရှိသော ပြုပြင်ပြောင်းလဲရေးအမှုတော်နှင့် မှန်ကန်ပြီးစစ်မှန်သောကောင်းမြတ်ခြင်းတို့ကို ၎င်းတို့ဖြင့်အပြည့်အဝအသုံးမပြုဘဲနေကြရပါသနည်း။ ကောင်းကျိုးကိုသော် လည်းကောင်း၊ ဆိုးကျိုးကိုသော်လည်းကောင်း အမျိုးသမီးများဆောင်ရွက်နိုင် သည့်သြဇာတန်ခိုးရှိကြောင်းကို မာရ်နတ်သိသည်။ ထိုကြောင့် သူတို့ကိုအမှု တော်၌အသုံးပြုရန် သူလမ်းရှာလျက်ရှိသည်။ Good Health, June, 1880. [Ev 467.1] EvBur 609.2

ပုံမှန်အသက်တာတစ်ခု၏တန်ဖိုး - ဇနီးသည်များ၊ မိခင်များနှင့်ပျိုရွယ် သောအမျိုးသမီးအမှုဆောင်များတို့၏အလုပ်တာဝန်သည် အံ့ဩဖွယ်ရာကောင်း သည်။ အကယ်၍သူတို့၌ဆန္ဒရှိပါက သူတို့သည် ကောင်းသောအရာအတွက် သြဇာကိုပတ်ဝန်းကျင်ရှိသူတို့အား ပေးစွမ်းနိုင်လိမ့်မည်။ ဝတ်စားဆင်ယင်ခြင်း ၌ ယဉ်ကျေးခြင်း၊ အမူအရာ၌သတိတရားရှိခြင်းအားဖြင့် သူတို့သည် အမှန် ရှေ့၌ထွန်းလင်းစေနိုင်ပြီး အခြားလူများတို့သည် သူတို့၏ကောင်းသောအလုပ် တရားကိုရိုးသားစွာဖြင့်သက်သေခံနိုင်ကြလိမ့်မည်။ သူတို့၏အလင်းကို လူတိုင်း များကိုတွေ့မြင်ရခြင်းအားဖြင့် ကောင်းကင်ဘုံ၌ရှိသောသူတို့၏အဘကို ချီးမွမ်း ကြလိမ့်မည်။ အမှန်ပြောင်းလဲသောအမျိုးသမီးတစ်ဦးသည် ကောင်းကျိုးအတွက် တန်ခိုးနှင့်ပြည့်ဝသောပြောင်းလဲခြင်းတစ်ခုကို ရရှိပေလိမ့်မည်။ သူမ၏ခင်ပွန်းသည် သူနှင့်လက်တွဲပြီး သူမသည် ခင်ပွန်းသည်၏အလုပ်ကိုကူညီနိုင်ကာ ခင်ပွန်းသည် အတွက် ခွန်အားပေးခြင်းနှင့်ကောင်းချီးမင်္ဂလာလမ်းကြောင်းများဖြစ်ပါလိမ့် မည်။ ဆန္ဒနှင့်လမ်းခရီးသည် ဘုရားသခင်၏ဝိညာဉ်တော်လက်အောက်သို့ ယူဆောင်လာသောအခါ ကောင်းမှုအတွက်အကန့်အသတ်မရှိဘဲ အောင်မြင်မှု ရရှိပါလိမ့်မည်။ Manuscript 91, 1908. [Ev 467.2] EvBur 610.1

ယေရှုအတွက်ဝန်ထုပ်ထမ်းဆောင်ပေးသူများ - ကျွန်ုပ်တို့၏ညီအစ်မများ၊ အတွက် နောက်ဆုံးလုပ်ငန်း၌ပါဝင်နိုင်ကြပြီး သူတို့၌အခွင့်အရေးရှိသည်နှင့် လူပျိုလူရွယ်၊ လူလတ်တန်းနှင့်အသက်အရွယ်ကြီးသူများတို့သည် ဤအချိန် အညီ ဆောင်ရွက်ကြခြင်းအားဖြင့် မိမိတို့အတွက် အမြင့်ဆုံးသောတန်ဖိုးဖြစ် သည့် ဗဟုသုတတစ်ခုကို သူတို့ရရှိကြလိမ့်မည်။ ကိုယ်ကျိုးမေ့ပျောက်ခြင်း အားဖြင့် ကျေးဇူးတော်၌သူတို့ကြီးထွားလာကြလိမ့်မည်။ ဤလမ်းညွှန်မှုအတွင်း စိတ်ဓာတ်ကို သင်တန်းပေးခြင်းအားဖြင့် သူတို့သည် ယေရှုအတွက်ဝန်ထုပ် များကို မည်ကဲ့သို့သယ်ပိုးရမည်ကို သင်ယူရရှိကြလိမ့်မည်။ Review and Herald, Jan. 2, 1879. [Ev 468.1] EvBur 611.1

အိမ်၌အလုပ်လုပ်သူများ - အိမ်အလုပ်ကိုကူညီရန် အမျိုးသား၊ သို့မဟုတ် အမျိုးသမီးများတို့ကိုတာဝန်ပေးသောသူတို့သည် သင့်လျော်သောအဖိုးအခကို ပေးသင့်သည်။ ၎င်းပြင် လုပ်ဆောင်သောသူတို့ကိုလည်း ချီးမွမ်းဂုဏ်ပြုသင့် သည်။ သူတို့၏သစ္စာရှိစွာဆောင်ရွက်ခြင်းကို ချီးမွမ်းစရာမကောင်းဟု သူတို့ အားမထင်သင့်ပါ။ သူတို့၏အလုပ်သည် ကျမ်းစာသင်တန်းပေးသောအလုပ် ကဲ့သို့ လိုအပ်သည့်အတွက် ကျေးဇူးတင်စကားများကို သူတို့အားပြောသင့် သည်။ သူတို့သည် မကြာခဏမေတ္တာနှင့်သနားခြင်းကရုဏာကို လိုလား တောင့်တသည့်အတွက် ဤကဲ့သို့သူတို့၏ထိုက်တန်ခြင်းကို ထိန်းထားရန် မသင့်ပါ။ [Ev 468.2] EvBur 611.2

အိမ်အတွက်ချက်ပြုတ်ခြင်းနှင့် အခြားအလုပ်လုပ်ဆောင်သောသူတို့ သည် ဘုရားအလုပ်၌ ကျမ်းစာလုပ်ငန်းလုပ်ကိုင်သူများကဲ့သို့ပင်ဖြစ်သည်။ ထိုကြောင့်သူတို့သည် ပို၍သနားခြင်းနှင့်မေတ္တာလိုအပ်ရခြင်းသည် ဝိညာဉ် ရေးပိုင်းဆိုင်ရာအလုပ်များ၌ ဝိညာဉ်ရေးအားဖြည့်တင်းပေးခြင်း၊ မြှင့်တင်ပေး ခြင်းနှင့်ခွန်အားပေးခြင်းကို ပေးစွမ်းနိုင်သောကြောင့်ဖြစ်သည်။ ထိုနောက် ကျွန်ုပ်တို့အားလုံး အစေခံများဖြစ်ကြကြောင်းသတိရပါ။ သင်၏အိမ်အလုပ် ကိုဆောင်ရွက်သောသူသည် ကျမ်းစာသင်ပေးသောသူကဲ့သို့ ဘုရားသခင် အသိအမှတ်ပြုပြီး ချီးမွမ်းဂုဏ်ပြုပါသည်။ Manuscript 128, 1905. EvBur 611.3