ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
အခန်း (၁ဝ)—အသစ်ပြောင်းလဲသူများကိုရယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆက်လက်လုပ်ဆောင်ရန်နည်းစနစ်များ
စည်းဝေးများ၏ဒုတိယနောက်ဆက်တွဲအစီအစဉ် - လက်ရှိအမှန်တရားအတွက် ငြင်းခုံပြောဆိုခြင်းကို ပထမအကြိမ်ပြုလုပ်သောအခါ အချက်အလက်များကို နှလုံးသားထဲ၌စွဲမြဲစေရန်ခက်ခဲပါသည်။ တချို့သောသူတို့သည် ဆုံးဖြတ်ချက် ချရန် လုံလောက်သောအချက်များကိုတွေ့ ရသော်လည်း ပြောဆိုခဲ့သောအရာ များအားလုံးတို့ကို တစ်ဖန်ထပ်မံ၍ပြောဆိုရမည်ဖြစ်ပါသည်။ Letter 60, 1886. [Ev 334.1] EvBur 430.1
အမှန်တရားကိုရှင်းလင်းစွာချိန်ကိုက်ရန် - ပထမတရားပွဲများကို နေရာ တစ်ခု၌ဟောပြောချက်များဟောပြောပြီးနောက် ပထမတစ်ကြိမ်အတွက်ထက် ဒုတိယအကြိမ်အမှန်ပင်ထပ်မံဟောပြောရန်လိုအပ်ပါသည်။ အမှန်တရားသည် အသစ်ဖြစ်ပြီး စိတ်ဝင်စားဖွယ်ကောင်းကာ လူတို့အနေဖြင့်ဟောပြောခြင်းတစ်မျိုး တည်းကိုပင် ဒုတိယအကြိမ်ကြားလိုရခြင်းသည် အချက်အလက်များကို ရှင်းလင်းတိကျစွာရရှိရန်နှင့် အတွေးအခေါ်များကို စိတ်ထဲ၌စွဲမြဲစေရန်ဖြစ် သည်။ Letter 48, 1886. [Ev 334.2] EvBur 430.2
အမှန်တရား၏အချက်အလက်များကို ထပ်မံ ပြောဆို ခြင်း၏အရေးကြီးခြင်း - အကယ်၍ အမှန်တရားကိုသိခဲ့သောသူတို့နှင့် ၎င်းအပေါ်အခြေချခဲ့ပါက ဤသတင်းစကားသည် သူတို့ရှေ့၌အမှန်ပင်အရေးကြီး၍ သူတို့၌ရှိနေရမည် မှာလိုအပ်ကြောင်း ထပ်မံပြောဆိုခြင်းအားဖြင့် သူတို့၏စိတ်ထဲ၌ လှုံ့ဆော် နေရမည်ဖြစ်သည့်အတွက် ယုံကြည်ခြင်းသို့အသစ်ပြောင်းလဲလာသူတို့ကို ဤအရေးကြီးသောအလုပ်နှင့်ပတ်သက်၍ လျစ်လျူမရှုကြရန် အရေးကြီးသော ဆောင်ရွက်ရမည့်အလုပ်တစ်ခုဖြစ်သည်။ သမ္မာတရား၏အဓိပ္ပါယ်ဖွင့်ဆိုချက် တိုင်းတို့သည် သူတို့အတွက်အသစ်ဖြစ်ပြီးထူးဆန်းကာ သူတို့သည် အမှန် တရား၏တန်ခိုးကိုမရရှိဘဲ မှားသောအတွေးအခေါ်ကိုရရှိနိုင်သည့်အန္တရာယ် ကို ကြုံတွေ့နိုင်ပါလိမ့်မည်။ တရားပွဲများစွာတို့၌ မပြီးမပြတ်သောလုပ်ငန်းကို ချန်ထားတတ်ကြပါသည်။ Letter 60, 1886. [Ev 334.3] EvBur 430.3
ထပ်ဆင့်ဆောင်ရွက်ခြင်းနောက်ဆက်တွဲအစီအစဉ်ကို သေချာစွာစီမံကိန်းဆွဲခြင်းများ -နေရာဒေသများကိုပြောင်းလိုက်ပြီး .. အသစ်သောလူထုပရိသတ်များရရှိရန် သင်အကြံပြုခြင်းခံရဖွယ်ရှိသည်။ သို့သော် သင်တို့အမြဲဆောင်ရွက်ခဲ့သကဲ့သို့ ဒုတိယအကြိမ်တရားပွဲကို ပထမအကြိမ်ဆောင်ရွက်ခဲ့သည်ထက် ပို၍ကောင်းမွန် စွာဆောင်ရွက်ပါ။ အမှုဆောင်များတို့၏စွမ်းရည်တိုင်းကို ထုတ်ဖော်မျှဝေ မိမိတို့၏တာဝန်ကို အကောင်းဆုံးဆောင်ရွက်ပြီးပြုလုပ်ရမည့်အခန်းကဏ္ဍကို လဲလှယ်အသုံးပြုပါ။ ဘုရားသခင်၏အမှုတော်၌ အမှုဆောင်တိုင်းတို့သည် အားသွန်ခွန်စိုက်အပြည့်အဝလုပ်ဆောင်စေပါ။ [Ev 335.1] EvBur 431.1
လုပ်ဆောင်စရာလုပ်ငန်းအမျိုးမျိုးရှိနေပါသည်။ ဝိညာဉ်များတို့သည် အကြောင်း သူတို့သည် အမှန်တရားကိုချစ်ခင်မြတ်နိုးခဲ့ကြသည်နည်းတူ ဘုရားရှင်ရှေ့၌တန်ဖိုးရှိပါသည်။ တာဝန်များကို မည်ကဲ့သို့ထမ်းဆောင်ရမည့် သူတို့ကိုပညာပေးခြင်း၊ သွန်သင်ခြင်းပြုပါ။ စိုက်ပျိုးခဲ့သောအသီးများ ဝေဝေ ဆာဆာသီးပွင့်ရန်ပြုလုပ်နိုင်သည့် အစမှအဆုံးသို့တွေ့မြင်နိုင်သောပုဂ္ဂိုလ်မှ သင်တို့၏ကြိုးစားမှုများနှင့်အတူ သင်တို့နှင့်အတူပါရှိလိမ့်မည်။ Letter 48, 1886. [Ev 335.2] EvBur 431.2
သေချာသောထပ်ဆင့်ဆောင်ရွက်ခြင်းအလုပ်၏ပုံသက်သေတစ်ခု - ကျွန်ုပ်တို့၏ အစည်းအဝေးပြီးဆုံးခဲ့ပြီ။ ပထမဆုံးနေ့ရက်ဖြစ်သည့် အောက်တိုဘာလ (၂၁) ရက်မှစပြီး ယခုနိုဝင်ဘာလ (၁၀) ရက်နေ့တိုင်အောင် စိတ်ဝင်စားမှုမမှေးမှိန် ခဲ့ပါ။ ပထမဆုံးစည်းဝေးအချိန်၌ မဏ္ဍပ်အတွင်းလူပြည့်လျှံလျက်ရှိပြီး ပတ်လည် ၌လည်း လူများစွာမတ်တတ်ထနေခဲ့ကြပါသည်။ [Ev 335.3] EvBur 431.3
ဥပုသ်နေ့၊ တနင်္ဂနွေနေ့နှင့်ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းအချိန်တို့၌ စုရုံး လာကြသောလူထုအား ကျွန်ုပ် (၆) ခါစကားပြောခဲ့သည်။ ၎င်းနောက် ကျွန်ုပ်တို့၏လူတို့ကို အခြားကိစ္စနှင့်ပတ်သက်ပြီး (၅) ခါစကားပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဓမ္မဧဝံဂေလိလုပ်ငန်းကို အကောင်းဆုံးလုပ်ဆောင်ခဲ့ကြသည်။ ပြောဆိုသောစကားများမှာ ယိမ်းယိုင်ထေ့ငေါ့ခြင်း၊ တုံ့ဆိုင်းခြင်းအမူအရာ မပါရှိခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးပါရှိခဲ့သည်။ ဤတိုင်းပြည် အတွင်းကျင်းပခဲ့သည့် တဲစခန်းအစည်းအဝေးများနှင့်မတူဘဲ အလွန်စိတ်ဝင်စား မှုကြီးမားလှသည်ကိုတွေ့ခဲ့ရပါသည်။ လက်ရှိအမှန်တရား၏အလင်းကို လူတို့ အားပြောပြခွင့်ရရှိခြင်းအတွက် ဘုရားသခင်ကိုအထူးကျေးဇူးတင်သည်။ ခရစ်တော်အချိန်ကကဲ့သို့ လူတို့သည် နားထောင်ကြပြီး အံ့ဩကာစိတ်ဝင်စား ကြပါသည်။ “ကျွန်ုပ်တို့ဤကဲ့သို့တစ်ခါမျှမကြားဖူးခဲ့ပါ။ ဤအရာများကို ယခင်အချိန်ကတည်းကကြားလိုပါသည်။ ဤအရာများကျမ်းစာထဲ၌ရှိသည်ကို ကျွန်ုပ်တို့မသိခဲ့ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယခင် အချိန်၌ တစ်ခါမျှလေ့လာရှာဖွေခဲ့ခြင်းမရှိသည့်အတွက် ယခုလေ့လာရှာဖွေ ရမည်ဟု ကျွန်ုပ်တို့မြင်ပါသည်” ဟုသူတို့ပြောဆိုကြပါသည်။ [Ev 335.4] EvBur 432.1
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အမှန်ပင်သန်လျက်တကာတို့ ထက်ထက်ပြီး တန်ခိုးနှင့်ပြည့်စုံလျက်ရှိပါသည်။ လူအစုအရုံးကြီးသည် (၂) နာရီနီးပါးမောပန်းခြင်း၊ ငြီးငွေ့ခြင်းမရှိဘဲ စိတ်ပါဝင်စားစွာဖြင့် နားထောင် လျက်ရှိကြသည်။ အို၊ ကျွန်ုပ်လွန်စွာဝမ်းမြောက်ပြီး ဘုရားသခင်ကိုအလွန် မှပင်ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ဂုဏ်တော်ကို ကျွန်ုပ်၏စိတ်နှလုံး၊ ဝိညာဉ်နှင့်အသံအားဖြင့် ချီးမွမ်းပါသည်။ [Ev 336.1] EvBur 432.2
စတင်းမိုး (Stanmore) ၌ များစွာသောအမှုဆောင်တို့သည် စိတ်ဝင်စား မှုကိုထိန်းထားသည်။ ဤစိတ်ဝင်စားမှုသည် ညှိုးနွမ်းသွားခြင်းမရှိပါ။ တဲကြီး များကိုဖျက်သိမ်းလိုက်ပြီး မဲလ်ဘုန်း (Melbourne) မြို့သို့ပို့လိုက်ပါသည်။ ပေ (၄၀) ရှိသောတဲကို အလယ်၌ခွဲလိုက်ပြီး လူများစွာထိုင်နိုင်သမျှထိုင်နိုင် စေရန် စီစဉ်လိုက်ပါသည်။ အမှုဆောင်နေထိုင်ရန် အိမ်တစ်ဆောင်ကိုငှား ထားပါသည်။ ကျွန်ုပ်အတွက် အခန်းတစ်ခန်းကိုပြင်ဆင်ပေးပြီး အကယ်၍ ကျွန်ုပ်တတ်နိုင်ပါက မတော်ယခုအပတ်၌ စစ်ဒနီမြို့သို့သွားပြီးအမှုဆောင် များနှင့်ပေါင်းစည်းရန်ဖြစ်သည်။ ဤတရားပွဲအောင်မြင်ရန်အတွက် ကျွန်ုပ်တို့ သည် အရာအားလုံးကိုတတ်နိုင်သမျှဆောင်ရွက်ကြရမည်။ ဆရာကြီး ဟပ်(စ)စကဲ(လ်) သည် ဤအလုပ်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုမညှိုးနွမ်း သွားစေရန်အတွက် ဝမ်းမြောက်စွာဖြင့်စာရေးပေးပါသည်။ Letter 27, 1897, [Ev 336.2] EvBur 432.3
စိတ်ဝင်စားမှုဖန်တီးခြင်းအပေါ်တည်ဆောက်ခြင်း - စိတ်ဝင်စားမှုဖန်တီးပြီး နောက် နောက်ထပ်ရောက်ရှိလာသောအမှုဆောင်များတို့သည် အကယ်၍နှိမ့်ချ သောသဘောရှိသည့် ဘုရားသခင်၏လူများဖြစ်ပါက၊ သူတို့သည် ယခုတိုင် လိမ့်မည်။ ဘုရားသခင်၏အမှန်တရားကို မတူညီသောစိတ်များထံသို့ မတူညီ အမှန်တရားကိုမသိရသေးသော သူတို့၏စိတ်နှလုံးများကို နှိုးဆွပြီးထိခိုက်စေ သောနည်းလမ်းများအားဖြင့် ဖော်ပြလျက်ရှိသည်။ ထိုကြောင့် တစ်ဦးသော သူ၏ဟောပြောခြင်းအားဖြင့် အမှန်တရားအချက်တချို့ကို အခြားသောပုဂ္ဂိုလ် ၏ဟောပြောခြင်းထက် ပို၍ရှင်းလင်းစေနိုင်သည့်အတွက် ဘုရားသခင်သည် ပုဂ္ဂိုလ်တစ်ဦးတည်းအားဖြင့်သာ လူတို့၏စိတ်နှလုံးနှင့်အလုပ်လုပ်ပြီး လူတို့ ကိုဆွဲဆောင်နိုင်ရန်ခွင့်မပြုပါ။ [Ev 336.3] EvBur 433.1
အမှုဆောင်တစ်ဦးသည် အမှုတော်၌မိမိ၏တာဝန်ကို တတ်နိုင်သမျှ ဆောင်ရွက်မည်ဖြစ်ပြီး ဘုရားသခင်သည် အခြားသောမိမိ၏အမှုတော်ဆောင် တစ်ဦးကိုပို့ဆောင်ကာ မိမိ၏အမှုတော်၌ အခြားသောတာဝန်တစ်ခုကိုဆောင်ရွက် ရန်လိုအပ်သည်ဟု ပထမအမှုဆောင်မှမထင်သော်လည်း အလုပ်ပြီးစီးရန် လိုအပ်နေကြောင်းကိုတွေ့ရှိရပါသည်။ ထိုကြောင့် လုပ်ငန်းတစ်ခုကိုအစမှ အဆုံးတိုင်အောင် မိမိတစ်ယောက်တည်းသာဆောင်ရွက်ရမည်ဟု မည်သူမျှ မထင်သင့်ပါ။ အကယ်၍ သူ့အတွက်ဖြစ်နိုင်ပါက အခြားဝိညာဉ်ဆုကျေးဇူး များကိုခံစားကြရသည့် အခြားသောအမှုဆောင်များတို့ကို ဝိညာဉ်များပြောင်းလဲ ရန်အတွက် သူတို့နှင့်အတူဝမ်းမြောက်စွာလက်တွဲ၍ အမှုတော်ကိုဆောင်ရွက် သွားရကြမည်။ Manuscript 21, 1894. [Ev 336.4] EvBur 433.2
ကောင်းမွန်စွာသင်တန်းရရှိသောအသစ်ပြောင်းလဲသူများ - လူထုတရားပွဲအစည်း အဝေးကို အချိန်ကာလအကန့်အသတ်အတွင်း ခေတ္တရပ်ဆိုင်းရသော်လည်း ကျွန်ုပ်တို့၏ကြိုးစားခြင်းကို ရပ်ဆိုင်းခြင်းမပြုရပါ။ စိတ်ဝင်စားသူများရှိနေသရွေ့ ကာလပတ်လုံး အမှန်တရားကိုသင်ယူရန် သူတို့ကိုအခွင့်အရေးပေးရမည်။ ထိုနောက် အသစ်ပြောင်းလဲလာကြသောသူတို့သည် အသိတရား၌တိုးပွားလာ ပြီး အမှန်တရားကိုချစ်ကာ ယေရှုခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်း ဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ရောက်ကြသည့်တိုင်အောင် ဘုရားသခင် ၏နှုတ်ကပတ်တော်၌ သစ္စာရှိသောဆရာများအားဖြင့် သူတို့ကိုသွန်သင်သွား ရန်လိုအပ်ပါသည်။ ယခုသူတို့သည် ဝိညာဉ်ရေး၌ကြီးထွားရန် အသင့်လျော် ဆုံးသောတန်ခိုးသြဇာအားဖြင့် ဝန်းရံထားပေးရပါမည်။ Review and Her ald, Feb. 14, 1907. [Ev 337.1] EvBur 434.1
အောက်ခြေဌာန၏စွမ်းရည်ကို ကြီးပွားစေပါ - သာသနာပြုတစ်ဦး၏အလုပ် ကိုလုပ်ဆောင်ပါ။ စိုက်ပျိုးခဲ့သောမျိုးစေ့ကိုရေလောင်းပြီး ပြုစုပျိုးထောင်ပါ။ အသင်းတော်အသစ်တစ်ခုထူထောင်ပြီးသောအခါ ကူညီသူမရှိဘဲ စွန့်ပစ်ထား ခြင်းမပြုသင့်ပါ။ ဓမ္မဆရာအနေဖြင့် အသင်းတော်၌စွမ်းရည်ကို အကျိုးရှိသော စည်းဝေးများပြုလုပ်ခြင်းအားဖြင့် တိုးတက်ကြီးပွားလာရန်ဆောင်ရွက်သင့်သည်။ တိမောသေသည် အသင်းတော်တစ်ခုမှတစ်ခုသို့သွားပြီး ဤလုပ်ငန်းမျိုးကို ဆောင်ရွက်သင့်သောသူတစ်ဦးကဲ့သို့ အကောင်းဆုံးသောသန့်ရှင်းသောယုံကြည် ခြင်း၌တည်ရှိရန်၊ အသင်းတော်များကိုထူထောင်ရန် စေခိုင်းခြင်းခံရပါသည်။ သူသည် သာသနာပြုဆရာတစ်ဦး၏အလုပ်ကိုလုပ်ဆောင်ခဲ့ရပြီး ဤအလုပ်သည် ဓမ္မဆရာများတို့၏အလုပ်ထက် သာ၍အရေးကြီးသောအလုပ်တစ်ခုဖြစ်သည်။ သူသည် နှုတ်ကပတ်တော်ကိုဟောပြောရမည်။ သို့သော်သူသည် အသင်းတော် တစ်ခုတည်း၌သာ အခြေချ၍နေထိုင်လုပ်ဆောင်ရမည်မဟုတ်ပါ။ Review and Herald, Sept. 28, 1897. [Ev 337.2 EvBur 434.2
အသင်းသားအသစ်များတို့ ထံမကြာခဏလည်ပတ်ပါ - လုပ်ငန်းကိုအချိန်မတိုင် မီချန်ထားခြင်းမပြုသင့်ပါ။ အခြားသောနယ်မြေသို့သွားရန်အတွက် သူတို့ကို ချန်မထားမီ လူတိုင်းအမှန်တရား၌အသိဉာဏ်ပြည့်ဝသောသူများဖြစ်မဖြစ်၊ ယုံကြည်ခြင်း၌တည်မတည်၊ လုပ်ငန်း၏ကဏ္ဍတိုင်း၌ စိတ်ဝင်စားမှုရှိမရှိ လေ့လာပါ။ ထိုနောက် တမန်တော်ပေါလုကဲ့သို့ သူတို့မည်ကဲ့သို့ပြုမူနေထိုင် ကြသည်ကိုသိရှိရန် သူတို့ထံသို့မကြာခဏအလည်အပတ်ပြုပါ။ အို၊ သူ၏ နှုတ်ကပတ်တော်ကိုဟောပြောရန် ဘုရားသခင်မှမိန့်မှာသည်ဟု မိမိတို့ကိုယ် ကိုပြောဆိုသောသူများတို့၏ဆောင်ရွက်မှုပျက်ကွက်ခြင်းအတွက် ကောင်းကင် တမန်များတို့အား မျက်ရည်ကျစေပါသည်။ Testimonies, vol. 5, p. 256. (1885) [Ev 337.3] EvBur 435.1
ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း - တရားဟောခြင်း လုပ်ငန်းတစ်ခုတည်းကိုသာ ကျွန်ုပ်တို့လုပ်ဆောင်ရမည်မဟုတ်ပါ။ တရားဟော ခြင်းထက် အခြားအရာလည်းလိုအပ်ပါသည်။ အခြားသူများကိုသည်းခံစွာဖြင့် ဆက်ကပ်လျက် ပညာပေးရန်ပို၍အချိန်ယူသင့်ပြီး တရားနာသောသူတို့အား လည်း မိမိတို့၏အခြေအနေကိုတင်ပြရန် အခွင့်အရေးပေးရမည်။ ပညတ် တစ်ခုပေါ်မှာတစ်ခု၊ တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ တစ်နည်း ပေါ်မှာတစ်နည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာအနည်းငယ်ဖြင့် များစွာသောသူတို့ကို သင်ကြားပို့ချရန်လိုအပ်ပါသည်။ [Ev 338.1] ဠာ EvBur 435.2
သို့သော် ကျွန်ုပ်တို့၏အသင်းတော်များလိုအပ်ချက်သည် တရားဟော ခြင်းလုပ်ငန်းတစ်ခုတည်းအားဖြင့်သာမဟုတ်ကြောင်း ဟူသည့်အတွေးအခေါ် ကို ကျွန်ုပ်တို့၏သာသနာပြုဆရာညီအစ်ကိုများတို့အားခံယူစေရန် အလွန်မှပင် ခက်ခဲပါသည်။ ကိုယ်စီကြိုးစားအားထုတ်မှုလိုနေသည်။ ၎င်းအရာသည် သင်းဝင်သူတစ်ဦးစီတို့နှင့် အသင်းတော်များတိုးတက်ကြီးပွားရန် လိုအပ်သော အရာဖြစ်သည်။ Manuscript 7, 1891. [Ev 338.2] EvBur 435.3
အသစ်သောအသက်တာအစပြုခြင်းအတွက်ကူညီပါ - ယခုကဲ့သို့ထင်ရှားစွာ ဖြင့် စိတ်ဝင်စားခြင်းဖြစ်ပေါ်လာသည့်အခါတိုင်း၌ ကူညီရန်စွမ်းရည်အရှိဆုံး လူတို့ကိုရွေးချယ်ရလိမ့်မည်။ သူတို့သည် လည်ပတ်ခြင်းနှင့်ကျမ်းစာသင်ပေး ခြင်းအလုပ်ကို ယုံကြည်ခြင်းသို့အသစ်ဝင်ရောက်လာသော စိတ်ပါဝင်စားသူ တို့နှင့် စိတ်ပါစွာလုပ်ဆောင်ပြီး သူတို့အား ယုံကြည်ခြင်း၌ခိုင်မြဲရန် ကြိုးစား လုပ်ဆောင်ကြရမည်။ ယုံကြည်သူအသစ်များတို့ကို ခရစ်တော်၏အသင်းတော် အား အပ်နှံထားသောလုပ်ငန်းအမျိုးမျိုးတို့ကို ကောင်းစွာနားလည်ရန် သေချာ စွာပို့ချသင်ကြားပေးရမည်။ တစ်ယောက်၊ သို့မဟုတ် နှစ်ယောက်ကိုပင် ဤအလုပ်ဝန်ထုပ်ဖြင့် ချန်လှပ်မထားစေရပါ။ [Ev 338.3] EvBur 436.1
ကျွန်ုပ်တို့၏မြို့များ၌ကျင်းပသွားမည့် တဲအစည်းအဝေးများတို့နှင့် ဆက်နွှယ်၍ ဆောင်ရွက်နိုင်ရန် အသင်းတော်မှအသင်းသားများတို့၏ပါဝင် များစွာအမှီပြုသည်။ စည်းဝေးအတွင်း လူများစွာတို့ သည် ဝိညာဉ်တော်အားဖြင့် ယုံကြည်လာကြသည်။ ခရစ်ယာန်အသက်တာ အစပြုကြရန် ဆန္ဒရှိကောင်းရှိကြပေလိမ့်မည်။ သို့သော် စိတ်ဝင်စားသူတို့ကို စည်းဝေးပြီးစီးပြီးနောက်ပိုင်း၌ ဆက်လက်လုပ်ဆောင်ရန် ကျန်ခဲ့သောအမှု ဆောင်များတို့သည် အမြဲသတိဖြင့်စောင့်ကြည့်ကာ ဆောင်ရွက်ခြင်းမရှိပါက ကောင်းသောခံစားချက်ရရှိသူများတို့၏စိတ်ထဲ၌ မိမိတို့၏ခံစားချက်မှေးမှိန် သွားပေလိမ့်မည်။ ကောင်းသောဆင်ခြင်နှင့်ပြည့်ဝသည့်ရန်သူသည် ဘုရားသခင် ၏အမှုဆောင်များပျက်ကွက်နေသော အရာတိုင်းအပေါ်အခွင့်အရေးယူကာ သူတို့မှတာဝန်ယူရမည့်ဝိညာဉ်များတို့အတွက် စောင့်ကြည့်ယူဆောင်သွားလိမ့် မည်။ Review and Herald, March 2, 1905. [Ev 338.4] EvBur 436.2
အသစ်သောယုံကြည်သူများပတ်လည်၌အကာအကွယ်ပြုလုပ်ထားပေးပါ - ဆုံးဖြတ် ချက်များကိုပြုပြီးသည်နှင့်တစ်ပြိုင်နက်၊ မှောင်မိုက်တန်ခိုး၏အင်အားသည် ယုံကြည်သူတို့၏စိတ်ကိုဆွဲဆောင်ကာ ဘုရားသခင်၏ဝိညာဉ်တော်မှပြုပြင်ပေး သော ခိုင်မာသည့်ယုံကြည်ချက်ကို ဆန့်ကျင်ဘက်ပြုပါတော့သည်။ သူတို့ သည် အယူသီးကြပြီး၊ မာရ်နတ်သည် သူတို့၏စိတ်ထဲ၌ အမှန်တရားကို ပြင်းထန်စွာဆန့်ကျင်သည့်တိုင်အောင် အလုပ်လုပ်ခြင်းအားဖြင့် လူတိုင်းသူ့ကို ယုံကာ ဘုရားသခင်၏အမှုတော်ဘက်၌ရပ်တည်သည်ဟု သူတို့သည်မိမိတို့ ကိုယ်ကိုထင်ကြပါသည်။ ကျွန်ုပ်တို့ကိုခရစ်တော်ပြောသကဲ့သို့ “သင်တို့ကို သတ်သောသူမည်သည်ကား ဘုရားဝတ်ကိုငါပြုပြီဟု မိမိကိုယ်ကိုထင်မှတ် ကြသည်။” [Ev 339.1] EvBur 437.1
ယခုသူတို့၏စိတ်ထဲ၌ ပြင်းထန်ခြင်းကိုတွေ့ နိုင်ပါသည်။ အခြား တစ်ဖက်၌ပြင်းထန်ခြင်းကို မည်သည့်နေရာ၌တွေ့ ရသနည်း။ ကျွန်ုပ်တို့၏ ရန်၊ သူတို့ကိုပညာပေးရန်နှင့်သင်တန်းပေးရန်အတွက် အသက်ရှင်သော လူတို့နှင့် ကျွန်ုပ်တို့၏လူငယ်များပတ်လည်၌ အကာအကွယ်တစ်ခုကိုပြုလုပ် မည်သူပင်ဖြစ်စေကာမူ ဘုရားသခင်၏အမှန်တရားအားဖြင် ကျွန်ုပ်တို့ဆောင်ရွက် ဘုရားသခင်၏ဝိညာဉ်တော်နှင့်စည်းလုံးခြင်းရှိပါ။ ဤအရာပြည့်စုံရလိမ့်မည်။ သို့သော် နားမလည်သောသူများစွာရှိသည်။ ထိုကြောင့်ကျွန်ုပ်တို့သည် သူတို့ကို ကြရမည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့တချို့ ကိုနားလည်ကြသည်။ လမ်းပြရမည်။ သူတို့ကိုကြင်နာစွာနှင့်သိမ်မွေ့ စွာဖြင့်သွန်သင်ပြီး အကယ်၍ ဘုရားသခင်၏ဝိညာဉ်တော်ကျွန်ုပ်တို့နှင့်အတူပါရှိပါက ဘာပြောရမည်ကို ကျွန်ုပ်တို့သိရလိမ့်မည်။ Manuscript 42, 1894. [Ev 339.2] EvBur 437.2
ဘုရားသခင်၏ကြံရွယ်ချက်အားလုံးကိုနားလည်သဘောပေါက်ခြင်း - ကျောင်းသား သည် နှုတ်ကပတ်တော်ကိုခြုံ၍မြင်တတ်ရန်နှင့် တစ်ခုစီတို့၏ဆက်စပ်ပုံကို လည်းမြင်တတ်ရန် သင်ကြားသင့်ပါသည်။ ကမ္ဘာအတွက်ဘုရားသခင်၏မူလ ရည်ရွယ်ချက်၊ ကြီးမားသောတိုက်လှန်ပွဲကြီးပေါ်ပေါက်လာပုံနှင့် ကယ်တင်ခြင်း လုပ်ငန်းအလွန်ကောင်းမွန်ခြင်း၊ အချက်အချာဆောင်ပုဒ်တို့၏အသိတရားများ တို့ကိုလည်း ရယူသင့်သည်။ သူသည် အာဏာလုနေသည့်စည်းမျဉ်းနှစ်ခု၏ သဘာဝကိုနားလည်သင့်ပြီး သူသည် ၎င်းတို့၏လုပ်ဆောင်ချက်ကို သမိုင်း မှတ်တမ်းများနှင့်ပုရောဖက်အနာဂတ်စကားထဲ၌ မိမိတို့၏ကံကြမ္မာမည်ကဲ့သို့ နိဂုံးချုပ်သွားသည့်တိုင် အကြောင်းအရာများကို ရှာဖွေသင်ယူသင့်သည်။ ဤ တိုက်လှန်ပွဲကြီးသည် လူတို့၏အတွေ့အကြုံတိုင်းသို့ မည်ကဲ့သို့ရောက်ရှိလာ သည်ကိုတွေ့မြင်သင့်ပြီး သူ၏အသက်တာလှုပ်ရှားမှုတိုင်း၌ သူကိုယ်တိုင် မည်သည့်ဘက်၌ပါကြောင်းဖော်ပြနေသည်၊ သို့မဟုတ် မည်သည့်ဘက်၌ပါရ မည်ကို ယခုထက်တိုင်စဉ်းစားလျက်ရှိကြောင်း မိမိကိုယ်ကိုတွေ့မြင်သိရှိသင့် သည်။ Education, p. 190. (1903) [Ev 339.3] EvBur 437.3
ရန်သူကိုမည်ကဲ့သို့ရင်ဆိုင်ရမည့်အကြောင်း ယုံကြည်သူအသစ်များကိုသွန်သင်ခြင်း - တချို့သောအသင်းဝင်များကို ဝိညာဉ်အစာမကျွေး၊ ဂရုမစိုက်ဘဲ ဟိုမှာတချို့၊ သည်မှာတချို့ ချန်ထားပြီး ရန်သူလက်ထဲသို့ရောက်ရှိရန်ချန်ထားခြင်းမှာ ညံ့ဖျင်းသောစည်းမျဉ်းဥပဒေတစ်ခုဖြစ်သည်။ ဘုရားသခင်၏လူတစ်စုအဖြစ် ဤကဲ့သို့များစွာပြုလုပ်နေကြသည်ကို ကျွန်ုပ်အားပြသလျက်ရှိသည်။ အလာရှိသောလုပ်ငန်းများတို့ကို ရှေ့လာမည့်အချိန်အခါ၌ ဆက်လက်ကြိုးစား လုပ်ဆောင်ရန် ဤကဲ့သို့တန်ဖိုးတွက်ချက်ခြင်းမပြုဘဲ အချိန်မတန်မီလုပ်ငန်း ကိုရပ်တန့်လိုက်ခြင်း၊ တစ်ဝက်တစ်ပျက်ချန်ထားလိုက်ခြင်းတို့ကြောင့် ပျက်စီး ခဲ့ရပါသည်။ အကြောင်းမှာ သင်တန်းပို့ချရန်များစွာရှိသေးသော်လည်း လုပ်ငန်း သို့ထွက်ခွာသွားကြခြင်းကြောင့် သနားဖွယ်ကောင်းသောဝိညာဉ်များတို့သည် ကိုရပ်တန့်လိုက်ပြီး တစ်ဝက်တစ်ပျက်ဖြင့်ချန်ထားကာ သာသနာ့နယ်မြေသစ် အမှန်တရား၏အသိဉာဏ်ကိုအနည်းငယ်သာရရှိကြကာ ယုံကြည်ခြင်း၌သူတို့ အား ရန်သူ၏တိုက်ခိုက်လာခြင်းနှင့်ဖျက်ဆီးခြင်းကို မည်ကဲ့သို့ရင်ဆိုင်ရမည့် လေ့ကျင့်မှုကောင်းမွန်စွာရရှိသောစစ်သားများကဲ့သို့ ပညာပေးခြင်းနှင့်ခိုင်မြဲစေ ခြင်းကို သေချာစွာတွက်ချက်တိုင်းတာခြင်းအတွက် ဆောင်ရွက်မှုမပြုခဲ့သော ကြောင့်ဖြစ်သည်။ Letter 60, 1886. [Ev 340.1] EvBur 438.1