ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
အသစ်ပြောင်းလဲသူများအတွက်ဝိညာဉ်ရေးနှင့်ပြည့်ဝသောသာမန် အသင်းသားများတို့၏တာဝန်
အသင်းတော် သည် စိတ်ရှည်စွာဖြင့် အသစ် ပြောင်းလဲ သူများကို ကူညီမစရန် - ယုံကြည်သူအသစ်များတို့အား သူတို့နှင့်စိတ်ရှည်စွာ၊ သိမ်မွေ့စွာဖြင့်ဆက်ဆံ သင့်ပြီး အသင်းတော်ရှိဝါရင့်အသင်းသားများအနေဖြင့် အမှန်တရားကြောင့် အခြားအသင်းတော်များတို့၏ဓမ္မဆရာသွန်သင်ချက်များမှထွက်ခွာလာပြီး အမှန် တရားရှိရာကျွန်ုပ်တို့၏အသင်းတော်ထဲသို့ ရောက်ရှိလာသူများတို့ကို ကူညီ မစ၊ သွန်သင်ပို့ချရန်နည်းလမ်းများကို တီထွင်ပြင်ဆင်ပေးသင့်သည်။ အသင်း တော်အနေဖြင့် ဤဝိညာဉ်အသစ်များတို့အားစောင့်ရှောက်ရန် အထူးသော တာဝန်ကို ဦးစွာအမှန်တရားသိရှိထားခဲ့သော ဝါရင့်အသင်းသားများတို့အပေါ် တာဝန်ပေးအပ်ထားပါသည်။ အကယ်၍ ဤတာဝန်ကိုလျစ်လျူရှုထားကြ ပါက၊ သူတို့အားဘုရားသခင်ပေးအပ်သည့်တာဝန်အပေါ် သစ္စာမရှိရာရောက် ပေလိမ့်မည်။ Review and Herald, April 28, 1896. [Ev 351.1] EvBur 453.2
အာရုံ စိုက်စောင့် ရှောက်ခြင်းနှင့် အားပေးခြင်း - အမှန်တရားသို့လူတို့သည် ပြောင်းလဲလာပြီးသောအခါ၊ သူတို့ကိုကြည့်ရှုရန်လိုအပ်သည်။ ဤနေရာ၌ ဓမ္မဆရာများစွာတို့သည် မိမိတို့ကျင်းပသောတရားပွဲများပြီးဆုံး၍ ဝိညာဉ်များ ရရှိခဲ့ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် ဤယုံကြည်သူအသစ်များတို့ကို စောင့်ရှောက်ရမည့် စိတ်အားထက်သန်မှုပျက်ကွက်ခြင်းကိုတွေ့ရပါသည်။ ဤပြောင်းလဲသူအသစ်များတို့၏လိုအပ်သည့် စောင့်ရှောက်ခြင်းနှင့်ကူညီအားပေး ခြင်းများကို သူတို့နားမလည်ကြပါ။ သူတို့ကိုပစ်ပယ်၍မထားသင့်ပါ။ မာရ်နတ် မိမိတို့၏တာဝန်များကိုသိရှိရန် ပညာပေးခြင်း၊ ကြင်နာစွာဆက်ဆံခြင်း၊ သူတို့ ၏တန်ခိုးကြီးသောစုံစမ်းခြင်းနောက်သို့လိုက်ပါသွားနိုင်ပါသည်။ သူတို့အား ထံလည်ပတ်၍ သူတို့နှင့်အတူဆုတောင်းပေးခြင်းပြုရပါမည်။ ဤဝိညာဉ်များ တို့သည် သင့်လျော်သည့်အချိန်၌ သင့်လျော်သောဝိညာဉ်အစာကိုကျွေးမွေး ရမည်။ [Ev 351.2] EvBur 454.1
တချို့သောသူများစိတ်ဓာတ်ကျခြင်း၊ လမ်းခုလတ်၌ဖင့်နွှဲနေခြင်းကြောင့် ဝံပုလွေများတို့၏ဖျက်ဆီးမှုခံရခြင်းမှာ အံ့သြစရာမရှိပါ။ လမ်းကြောင်းတိုင်း တွင် မာရ်နတ်ရှိနေသည်။ သူ၏ကိုယ်စားလှယ်များအားဖြင့် သူဆုံးရှုံးခဲ့ရသော ဝိညာဉ်များ သူ့ထံပြန်လည်ရောက်ရှိရန် သူစေလွှတ်လျက်ရှိသည်။ မိဘများ မိမိတို့၏ကလေးငယ်များတို့ကို သူတို့၏နှလုံးသားထဲ၌ အမှန်တရားစွဲလမ်း ရန်သူတို့ကိုအားပေး၍ ယုံကြည်ခြင်း၌သူတို့၏စိတ်မရှုပ်ထွေးစေရန် ပို၍ ဆုတောင်းပေးသင့်သည်။ [Ev 351.3] EvBur 454.2
ဝိညာဉ်များကယ်တင်ခြင်းရရှိရန် တရားဒေသနာဟောကြားခြင်းသည် လုပ်ငန်းလေးတစ်ရပ်သာဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် အမှန် တရားသို့ အပြစ်သားများတို့ကိုပို့ဆောင်ပြီး သူတို့ကိုအသင်းတော်၏လက်ထဲ သို့အပ်နှံလိုက်ပါသည်။ ဓမ္မဆရာများတို့သည် မိမိတို့၏တာဝန်ကိုထမ်းဆောင် ကြရမည်။ သို့သော် အသင်းတော်ဆောင်ရွက်ရမည့်တာဝန်ကို သူတို့မဆောင်ရွက် နိုင်ပါ။ ဘုရားသခင်သည် သူ၏အသင်းတော်ကို ယုံကြည်ခြင်း၌နုနယ်ပြီး ဗဟုသုတမရှိသေးသောသူတို့ထံသို့သွား၍ မကောင်းသတင်းများပြောဆိုခြင်း မပြုဘဲ သူတို့အတွက်ဆုတောင်းပေးခြင်း၊ သူတို့အားလျောက်ပတ်သောစကား သည် ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီးကဲ့သို့ပြောဆိုရပါမည်။ [Ev 352.1] EvBur 455.1
ကျွန်ုပ်တို့အားလုံးသည် ခြားနားသောစိတ်သဘောရှိသူများတို့နှင့် ပညာအမြော်အမြင်ပြည့်စုံစွာဖြင့် မည်ကဲ့သို့ဆက်ဆံရမည်ကိုသိရှိနိုင်ရန် လူတို့ ၏စာရိတ္တနှင့်ပြောဆိုပြုမူပုံကိုလေ့လာပြီး အကောင်းဆုံးကြိုးစား၍ ဘုရားသခင် ၏နှုတ်ကပတ်တော်နှင့် စစ်မှန်သောခရစ်ယာန်အသက်တာကိုနားလည်ရန် သူတို့ကိုကူညီမစရမည်။ ကျွန်ုပ်တို့သည် သူတို့နှင့်အတူကျမ်းစာကိုဖတ်ပြီး သူတို့၏စိတ်ကို မတည်မြဲသောအရာများမှ ထာဝရစိတ်ဝင်စားခြင်းများသို့ ပို့ဆောင်ကြရမည်။ အကူအညီလိုသောသူများတို့နှင့် အကျွမ်းတဝင်ဖြစ်ရန် အတွက် ဘုရားသခင်၏သားသမီးများတို့သည် သူ့အတွက်သာသနာပြုများ အဖြစ်ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက် သည် စုံစမ်းခြင်းအောက်၌ဒုက္ခရောက်နေပါက သူ့ကိုသတိဖြင့်ပါးနပ်စွာကူညီ ရမည်။ အကြောင်းမှာ သူ၏ထာဝရစိတ်ဝင်စားခြင်းသည် ခက်ခဲခြင်း၌ရောက်ရှိ နေပြီး သူ့အတွက်ဆောင်ရွက်သော သူတို့၏အပြောအဆိုများနှင့်လုပ်ဆောင် မှုများတို့သည် အသက်မှအသက်သို့အမွှေးအကြိုင်၊ သို့မဟုတ် သေခြင်းမှ သေခြင်းသို့အမွှေးအကြိုင်ဖြစ်လိမ့်မည်။ Testimonies, vol. 4, pp. 68, 69, (1876) [Ev 352.2] EvBur 455.2
စောင့်ရှောက်မှုစီမံကိန်း - ခရစ်တော်၌ ကျွန်ုပ်တို့အားလုံးမိသားစုဝင် များဖြစ်ကြသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အဖဖြစ်ပြီး သူ၏အိမ်ထောင် ၌ အချင်းချင်းစိတ်ဝင်စားမှုကို သေချာစွာအမြဲထားရှိကြရန် သူမျှော်လင့်လျက် ရှိသည်။ မိဘပင်စည်၏အကိုင်းများကဲ့သို့ ကျွန်ုပ်တို့အားလုံး တစ်ခုတည်း သောအစာအာဟာရအရင်းအမြစ်ကိုရရှိကြပြီး နာခံလိုသောဆန္ဒအားဖြင့် ခရစ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်လာကြရမည်။ [Ev 352.3] EvBur 456.1
အကယ်၍ ခရစ်တော်၏အိမ်ထောင်ထဲမှ မိသားစုဝင်တစ်ဦးသည် စုံစမ်းခြင်းထဲရောက်ရှိမည်ဆိုလျှင် အခြားမိသားစုဝင်များမှနေ၍ သူ၏မှားသော လမ်းမှ မှန်သောလမ်းသို့သူ့အားပို့ဆောင်ပြီး ဖြူစင်သန့်ရှင်းသောအသက်တာ ၌ နေထိုင်သွားနိုင်ရန် ဝိုင်းဝန်းကူညီမစကြရပါမည်။ ဘုရားသခင်၏အမှု တော်၌ အသင်းတော်ထဲရှိ အသင်းသားတိုင်းပါဝင်ကြရပါမည်။ ဘုရားသခင် ၏အိမ်ထောင်ထဲရှိ အသင်းသားများတို့သည် ပညာသတိဖြင့်စောင့်ကြည့်နေ ကြရမည်ဖြစ်ပြီး မာရ်နတ်၏ထောင်ချောက်ထဲသို့ မိမိတို့၏အားနည်းသော ညီအစ်ကိုမောင်နှမများတို့ကိုကယ်ဆယ်ရန် မိမိတို့၌အစွမ်းသတ္တိရှိသရွေ့ ဆောင်ရွက်ကြရပါမည်။ [Ev 353.1] EvBur 456.2
ဤအရာသည် အိမ်တွင်းသာသနာလုပ်ငန်းဖြစ်ပြီး ကူညီမစခြင်းခံရ သူများနှင့် ကူညီမစသူများတို့နှစ်ဦးနှစ်ဖက်အတွက် အကျိုးဖြစ်စေပါသည်။ အိမ်တွင်း၌ကြင်နာဖွယ်စိတ်ဝင်စားမှုကိုဖော်ပြခြင်း၊ ကျွန်ုပ်တို့၏ညီအစ်ကို မောင်နှမများတို့အား မေတ္တာစကားများပြောဆိုကြခြင်းတို့သည် ဘုရားသခင်၏ အိမ်ထောင်မိသားစုဝင်များအတွက် လုပ်ဆောင်ရန်သင့်လျော်သောအရာများ ဖြစ်ပြီး၊ အကယ်၍ခရစ်တော်၌ကျွန်ုပ်တို့သစ္စာရှိကြပါက ထာဝရကာလတွင် နေထိုင်သွားကြရမည်ဖြစ်သည်။ “သေသည်တိုင်အောင်သစ္စာစောင့်လော့။ အသက်သရဖူကိုငါပေးမည်” ဟုခရစ်တော်ပြောခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်၏မိသားစုဝင်များတို့သည် မိမိတို့၏ညီအစ်ကိုမောင်နှမများတို့ကို မည်မျှကာကွယ်စောင့်ရှောက်သင့်ကြပါသနည်း။ သင့်ကိုယ်ကိုသူတို့၏မိတ်ဆွေ ဖြစ်စေပါ။ အကယ်၍သူတို့သည် ဆင်းရဲနွမ်းပါးပြီး အစာနှင့်အဝတ်လိုအပ် ပါက၊ သူတို့၏ယာယီလိုအပ်ချက်များကိုကူညီပြီး သူတို့၏ဝိညာဉ်ရေးလိုအပ် ချက်များကိုပါကူညီပါ။ ထိုသို့ပြုခြင်းဖြင့် သူတို့အတွက်သင်သည် နှစ်ဆသော ကောင်းချီးမင်္ဂလာဖြစ်စေပါမည်။ Manuscript 63, 1898. [Ev 353.2] EvBur 456.3