ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

85/163

အခန်း (၁၂)—အခြားတိုက်ကြီးများတို့၌သတင်းစကားကြွေးကြော်ခြင်း

ဥရောပတိုက်၌သတင်းစကားကြွေးကြော်ခြင်း

တစ်ကမ္ဘာလုံးသို့ အလင်းထွန်းလင်းစေရမည် - ယခုအချိန်၌ အမှန်တရား၏ ကိုယ်စားလှယ်များတို့သည် မြို့ တိုင်းနှင့်တောကျသည့်နေရာတိုင်းတွင်ရှိသင့် သည်။ ကမ္ဘာတစ်ခုလုံးသည် ဘုရားသခင်အမှန်တရားဘုန်းတော်ဖြင့် ထွန်းလင်း တောက်ပရပါမည်။ အလင်းသည် တိုင်းပြည်အားလုံးနှင့်လူမျိုးအားလုံးတို့ ထံသို့ ထွန်းလင်းရလိမ့်မည်။ အလင်းရရှိသူတိုင်း အလင်းပေးကြရပါမည်။ [Ev 407.1] EvBur 530.1

တချို့သောတိုင်းပြည်များတို့၌ ပညာရေးဗဟိုဌာနများနှင့်တန်ခိုးသြဇာ စကားပြောဆိုသောနိုင်ငံများနှင့် ဥရောပတိုက်ရှိဘာသာရေးပြန်လည်ပြုပြင်ရေး များအဖြစ် အခွင့်အရေးရှိသည့်အနေဖြင့် မှတ်သားနိုင်ပါသည်။ အင်္ဂလိပ် နိုင်ငံများတို့၌ရှိသောသူများတို့သည် အမှန်တရားကိုလွယ်ကူစွာလက်ခံနိုင်ကြ မည်ဖြစ်ပြီး သင်တန်းကျောင်းများထူထောင်ရန်နှင့် ကျွန်ုပ်တို့၏လုပ်ငန်းရေ သို့တိုးတက်ရန် အခွင့်အရေးများစွာရှိနေပါသည်။ အမေရိကန်ပြည်၌ လုပ်ငန်း ၏အရည်အသွေးကိုပေးနိုင်သည့် သင်တန်းကျောင်းများစွာရှိသည်။ လုပ်ငန်း နှင့် အခြားတိုက်ကြီးများရှိနိုင်ငံများအတွက် အလားတူအထောက်အကူပစ္စည်း တိုးတက်သည်နှင့်အညီ အင်္ဂလန်၊ သြစတြေးလျ၊ ဂျာမနီ၊ စကင်ဒီနေးဗီးယား များကို ဖြည့်ဆည်းပေးသင့်သည်။ ဤနိုင်ငံများအတွင်း ဘုရားသခင်၌တတ်စွမ်း နိုင်သောသူများ၊ ဗဟုသုတရှိသောလုပ်ဆောင်မည့်သူများရှိကြသည်။ ဤပုဂ္ဂိုလ် များတို့သည် သင်တန်းကျောင်းများကိုထူထောင်ရန်ဦးဆောင်နိုင်ပြီး အမှုဆောင် များတို့ကိုသင်တန်းပေးကာ မတူညီသည့်လုပ်ငန်းများတို့ကို ရှေ့သို့အောင်မြင်စွာ သယ်ပိုးဆောင်ရွက်နိုင်ကြသည်။ သူတို့အတွက်ငွေကြေးနှင့်အထောက်အကူ ပြုသည့်ပစ္စည်းများကိုဖြည့်ဆည်းပေးရန် ဘုရားသခင်ပုံစံချမှတ်ပေးထားသည်။ တည်ထောင်ခဲ့သောသင်တန်းကျောင်းများသည် အခြားသောနိုင်ငံများ၌ အလုပ် ၏အရည်အသွေးကိုပေးနိုင်ပြီး မှောင်မိုက်ထဲ၌ရှိသောတစ်ပါးအမျိုးသားများ အတွက် အမှုဆောင်များကိုသင်တန်းပေးနိုင်သောအခွင့်အရေးကိုဖြစ်စေပါသည်။ ဤနည်းလမ်းအားဖြင့် ဗဟုသုတရှိသောအမှုဆောင်များအရည်အသွေးပြည့်မီ အဆတစ်ရာတိုးပွားလာပါလိမ့်မည်။ [Ev 407,2] EvBur 530.2

ဥရောပတိုက်တစ်ခွင်ရှိလုပ်ငန်းအတွက် ပို၍လိုအပ်သောအထောက် အကူပစ္စည်းများတို့ကို ပြင်ဆင်ပေးခြင်းမရှိသည့်အတွက် ကျွန်ုပ်စဉ်းစားသည့် အခါ ကျွန်ုပ်အားနာကျင်စေပါသည်။ ဆွစ်ဇလန်၊ ဂျာမနီ၊ နော်ဝေးနှင့်ဆွီဒင် နိုင်ငံများအတွင်းရှိ လုပ်ငန်းအတွက်စဉ်းစားသောအခါ ကျွန်ုပ်၏စိတ်ကို လွန်စွာနာကျင်စေပါသည်။ မတူညီသည့်အမှုတော်လုပ်ငန်းရှေ့သို့တိုးတက်ရန် ရုန်းကန်ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်တစ်ဦး၊ နှစ်ဦးရှိသည့်နေရာ၌ ရာချီ သောအမှုတော်ဆောင်များ လုပ်ဆောင်ရန်သင့်သည်။ Testimonies, vol. 6, pp. 24-26. (1900) [Ev 408.1] EvBur 531.1

ဥရောပတိုက်၌ကြီးမားသောအလုပ် - ဥရောပတိုက်၌ ကြီးမားသောအလုပ် တစ်ခုကိုဆောင်ရွက်ရန်ရှိသည်။ ကောင်းကင်တစ်ခုလုံးသည် အနီးအနားရှိ မျှမက ရပ်ဝေးတိုင်းပြည်များတို့ကိုလည်း စိတ်ဝင်စားလျက်ရှိနေပါသည်။ ကျွန်ုပ်တို့၏အကူအညီကိုလိုအပ်နေသောတိုင်းပြည်များကိုသာ စိတ်ဝင်စားရုံ ကောင်းကင်သားအားလုံးတို့သည် အပြစ်ထဲကျရောက်လျက်ရှိသောကမ္ဘာအတွက် လျက်ရှိသော လူသားအားလုံးတို့၏ကယ်တင်ခြင်းရရှိရေးတွင် သူတို့သည် အမှုတော်၌ပါဝင်လှုပ်ရှားလျက်ရှိကြသည်။ ဤကမ္ဘာပေါ်ရှိအပြစ်ထဲကျရောက် အလွန်ပင်စိတ်ဝင်စားလျက်ရှိကြသည်။ Manuscript 65, 1900. [Ev 408.2] EvBur 531.2

ဥရောပတိုက်၌အမှန်တရားကို ဟောပြောသောသူတို့အား ကြီးမားသောအလုပ်ကိုအပ်နှံ ထားသည် - ပြင်သစ်နှင့်ဂျာမနီနိုင်ငံများတွင် မြို့ကြီးများနှင့်လူဦးရေများစွာရှိ နေသည်။ အမှောင်ထုထဲ၌ နှစ်ပေါင်းရာချီပြီးရှိနေသည့် အီတလီ၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံများရှိကြပြီး ဘုရားသခင်၏နှုတ်ကပတ်တော်တံခါးပွင့်လျက်ရှိ သည်။ ကမ္ဘာသို့နောက်ဆုံးသတိပေးစကားကိုလက်ခံရန်အတွက်လည်း တံခါး ပွင့်လျက်ရှိသည်။ ဟော်လန်၊ သြစတြေးလျ၊ ရိုမေးနီးယား၊ တူရကီ၊ ဂရိ နှင့်ရုရှားနိုင်ငံတို့၌လည်း သန်းပေါင်းများစွာရှိသောအိမ်များ၊ ယခုအချိန်ရှိ အထူးအမှန်တရားနှင့်ပတိသက်ပြီး ဘာမျှမသိရှိရသေးသည့် ကျွန်ုပ်တို့ကဲ့သို့ ဘုရားသခင်ရှေ့မှောက်၌ တန်ဖိုးများစွာရှိသောဝိညာဉ်များရှိနေပါသည်။ [Ev 408.3] EvBur 531.3

ဤတိုင်းပြည်များ၌ ကောင်းသောအလုပ်ကိုလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ထိုနေရာ၌ အမှန်တရားကိုရရှိခဲ့သောသူများရှိကြပြီး တိုင်းပြည်တိုင်း၌လိုပင် အလင်းသယ်ဆောင်သောသူများကဲ့သို့ ပျံ့နှံ့လျက်ရှိကြသည်။ သို့သော် ကျွန်ုပ် တို့ရှေ့၌ ကြီးမားသောအလုပ်နှင့်နှိုင်းယှဉ်လိုက်ပါက သေးငယ်သောအလုပ် ကိုသာ လုပ်ဆောင်နိုင်ခဲ့ပါသည်။ ဘုရားသခင်၏ကောင်းကင်တမန်များတို့ သည် လူတို့၏စိတ်နှလုံးထဲ၌လှုပ်ရှားလျက်ရှိပြီး သတိပေးစကားကိုလက်ခံ ရန် သူတို့ကိုပြင်ဆင်ပေးလျက်ရှိသည်။ ယခုထက်တိုင်လုပ်ငန်းအစမပြုရသေး သည့်နယ်မြေများတို့၌ သာသနာပြုများလိုအပ်လျက်ရှိသည်။ နေရာသစ်များ အမြဲဖွင့်လှစ်လျက်ရှိသည်။ လူမျိုးတိုင်းဖြူစင်၍ အသက်ပေးနိုင်သည့်တန်ခိုး သြဇာကို ဝမ်းမြောက်စွာရယူနိုင်ရန် အမှန်တရားကိုမတူညီသောဘာသာစကား များသို့ ဘာသာပြန်ကြရပါမည်။ Life Sketches, pp. 304, 305. (1905) [Ev 408.4] EvBur 532.1

ကျယ်ပြန့်၍ကြီးမားသောအလုပ်တစ်ခုအတွက်ခေါ်ယူခြင်း - ဥရောပတိုက်၌ အမှုတော်များစွာပြီးမြောက်ရန်အချိန်ရောက်ရှိလာပြီ။ အမေရိကန်ပြည်၌ ကြီးမား ကြရမည်။ ဆေးရုံများထူထောင်ကြပြီး ကျန်းမာရေးနှင့်ညီညွတ်သောစားသောက် သောအလုပ်ကိုဆောင်ရွက်နိုင်သကဲ့သို့ ဥရောပတိုက်တွင်လည်း ဆောင်ရွက် ဆိုင်များတို့ကို စတင်ဖွင့်လှစ်ကြပါစို့။ လက်ရှိအမှန်တရား၏အလင်းသည် ပုံနှိပ်တိုက်မှနေ၍ ထွန်းလင်းစေကြပါစို့။ ကျွန်ုပ်တို့၏စာအုပ်များကို ဘာသာပြန် သည့်အလုပ်အားဖြင့် ရှေ့သို့တိုးတက်ရန်ဆောင်ရွက်ကြပါစို့။ ဥရောပတိုက် ရှိနိုင်ငံများအထဲ၌ နေရာများစွာတို့တွင် အလင်းထွန်းလင်းလျက်ရှိသည်ကို ကျွန်ုပ်အားပြသလျက်ရှိသည်။ [Ev 409.1] EvBur 532.2

ဘုရားသခင်၏လုပ်ငန်းကို ကောင်းမွန်စွာမဆောင်ရွက်ရသေးသော နေရာများစွာရှိနေသေးသည်။ အီတလီ၊ ပြင်သစ်၊ စကော့တလန်နှင့်အခြား နိုင်ငံများတို့၌ အကူအညီလိုလျက်ရှိသည်။ ပို၍ကြီးမားသောအလုပ်ကို ဤနေရာ များ၌ဆောင်ရွက်သင့်ကြသည်။ အမှုဆောင်များလိုအပ်လျက်ရှိသည်။ ဥရောပ တိုက်အတွင်း ဘုရားသခင်၏သားသမီးများအထဲ၌ စွမ်းရည်ရှိသူများရှိကြပြီး ဘုရားသခင်သည် ဤစွမ်းရည်များကို အင်္ဂလန်နိုင်ငံနှင့်တိုက်၏ဗဟိုဌာနများ အဖြစ် သူ၏အမှန်တရားအလင်းကို ထွန်းလင်းတောက်ပစေရန် သူဆန္ဒရှိ သည်။ [Ev 409.2] EvBur 533.1

စကင်ဒီနေးဗီးယား၌ဆောင်ရွက်ရန်အမှုရှိသည်။ အမေရိကန်ပြည်၌ ယုံကြည်သူများတို့အားဖြင့် အလုပ်လုပ်သကဲ့သို့ စကင်ဒီနေးဗီးယား၌ရှိသော ယုံကြည်သူများတို့သည်လည်း ထိုနည်းတူဆောင်ရွက်ရန် ဘုရားသခင်အလို ရှိသည်။ [Ev 409.3] EvBur 533.2

ကျွန်ုပ်၏ညီအစ်ကိုတို့၊ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် တပ်ဖွဲ့များကိုဖွဲ့စည်းပါ။ သင်၏ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းသည် ဘုရားရှင် အပေါ်၌သာရှိစေပါ။ သူ၏လုပ်ငန်းကျယ်ပြန့်ရန်အချိန်ရောက်ရှိလာပြီ။ ကျွန်ုပ် တို့၏ရှေ့၌ ဒုက္ခကာလရှိနေသော်လည်း ခရစ်ယာန်မိတ်သဟာယဖွဲ့ခြင်း၌ . အတူစည်းရုံးလျက်ရှိကြပြီး အကြီးအကဲဖြစ်လိုစိတ်မရှိကြပါက ကျွန်ုပ်တို့ အတွက် ဘုရားသခင်သည် ကြီးမားစွာအလုပ်လုပ်သွားလိမ့်မည်။ Testimonies, vol. 8, p. 38. (1904) EvBur 533.3

ဥရောပတိုက်၌သာ၍ကြိုးစားမှုလိုအပ်ခြင်း - လူတို့ဆင်းရဲနွမ်းပါးကြသော ကြောင့် အမေရိကန်ပြည်ထက် ဥရောပတိုက်၌ အမှုတော်ပြီးမြောက်ရန် ပို၍ “ကြိုးစားအားထုတ်မှုကိုပြုရပါလိမ့်မည်။ ဓမ္မဆရာများအံလွန်များပြားလျက် ရှိသည်။ တမန်တော်၏စကားများကို ကျွန်ုပ်တို့စဉ်းစားပါသည်။ သူတို့သည် “စင်ကြယ်သောသြဝါဒကိုနားမခံနိုင်ဘဲ ယားတတ်သောနားရှိလျှင် မိမိတပ်မက် ခြင်းအတိုင်း များပြားသောဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။” အမှန် တရားကို ထိုနေရာသို့ယူဆောင်လာသည်နှင့်တစ်ပြိုင်နက်၊ အခြားသောအသင်း တော်မှဓမ္မဆရာများတို့သည် ထိတ်လန့်ကြပြီး၊ နိုးကြားခြင်းအစည်းအဝေးများ ကိုကျင်းပရန် မိမိတို့၏ဓမ္မဆရာများတို့ကို တစ်မဟုတ်ချင်းပို့ပေးလိုက်ပါသည်။ ဤနေရာ၌တိုင်ပင်ရန်စည်းဝေးတစ်ရပ်အတွက် သူတို့ကိုခေါ်ယူပါမည်။ ဤစည်းဝေးများမှာ တစ်ပတ်တာမျှကြာပြီး ဓမ္မဆရာဆယ်ယောက်ထက်မနည်း စုရုံးကြပါသည်။ စွမ်းရည်အရှိဆုံးပုဂ္ဂိုလ်များတို့ကိုခေါ်ယူပြီး သတိပေးခြင်းနှင့် ကြိမ်းမောင်းခြင်းများဖြင့် သတ္တမနေ့အသင်းဝင်များတို့ကို သူတို့၏အသင်းတော် မှဆန့်ကျင်ဘက်ပြုကြလိမ့်မည်။ သတ္တမနေ့အသင်းဝင်များကို လောကီအစေခံ သူများဟု သူတို့သတ်မှတ်ကာ အသင်းတော်များကိုဖျက်ဆီးပြီး ကွဲပြားအောင် ပြုလုပ်သူများဟု သူတို့ပြောကြပါသည်။ [Ev 410.1] EvBur 533.4

လူတို့ကိုဆွဲဆောင်နိုင်ရန် လွန်စွာခက်ခဲလှသည်။ အောင်မြင်ရန်တစ်ခု တည်းသောနည်းလမ်းမှာ ကျမ်းစာဖတ်ရှုခြင်းအားဖြင့် လူတစ်ဦးမှသုံးဦးအထိ အစပြုခြင်းဖြစ်ပြီး အခြားသူများထံသို့လည်ပတ်ကာ သူတို့ကိုစိတ်ဝင်စားစေ ရန်နှင့် လော်စဲနီ (Lausanne) ၌ဆောင်ရွက်ခဲ့သကဲ့သို့ အလုပ်တဖြည်းဖြည်း တိုးတက်အောင် ဆောင်ရွက်သွားရန်ဖြစ်သည်။ သို့သော် ထိုနေရာ၌ လူပေါင်း နှစ်ဆယ်အမှန်တရားကိုခံယူကြသည်။ ဤကဲ့သို့ဖြစ်ရခြင်းသည် ကောင်းသော အရာအားလုံးပြီးမြောက်သွားခြင်းမဟုတ်ပါ။ အကြောင်းမှာ အမှုဆောင်များ ဖြစ်ရန်အတွက် မိမိတို့၏ကိုယ်ကိုပြင်ဆင်ထားသော လူပျိုလူရွယ်များတို့သည် ကောင်းသောစိတ်ဓာတ်ရှိကြပြီး ဘုရားသခင်၏အမှုတော်၌ ကြီးမားစွာပို၍ အသုံးဝင်ရန်အတွက် သူတို့အားထိုက်တန်စေသည့်ပညာကို ရရှိခဲ့ကြပါသည်။ Letter 44, 1886. [Ev 410.2] EvBur 534.1

ဥရောပတိုက်ရှိပြည်နယ်အသင်းသားများထံသို့ ရောက်ရှိခြင်း - တိုင်းပြည်၏ ဤနေရာ၌နေထိုင်ကြသောသူတို့နှင့် မတော်ဥရောပတိုက်တစ်ခုလုံးနှင့်ပတ်သက် ၍ ကျွန်ုပ်အားပေးခဲ့သောအလင်းမှ အမှန်တရားဟောပြောရာ၌ သူတို့၏ ရန်သူများတို့၏စိတ်ကို လှုံ့ဆော်မည့်အန္တရာယ်ရှိနေပါသည်။ လက်ရှိအမှန် တရားနှင့် အများစုမှမွေးဖွားလာ၍ရရှိခဲ့သော အသင်းတော်၏အယူဝါဒစပ်ကြား ညီညွတ်မှုအနည်းငယ်သာရှိပြီး သူတို့အနေဖြင့်ခံစားချက်နှင့်ပြည့်ဝကာ မိမိ တို့၏ဓမ္မဆရာများထိန်းချုပ်မှုအောက်၌ လုံးလုံးနေရသည့်အတွက် အကြောင်း အရာများစွာတို့အပေါ် တင်ဆက်ဟောကြားသောအမှန်တရားကို လာရောက် များထံသို့ မည်ကဲ့သို့ချဉ်းကပ်ကြရမည်နည်း။ ကြီးမားသောကောင်းကင်တမန် နားထောင်ခြင်းမပြုဝံ့ကြပါ။ ထိုကြောင့် မေးခွန်းပေါ်လာသည်မှာ၊ “ဤပုဂ္ဂိုလ် သုံးပါးသတင်းစကားကို မည်ကဲ့သို့ပြီးစီးစေကြမည်နည်း။” ပို၍ပြီးမြောက် အောင်မြင်ရန် ထိုသူတို့၏အိမ်သို့ တစ်ဦးချင်းဇွဲလုံ့လဖြင့် ကြိုးစားလည်ပတ် ခြင်းအားဖြင့်သာ ဖြစ်ရပါလိမ့်မည်။ Historical Sketches, pp. 149, 150. (1886) [Ev 410.3] EvBur 535.1

တိတ်တဆိတ်သတင်းသယ်ဆောင်သူ - သို့သော် လူတစ်ယောက်ပြောဆို သည်မှာ၊ “အကယ်၍အိမ်သို့လည်ပတ်ခွင့်မရခဲ့သော်၊ အကယ်၍ကျွန်ုပ်တို့ ဆောင်ရွက်၍ ကျွန်ုပ်တို့ဟောပြောသောအမှန်တရားကိုဆန့်ကျင်ခဲ့သော်၊ သူတို့ အတွက်ဆက်လက်၍ကြိုးစားမပြုရန် ဆင်ခြင်ပေးကြရမည်လား။” ထိုသို့လုံးဝ မပြုရပါ။ သင်၏မျက်မှောက်၌ အိမ်ရှင်သည် မိမိ၏အိမ်တံခါးကိုပိတ်လိုက် သည့်တိုင်အောင် နာကြည်းစိတ်ဖြင့်ထွက်ခွာသွားခြင်းမပြုရပါ။ သူတို့ကို ကယ်တင်ရာ၌ စိတ်ဓာတ်ကျခြင်းမရှိရပါ။ ထိုဝိညာဉ်များထံသို့ချဉ်းကပ်နိုင်ရန် နိုင်သည့်အထိ အခြားနည်းလမ်းများကိုလေ့လာပြီးစီစဉ်ဆောင်ရွက်ပါ။ အကယ်၍ ဘုရားရှင်ထံဆုတောင်းပါ။ ကြိုးစားမှုကိုမရပ်ဆိုင်းလိုက်ပါနှင့်။ သူတို့ထံရောက်ရှိ သင်၏လည်ပတ်ခြင်း၌အောင်မြင်မှုမရှိခဲ့သော် သူတို့ထံသို့အသံတိတ်သတင်း ပေးသူ (ဓမ္မစာပေ) အားဖြင့်ပို့ပေးပါ။ လူတို့၏စိတ်နေမြင့်ခြင်းကြောင့် အသက်ရှင်သောသတင်းပို့ဆောင်သူမသွားရောက်နိုင်သည့်နေရာ၌ ကျွန်ုပ်တို့၏ စာပေများရောက်ရှိနိုင်ပြီး များသောအားဖြင့်လက်ခံနိုင်ကြပါသည်။ Ev411.1] EvBur 535.2

တစ်ခါတစ်ရံ လက်ရှိအမှန်တရားနှင့်ဆိုင်သော ဖတ်ရှုစရာစာပေများ ကို ဥရောပတိုက်နှင့်အခြားနိုင်ငံများ မည်ကဲ့သို့လက်ခံကြသည်ကို ကျွန်ုပ်အား ဖော်ပြပါသည်။ ပုဂ္ဂိုလ်တစ်ဦးဝေစာတစ်စောင်၊ သို့မဟုတ် စာစောင်တစ်စောင် ရရှိပါသည်။ သူသည် အနည်းငယ်ဖတ်ရှုပြီး တချို့တို့သည် မိမိ၏ယခင် ခံယူချက်နှင့်မကိုက်ညီသောအခါ ဘေးသို့ဖယ်ထားလိုက်ပါသည်။ သို့သော် သူအနည်းငယ်ဖတ်ရှုခဲ့သောအရာကို မေ့ပျောက်သွားခြင်းမရှိပါ။ နှစ်သက်ဖွယ် ရာမကောင်းသော်လည်း ၎င်းအရာတို့သည် သူ၏စိတ်ထဲ၌ ထပ်မံ၍ဖတ်ရှု လိုသည့်တိုင် စိတ်ဝင်စားမှုဖြစ်ပေါ်လာပါသည်။ သူသည် ၎င်းစာစောင်ကို တစ်ဖန်ယူလိုက်ပြီး တချို့ အချက်များတို့သည် သူကြာမြင့်စွာစွဲလမ်းခဲ့သည့် ခံယူချက်များနှင့်ဓလေ့များတို့ဖြင့် ဆန့်ကျင်သည်ကိုတွေ့ ရသည့်အတွက် စိတ်ဆိုးမာန်ဆိုးဖြင့် ဘေးသို့ပစ်လိုက်ပါသည်။ သို့သော် သူ့အားဆန့်ကျင်သူ၊ သို့မဟုတ် သူ၏ရန်သူတိတ်တဆိတ်သတင်းယူဆောင်သူသည် သူ့အားဘာမျှ ပြောဆိုခြင်းမပြုပါ။ ထိုနောက် သူ၏အမျက်ဒေါသငြိမ်းအေးသွားသောအခါ ထိုစာစောင်ကိုတစ်ဖန်တွေ့ရှိရကာ၊ ရိုးစင်း၍မှန်ကန်သောပုံပြင်တစ်မျိုးတည်း ကိုသာပြောဆိုပြီး တန်ဖိုးရှိသောရတနာများကို ၎င်းအထဲ၌စာဖတ်သူသည် တွေ့ရှိရပါသည်။ ဘုရားသခင်၏ကောင်းကင်တမန်များသည် အသံမထွက် သောစကားလုံးအားဖြင့် သူ၏စိတ်ကိုနှိုးဆော်ရန် သူ့အနား၌ရှိနေပါသည်။ သူမနှစ်သက်သော်လည်း နောက်ဆုံး၌ထိုအမှန်တရားထံ မိမိကိုယ်ကိုပေးအပ် လိုက်ကာ အလင်းတရားသည် သူ၏စိတ်ကိုပိုင်ဆိုင်ရယူနိုင်ခဲ့ပါသည်။ ပြောင်းလဲလိုစိတ်မရှိသောသူများတို့သည် တစ်ခါတစ်ရံအတည်မြဲဆုံးသော ယုံကြည်သူများအဖြစ်သို့ရောက်ရှိလာနိုင်သောကြောင့် အခြားသူများအတွက် ဇွဲလုံ့လဖြင့်လုပ်ဆောင်ရန်လိုအပ်ကြောင်း သူတို့၏ဗဟုသုတသည် သူတို့ကို သွန်သင်ပါသည်။ Historical Sketches, p. 150. (1886) [Ev 411.2] EvBur 536.1

လဟာပြင်နှင့်လဲအစည်းအဝေးများ - ဥရောပတိုက်၌ တဲအစည်းအဝေး များကိုကျင်းပပေးရန် .. ကျွန်ုပ်အားတောင်းဆိုပါသည်။ ဘုရားသခင်သည် ကျွန်ုပ်အားအလင်းပေးသည်နှင့်အညီ သူတို့ကိုကျွန်ုပ်ပြောပြခဲ့သည်မှာ တဲများ ကိုတချို့သောနေရာ၌ ကောင်းသောအကျိုးအတွက်အသုံးပြုနိုင်ပြီး ကောင်းမွန် စွာကျင်းပပါက ကြီးမားသည့်ကောင်းသောအကျိုးကို ရရှိပါလိမ့်မည်။ ဤအချိန် ၌ကျွန်ုပ်ကိုခေါ်ယူခြင်းမှာ ကျွန်ုပ်မသိသော်လည်း ကျွန်ုပ်သိရသည့်အကြောင်း မှာ ညီအစ်ကိုတစ်ဦးယခင်အချိန်၌ တဲများကိုအိမ်စည်းဝေးခြင်း၏ ရည်ရွယ် ချက်အတွက် အကောင်းဆုံးဖြစ်သည်ကို ဆန့်ကျင်၍ပြောခဲ့သောကြောင့်ဖြစ် သည်။ [Ev 412.1] EvBur 537.1

ထိုအချိန်၌ လဟာပြင်စည်းဝေးနှင့်ပတ်သက်ပြီး ကျွန်ုပ်၏ကန့်ကွက် ခြင်းကိုတင်ပြခဲ့သည်။ ထိုစည်းဝေးမျိုးသည် ကျွန်ုပ်တို့၏ဓမ္မဆရာများအတွက် ကျယ်လောင်စွာပြောဆိုရခြင်းကြောင့် အင်အားကုန်ခန်းစေပါသည်။ အသံကို ပုံမှန်ထက်ပို၍အားစိုက်ပြီးပြောဆိုရသောကြောင့် ဤနည်းဖြင့်ကျင်းပခြင်းမှာ ကြီးစွာသောထိခိုက်မှုကိုဖြစ်စေပါသည်။ အခြားကန့်ကွက်စရာအချက်မှာ စည်းကမ်းနှင့်စနစ်တကျဆောင်ရွက်၍မရခြင်းဖြစ်သည်။ ဤကဲ့သို့လုပ်ဆောင် ခြင်းသည် ခန်းမဆောင်အတွင်းပြုလေ့ပြုထရှိသည့်နှုတ်ကပတ်တော်ကို လုံ့လ ဝီရိယဖြင့်လေ့လာရှာဖွေပြီး ဘုရားသခင်၏ဘဏ္ဍာတိုက်ထဲရှိ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်မျိုးစလုံးမှရယူနိုင်ခြင်းအကျိုးကို မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ Letter 2, 1885. [Ev 412.2] EvBur 537.2

ကြီးမားစွာဘုရားသခင်အလုပ်လုပ်လိမ့်မည် - ဥရောပတိုက်၌ ကြီးမားသော ဆောင်ရွက်ရန်အလုပ်ရှိသည်။ စတင်ဆောင်ရွက်ချိန်၌ နှေးကွေး၍ခက်ခဲမည် ဖြစ်သော်လည်း အကယ်၍ မိမိကိုယ်ကိုဘုရားရှင်ထံသို့ လုံးလုံးဆက်ကပ် အပ်နှံမည်ဖြစ်ပါက သင့်အားဖြင့် ကြီးမားစွာသူသည်အလုပ်လုပ်လိမ့်မည်။ အချိန်များစွာတို့တွင် ခံစားချက်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် . သင်လျှောက်လှမ်းရလိမ့်မည်။ Historical Sketches, pp. 128, 129. (1886) [Ev 412.3] EvBur 537.3

ကမ္ဘာ၏အဆုံးစွန်သို့ - အမှန်တရား၏အလင်းသည် ကမ္ဘာအဆုံးသို့ ထွန်းလင်းတောက်ပရလိမ့်မည်။ သာ၍၊ ပိုပြီးသာ၍အလင်း၏ရောင်ခြည်သည် ကောင်းကင်သားအလင်းဖြင့် ကယ်တင်ရှင်၏မျက်နှာမှ သူ၏ကိုယ်စားလှယ် များတို့၏အပေါ် မိုက်မဲနေသောကမ္ဘာ၏မှောင်မိုက်ထဲသို့ ပျံ့နှံ့သွားရလိမ့် မည်။ သူနှင့်အတူလုပ်ဆောင်သောသူများကဲ့သို့ ကျွန်ုပ်တို့သည် ပို၍တစ်နေ့ တခြားထွန်းလင်းတောက်ပနိုင်ရန် သူ့ဝိညာဉ်၏သန့်ရှင်းခြင်းအတွက် ကျွန်ုပ် တို့ဆုတောင်းကြပါစို့။ [Ev 413.1 ] EvBur 538.1

အလင်းတရားကြွယ်ဝစွာရရှိလျက်နှင့် ကျွန်ုပ်တို့၏ကြိုးစားမှုများသည် နေရာအနည်းငယ်၌သာကန့်သတ်ထားခြင်းမှာ နှစ်သက်ဖွယ်၊ ချီးမွမ်းဖွယ် ရာမဟုတ်ပါ။ ဧဝံဂေလိသတင်းစကားသည် တိုင်းပြည်တိုင်း၊ လူမျိုးတိုင်း၊ ဘာသာစကားတိုင်းနှင့်လူအားလုံးတို့ထံသို့ ကြွေးကြော်ဟောပြောကြရမည်။ Testimonies, vol. 8, p. 40. (1904) [Ev 413.2] EvBur 538.2

ကမ္ဘာကိုပတ်ရန် - ဘုရားသခင်သည် ကမ္ဘာကိုအလင်းပေးရန် မိမိ၏ လူတို့အား စွမ်းရည်ကိုပေးထားသည်။ သူသည် လူတို့အားအစွမ်းသတ္တိများ တို့ဖြင့်အပ်နှံထားခဲ့ပြီး ၎င်းအစွမ်းသတ္တိများကို လိုအပ်သလိုအသုံးပြုကာ သူ၏ အလုပ်ကိုကမ္ဘာတစ်ခုလုံးသို့ပျံ့နှံ့စေရန်ဖြစ်သည်။ ဆေးရုံများ၊ စာသင်ကျောင်း များ၊ ပုံနှိပ်ရန်ရုံးများနှင့် ဘာသာစကားစွမ်းရည်ရှိသူများတို့ကို ကမ္ဘာ၏နေရာ ဒေသတိုင်းတွင် တည်ထောင်ရမည်။ [Ev 413.3] EvBur 538.3

သို့သော် ဤအလုပ်ကိုမဆောင်ရွက်ရသေးပါ။ နိုင်ငံရပ်ခြားတိုင်းပြည် များတို့၌ ငွေကြေးရရှိစေမည့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတို့ကို စတင်ပြီး စားသောက်ဆိုင်များဖွင့်လှစ်ခြင်း၊ ဖျားနာသူများနှင့်ဒုက္ခရောက်သူများတို့ကို တိုးတက်အောင် ယခုဆောင်ရွက်သွားကြရမည်။ ကျန်းမာရေးနှင့်ညီညွတ်သော ပြုစုရန် ဆေးရုံများတို့ကိုတည်ထောင်ခြင်းတို့သည် အမေရိကန်ပြည်၌လိုအပ် သကဲ့သို့ ဂျာမနီနိုင်ငံ၌လည်းလိုအပ်လျက်ရှိသည်။ လူတိုင်းမိမိတို့၏အကောင်း ဆုံးလုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၌ မိမိတို့၏ဂုဏ်ယူဝါကြွားစရာနှင့် မိမိတို့၏ကောင်းသောဆောင်ရွက်မှုများတို့အားဖြင့် သူတစ်ပါးတို့အတွက် ကောင်းချီးမင်္ဂလာဖြစ်စေကြပါစို့။ [Ev 413.4] EvBur 538.4

ဆေးသာသနာ့လုပ်ငန်း၌ဆောင်ရွက်သူများတို့နှင့် ခရစ်တော်အတူ ပါဝင်လုပ်ဆောင်နေပါသည်။ ကိုယ်ကျိုးစွန့်ကာ မိမိတို့တတ်နိုင်သရွေ့ တိုင်းပြည်တိုင်းတွင် ဆေးရုံများနှင့်ကုသမှုပြုသည့်ဆေးခန်းများကို တည်ထောင် လုပ်ကိုင်သောသူများတို့သည် ကြွယ်ဝစွာသောဆုလာဘ်ကို ရရှိကြလိမ့်မည်။ ဤကုသမှုများ၌ တက်ရောက်ကုသမှုခံယူကြသောသူများတို့သည် ကိုယ်ခန္ဓာ၊ စိတ်နှင့်ဝိညာဉ်သုံးပါးစလုံး၏အကျိုးကျေးဇူးကို ခံစားကြရလိမ့်မည်။ နွမ်းနယ် သောသူများလန်းဆန်းခြင်း၊ ဖျားနာသောသူများကျန်းမာလာခြင်းနှင့် အပြစ် ဝန်ထုပ်အောက်၌ရှိနေသူများ သက်သာခြင်းရကြလိမ့်မည်။ ရပ်ဝေးတိုင်းပြည် များတို့၌ အပြစ်နှလုံးသားမှဖြောင့်မတ်ခြင်းသို့ရောက်ရှိကြသူများတို့၏နှုတ်များ မှ ကျေးဇူးတင်စကားကိုကြားရကြလိမ့်မည်။ သူတို့၏ဝမ်းမြောက်ဝမ်းသာစွာ ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းသံအားဖြင့် သက်သေခံချက်တစ်ခုပေါ်လာကာ အခြားသူများတို့အား အမှန်တရားသို့ပို့ဆောင်ပေးလိမ့်မည်။ Letter 121, 1902. [Ev 413.5] EvBur 539.1