ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
မှားယွင်းခြင်းနှင့်အယူသီးခြင်းများမှအသင်းဝင်အသစ်များတို့ကို ကာကွယ်စောင့်ရှောက်ရန်
ယုံကြည်သူအသစ်များကိုမာရ်နတ်နှောင့်ယှက်၍စိတ်ရှုပ်ထွေးစေသည် - အဖွဲ့ငယ် ကလေးတစ်ခုထူထောင်တိုင်း၊ မာရ်နတ်သည် ထိုသူတို့အားနှောင့်ယှက်၍ စိတ်ရှုပ်ထွေးစေပါသည်။ တစ်ဦးတစ်ယောက်မှ မိမိ၏အပြစ်များကိုစွန့်လွှတ် လိုက်သောအခါ မာရ်နတ်ဤကဲ့သို့သာကြည့်နေမည်ဟု သင်ထင်ပါသလား။ ကြည့်နေမည်မဟုတ်ပါ။ သင့်မျှော်လင့်ခြင်း၏အခြေခံအုတ်မြစ်ကို သေချာစွာ ကြည့်ရှုရန် ကျွန်ုပ်တို့အလိုရှိသည်။ သင်၏အသက်တာနှင့်သင်၏လှုပ်ရှား ခြင်းများတို့သည် သင်ဘုရားသားသမီးဖြစ်ကြောင်း သင့်အားသက်သေခံရန် ကျွန်ုပ်တို့အလိုရှိသည်။ Manuscript 5, 1885. [Ev 357.4] EvBur 463.1
မည်သည့်ဝါဒမှယုံကြည်သူအသစ်များကိုမလှည့်စားစေပါနှင့် - မာရ်နတ်သည် လူတို့အားအမြဲတစေအမှားသို့ပို့ဆောင်လျက်ရှိသည်။ သူသည် ကွဲပြားမှုအားလုံး တို့၏ဘုရားနှင့် ဝါဒအမျိုးမျိုးဖြင့်လူတို့ကိုလှည့်စားမည်ဖြစ်သည်။ အမှန်တရား မှသွေဖည်သွားရန် အသစ်သောဘာသာရေးအယူဝါဒများ ပေါ်ပေါက်လျက် ရှိသည်။ အသက်မုန့်ကိုစားသုံးရမည့်အစား၊ လူတို့သည် ပုံပြင်များတို့ကို မြိန်ရှက်စွာစားသုံးကြသည်။ နှုတ်ကပတ်တော်ကို မှန်သည့်အဓိပ္ပါယ်မှ မှားယွင်း သောအဓိပ္ပါယ်ဖော်ခြင်းဖြင့် ပြုလုပ်ကြသည်။ အမှန်တရားဝတ်လုံသည် မှားယွင်း သောယူဆချက်များကို ဖုံးကွယ်ရန်ခိုးယူခြင်းခံရပါသည်။ [Ev 358.1] EvBur 463.2
ဂလာတိ၌ရှင်ပေါလုသည် ဧဝံဂေလိတရား၏ဖြူစင်သောအမှန်တရား ကိုစိုက်ပျိုးခဲ့သည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်ကြောင်း အယူဝါဒကိုဟောကြားခဲ့ပြီး သူ၏လုပ်ငန်းသည် ဂလာတိအသင်းတော်၌ လူအများဧဝံဂေလိတရားသို့ပြောင်းလဲကြခြင်း၏အကျိုးကို ရရှိစေခဲ့ပါသည်။ ထိုနောက် စာတန်မှစတင်၍ မှားယွင်းသောဆရာများအားဖြင့်အလုပ်လုပ်ကာ ယုံကြည်သူတချို့တို့၏စိတ်ကို ရှုပ်ထွေးစေခဲ့ပါသည်။ ဤဆရာများတို့၏ ကြွားဝါခြင်းနှင့် သူတို့၏အံ့ဖွယ်လုပ်ဆောင်ခြင်း၏တန်ခိုးများဝင်ရောက်ခြင်း ဖြင့် အသစ်ပြောင်းလဲသူများတို့၏ဝိညာဉ်မျက်စိကို ကန်းစေသည့်အတွက် သူတို့သည် မှားယွင်းမှုနောက်သို့လိုက်ပါသွားကြသည်။ [Ev , 358.2]- EvBur 463.3
အချိန်အခိုက်အတန့်ကာလတစ်ခုအတွင်း လှည့်ဖြားခြင်းခံရသူများ တို့၏စိတ်ကို ချုပ်ကိုင်ထား၍မရခဲ့ပါ။ သို့သော် နှုတ်ကပတ်တော်နှင့်ဘုရားသခင် ၏တန်ခိုးတော်ကိုအမှီပြုခြင်းနှင့် . ဖောက်ပြန်သောဆရာများတို့၏ကျမ်းစာအနက် ဖော်ခြင်းကိုငြင်းပယ်ခြင်းအားဖြင့် ပြောင်းလဲသူများတို့၏လှည့်ဖြားခံရခြင်းကို တွေ့မြင်နိုင်ရန် ပို့ဆောင်နိုင်ခဲ့ပြီး၊ စာတန်၏ရည်ရွယ်ချက်ကိုအောင်မြင်ခဲ့ပါ သည်။ အသစ်ပြောင်းလဲသူများတို့အား ယုံကြည်ခြင်းသို့ပြန်လှည့်လာကြကာ သတိပညာဖြင့် အမှန်တရားအတွက်ပြန်လည်ရပ်တည်နိုင်ခဲ့ကြပါသည်။ Manuscript 43, 1907, EvBur 464.1
ယုံကြည်သူများတို့ မှမှားယွင်းသောအယူဝါဒများ - ကျွန်ုပ်တို့သည် ပြင်းထန် စွာစစ်ဆေးခြင်းခံရကြမည်။ အမှန်တရားကိုယုံကြည်ယောင်ဆောင်သောသူတို့ သည် ကျွန်ုပ်တို့ထံသို့လာပြီး မှားယွင်းသောအယူဝါဒများကိုလက်ခံရန် တွန်းအား ပေးလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့နားထောင်ပါက အမှန်တရားအပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် တည်မြဲမည်မဟုတ်ပါ။ စစ်မှန်သည့်ဘာသာရေး တစ်ခုတည်းသာလျှင် တရားစီရင်ခြင်း၏စမ်းသပ်မှုကို ခံရပ်နိုင်ပေလိမ့်မည်။ Review and Herald, Dec. 2, 1884. [Ev 359.1] EvBur 464.2
ဘုရားသခင်၏လူများသဘောကွဲလွဲရန် မာရ်နတ်၏ကြိုးစားမှု - လှည့်ဖြားသော သူတို့သည် ပို၍ကြီးမားသောအန္တရာယ်ဖြင့်ပေါင်းစည်းကာ ငြင်းပန်းနှိပ်စက် ခြင်းထက် မိမိ၏တပည့်တော်များထံသို့ ့ ရောက်ရှိလာမည်ဖြစ်ကြောင်း ခရစ်တော်ကြိုတင်ပြောထားခဲ့ပါသည်။ [Ev 359.2] EvBur 464.3
ဤသတိပေးချက်ကို ကြိမ်ပေါင်းများစွာပြန်လည်၍ပေးခဲ့သည်။ ဖြားယောင်းသူများတို့သည် မိမိတို့၏သိပ္ပံနည်းပညာအခက်အခဲများဖြင့်လာ မည်ဖြစ်သောကြောင့် ၎င်းကိုရင်ဆိုင်နိုင်ရန် အခြားခက်ခဲမှုထက်ပို၍သတိကြီး စွာကာကွယ်ကြရမည်။ အကြောင်းမှာ ဤဆွဲဆောင်မှုရှိသည့်ဝိညာဉ်များ ဝင်ရောက်လာခြင်းသည် မှန်သည်ဟုထင်ရသော မှားယွင်းသည့်အရာများ ဝင်ရောက်လာခြင်းသာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဗဟုသုတ အနည်းငယ်သာရရှိသူများတို့အား မိမိတို့၏ဝိညာဉ်ခွန်အားပျောက်ကွယ်သွား စေရန် ဝိညာဉ်ခွန်အားအသိတရားအကန့်အသတ်အနည်းငယ်ဖြင့် သူတို့အား ရောင့်ရဲစေရန် မာရ်နတ်၏လုပ်ဆောင်ခြင်းသာဖြစ်သည်။ ဖြားယောင်းသူများ တို့၏ကြိုးစားလုပ်ဆောင်ခြင်းမှာ ဘုရားသခင်၏အမှန်တရားကို ယုံကြည် စိတ်ချ၍အထင်သေးစေရန်နှင့် မှားယွင်းခြင်းကိုအမှန်တရားသို့ပြန်လည်၍ ရောက်ရှိစေရန် ပြုလုပ်နိုင်စွမ်းမရှိပါ။ အံ့သြလောက်အောင်ကျေနပ်ခြင်း၊ နှစ်သက်ခြင်း၊ သိပ္ပံနည်း၏အခက်အခဲများတို့ဖြင့်သွေးဆောင်ကာ သတိမရှိ သူတို့၏အာရုံကိုဆွဲယူနိုင်မည်ဖြစ်ပြီး ယုံကြည်သူများတို့အနေဖြင့် ကာကွယ် မှုပြုလုပ်ထားခြင်းမရှိပါက ရန်သူသည် လင်းသောကောင်းကင်တမန်ကဲ့သို့ ယောင်ဆောင်ကာ သူတို့အားမှားယွင်းသောလမ်းများသို့ ပို့ဆောင်မည်ဖြစ် သည်။ [Ev 359.3] EvBur 464.4
မာရ်နတ်သည် ကျွမ်းကျင်စွာဖြင့် အသက်တာစီမံကိန်းကစားပွဲတွင် ဝိညာဉ်များစွာဖြင့်ကစားကာ အလျှို့ဝှက်ဆုံးသောလှုပ်ရှားမှု၊ ဖြားယောင်းသည့် အသွင်ဖြင့် ဘုရားသခင်သားသမီးများတို့၏ယုံကြည်ခြင်းကိုဖျက်ဆီးခြင်းနှင့် သူတို့အားစိတ်ဓာတ်ကျစေပါသည်။ ယနေ့ကောင်းကင်မှာကဲ့သို့ သူလုပ်ဆောင် နေပြီး ဤကမ္ဘာ့သမိုင်း၏နောက်ဆုံးသောအချိန်အခါ၌ ဘုရားသခင်၏သားသမီး များတို့ကို စိတ်ဝမ်းကွဲစေပါလိမ့်မည်။ ကွဲပြားမှုကို သူသည်ရှာဖွေဖန်တီးပြီး ရန်တွေ့ခြင်းနှင့်ဆွေးနွေးငြင်းခုံခြင်းဖြင့် ရှေးကျသောအမှန်တရားမှတ်တိုင်ကို ဖြစ်နိုင်ပါက ရွှေ့ပစ်လိုက်ရန်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏ကိုယ်ကို ဆန့်ကျင်ဘက်ပြုသကဲ့သို့ ပေါ်လွင်စေရန် သူကြိုးစားပြုလုပ်မည်ဖြစ်သည်။ [Ev 359.4] EvBur 465.1
လင်းသောကောင်းကင်တမန်တစ်ပါးကဲ့သို့ မာရ်နတ်သည်ပေါ်လာ သောအခါ ဝိညာဉ်များကိုသူ၏ထောင်ချောက်ထဲသို့ဆွဲယူပြီး သူတို့အား လှည့်ဖြားလိမ့်မည်။ ဘုရားသခင်၏သွန်သင်မှုကို ခံယူယောင်ဆောင်သောသူ တို့သည် မှားယွင်းသောအယူအဆများကိုလက်ခံပြီး မိမိတို့၏သွန်သင်မှု၌ ဤမှားယွင်းသည့်အယူများကိုထည့်သွင်းပြီး မာရ်နတ်၏မှားယွင်းသည့်အယူ အဆများကို ယူဆောင်လာလိမ့်မည်။ ထိုသို့ဖြင့်မာရ်နတ်သည် လင်းသော ကောင်းကင်တမန်တစ်ပါးကဲ့သို့ မိမိကိုယ်ကိုဖော်ဆောင်ခြင်းဖြင့် သူ၏နှစ်သက် ဖွယ်ဒဏ္ဍာရီပုံပြင်များကို တင်ဆက်ရန်အခွင့်အရေးရရှိပေလိမ့်မည်။ [Ev 360.1] EvBur 465.2
ဤမှားယွင်းသောပုရောဖက်များတို့ကို ရင်ဆိုင်ရလိမ့်မည်။ မှားယွင်း သည့်ယူဆချက်များတို့ကိုလက်ခံရန် လူအများတို့ကိုကြိုးစား၍ သူတို့သည် လှည့်ဖြားလိမ့်မည်။ ကျမ်းချက်များစွာတို့ကို မှားယွင်းသောအဓိပ္ပါယ်ကောက်ယူ ခြင်းဖြင့် သွေးဆောင်ခြင်းနည်းလမ်းများကို ဘုရားသခင်၏နှုတ်ကပတ်တော် အပေါ် ထင်ရှားစွာအခြေပြုလျက်ပြောဆိုကြလိမ့်မည်။ တန်ဖိုးရှိသည့်အမှန် တရားသာလျှင် မှားယွင်းသည့်အရာများကိုမှန်ကန်ကြောင်းနှင့် အခြေချရန် ဆီလျော်ပေလိမ့်မည်။ ဘုရားသခင်၏သွန်သင်ခြင်းကိုခံယူရရှိသည်ဟု ကိုယ်ကိုပြောဆိုသော မှားယွင်းသည့်ပုရောဖက်များတို့သည် လှပသောကျမ်းချက် များတို့ကိုကောက်ယူကာ အမှန်တရားကိုအလှဆင်ပြီး ဖြောင့်မတ်ခြင်းဝတ်လုံ ကဲ့သို့ မှားယွင်း၍အန္တရာယ်ရှိသောခံယူချက်များတို့ကို ဖုံးကွယ်ရန်အသုံးပြု ပေလိမ့်မည်။ ထိုနောက် လွန်ခဲ့သောအချိန်များ၌ ဘုရားသခင်အသုံးပြုသော သူတို့ပင် အမှန်တရား၌ဝေးစွာသွေဖည်သွားကာ အမှန်တရား၏ပုံစံများ သန့်ရှင်းရာတဲတော်မေးခွန်းအပါအဝင်များတို့ကို လမ်းလွဲသောခံယူချက်များ အဖြစ် ထောက်ခံပြောဆိုကြပေလိမ့်မည်။ Manuscript 11, 1906. [Ev 360.2] EvBur 466.1
အသင်းတော်ဆန်ကာချခြင်းခံရမည် - ခက်ခဲမှုများတိုးပွားလာပြီး လျှို့ဝှက် သည့်တန်ခိုးသြဇာသည် အခြားသောဝိညာဉ်မှအမြဲတစေရောက်ရှိလာခြင်း၊ ဆန့်ကျင်သောလှုပ်ရှားမှုပေါ်ပေါက်လာခြင်း၊ စာတန်ဘက်မှမေးခွန်းထုတ်လာ ခြင်းရှိသည့်အခါတို့၌ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအစကို အဆုံးတိုင်အောင်စွဲကိုင် ထားနိုင်ရန် အမြဲခက်ခဲသောအရာဖြစ်သည်။ [Ev 360.3] EvBur 466.2
ညှဉ်းဆဲနှိပ်စက်ခြင်းမရှိသည့်အခါ ကျွန်ုပ်တို့၏အခြေအနေမှာ ကောင်းမွန်ပြီး ခရစ်ယာန်အသက်တာဘဝ၌ မည်သည့်ခက်ခဲမှုတစ်စုံတစ်ရာ မျှမရှိပါ။ သို့သော် ညှဉ်းပန်းနှိပ်စက်ခြင်းကိုရင်ဆိုင်ရသောအခါ၊ ယုံကြည် ခြင်းပျောက်ကွယ်သွားတတ်ပါသည်။ အရေးကြုံရာကာလ၌ သူတို့သည် အင်အားတန်ခိုးကိုအထူးအကြောင်းပြချက်ပေးရန် မိမိတို့၏စိတ်ထဲ၌ပေါ်ထွက် လာပါသည်။ မာရ်နတ်သည် ကွဲပြားသောနှလုံးသားမျိုးစုံကိုစုံစမ်းရန် ထောင်ချောက်မျိုးစုံကိုပြင်ဆင်ထားလျက်ရှိပါသည်။ EvBur 467.1
ဘုရားသခင်၏တရားတော်ကိုဘေးဖယ်ထားသောအခါ၊ အသင်းတော် သည် စုံစမ်းခြင်းမီးဖြင့်ဆန်ကာချခြင်းခံရပြီး အများစုတို့သည် ယခုထက် ပို၍သွေးဆောင်ခြင်းဝိညာဉ်များနှင့် မာရ်နတ်၏ယုံကြည်ယူဆချက်များတို့ကို သတိပြုကြပါလိမ့်မည်။ ခွန်အားနှင့်ပြည့်ဝရမည့်အစား ခက်ခဲမှုနှင့်ရင်ဆိုင်လာ ရသောအခါ၊ အများသောသူတို့သည် စစ်မှန်သောစပျစ်ပင်၏ရှင်သန်သည့် အကိုင်းအခက်များမဟုတ်ကြောင်း တွေ့ မြင်ရပေလိမ့်မည်။ သူတို့သည် အသီး များကိုမသီးနိုင်ဘဲ ဥယျာဉ်မှူးမှခုတ်ပစ်လိုက်ခြင်းကိုခံရပေလိမ့်မည်။ Letter 3, 1890. [Ev 361.1] EvBur 467.2
ကျမ်းစာအမှန်တရားကိုစွဲမြဲစွာကိုင်ထားရန် - ခရစ်ယာန်သည် ရန်သူ၏ မည်။ သူသည် ခွန်အားအသစ်ကိုရရှိပြီး သမ္မာကျမ်းစာအမှန်တရားကို ခိုင်မြဲ စုံစမ်းခြင်းများကိုခံရပ်နိုင်စေရန် အမှန်တရားထဲ၌ “ခိုင်မြဲစွာအမြစ်စွဲ” နေရ စွာကိုင်ထားရမည်။ ဒဏ္ဍာရီပုံပြင်ဟူသရွေ့တို့သည် ဘုရားသခင်အပေါ်သစ္စာ ဖောက်ရန် ယုံကြည်သူတို့ကိုသွေးဆောင်လာမည်ဖြစ်သည်။ သို့သော် အထက် သို့မျှော်ကြည့်ကာ ဘုရားသခင်ကိုယုံကြည်ပြီး အမှန်တရားများ၌ ခိုင်မြဲစွာ အမြစ်စွဲလျက်ရှိနေရမည်ဖြစ်သည်။ [Ev 361.2] EvBur 467.3
သခင်ယေရှုကိုစွဲမြဲစွာကိုင်ထားပြီး မည်သည့်အခါမျှလက်မလွတ်ပါ စေနှင့်။ သင်၏ယုံကြည်ခြင်းကို ယုံကြည်သည့်အတိုင်း ခိုင်မြဲစွာဆုပ်ကိုင်ထား ။ ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အမှန်တရားများသည် သင်၏ကိုယ်စိတ် နှလုံးသုံးပါးကိုပို့ဆောင်လျက် သူ၏အလိုတော်နှင့်အညီအသက်ရှင်စေပါ။ “ဘုရားသခင်မိန့်တော်မူသည်ကား” အပေါ်စိတ်ပြဌာန်းခြင်းကို ခိုင်မြဲစေပါ။ သင်၏တစ်ခုတည်းငြင်းခုံခြင်းသည် “နှုတ်ကပတ်ရေးသားသည်မှာ” အပေါ် ၌သာဖြစ်စေပါ။ ထိုသို့နှင့်ကျွန်ုပ်တို့သည် တစ်ကြိမ်က သန့်ရှင်းသူများသို့ ပေးသောယုံကြည်ခြင်းအပေါ် ရပ်တည်လျက်နေရမည်။ ၎င်းယုံကြည်ခြင်း၏ သန့်ရှင်းသောစာရိတ္တသည် မည်ကဲ့သို့ပင်ဆန့်ကျင်မှုများတို့နှင့်ရင်ဆိုင်ရစေကာ မူ ထိုသန့်ရှင်းခြင်းကို မည်သည့်အခါမျှမပျောက်ဆုံးစေရပါ။ [Ev 361.3] EvBur 467.4
မိမိတို့၏ဆန္ဒအလျောက်နှင့် မိမိတို့၏လမ်းအတိုင်းလျှောက်လှမ်းသော သူတို့သည် ကောက်ကျစ်သောစာရိတ္တများကို ပျိုးထောင်ကြပေလိမ့်မည်။ အကျိုးမဲ့အယူဝါဒများနှင့် အလွန်ကောင်းသောစိတ်ခံစားမှုလွှမ်းမိုးခြင်းသည် ဖြစ်နိုင်ပါက ရွေးချယ်ခြင်းခံရသောသူများကိုပင် မှန်ပုံပေါ်သောကြွယ်ဝသည့် ပရိယာယ်ဖြင့် သွေးဆောင်ခြင်းနောက်သို့ပါသွားပေလိမ့်မည်။ ယုံကြည်သူ များတို့သည် ကျောက်ဆောင်ပေါ်၌ဆောက်တည်ထားလျက်ရှိပါသလား။ မုန်တိုင်းလာနေပြီ၊ မုန်တိုင်းသည် လူတို့၏ယုံကြည်ခြင်းမည်ကဲ့သို့ရှိသည်ကို စမ်းသပ်ပေလိမ့်မည်။ ယုံကြည်သောသူများတို့သည် ယခုခရစ်တော်၌ယုံကြည် ခြင်းအမြစ်စွဲနေကြရပါမည်။ သို့မဟုတ် မှားယွင်းမှုနောက်သို့လမ်းလွဲသွား ကြလိမ့်မည်။ သင်၏ယုံကြည်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော် အတိုင်းသာဖြစ်စေပါ။ အမှန်တရား၏အသက်ရှင်သောသက်သေခံခြင်းအပေါ် ခိုင်မြဲစွာဆုပ်ကိုင်ထားပါ။ မိမိကိုယ်ပိုင်ကယ်တင်ရှင်အဖြစ် ခရစ်တော်ကို ယုံကြည်ပါ။ သူသည် ကျွန်ုပ်တို့၏ထာဝရကျောက်ဆောင်ဖြစ်ပြီး အမြဲပင် ဆက်လက်၍ဖြစ်နေပါလိမ့်မည်။ ဘုရားသခင်၏ဝိညာဉ်တော်သက်သေခံချက် သည် မှန်ကန်သည်။ မည်ကဲ့သို့ပင်နှစ်သက်ပုံပေါ်ပြီး ဝိညာဉ်ကိုသွေးဆောင် လျက်ရှိသော်လည်း သင်၏ယုံကြည်ခြင်းကို မည်သည့်အယူဝါဒနှင့်မျှ မပြောင်းလဲစေပါနှင့်။ [Ev 361.4] EvBur 468.1
မာရ်နတ်၏မှားယွင်းသောအယူဝါဒသည် ယခုတိုးပွားလျက်ရှိပြီး မတည်ငြိမ်သောသူတို့ကို လမ်းလွဲစေပါလိမ့်မည်။ မှန်သည့်အရာတစ်ခုကို ခိုင်မြဲစွာစွဲကိုင်ထားခြင်းမရှိပါက သွေးဆောင်ခြင်းနောက်သို့ တစ်ခုပြီးတစ်ခု မျောပါသွားပါလိမ့်မည်။ အံ့သြဖွယ်ရာအယူဝါဒ၏လေတိုက်ရာနောက်သို့ လွင့်ပါသွားပေလိမ့်မည်။ မာရ်နတ်သည် ကြီးစွာသောတန်ခိုးဖြင့်ဆင်းလာ လျက်ရှိသည်။ များစွာသောသူတို့သည် သူ၏အံ့သြဖွယ်နိမိတ်လက္ခဏာများ ၏နောက်သို့ လိုက်ပါသွားကြလိမ့်မည်။ [Ev 362,1] EvBur 468.2
ကျွန်ုပ်တို့ကြားခဲ့ရပြီးလက်ခံကာထောက်ခံပြောဆိုခဲ့သည့် မှန်ကန် သောအမှန်တရားများကို ခိုင်မြဲစွာစွဲကိုင်ထားရန် လူတိုင်းကိုကျွန်ုပ်အနူးအညွတ် တောင်းပန်လျက်ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်အဆိုပြုချက်များမှာ ရှင်းလင်းလှပါသည်။ သင်၏ခြေကို ထာဝရအမှန်တရား၏စင်မြင့်ပေါ်၌ ခိုင်မြဲစွာရပ်တည်စေပါ။ စစ်မှန်သောအရာနှင့်တူညီသည့် မှားယွင်းမှုဟူသရွေ့ ကိုငြင်းပယ်ပါ။ Review and Herald, Aug. 31, 1905. [Ev 362.2] EvBur 469.1
ကျမ်းစာမှတ်တိုင်မှ ဝေးကွာစွာမျောပါသွားခြင်း - များစွာသောသူတို့သည် မိမိတို့၏ကျမ်းစာကို အနည်းငယ်သာနားလည်ကြပြီး မိမိတို့၏ယုံကြည်ခြင်း ၌တည်ငြိမ်မှုမရှိကြပါ။ သူတို့၏မှတ်တိုင်ဟောင်းကိုရွှေ့လိုက်ပြီး မှားယွင်း သောအယူဝါဒ၏လေတိုက်ရာနောက်သို့ တစ်နေရာပြီးတစ်နေရာလိုက်ပါသွား ပြီး တစ်ကြိမ်က ယုံကြည်ခြင်း၌ရပ်တည်နေသူတို့ကို သမ္မာကျမ်းစာ၏မှတ်တိုင် မှမျောပါသွားစေကာ မိမိကိုယ်ကိုဘုရားသခင်၏သားသမီးများဟုပြောဆိုလျက် နှင့် ဘုရားသခင်ထံတော်မှခွဲခွာသွားကြပါသည်။ Review and Herald, Dec. 29, 1896. [Ev 362.3] EvBur 469.2
ယုံကြည်သူဟု အမည်ခံသူတို့ ၏အသစ်သောအဖွဲ့များ - အသင်းတော်သည် မိမိရင်ဆိုင်ရမည့် မာရ်နတ်ကိုယ်စားလှယ်များ၏ရှုပ်ထွေးသောတန်ခိုးများတို့ ကိုဝတ်ဆင်ကြပါက၊ ရင်ဆိုင်ရမည့်ရန်သူအားလုံးတို့နှင့် တချို့သောမတီထွင် နားလည်ရန်နိုးကြားဖို့လိုအပ်ပါသည်။ အကယ်၍သူတို့သည် လက်နက်စုံ ရသေးသည့် ရန်သူ၏သွေးဆောင်ခြင်းကိုပင် အောင်မြင်နိုင်လိမ့်မည်။ [Ev 362.4] EvBur 469.3
နောက်ဆုံးအချိန်ကာလသို ကျွန်ုပ်တို့နီးကပ်လာသည်နှင့်အညီ၊ မာရ်နတ်နှင့်သူ၏မိတ်ဆွေများတို့သည် အရေအတွက်နှင့်တန်ခိုးအားဖြင့် များပြားလာလိမ့်မည်။ ဤမာရ်နတ်၏မဟာမိတ်များတို့သည် အမှန်တရား၏ တန်ခိုးသြဇာကိုဆန့်ကျင်ရန် ဖန်တီးလိမ့်မည်။ ယုံကြည်သည်ဟုဝန်ခံသူတို့ သည် မိမိတို့ကိုယ်တိုင်သွေးဆောင်သောနည်းများဖြင့်လုပ်ဆောင်မည့်သူတို့၏ အသစ်သောအဖွဲ့များကို ထူထောင်ပေလိမ့်မည်။ ဖောက်ပြန်မှုများပြားလာလိမ့် မည်။ “တချို့သောသူတို့သည် ယုံကြည်ခြင်းကိုစွန့်ခွာကြပြီး သွေးဆောင် သောဝိညာဉ်များနှင့်နတ်ဆိုးများတို့၏အယူဝါဒကို ယုံကြည်လက်ခံကြပေလိမ့် မည်။” လူယောက်ျား၊ လူမိန်းမတို့သည် မိတ်ဖွဲ့ကြပြီး ကောင်းကင်ဘုံရှင် ဘုရားသခင်ကိုဆန့်ကျင်ရန်နှင့် အသင်းတော်သည် ၎င်းအခြေအနေအတွက် တစ်ဝက်မျှသာနိုးကြားလျက်ရှိကြသည်။ မိမိကိုယ်ကိုယုံကြည်သူများဟုပြောဆို ကြသောသူတို့အထဲ၌ ပို၍များစွာဆုတောင်းခြင်းပြုကြရန်၊ ပို၍စိတ်ထက်သန် စွာကြိုးစားကြရန် လိုအပ်ပါသည်။ Review and Herald, Aug. 5, 1909. [Ev 363.1] EvBur 470.1
ကျွန်ုပ်တို့ ၏အတိတ်သမိုင်းကိုနားမလည်သည့်အန္တရာယ် — ဘာသာရေးအယူ ဝါဒများ၌ စစ်မှန်သည့်ဗဟုသုတအားလုံးတို့သည် ယေဟောဝါ၏တံဆိပ်ခတ် ထားသည့်အမှတ်အသားကို ပေါ်လွင်စေလိမ့်မည်။ လူအားလုံးတို့သည် အမှန် တရားကို မိမိတို့ကိုယ်တိုင်သိရှိနားလည်ရန်လိုအပ်ကြောင်း တွေ့မြင်သင့်ကြ သည်။ ကျွန်ုပ်တို့သည် ဆုတောင်းလျက်သေချာစွာလေ့လာခဲ့သော ယုံကြည် ချက်အယူဝါဒများကို နားလည်ကြရမည်။ ကျွန်ုပ်တို့၏လူတို့အထဲ၌ တတိယ ကောင်းကင်တမန်သုံးပါးတစ်ပါး၏သတင်းစကားပေါ်ပေါက်လာပြီး တိုးတက် လာခြင်းနှင့်ပတ်သက်၍ ၎င်းကိုကျွန်ုပ်တို့အားဖော်ပြခဲ့ပါသည်။ ဒံယေလကျမ်း နှင့်ဗျာဒိတ်ကျမ်းထဲ၌ မည်သည့်အကြောင်းအရာများတို့ကိုရေးသားထားကြောင်း ကျွန်ုပ်တို့သိရှိရန် သေချာစွာရှာဖွေလေ့လာခြင်းသည် အလွန်လိုအပ်သောအရာ ဖြစ်သည်။ [Ev 363.2] EvBur 470.2
လူအများကျွန်ုပ်တို့ထဲမှထွက်သွားပြီး ဖြားယောင်းသွေးဆောင်သော ဝိညာဉ်များနှင့် နတ်ဆိုးတို့၏အယူဝါဒများတို့ကို နားထောင်ကြမည့်အကြောင်း ကို ကျွန်ုပ်အားအရှိန်အဟုန်ပြင်းထန်စွာဖြင့် အလင်းပေးထားသည်။ ဘုရားသခင် ၏အလိုဆန္ဒမှာ အမှန်တရားကိုယုံကြည်သည်ဟုပြောဆိုသောလူတိုင်း အမှန် တရားသည် မည်သည့်အရာဖြစ်သည်ကို ကောင်းမွန်စွာသိရှိနားလည်ရန်ဖြစ် သည်။ မှားယွင်းသောပုရောဖက်ပေါ်လာပြီး လူအများတို့ကိုလှည့်ဖြားပေလိမ့် မည်။ တုန်လှုပ်ချောက်ချားနိုင်သည့်အရာအားလုံးကို တုန်လှုပ်ချောက်ချားစေ လိမ့်မည်။ ထိုကြောင့် လူတိုင်းမိမိတို့၏ယုံကြည်ခြင်းအကြောင်းအရင်းကို နားလည်ကြရန်မကောင်းပေဘူးလား။ တရားဟောချက်များစွာရှိနေမည့်အစား၊ ဘုရားသခင်၏နှုတ်ကပတ်ကို သေချာစွာလေ့လာရန်၊ ကျမ်းချက်များကိုတစ်ခု ပြီးတစ်ခုဖွင့်ပြီး ကျွန်ုပ်တို့၏အခြေခံယုံကြည်ချက်များကိုထောက်ခံသည့် ခိုင်မာ သောအထောက်အထားများကိုရှာဖွေလျက် ကျွန်ုပ်တို့ကိုယခုအချိန်အထိပို့ဆောင် လာသော ထာဝရအမှန်တရား၏စင်မြင့်ပေါ်၌ ရပ်တည်လျက်ရှိနေကြရမည်။ [Ev 363.3] EvBur 471.1
အမှန်တရား၏အလင်းကိုရရှိသောသူတချို့တို့သည် မာရ်နတ်၏ လှည့်ဖြားမှုများနှင့် မှားသောသန့်ရှင်းခြင်း၏ဆွဲဆောင်မှုနောက်သို့ လျင်မြန် စွာလက်ခံသွားခြင်းအတွက် အကျွန်ုပ်၏ဝိညာဉ်သည် အလွန်မှပင်ဝမ်းနည်း ခြင်းကိုခံစားနေရပါသည်။ လူတို့သည် ဘုရားသခင်ချမှတ်ထားသော မြေမှတ်တိုင်မှကျောခိုင်းသွားကြသောအခါ ကျွန်ုပ်တို့၏အနေအထားကို ပုရောဖက်ဟောထားချက်၌ မှတ်သားခြင်းထုတ်ပယ်သကဲ့သို့ မည်သည့်နေရာ သို့သွားနေသည်ကိုမသိဘဲရှိကြောင်း ကျွန်ုပ်တို့နားလည်ရန်လိုအပ်ပါသည်။ Undated Manuscript 148. [Ev 364.1] EvBur 471.2
အမှားများကိုစိတ်ဝင်စားစွာပို့ချခြင်း - မှားယွင်းသောအယူဝါဒများ၊ မှားယွင်း သောဘုရားတရားကြည်ညိုခြင်းများ၊ မှားယွင်းသောယုံကြည်ခြင်းတို့သည် ပြင်ပပေါ်လွင်မှု၌ လွန်စွာကောင်းမွန်ကြောင်း၊ ကျွန်ုပ်တို့ပတ်လည်၌ များစွာ တွေ့မြင်နေရပါသည်။ ဆရာများတို့သည် လင်းသောကောင်းကင်တမန်များ ကဲ့သို့ မိမိကိုယ်ကိုဖုံးလွှမ်းကာရောက်လာပြီး၊ ဖြစ်နိုင်ပါက ရွေးချယ်ခြင်းခံရ သူများကိုပင် လှည့်ဖြားနိုင်ပေလိမ့်မည်။ ပျိုရွယ်သူများတို့သည် မာရ်နတ် တီထွင်သောမှားယွင်းမှုနောက်သို့ သူတို့သည်လှည့်ဖြားခြင်းမခံရရန် အမှန် တရားကိုတတ်အားသရွေ့သင်ယူရန်လိုအပ်သည်။ ခရစ်တော်၏ဖြောင့်မတ်ခြင်း နေအလင်းရောင်ခြည်၌ သူတို့နေထိုင်ရန်လိုအပ်သည်။ သူတို့ရရှိသောအလင်း တရားကိုဝေငှနိုင်ရန် သူတို့သည် အမှန်တရား၌အခြေချ၍ အမြစ်စွဲနေရန် လိုအပ်သည်။ The Youth’s Instructor, April 22, 1897. [Ev 364.2] EvBur 471.3
စိတ်ထကြွစေသောဘာသာ၏အန္တရာယ်များ - ဤရေပန်းစားသော သန့်ရှင်း ခြင်းအစည်းအဝေးများသို့တက်ရောက်ခြင်းဖြင့် အကျိုးမရှိရုံမျှမက လုံခြုံမှ မရှိပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအခြေအနေကိုနားလည်ရန် နှုတ်ကပတ် တော်ကိုသတိကြီးစွာကြိုးစားဆုတောင်းခြင်းဖြင့် ရှာဖွေကြပါစို့။ ထိုနောက် ဘုရားသခင်၏တရားဥပဒေကိုဆန့်ကျင်ခြင်း၌ အထူးပြောဆိုသောသူများတို့ နှင့်ရောနှောခြင်းမပြုနိုင်ရန် သွေးဆောင်ခြင်းခံရကြမည်မဟုတ်ပါ။ [Ev 364.3] EvBur 472.1
အမှန်တရား၏အခြေခံအုတ်မြစ်မရှိသော စိတ်လှုပ်ရှားစေသည့်ဘာသာ တစ်ခု၌ ကျွန်ုပ်တို့မရှိရပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းအကြောင်းရင်းများအပေါ် ခိုင်မာသောသွန်သင်ချက်များကို သူတစ်ပါးအားပေးနိုင်ရမည်။ ကျမ်းစာ၏ အယူဝါဒများ၌ရှိနေသည်ထက် ပို၍များစွာရှိရန် သူတို့ကိုပညာပေးရမည်ဖြစ်ပြီး၊ အထူးသဖြင့် ယေရှုသည် မိမိ၏တပည့်တော်သို့လက်တွေ့ သင်ခန်းစာများ ပေးသည့်နည်းတူပြုရမည်။ ယုံကြည်သူများတို့သည် ကျမ်းစာအသိတရားကို များစွာလိုအပ်ကြောင်း ခံစားချက်ရှိရမည်။ လူတိုင်း၏စိတ်ထဲ၌ အမှန်တရား ၏ခိုင်မာသောငြင်းဆိုချက်များ လွန်စွာကြိုးစား၍စွဲမြဲစေရမည်။ လူတိုင်းစစ်ဆေး ခြင်းခံရမည်။ ၎င်းနောက် ဘုရားသခင်၏လုပ်ငန်း၌အခြေချကာ အမြစ်စွဲ သောသူတို့သည် နေရာတိုင်း၌ရင်ဆိုင်ရမည့် ဆန့်ကျင်ဘက်အယူဝါဒများမှ ဖယ်ရှားခြင်းခံရမည်မဟုတ်ပါ။ သို့သော် လိုအပ်သည့်ပြင်ဆင်မှုများကိုရရှိရန် ငြင်းပယ်ပါက၊ သူတို့သည် မှန်ပုံပေါ်သောအမှန်တရားတို့၏မှားယွင်းခြင်းများ နောက်သို့ လိုက်ပါသွားကြမည်ဖြစ်သည်။ GW, pp. 228, 229. (1892) [Ev 364.4] EvBur 472.2
ဗာဗုလုန်နှင့်ခရစ်တော်ယောင်ဆောင်သူ၏ရှုပ်ထွေးခြင်းများ — နှိမ့်ချသောသဘော ဖြင့် ဘုရားသခင်နှင့်အတူလျှောက်လှမ်းရန် ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်ဖြစ် သည်။ မည်သည့်အံ့ဖွယ်ကောင်းသောသတင်းစကားအသစ်ကို ကျွန်ုပ်တို့မရှာဖွေ ရပါ။ အလင်း၌ကြိုးစားလျှောက်နေသော ဘုရားသခင်၏ရွေးချယ်ခြင်းခံရသူ တို့သည် ဗာဗုလုန်နှင့်ပေါင်းစည်းကြရမည်ဟုမထင်သင့်ပါ။ ကျဆုံးသော အသင်းတော်ဂိုဏ်းဂဏများတို့သည် ဗာဗုလုန်ဖြစ်ကြသည်။ ဗာဗုလုန်သည် ခဲ့ပါသည်။ ဤမှားယွင်းသောစပျစ်ရည်သည် မှားယွင်းသောအယူဝါဒများ အဆိပ်ရှိသောယုံကြည်ယူဆချက်များ၊ မှားယွင်းသောစပျစ်ရည်ကိုမွေးမြူထား ဖြစ်သည့် မသေနိုင်သောဝိညာဉ်၊ ဆိုးသောသူများကိုထာဝရညှဉ်းဆဲခြင်း၊ ဗက်လင်မြို့၌မမွေးဖွားမီ ကြိုတင်၍ရှိခဲ့သောခရစ်တော်ကိုငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏သန့်ရှင်းသော၊ သန့်ရှင်းစေခဲ့သောနေ့ထက် ပထမနေ့ကို ထောက်ခံပြောဆိုချီးကျူးဂုဏ်ပြုသော ယုံကြည်ယူဆချက်များဖြစ်သည်။ ဤမှားယွင်းသည့် တူညီတော်စပ်သောယူဆချက်များတို့ကို ကမ္ဘာသို့အသင်း တော်များစွာတို့မှ ဟောပြောသွန်သင်လျက်ရှိသည်။ [Ev 365.1] 23 EvBur 473.1
ဤလောက၌ကျဆုံးသောကောင်းကင်တမန်တို့သည် လူဆိုးတို့နှင့် မိတ်သဟာယဖွဲ့ကြလိမ့်မည်။ ဤခေတ်၌ အန္တိခရစ်သည် ခရစ်တော်အစစ် ကဲ့သို့ပေါ်လာပြီး ဘုရားသခင်၏တရားတော်ကို ကျွန်ုပ်တို့ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့၌ လုံးလုံးဖယ်ရှားလိမ့်မည်။ ဘုရားသခင်၏တရားတော်ကို ဆန့်ကျင်ပုန်ကန်ခြင်းသည် လုံးလုံးလျားလျားထင်ရှားပေလိမ့်မည်။ သို့သော် စစ်မှန်သည့်ပုန်ကန်သူအားလုံး၏ခေါင်းဆောင်မှာ စာတန်မာရ်နတ်ဖြစ်ပြီး သူသည် အလင်း၏ကောင်းကင်တမန်တစ်ပါးကဲ့သို့ မိမိကိုယ်ကိုဆင်ယင်ထား လိမ့်မည်။ လူတို့သည် လှည့်ဖြားခြင်းခံရပြီး ဘုရားသခင်၏နေရာ၌ သူ့အား မြှောက်တင်ကာ နတ်အဖြစ်ကိုးကွယ်ကြပေလိမ့်မည်။ Review and Herald, Sept. 12, 1893. [Ev 365.2] EvBur 473.2
ယုံကြည်သူများဆက်လက်၍ နှုတ်ကပတ်တော်ကိုရှာဖွေခြင်း — ဖတ်ရှုရုံသက်သက် ဖြင့်မလုံလောက်ပါ။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ် တို့၏နှလုံးသားထဲသို့ရောက်ရှိပြီး မင်္ဂလာရှိသောအမှန်တရား၌တည်မြဲရန် ကျွန်ုပ်တို့နားလည်ကြရမည်။ အကယ်၍ ကျွန်ုပ်တို့ကိုယ်တိုင် အမှန်တရား သည် မည်သည့်အရာဖြစ်ကြောင်း သမ္မာကျမ်းစာရှာဖွေလေ့လာခြင်းကိုဂရုမပြု ဘဲလမ်းလွှဲသွားပါက ကျွန်ုပ်တို့ကိုယ်တိုင်၏တာဝန်သာဖြစ်ပေမည်။ ဘုရားသခင် ပေးခဲ့သောအခြေအနေတိုင်းကို လုံ့လဝီရိယဖြင့်ရှာဖွေလေ့လာပါက နှုတ်ကပတ် တော်၌ခွန်အားကြီးသောသူများဖြစ်လာနိုင်ပြီး ၎င်းတို့ကိုသူတစ်ပါးထံသို့ရှင်းလင်း ဟောပြောနိုင်ပေလိမ့်မည်။ Review and Herald, April 3, 1888. [Ev 366.1] EvBur 474.1
အင်းအသစ်ယုံကြည်သူများကိုအခြေချရန်အကူအညီပေးသောကျွန်ုပ်တို့၏စာအုပ်များ - လူအများတို့သည် ယုံကြည်ခြင်းမှလမ်းလွှဲသွားပြီး လှည့်ဖြားသောဝိညာဉ်များ တို့၏နောက်သို့လိုက်လိမ့်မည်။ ဘိုးဘေးများနှင့်ပုရောဖက်များ၊ မဟာတိုက်လှန် ပွဲစာအုပ်များတို့သည် ယုံကြည်သူအသစ်များအတွက် အမှန်တရား၌အုတ်မြစ် ချနိုင်ရန် အထူးရေးသားထားသောစာအုပ်များဖြစ်သည်။ အသင်းတော်များ များအထဲ၌ရှိသောသင်ခန်းစာများတို့နှင့် ကောင်းမွန်စွာအကျွမ်းတဝင်ရှိသည့် အတွက် ရှောင်ရှားရမည့်အန္တရာယ်များတို့ကို ညွှန်ပြထားပါသည်။ ဤစာအုပ် ပုဂ္ဂိုလ်များတို့သည် အန္တရာယ်များကိုသူတို့ရှေ့၌တွေ့ မြင်ပြီး သူတို့အတွက် ရှင်းလင်း၍ဖြောင့်သောလမ်းကို ခွဲခြားသိရှိနိုင်ပါလိမ့်မည်။ ထူးဆန်းသည့် လမ်းများမှ သူတို့ကိုကာကွယ်ပေးလိမ့်မည်။ လမ်းမလွဲစေရန်အတွက် ဖြောင့်သော လမ်းများကို သူတို့ရွေးချယ်နိုင်လိမ့်မည်။ [Ev 366.2] EvBur 474.2
ထာဝရလိုအင်သက်တော်စဉ်၊ ရှေးဘိုးဘေးများနှင့်ပုရောဖက်များ၊ မဟာတိုက်လှန်ပွဲကြီးနှင့် ဒံယေလကျမ်းနှင့်ဗျာဒိတ်ကျမ်းတို့အထဲ၌ တန်ဖိုးရှိ သောညွှန်ကြားချက်ရှိသည်။ ဤစာအုပ်များတို့ကို အထူးအရေးကြီးသောစာအုပ် များအဖြစ်မှတ်ယူကြပြီး၊ လူတို့ထံသို့ရောက်ရှိရန် တတ်နိုင်သမျှကြိုးစားအားထုတ် သင့်သည်။ Letter 229, 1903. [Ev 366.3] EvBur 474.3
ယုံကြည်သူအသစ်တို့ နှင့်ဆက်ဆံရာ၌ကောင်းသောထင်မြင်ချက် - ဆန္ဒစော၍ ဆင်ခြင်မှုမရှိသောလုပ်ဆောင်ချက်များကြောင့် ချို့ယွင်းသည့်ဆုံးဖြတ်ချက်၏ အကျိုးကိုရရှိပြီး မှားယွင်းမှုသို့ပို့ဆောင်စေပါသည်။ သို့သော် ဝမ်းနည်းစရာ အကောင်းဆုံးအရာမှာ ပြောင်းလဲသူအသစ်များ ဤတန်ခိုးသြဇာကြောင့်နစ်နာပြီး ဘုရားသခင်၏အမှုတော်ကို ယုံကြည်စိတ်ချရာ၌ တည်ငြိမ်မှုမရှိတော့ခြင်းဖြစ် သည်။ လုပ်ဆောင်ရန်အချိန်ရောက်လာသောအခါ အဆင်သင့်ရှိကြရန် ကျွန်ုပ် တို့ဆုတောင်းကြပါစို့။ Letter 16, 1907. [Ev 366.4] EvBur 475.1