ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ရတိပြတ်ဆုံးဖြတ်ချက်များရနိုင်ရန်နည်းစနစ်များ
သူ၏တရားနာပရိသတ်များသို့ ခရစ်တော်တဲ့တိုးစကားပြောခဲ့သည် - လူထုပရိသတ် များ မကြာခဏစုပြုံ၍သူ့နောက်သို့လိုက်ကြသည့်တိုင် ခရစ်တော်သည် လူသားများတို့၏အဆင့်အတန်းကို ခွဲခြားခြင်းမပြုပါ။ လူတို့အားတဲ့တိုးစကား ပြောခဲ့ပြီး နှလုံးသားတိုင်းကိုဆွဲဆောင်လျက်ရှိသည်။ သူ၏တရားနာပရိသတ် မျက်နှာများတို့ကိုသူကြည့်ပြီး ပုံပန်းအနေအထားကိုသတိပြုကာ လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းကို ဖြတ်ခနဲကြည့်လိုက်ခြင်းဖြင့် အမှန်တရားသည် သူတို့ထံသို့ ရောက်ရှိကြောင်းကို သူ့အားပြောပြစေသည့်အတွက် သူ၏စိတ်ထဲ၌ ကြင်နာ တရားနှင့်ပြည့်ဝသော ဝမ်းမြောက်ခြင်း၏အဖြေပေးသည့်ကြိုးသည် သူ၏ စိတ်နှလုံးထဲ၌ ... တုန်ခါသွားစေသည်။ Education, p. 231. (1903) [Ev 295.2] EvBur 374.3
ပြောင်းလဲပုံကို သူစောင့် ကြည့် နေသည် - ယေရှုသည် သူ၏တရားနာ ပရိသတ်များပြောင်းလဲပုံကို အလွန်စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့် လျက်နေသည်။ သူတို့၏မျက်နှာမှစိတ်ဝင်စားပုံနှင့် နှစ်သက်သဘောကျပုံသည် သူ့အားလွန်စွာကျေနပ်အားရခြင်းကိုပေးသည်။ အမှန်တရား၏မြားတို့သည် နှလုံးသားထဲသို့စိုက်ဝင်သွားသောအခါ အတ္တစိတ်၏ကာဆီးမှုများတို့ကို ဖြိုခွင်းလိုက်ကာ စိတ်နှလုံးကြေကွဲခြင်းကိုလုပ်ဆောင်ပေးပြီး နောက်ဆုံး၌ စေပါသည်။ နားဆင်သောသူတို့၏အစုအရုံးကြီးအပေါ် သူ၏စိုစွတ်နေသော ကျေးဇူးတရားကိုသိရှိစေသည့်အတွက် ကယ်တင်ရှင်အားရွှင်လန်းဝမ်းမြောက် မျက်စိဖြင့်ကြည့်လိုက်ပြီး ယခင်တွေ့ ခဲ့ဖူးသောမျက်နှာကိုတွေ့ ရှိရသောအခါ သူသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိသည်။ သူတို့၏အထဲ၌ ကောင်းကင် နိုင်ငံအတွက် မျှော်လင့်ခြင်းနှင့်ပြည့်ဝသောသူ၏သားသမီးများကို တွေ့မြင်ရ ပါသည်။ အမှန်တရားကိုရှင်းလင်းပြတ်သားစွာပြောဆိုသောအခါ ရုပ်တု ခြင်းနှင့်သဘောတူလက်ခံခြင်းလည်းမရှိသည်ကို သူတွေ့မြင်ရပါသည်။ ငြိမ်သက် ကိုမြတ်နိုးသောသူတို့မှကြားနာရပြီး မိမိတို့ကိုပြောင်းလဲစေခြင်းမရှိ၊ နှစ်သက် ခြင်းသတင်းစကားကို လူတို့ငြင်းပယ်ကြခြင်းကိုသူတွေ့ ရသောအခါ သူ၏ စိတ်ကိုအလွန်ဝမ်းနည်းကြေကွဲစေပါသည်။ The Desire of Ages, pp. 254, 255. (1898) EvBur 375.1
ဆုံးဖြတ်ချက်အတွက်ဟောပြောခြင်း - လူတို့ကိုဟောပြောရာ၌ စိတ်အား ထက်သန်ခြင်းနှင့်တိကျမှန်ကန်ခြင်းရှိရန် မိမိ၏ကိုယ်ကိုပြုစုပျိုးထောင်ပါ။ သင်ပြောသောအကြောင်းအရာသည် လူတို့လိုအပ်သောအကြောင်းအရာဖြစ်ပြီး အကောင်းဆုံးသောအရာဖြစ်ပေလိမ့်မည်။ သို့သော် တိကျမှန်ကန်ခြင်းနှင့် အနူးအညွတ်တောင်းပန်ဆွဲဆောင်ခြင်းဖြင့် ရောနှော၍ပြောဆိုရပါမည်။ [Ev 296.1] EvBur 375.2
“ဘုရားသခင်ပြောသည်မှာ” ဟုတန်ခိုးဖြင့်ပြတ်သားစွာဟောပြောပြီး ဘုရားသခင်၏ပညာတော်ကို ရေးသားထားသောနှုတ်ကပတ်တော်အားဖြင့် မြှောက်တင်ပါ။ ဆုံးဖြတ်ချက်ချနိုင်ရန် လူတို့ကိုပို့ဆောင်ပါ။ ကျမ်းစာ၏ အသံကို သူတို့ရှေ့၌အမြဲထားပါ။ ဘုရားသခင်ပြောသောအရာဖြစ်သောကြောင့် သင်ပြောသောအရာကိုသင်သိပြီး အမှန်တရားကိုသင်သက်သေခံနေကြောင်း သူတို့ကိုပြောပြပါ။ သင်ပြောသောအရာကိုတိုစေပြီးအချက်ကျစေပါ။ ၎င်းနောက်သင့်လျော်သည့်အချိန်၌ ဆုံးဖြတ်ချက်ချရန်တောင်းဆိုပါ။ အမှန်တရား ကိုသမားရိုးကျအမူအရာဖြင့် ဟောပြောခြင်းမပြုဘဲ ဘုရားသခင်၏ဝိညာဉ်တော် အားဖြင့် စိတ်နှလုံးကိုခွန်အားဖြစ်စေပြီး သင်၏ပြောဆိုသောစကားသည် ကြားနာရသောသူများအတွက် သေချာသောစကားများဖြစ်စေပါ။ သင်ပြောဆို သောအမှန်တရားသည်လည်း သင့်အတွက် စစ်မှန်သောအရာဖြစ်ကြောင်း သူတို့ကိုသိရှိစေပါ။ Letter 8, 1895. [Ev 296.2] EvBur 376.1
ပစ်မှတ်ကိုမလွဲချော်စေနှင့် - အခြားလူများကို နှုတ်ကပတ်တော်သင်ကြား သောသူတစ်ယောက်အား မိမိကိုယ်ကိုဘဝင်မြင့်စေရန်အတွက်အားပေးခြင်းကို မည်သည့်အခါမျှ နှုတ်ကပတ်တော်ဟောပြောခြင်း၌အားမပေးပါနှင့်။ ယခု အချိန်ဆောင်ရွက်ရမည့်အလုပ်သည် ကျောင်းသားများနှင့်အမှုဆောင်များတို့ကို လေးနက်၍အရေးကြီးပြီး ပြတ်သားသောအမူအရာဖြင့် အကြောင်းအရာများ ကိုသင်ကြားနာယူရမည့်နေရာသို့ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ဤကြီးမားသော လုပ်ငန်း၌ အကျိုးမရှိသောလုပ်ဆောင်ခြင်းပြုရန် အချိန်ရှိမည်မဟုတ်ပါ။ ပြစ်မှတ်ကိုမလွဲချော်စေပါနှင့်။ အကြောင်းအရာအားလုံးကို ဖွင့်ပြပြောဆိုရန် ရန်အတွက် အဆုံးမရှိသောအချိန်ကာလလိုပေလိမ့်မည်။ ပို၍အရေးကြီးသော အချိန်မရှိပါ။ သမ္မာကျမ်းစာ၏အကျယ်အဝန်းနှင့်အတိမ်အနက်ကို သိရှိနိုင် အမှန်တရားသည် အခြားသောသူတို့အတွက်ထက် တချို့သောသူတို့အတွက် လည်းရှိပါသည်။ ကျမ်းစာအကြောင်းအရာများ၌ ပညာပေးခြင်းပြုရာတွင် ကျွမ်းကျင်မှုလိုအပ်ပါသည်။ Manuscript 153, 1898. [Ev 296.3] EvBur 376.2
ဆက်လက်တိုးတက်ခြင်း - “ကောင်းပြီ၊ ကျွန်ုပ်တို့၌အမှန်တရားအားလုံး ရှိနေပြီး ကျွန်ုပ်တို့၏ယုံကြည်ခြင်းအဓိကတိုင်များတို့ကိုလည်းနားလည်ကြပြီး ဤအသိတရားအပေါ်မှီခို၍ရပြီ” ဟုကျွန်ုပ်တို့မထင်ရပါ။ အမှန်တရားသည် တိုးတက်လျက်ရှိသောအမှန်တရားတစ်ခုဖြစ်ပြီး တိုးပွားလျက်ရှိသောအလင်း တရားထဲ၌ ကျွန်ုပ်တို့ဆက်လက်လျှောက်လှမ်းကြရပါမည်။[Ev 296.4] EvBur 377.1
ညီအစ်ကိုတစ်ယောက် မစ္စစ်ဝှိုက်ကိုမေးခဲ့ပါသည်။ “အမှန်တရားကို ကျွန်ုပ်တို့ကိုယ်တိုင်နားလည်ရမည်ဟု သင်ထင်ပါသလား။ ကျွန်ုပ်တို့ကိုယ်တိုင် ဤသမ္မာကျမ်းစာအကြောင်းအရာအားလုံးကို စိတ်ပင်ပန်းခံပြီးလေ့လာရှာဖွေ ရန်မလိုဘဲ သူတစ်ပါးဆည်းပူးလေ့လာထားသော ကျမ်းစာအမှန်တရားကို ကျွန်ုပ်တို့လက်ခံရယူခြင်းမပြုသင့်ပါသလား။ ဤပုဂ္ဂိုလ်များခံယူသောအမှန် တရားသည် ဘုရားသခင်၏ဝိညာဉ်တော်နှိုးဆော်ခြင်းကြောင့်ဖြစ်သည်ဟု သင်မယူဆပါသလား” ဟုဖြစ်ပါသည်။ [Ev 297,1] EvBur 377.2
ဘုရားသခင်ပို့ဆောင်ခြင်းမပြုပါဟု ကျွန်ုပ်မပြောဝံ့ပါ။ အကြောင်းမှာ ခရစ်တော်သည် အမှန်တရားအားလုံးသို့ပို့ဆောင်ပါသည်။ သို့သော် နှုတ်ကပတ် တော်၏ပြည့်ဝသောအဓိပ္ပါယ်သို့ ဝိညာဉ်တော်နှိုးဆော်ခြင်းနှင့်ပတ်သက်လာ လျှင် ကျွန်ုပ်၏အဖြေမှာ၊ “မဟုတ်ပါ” ဟုအဖြေပင်ဖြစ်ပါသည်။ [Ev 297.2] EvBur 377.3
ကျွန်ုပ်တို့၏စိတ်ထဲ၌ အသက်ရှင်သောယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ပို၍ကျယ်ဝန်းသောအသိတရားနှင့် ပို၍ကြီးမားသောအလင်းတရားကို တက်လှမ်း ရယူရပါမည်။ Review and Herald, March 25, 1890. [Ev 297.3] EvBur 377.4
ရန်သူနှင့်ဆန့်ကျင်သောစွပ်စွဲချက်တစ်ခုကိုပြုပါ - ကျွန်ုပ်တို့သည် အန္တရာယ် များသောအချိန်ကာလ၌အသက်ရှင်ကြရပြီး တိုက်ခိုက်ခြင်း၌ တစ်ပါးနိုင်ငံ၏ စစ်သည်တော်များကို ရဲဝံ့စွာဖြင့်အောင်မြင်ရန် ကျေးဇူးတော်ကိုလိုအပ်နေပါသည်။ ညီအစ်ကိုတို့၊ သင်၏လုပ်ငန်း၌ယုံကြည်ခြင်း၊ ရဲရင့်ခြင်းနှင့်ဆုံးဖြတ်ခြင်းကို ပို၍လိုအပ်နေပါသည်။ ကျွန်ုပ်တို့၏စစ်ရေးသည် ပြင်းထန်သောကြောင့် ပို၍ တွန်းအားလိုအပ်ပြီး သူရဲဘောမကြောင်ရန်လည်းလိုအပ်ပါသည်။ သင်၏ ကြိုးစားမှုသည် နည်းလွန်းသည်။ သင်လုပ်ဆောင်သောလုပ်ငန်း၏အကျိုးအပေါ် သင်စိတ်ဓာတ်မကျစေရန် သင်၌ပို၍အင်အားလိုအပ်ပါသည်။ ရန်သူနှင့်ဆန့်ကျင် သောစွပ်စွဲချက်တစ်ခုကို ပြုရမည့်အချိန်များရှိရမည်။ လူတို့ကိုဆွဲဆောင်နိုင်ရန် နည်းစနစ်နှင့်လမ်းများကို သင်လေ့လာရမည်။ သူတို့ထံသို့တန်းသွားပြီး သူတို့ နှင့်စကားပြောပါ။ သင်၌အသက်နှင့်ဆိုင်သည့်သတင်းစကား၊ သူတို့လက်ခံ နိုင်သည့် သူတို့အတွက်ထာဝရအသက်ရှိကြောင်း လူတို့ကိုနားလည်စေပါ။ အကယ်၍ ဝိညာဉ်အတွက်စိတ်ဝင်စားမှုရှိသောအကြောင်းအရာဖြစ်ပါက ပျက်စီး မည့်ကမ္ဘာကြီးအတွက် နောက်ဆုံးသောကရုဏာသတင်းစကားကို ကြွေးကြော် ခြင်းဖြစ်လိမ့်မည်။ သို့သော် အကယ်၍သူတို့သည် သတင်းစကားကိုငြင်းပယ် ပါက သူတို့အတွက်သေခြင်းသို့ပို့ဆောင်သောအရာဖြစ်ပါလိမ့်မည်။ ထိုကြောင့် သင်၏လုပ်ဆောင်ခြင်းသည် အချည်းနှီးသက်သက်မဖြစ်စေရန် လုံ့လဝီရိယ ဖြင့်လုပ်ဆောင်ရန်လိုသည်။ ဤအရာကိုသင်နားလည်ပြီး ဘုရားသခင်၏တန်ခိုး တော်ဖြင့် လူတို့၏အသိစိတ်၌ အမှန်တရားရရှိရန်သင်တောင်းဆိုရလိမ့်မည်။ သင့်စကားများကို အရှိန်အဟုန်ဖြင့်ပြောဆိုပြီး သူတို့၏အသိဥာဏ်နှင့်ပြည့်ဝ သောစိတ်ထဲ၌ ဤအမှန်တရားလိုအပ်ပုံပေါ်လွင်စေရန်ဆောင်ရွက်ပါ။ Letter 8, 1895. [Ev 297.4] EvBur 377.5
ရန်စတတ်သောသတ္တိလိုအပ်သည် - သတိပြုရန်လိုအပ်သည်။ သို့သော် တချို့သောအမှုဆောင်များတို့သည် တားဆီးမှုနှင့်နှေးကွေးစွာလုပ်ဆောင်ပြီး အကယ်၍မြန်ဆန်တက်ကြွစွာလုပ်ဆောင်ရန်လိုအပ်သောအလုပ်ကိုမြင်ပြီး လုပ်ဆောင်သူတို့နှင့်ပူးပေါင်းလုပ်ဆောင်ပါက ဆုံးရှုံးမှုများစွာရှိမည်ဖြစ်ပြီး အခွင့်အရေးများလည်းကျော်လွန်သွားမည်ဖြစ်ရာ ဘုရားသခင်ဖွင့်ပေးသောလမ်း ကို သိမြင်နိုင်မည်မဟုတ်ပါ။ [Ev 298.1] EvBur 378.1
ယုံကြည်ခြင်းသို့ရောက်ရှိလာသောသူတို့အား အစောနိုင်ဆုံး ဆုံးဖြတ် ချက်ချနိုင်ကြရန် ခေါ်ဆောင်ခြင်းမပြုလုပ်နိုင်ပါက မိမိတို့၏ယုံကြည်ခြင်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားမည့်အန္တရာယ်နှင့် ကြုံတွေ့နိုင်ပါလိမ့်မည်။ [Ev 298.2] EvBur 379.1
မကြာခဏလူတစ်စုတို့သည် ဥပုသ်နေ့မေးခွန်းနှင့်ပတ်သက်၍ မိမိ တို့၏စိတ်နှလုံးထဲ၌ လက်ခံရန်အဆင်သင့်ရှိကြသောအခါ အကျိုးကိုစိုးရိမ်ကြသောကြောင့် ဖင့်နွှဲလျက်နေကြသည်။ ဤကဲ့သို့ဖြစ်ခဲ့ခြင်း ဖြစ်ပေါ်လာမည့် ကြောင့် အကျိုးကျေးဇူးကောင်းမွန်စွာမခံစားခဲ့ရချေ။ သန့်ရှင်းသောအမှန်တရား ကို ကျွန်ုပ်တို့အား ဘုရားရှင်အပ်နှံထားပါသည်။ ကျွန်ုပ်တို့၌ ကမ္ဘာသို့ ၎င်းသည် ထာဝရအကျိုးကျေးဇူးနှင့်ပြည့်ဝသော သတင်းစကားဖြစ်သည်။ ဟောကြားရန်အမိန့်ပေးခြင်းခံရသည့် ကယ်တင်ခြင်းသတင်းစကားရှိနေပြီး လူတစ်စုအနေဖြင့် ကျွန်ုပ်တို့သည် ကမ္ဘာသို့ထွန်းလင်းရန် ဤအလင်းကို ဘုရားသခင်မှ ကျွန်ုပ်တို့အားအပ်နှံထားပါသည်။ Letter 31, 1892. [Ev 298.3] EvBur 379.2
အောင်မြင်ခြင်းအတွက်ဝိညာဉ်တန်ခိုး - ကြောက်မက်ဖွယ်အန္တရာယ်ထဲ၌ ရှိနေသောဝိညာဉ်များကို ကပ်တိုင်ပေါ်ရှိ ကျွန်ုပ်တို့၏အပြစ်ကိုဖြေလွှတ်နိုင် သော ကျွန်ုပ်တို့အတွက်အသေခံသည့်ယေရှုကိုကြည့်ရန်ပြောပါ။ သင့်ကိုယ်တိုင် ၏စိတ်နှလုံးသားထဲ၌ ယိုစီးလျက်ရှိသော ခရစ်တော်၏သိမ်မွေ့ခြင်းနှင့်သနား ခြင်းမေတ္တာကို အပြစ်သားများတို့အားပြောပြပါ။ ကြမ်းတမ်းသောစကားများ အားဖြင့်မဟုတ်ဘဲ လေးနက်သောစိတ်အားထက်သန်မှုဖြင့် လူတို့သည် ခရစ်တော် ကိုကြည့်၍အသက်ရှင်နိုင်ရန် ကြိုးစားဆောင်ရွက်ကြသောသူတို့သည် ကျယ်သော အသံဖြင့်ပြောသင့်သည်။ ဦးစွာသင်ကိုယ်တိုင်၏စိတ်ကို ဘုရားရှင်ထံဆက်ကပ် ပါ။ ကောင်းကင်၌ရှိသော ကျွန်ုပ်တို့၏ကြားဖျန်ဖြေသူကိုကြည့်ပြီး သင်၏ စိတ်နှလုံးကြေကွဲခြင်းရှိစေပါ။ ထိုနောက် နူးညံ့ပျော့ပျောင်းသော သင်၏ နှလုံးသားအားဖြင့် နောင်တရသောအပြစ်သားများတို့အား ကယ်တင်ခြင်းမေတ္တာ ၏တန်ခိုးကို သူတို့သိရှိရန်သင်ပြောဆိုနိုင်လိမ့်မည်။ ဤပုဂ္ဂိုလ်များတို့နှင့်အတူ ဆုတောင်းပါ။ ယုံကြည်ခြင်းအားဖြင့် သူတို့ကိုကပ်တိုင်ခြေရင်း၌ချထားပါ။ သူတို့၏စိတ်ကို သင်၏စိတ်နှင့်အတူယူဆောင်ပြီး ယုံကြည်ခြင်းမျက်စိကို သင်ကြည့်နေသော အပြစ်သယ်ဆောင်သွားသည့်ပုဂ္ဂိုလ်ယေရှုထံသို့ သူတို့ကို လည်းကြည့်စေပါ။ သနားဖွယ်ရာအပြစ်နှင့်ပြည့်ဝသော မိမိတို့၏ကိုယ်ကို မကြည့်စေဘဲ ကယ်တင်ရှင်ကိုကြည့်ခြင်းအားဖြင့် အောင်မြင်ခြင်းရရှိပါလိမ့် မည်။ [Ev 298.4] EvBur 379.3
သန့်ရှင်းသောဝိညာဉ်တော်၏အတွင်း၌လုပ်ဆောင်ခြင်းသည် ကျွန်ုပ် တို့၏ကြီးမားသောလိုအပ်ချက်ဖြစ်သည်။ ဝိညာဉ်သည် ၎င်း၏ကိုယ်စားလှယ် ဖြစ်ခြင်းနှင့်ဖော်ပြခြင်းတို့၌ အားလုံးကောင်းမြတ်ခြင်းရှိသည်။ ဘုရားသခင် သည် သင့်အားမြတ်နိုးဖွယ်ရာကောင်းသော ဝိညာဉ်၏ပေးကမ်းခြင်းကိုရရှိရန် အလိုတော်ရှိပြီး သင်မည်သည့်အခါမျှမသိရှိခဲ့သည့်တန်ခိုးဖြင့် သင်လုပ်ဆောင် နိုင်လိမ့်မည်။ မေတ္တာ၊ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် သင်၌အမြဲ တည်ရှိနေလိမ့်မည်။ သင်သည် ယုံကြည်ခြင်းဖြင့်ရှေ့သို့ချီတက်နိုင်ပြီး သန့်ရှင်း သောဝိညာဉ်သည် သင်နှင့်အတူပါရှိကြောင်း သင်ယုံလိမ့်မည်။ Letter 77, 1895. [Ev 299.1] EvBur 380.1
သန့်ရှင်းသောဝိညာဉ်တော်သည်အမှန်တရားကိုစွဲမြဲဝေသည် - အမှန်တရားကို သက်ရောက်မှုပေးခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ဆောင်ရွက်ခြင်းဖြစ် သည်။ လက်တွေ့ အမှန်တရားကို လူတို့ရှေ့၌အမြဲထားပါ။ Testimonies, vol. 6, p. 57. (1900) [Ev 299.2] EvBur 380.2
ကျွန်ုပ်တွေ့ခဲ့ရသောအခါ၊ ကျွန်ုပ်တို့ ၏အပြောအဆို၊ အပြုအမူအားဖြင့် ဆုံးဖြတ်ချက်ချခြင်းကိုတန်ခိုးသြဇာ သက်ရောက်စေသည် - မနေ့ကဤလူအုပ်ကြီးကို ဆုံးဖြတ်ချက်ချခြင်းသည် စည်းဝေးအချိန်၌၊ သို့မဟုတ် စည်းဝေးပြီးဆုံးသည့် နောက်ပိုင်း၌ ပြုနိုင်ကြလိမ့်မည်ဟု ကျွန်ုပ်စဉ်းစားမိခဲ့သည်။ တချို့သောသူတို့ သည် အလံတော်အနက်၏မှောင်မိုက်သောတန်ခိုးအောက်၌ အစဉ်အမြဲနေရာ ယူကြမည်ဖြစ်ပြီး၊ တချို့သောသူတို့သည် ဧမာနွေလမင်းသား၏သွေးစွန်းသော အလံတော်အောက်၌ နေရာယူကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြောအဆို များ၊ အပြုအမူများနှင့်အမှန်တရားကို မည်ကဲ့သို့ပြောဆိုခြင်းတို့သည် သူတစ်ပါး တို့အားအမှန်တရားကိုလက်ခံရန်၊ သို့မဟုတ် ဆန့်ကျင်ရန်အတွက် သူတို့၏ စိတ်နှလုံးများထဲ၌ ချိန်ဆစေလိမ့်မည်။ ကျွန်ုပ်တို့၏ဟောပြောခြင်းတိုင်းတို့၌ ကျွန်ုပ်တို့၏ယုံကြည်ယူဆချက်နှင့်ကိုက်ညီခြင်းရှိမရှိ ကျွန်ုပ်တို့သိရှိရမည်ဖြစ် ပြီး၊ ကျွန်ုပ်တို့သည် ယောဟန်ကဲ့သို့ “ဤလောက၏အပြစ်ကိုယူဆောင်သွား ဘုရားသခင်၏သိုးသငယ်ကိုကြည့်ကြလော့” ဟု ယေရှုခရစ်တော် အကြောင်းကို ရှင်းလင်းပြတ်သားစွာဟောပြောသင့်ကြောင်း ကျွန်ုပ်တို့အလိုရှိ ကြရမည်။ EvBur 380.3
သင်၏ဟောပြောခြင်းတိုင်း၌ ပြုခဲ့သောအလေ့အထများ၊ ကြမ်းတမ်း သောစကားအသုံးအနှုန်းများကို အသုံးပြုသည့်အလေ့အထတိုင်းတို့သည် လူတို့ အတွက်လက်ခံနိုင်ရန် ပြုပြင်ပေးစေနိုင်သည့်အရာများမဟုတ်သောကြောင့် ၎င်းတို့ကိုဘေးဖယ်ထားရပါမည်။ သင်၏ပြောဆိုသောအရာတစ်လျှောက်လုံး တို့၌ ခရစ်တော်၏အကြောင်းအရာကိုသာ ဟောပြောရပါမည်။ ခရစ်တော်၊ ခရစ်တော်သာလျှင် နေရာတိုင်း၌ရှိစေရမည်ဖြစ်ပြီး ကျွန်ုပ်၏စိတ်ထဲ၌ ခရစ်တော် ကိုလိုအပ်ခြင်းသည် အခြားအရာတို့ထက် အရေးကြီးပုံပေါ်နေကြောင်း ကျွန်ုပ် ပို၍ခံစားရပါသည်။ [Ev 299.4] EvBur 381.1
အပြစ်မဲ့ပုဂ္ဂိုလ်များရှိကြပါသည်။ အမှန်တရားနှင့်ပတ်သက်၍ သူတို့ ဘာမျှမသိကြပါ။ သူတို့သည် ဓမ္မဆရာများတို့ထံမှ အကြောင်းအရာများတို့ ကို သင်ကြားနာယူခဲ့ရပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လူတို့ အားရှင်းပြ၍၎င်း၏ဖြူစင်ခြင်းရှိသည့်အတိုင်း ဟောပြောသောအခါ၊ ၏နှုတ်ကပတ်တော်ပြောသောအရာများကို သူတို့တွေ့မြင်ရပြီး သူတို့ဘာပြုလုပ် ရမည်ကိုမသိကြပါ။ နှုတ်ကပတ်တော်အပေါ်ရပ်တည်မည့်သူများ အလွန် နည်းပါးလှသည်။ သို့သော် ကျွန်ုပ်ပြောဆိုသည်မှာ သင်တို့နှုတ်ကပတ်တော်ကို မည်ကဲ့သို့ကိုင်တွယ်အသုံးပြုရမည်ကို အထူးသတိပြုပါ။ အကြောင်းမှာ နှုတ်ကပတ်တော်သည် လူတို့အား ဆုံးဖြတ်ချက်များကိုပြုလုပ်စေပါသည်။ ထိုကြောင့် သင်၏စကားအပြောအဆိုကို အဓိကမထားဘဲ နှုတ်ကပတ်တော် ကိုသာလျှင် စကားပြောခွင့်ပြုပါ။ နှုတ်ကပတ်တော်ကိုသာလျှင်အလုပ်လုပ်စေပါ။ လူတို့သည် မိမိတို့၏ဆုံးဖြတ်ချက်ကိုပြုကြသောအခါ မည်သည့်အရာဖြစ်လာ မည်နည်း။ Manuscript 42, 1894. [Ev 300.1] EvBur 381.2
နှောင့် နှေးသောရိတ်သိမ်းခြင်းတစ်ခု - ယဇ်ပုရောဟိတ်များတို့သည် ကယ်တင်ရှင်၏ကောင်းမြတ်သောတန်ခိုးကို ယုံကြည်လက်ခံကြသည်။ စိတ်နှလုံးများအခိုက်အတန့်လှုပ်ရှားကြသော်လည်း မည်သည့်ပြောင်းလဲခြင်း လက္ခဏာကိုမျှမတွေ့ ရပါ။ ကယ်တင်ရှင်အသက်ရှင်ခဲ့သည့်အချိန်၌ သူ၏ လုပ်ဆောင်မှုကြောင့် ယဇ်ပုရောဟိတ်နှင့်ဆရာများ သူ၏မေတ္တာကို အနည်းငယ် တုံ့ပြန်ပုံပေါ်ခဲ့သည်။ သို့သော် သူတက်ကြွသွားပြီးနောက် ” ယဇ်ပုရောဟိတ် အဖွဲ့အစည်းကြီးသည် ယုံကြည်ခြင်းကိုနာခံလိုက်လျှောက်ကြသည်။” The Desire of Ages, p. 266. (1898)[Ev 300.2] EvBur 382.1
ချဉ်းကပ်နိုင်သောသောတရှင်များကိုချန်ထားပါ - အဘယ်ကြောင့်ခရစ်တော် သည် ပင်လယ်ကမ်းခြေနှင့်တောင်များပေါ်သို့ ထွက်ခွာသွားရသနည်း။ သူသည် လူတို့အား အသက်နှင့်ယှဉ်သောနှုတ်ကပတ်တော်ကို ဟောပြောရန်အတွက် ဖြစ်သည်။ သူတို့သည် တစ်ခဏချင်းအတွင်းမမြင်ကြပါ။ ယခု၌လည်း သို့သော် ဤအရာများတို့သည် သူတို့၏အသက်တာအပေါ် သြဇာသက်ရောက် ကောင်းသောသူများစွာတို့သည် မမြင်ကြသေးသည့်အတွက် လက်မခံကြပါ။ စေပြီး သတင်းစကားသည် ကျယ်လောင်သောအသံဖြင့်ဟောပြောသောအခါ မည်မဟုတ်ပါ။ သူတို့သည်ထွက်လာကြပြီး အမှန်တရားဘက်၌ရပ်တည်ကြ သူတို့လက်ခံရန် အဆင်သင့်ရှိလိမ့်မည်။ သူတို့ကြာမြင့်စွာစောင့်ဆိုင်းနေကြ ပါလိမ့်မည်။ Manuscript 19b, 1890. [Ev 300.3] နားလည်မှုလွဲမှားခြင်းနှင့်ဆန့်ကျင်ဘက်ပြုခြင်းကိုရင်ဆိုင်ခြင်း See Also pp. 445, 446, “Prejudice Broken Down.”] EvBur 382.2
ဆန့်ကျင်ခြင်း - မှားယွင်းသောယူဆချက်များနှင့် အယူဝါဒများစွာ တို့အထဲ၌ အမှန်တရား၏တဆေးကို ဖော်ပြသောသူတို့သည် ဆန့်ကျင်မှုကို ရင်ဆိုင်ရန် မျှော်လင့်စရာရှိပါသည်။ အမှန်တရားကိုဟောပြောထောက်ခံသော သူတို့အတွက် မာရ်နတ်၏အင်အားသည်ပေါ်ထွက်လာပြီး အမှန်တရားကို သယ်ဆောင်သောသူများအနေဖြင့် ကဲ့ရဲ့သရော်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းများ စွာတို့ကိုခံရဖွယ်ရှိပြီး ခံရခက်ပေလိမ့်မည်။ Review and Herald, Oct. 14, 1902. [Ev 301.1] EvBur 383.1
ပြန်လည်ပြုပြင်ခြင်းသည်ဆန့် ကျင်ခြင်းကိုဖန်တီးပေးသည် - ယေရှုနှင့်သူ၏ တပည့်တော်များတို့သည် တစ်ယူသန်သူများ၊ စိတ်နေမြင့်သူများ၊ အမြင်မကြည် သူများ၊ မယုံကြည်သူများနှင့်မုန်းတီးခြင်းရှိသူများတို့နှင့် ဝန်းရံထားခြင်းခံခဲ့ရ ပါသည်။ မှားယွင်းသောယူဆချက်များတို့နှင့်ပြည့်ဝလျက်ရှိသောသူများတို့ EvBur 383.2
သည် စုစည်းလျက်ရှိကြပြီး၊ အဆက်မပြတ်ကြိုးစား၍ အတိုင်းအဆမရှိသည့် အောင်မြင်မှုဖြင့် တိုက်ခိုက်ကြသည်။ သို့သော် ဝိညာဉ်ကယ်တင်ခြင်း၏ ကြီးမားသောအလုပ်ကို ဤခက်ခဲမှုများတို့သည် တားဆီး၍မရပါ။ ဘုရားသခင် ၏သားတော်နှင့်ပတ်သက်၍ ရေးသားထားခဲ့သောအချက်မှာ၊ “ကျဆုံးခြင်း မရှိ၊ စိတ်ဓာတ်ကျခြင်းလည်းမရှိပါ” ဟုဖြစ်ပါသည်။ [Ev 301.2] EvBur 383.3
ကျွန်ုပ်တို့၏ရှေ့၌ ကြီးကျယ်သောအလုပ်တစ်ခုရှိသည်။ ကောင်းကင် ၏စိတ်ဝင်စားခြင်းနှင့်လှုပ်ရှားခြင်းပါဝင်နေသည့်အလုပ်ကို ခရစ်တော်၏အသင်း တော်အား အပ်နှံထားပါသည်။ ယေရှုပြောခဲ့သည်မှာ၊ “သင်တို့သည် လောကီ နိုင်ငံအရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိ တရားကိုဟောပြောကြလော့” ဟုဖြစ်ပါသည်။ ကျွန်ုပ်တို့၏အချိန်၌ရှိသော အလုပ်သည် ယေရှုအချိန်၌ကြုံတွေ့ ခဲ့ရသောအခက်အခဲများကဲ့သို့ဖြစ်ပြီး၊ ခေတ်အဆက်ဆက်မှပြုပြင်ပြောင်းလဲသူများ အောင်မြင်ခဲ့ကြပါသည်။ ထိုကြောင့် ကျွန်ုပ်တို့သည်လည်း ယေရှုဘက်၌ရပ်တည်ရန် ကျွန်ုပ်တို့၏စိတ်ဆန္ဒကို ချထားကြရမည်ဖြစ်ပြီး ဘုရားသခင်၌ ခိုင်မာသောယုံကြည်စိတ်ချမှုဖြင့် ရှေ့သို့ သာချီတက်ကြရပါမည်။ Review and Herald, March 13, 1888. EvBur 383.4
ထင်မြင်မှုလွဲမှားသောအစွဲ သည် အလင်းကိုငြင်းပယ်သည် - လူ၏စိတ်ထဲ၌ အမှန်တရားနှင့်ဖြောင့်မတ်ခြင်းကို ဆန့်ကျင်သည့်သဘောရှိတတ်သည်။ ခရစ်တော် ၏အံ့ဖွယ်သောတန်ခိုးသည် သူ့အားဘုရားသားတော်ဖြစ်သောအထောက်အထား ကိုပေးခဲ့သည်။ ယုဒပြည်ရှိမြို့ရွာတစ်လျှောက်လုံး၌ ခရစ်တော်၏ဘုရားဖြစ် ခြင်းနှင့် သူ၏အလုပ်ကိုဖော်ပြသည့်အထောက်အထားပြည့်လျှံလျက်ရှိသည်။ သို့သော် အလင်းနှင့်အမှန်တရားဖြစ်သောသူအားဖြင့် ဖြစ်နေသည့်တိုင်အောင် အထင်အမြင်လွဲမှားခြင်း၏အစွဲကို ဖြေရှင်းရန်ခက်ခဲပြီး ၎င်းအထင်အမြင်လွဲ ခြင်း၏အစွဲသည် ယုဒလူများတို့၏စိတ်ထဲ၌ပြည့်လျက်ရှိသည့်အတွက် ဤဖော်ပြသည့်အထောက်အထားသည် ခရစ်တော်ကိုလက်ခံရန် သူတို့အား ခွင့်မပြုခဲ့ပါ။ ပြက်ရယ်ပြုခြင်းအားဖြင့်သာ ခရစ်တော်၏ပြောဆိုချက်များတို့ကို ငြင်းပယ်ခဲ့ကြပါသည်။ Manuscript 104, 1898. [Ev 302.1] EvBur 384.1
မှန်သည်ဟုအခိုင်အမာပြောဆိုခြင်းကိုစွဲကိုင်ထားခြင်းသည် အကောင်းဆုံးနည်းဖြစ် သည် - အမှန်တရားကိုသင်ဟောပြောသောအခါ မကြာခဏဆန့်ကျင်မှုများ ဖြစ်ပေါ်လာတတ်သည်။ သို့သော် အကယ်၍ထိုဆန့်ကျင်မှုကို ငြင်းခုံခြင်းအား ဖြင့်ရင်ဆိုင်ပါက ဆန့်ကျင်မှုပို၍များလာပြီး သင်ဖြေရှင်းရန်ပို၍ခက်လာပါ လိမ့်မည်။ အမှန်ဘက်၌သာရပ်တည်ပြောဆိုပါ။ ဘုရားသခင်၏ကောင်းကင် တမန်များ သင့်ကိုစောင့်ကြည့်နေပြီး ငြင်းခုံမှုများဖြင့်ရင်ဆိုင်ခြင်းကို ရှောင်ရှား နိုင်ရန်ဆန့်ကျင်သူများတို့၏စိတ်ကို မည်ကဲ့သို့နှိုးဆော်ရမည်ကို သူတို့နားလည် သည်။ ဖြစ်ပေါ်လာသည့်မကောင်းသောအချက်တို့၏မေးခွန်းများအပေါ်အမှီ မပြုဘဲ သင်၏စိတ်ထဲ၌ ခိုင်မာသောအမှန်တရားများကိုစုဆောင်းကာ များစွာ လေ့လာဆည်းပူးခြင်း၊ စိတ်ပါစွာဆုတောင်းခြင်းနှင့် စိတ်နှလုံးသားဆက်ကပ် ခြင်းများတို့အားဖြင့် စွဲမြဲစေပါ။ သင်၏မီးခွက်များကို အမြဲထွန်းလင်းလျက် တောက်လောင်စေပြီး ၎င်းလင်းရောင်ခြည်ကိုလင်းစေခြင်းအားဖြင့် သင်၏ ကောင်းသောအလုပ်များကို လူတို့တွေ့မြင်ကြသောအခါ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ [Ev 302.2] EvBur 384.2
အကယ်၍ ခရစ်တော်သည် တောထဲ၌စုံစမ်းခြင်းကိုခံရစဉ် မှန်သော ခိုင်မာစွာပြောဆိုခြင်းကိုမပြုခဲ့ပါက အောင်မြင်လိုသည့်သူ၏ဆန္ဒအားလုံး ဆုံးရှုံး သွားပါလိမ့်မည်။ ခရစ်တော်၏နည်းလမ်းသည် ဆန့်ကျင်သူများတို့ကိုရင်ဆိုင် ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သူတို့ပြောဆိုသောအရာကို ကျွန်ုပ် တို့ပြန်လည်၍ပြောဆိုခြင်းအားဖြင့် သူတို့၏ငြင်းဆိုချက်များကို ပို၍ခိုင်မာစေ ပါသည်။ သင့်အားဆန့်ကျင်သူသည်လည်း သင်၏စကားကို မိမိအိမ်သို့ ယူဆောင်သွားပြီး လက်ခံနိုင်သောအမှန်တရားအဖြစ်သို့ပြောင်းလဲလိုက်ကာ သူ၏နားလည်မှုအဖြစ် သတ်မှတ်ကောင်း သတ်မှတ်သွားနိုင်ပါမည်။ [Ev 302.3] EvBur 385.1
ကျွန်ုပ်သည် ကျွန်ုပ်၏ညီအစ်ကိုများကို မကြာခဏပြောဆိုခဲ့ပါသည်။ သင့်အားဆန့်ကျင်သူများတို့သည် မှားသောသင်၏လုပ်ဆောင်မှုအတွက် ပြောဆိုချက်များပြုလုပ်လိမ့်မည်။ သူတို့၏ပြောဆိုချက်များတို့ကို ပြန်လည် ပြောဆိုခြင်းမပြုပါနှင့်။ သို့သော် အသက်ရှင်သောအမှန်တရားအတွက် သင်၏ အခိုင်အမာပြောဆိုချက်ကို .. ကိုင်တွယ်ထားခြင်းအားဖြင့် ဘုရားသခင်၏ ကောင်းကင်တမန်များတို့သည် သင့်ရှေ့၌လမ်းဖွင့်ပေးပါလိမ့်မည်။ ကျွန်ုပ်တို့ ၌ရှေ့သို့သယ်ဆောင်ရန် ကြီးမားသောအလုပ်တစ်ခုရှိပြီး ၎င်းအလုပ်ကိုအဓိပ္ပါယ် ရှိသောနည်းလမ်းအားဖြင့် ဆောင်ရွက်ကြရမည်။ မည်သည့်အခါမျှစိတ်လှုပ်ရှား ငြင်း သို့မဟုတ် မကောင်းသောခံစားချက်များ မပေါ်ထွက်လာပါစေနှင့်။ ထိုသို့ခရစ်တော်မပြုလုပ်ခဲ့ပါ။ သူသည် အရာခပ်သိမ်းတို့၌ ကျွန်ုပ်တို့အတွက် ပုံသက်သေဖြစ်သည်။ ကျွန်ုပ်တို့အားပေးအပ်ထားသောအလုပ်ကိုဆောင်ရွက် ရာ၌ ကောင်းကင်၏သန့်ရှင်း၍နှိမ့်ချသောပညာကို များစွာပို၍ရရှိပြီး မိမိ အတ္တစိတ်ကို နည်းနိုင်သရွေ့နည်းစေရန်လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏တန်ခိုးတော်ကို ခိုင်မြဲစွာစွဲကိုင်ထားရန်လိုအပ်ပါသည်။ Testimonies, vol. 9, pp. 147, 148. (1909) [Ev 302.4] EvBur 385.2
ဆန့်ကျင်လာသောအခါ - လျှာကိုစောင့်ထိန်းပါ - ဆန့်ကျင်ခြင်းနှင့်သင်တွေ့ဆုံ ရသောအခါ အကယ်၍သင်သည် အမြဲပျော့ပျောင်းနူးညံ့သော ခရစ်တော်၏ စိတ်ဓာတ်မျိုးမရှိ၊ စိတ်ထဲ၌လည်း ခရစ်တော်အား “ကျွန်ုပ်၏ပုံသက်သေဖြစ် ပါ” ဟုဆုတောင်းခြင်းမပြုပါက သင်သည် ပြန်လည်၍ပြင်းထန်စွာငြင်းခုံခြင်း ဖြင့် တုံ့ပြန်မှုပြုလိုသည့်အန္တရာယ်နှင့် ရင်ဆိုင်ရပါလိမ့်မည်။ ခရစ်တော်ထံသို့ အမြဲတစေကြည့်ပြီး သူ၏စိတ်ဓာတ်ကိုရယူပါက သင်သည် အမှန်တရားကို ယေရှု၌ရှိသကဲ့သို့ဟောပြောနိုင်စွမ်းရရှိပါလိမ့်မည်။ [Ev 303.1] EvBur 386.1
ကျွန်ုပ်တို့၏လုပ်ငန်းအားလုံးတို့၌ မေတ္တာသည် အဓိကအရာဖြစ်စေ ရမည်။ ကျွန်ုပ်တို့ကဲ့သို့မယုံကြည်သောသူတို့အားဟောပြောရာ၌ ဟောပြော သူတိုင်းတို့သည် ပြင်းထန်၍သူတစ်ပါးကိုစီရင်ပုံပေါ်သည့်ပြောဆိုချက်များ မပြုမိရန် သတိပြုကြရပါမည်။ အမှန်တရားကိုဟောပြောပါ။ သင်၏ပြောဆို သောစကားများတို့သည် ကြားနာရသူများအတွက် ထိခိုက်နာကျင်မှုမဖြစ်စေဘဲ အမှန်တရားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သာလျှင် သွန်သင်ဆုံးမခြင်းကို ပြုသောပုဂ္ဂိုလ်၊ တရားစီရင်သောပုဂ္ဂိုလ်ဖြစ်စေပါ။ [Ev 303.2] EvBur 386.2
ကြမ်းတမ်းစူးရှသောစကားတစ်လုံးကိုမျှ မပြောဆိုပါနှင့်။ ပြင်းထန် သောစကားများပြောဆိုလိုသောအချက်တို့ကို သင်၏ရင်ထဲ၌သာသိမ်းဆည်း ကဲ့သို့အဆိပ်ကင်းပါ။ အကယ်၍ သင်၏စကားသည် မည်သူ့ကိုမျှမထိခိုက် ထားပါ။ စည်းမျဉ်းအပေါ်သံမဏိကဲ့သို့သစ္စာရှိပါ။ မြွေကဲ့သို့လိမ္မာပြီး ချိုးငှက် စေလိုပါက သင်သည် ကြမ်းတမ်း၍ပြင်းထန်သောစကားများကိုမပြောမိရန် သေချာပါလိမ့်မည်။ ကမ္ဘာပေါ်ရှိလူအားလုံးတို့အထဲ၌ ပြုပြင်ပြောင်းလဲခြင်း အမှုကိုဆောင်ရွက်သူများတို့သည် တစ်ကိုယ်ကောင်းမဆန်ဆုံးသောသူများ၊ ကြင်နာခြင်းအရှိဆုံးသောသူများ၊ အယဉ်ကျေးဆုံးသောသူများနှင့် ခရစ်တော် ၏လမ်းများ၊ စကားပြောဆိုမှုများနှင့်ဆောင်ရွက်မှုများတို့ကို သင်ယူသောသူ များဖြစ်သင့်ကြပါသည်။ Letter 11, 1894. EvBur 386.3
ငြင်းခုံ ခြင်းပြုလိုသောစိတ်ဓာတ် - ငြင်းခုံသောစိတ်ဓာတ်ကိုမနှစ်သက်ပါ နှင့်။ ပုတ်ခတ်ပြောဆိုသောစကားများအားဖြင့် ကောင်းကျိုးအနည်းငယ်သာ ရှိသည်။ မှားယွင်းသောယူဆချက်များကိုဖျက်ဆီးနိုင်သည့် အသေချာဆုံးသော နည်းလမ်းသည် အမှန်တရားကိုဟောပြောခြင်းဖြစ်သည်။ တိကျခိုင်မာ၍ မှန်ကန်သောစကားကိုပြောပါ။ မကောင်းဆိုးဝါး၏အင်အားစုကို ဧဝံဂေလိ တရား၏မွန်မြတ်သောအမှန်တရားအားဖြင့် ဖျက်ဆီးစေပါ။ လမ်းလွဲသူများ တို့အား ကြင်နာသနားခြင်းစိတ်ဖော်ပြပါ။ စိတ်နှလုံးသားများနှင့်နီးကပ်စွာနေ ပါ။ Letter 190, 1902. [Ev 304.1] EvBur 387.1
ချိတ် စောင်း၍ ပြောဆို သောတို က်ခိုက်ခြင်း - သင်၏ဟောပြောခြင်းကိုပြု သောအခါ သင်အပြစ်တင်လိုသောသူတို့အား ခါးသီးစွာချိတ်စောင်းရှုတ်ချ ပြောဆိုခြင်း၊ သင်၏တရားနာသူတို့၏စိတ်ကိုထိခိုက်စေခြင်းတို့ကြောင့် သူတို့ သည် ရှေ့ဆက်၍သင်၏ဟောပြောသောအရာများကို နားထောင်လိုစိတ်မရှိ ကြတော့ပါ။ မှားယွင်းခြင်းမှသင်ကယ်တင်လိုသောသူတို့၏စိတ်ကို မထိခိုက် စေရန် ပြင်းထန်သည့်စကားဟူသရွေ့ကို မပြောမိရန်သတိနှင့်သင်ရှောင်ရှား ရမည်။ အကြောင်းမှာ ၎င်းသည် ရန်ငြိုးဖွဲ့လိုသောခံစားချက်ဖြစ်ပေါ်လာခြင်း ကို အောင်မြင်ရန်ခက်ခဲခြင်းရှိမည်ဖြစ်သောကြောင့်ဖြစ်သည်။ [Ev 304.2] EvBur 387.2
အကယ်၍ သင်၏ဟောပြောသောအရာအထဲမှ မကောင်းသောစကား များကိုဖယ်ရှားနိုင်ပါက ကောင်းသောသင်၏တန်ခိုးသြဇာသည် တိုးပွားလာ ပါလိမ့်မည်။ Letter 366, 1906. [Ev 304.3] EvBur 387.3
နှိပ်စက်ညှဉ်းပန်းခြင်းကိုမဖိတ်ခေါ်ရ - ညှဉ်းပန်းနှိပ်စက်ခြင်းကို မည်သည့် အခါမျှမခေါ်ဖိတ်ရန် လူတိုင်းမိမိတို့၏စိတ်ထဲ၌ထားရှိစေပါ။ ပြင်းထန်၍ နာကျင်စေသောစကားများကို ကျွန်ုပ်တို့အသုံးမပြုရပါ။ ရေးသားမှုတိုင်း၌လည်း ထည့်သွင်းရေးသားခြင်းကိုမပြုဘဲ ပြောဆိုလိုသောအရာတိုင်း၌ ၎င်းတို့ကို ချန်လှပ်ထားပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသာလျှင် ပြောဆိုဆုံးမ ခြင်းများကိုပြုစေပါ။ အားနည်းချို့တဲ့သောလူသားများအနေဖြင့် ယေရှုခရစ်တော် တည်နေပြီး ပုန်းကွယ်နေကြရမည်။ ခရစ်တော်၏စိတ်သဘောထားကိုပေါ်လွင် စေပါ။ မကောင်းသောစကားများကိုအသုံးပြုခြင်းအားဖြင့် ကျွန်ုပ်တို့၏ဆောင်ရွက် ရမည့်လုပ်ငန်းကို အတားအဆီးမဖြစ်စေရန် မာရ်နတ်ကိုအခွင့်အရေးမပေးဘဲ ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့်မတူညီသည့် ကျွန်ုပ်တို့အားသည်းထန်စွာဆန့်ကျင် သူများရှေ့၌ ထိုစကားများကိုမပြောမိရန် ကျွန်ုပ်တို့အားလုံး မိမိတို့ပြောဆို သောစကားများတို့၌ သတိပြုစေပါ။ [Ev 304.4 EvBur 387.4
ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ဝိညာဉ်စိတ်ထဲ၌ ယေရှု၏ နက်ရှိုင်း သောမေတ္တာကို ပို၍လိုအပ်လျက်ရှိပြီး ပင်ကိုယ်စိတ်ကိုပို၍လျော့နည်းစေရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အားသယ်ဆောင်ရန်ပေးထားသော သူ၏သတင်း စကားကို လူတို့မှန်ကန်စွာသိရှိနားလည်ခြင်းမရှိမီ တန်ခိုးအာဏာနှင့်ပတ်သက် ပြီး လူတို့၏စိတ်ထဲ၌ ဆန့်ကျင်ဘက်ပြုလိုသောဆန္ဒကို ကျွန်ုပ်တို့နှိုးဆွပေး ခြင်းအားဖြင့် ကျွန်ုပ်တို့၏လမ်းကိုပိတ်နိုင်သည့် အန္တရာယ်နှင့်တွေ့ကြုံနိုင်ပါ သည်။ ကျွန်ုပ်တို့၏ကိုယ်တိုင်အပြုအမူကြောင့် လူတို့အားအမှန်တရားထံသို့ လာရန်တားဆီးစေခြင်းကို ဘုရားသခင်မနှစ်သက်ပါ။ Undated Manuscript 7. [Ev 304.5] EvBur 388.1
ဆန့် ကျင်သူများအမှန်တရားကိုကြေညာသည် - အမှန်တရားကိုလွဲရှောင်ရန် စာတန်စီစဉ်သောအရာများသည် အောင်မြင်သည်။ သို့သော် ယနေ့ကျွန်ုပ် မှအစပြုသောအမှန်တရားသည် မာရ်နတ်၏မှားယွင်းမှုများကို ရင်ဆိုင်တိုက်ခိုက် ပြောဆိုမည့်စကားများကိုယုံရန် သင်တို့အားကျွန်ုပ်ပြောလိုပါသည်။ ကောင်းကင် ပြီး ဤအမှန်တရားသည် အောင်ပွဲခံလိမ့်မည်။ ဆန့်ကျင်ခြင်း၊ ခုခံခြင်းသည် အမှန်တရားကိုပို၍ရှင်းလင်းစွာထင်ရှားစေပါလိမ့်မည်။ အမှန်တရားကိုပို၍ ဆန့်ကျင်ဘက်ပြုခြင်းသည် အမှန်တရားကိုပို၍ထင်ရှားတောက်ပခြင်းကိုဖြစ်စေ ပါသည်။ ထိုသို့နှင့်သတ္တုရိုင်းသည် အညစ်အကြေးကင်းစင်ပြီး တန်ဖိုးရှိသော ရတနာဖြစ်လာပါလိမ့်မည်။ ဆန့်ကျင်ပြောဆိုသောဂုဏ်သိက္ခာချသည့်စကား တိုင်း၊ တန်ဖိုးထိခိုက်စေသည့်ဟောပြောချက်တိုင်းတို့သည် အာရုံကိုနိုးထစေပြီး ကယ်တင်ခြင်းအမှန်တရားကိုရှာဖွေလေ့လာရန် ပို၍ပို့ဆောင်စေသောနည်းလမ်း များကိုဖြစ်စေပါသည်။ အမှန်တရားကို ပို၍တန်ဖိုးထားလာကြပါသည်။ အမှန် တရားအပေါ်ထင်မြင်ချက်တိုင်း၌ အသစ်သောလှပခြင်း၊ တန်ဖိုးကြီးမားလာ ခြင်းကို ဖော်ပြစေပါသည်။ Manuscript 8a, 1888. [Ev 305.1] လည် EvBur 388.2
ဆန့် ကျင်သူများကိုရိုသေသမှုဖြင့်ဆက်ဆံပါ - မယုံကြည်သူ၊ ဆန့်ကျင်သူ တို့နှင့် ကျွန်ုပ်တို့ရင်ဆိုင်ရမည်ဖြစ်သည်။ အမှန်တရားသည် ဤအရာများ တို့နှင့်အမြဲပြိုင်ဆိုင်ရပါသည်။ သို့သော် သင်သည် အဆိုးဆုံးသောဆန့်ကျင် မှုနှင့်ရင်ဆိုင်ရသည့်တိုင် သင့်ကိုဆန့်ကျင်သူများအား မရှုတ်ချပါနှင့်။ ရှင်ပေါလု ကဲ့သို့ သူတို့သည် ဘုရား၏အမှုတော်အတွက်ကိုသာဆောင်ရွက်နေသည်ဟု သူတို့ထင်ကောင်းထင်ကြလိမ့်မည်ဖြစ်သောကြောင့် ထိုသူတို့ကိုသည်းခံ၊ နှိမ့်ချ၊ စိတ်ရှည်စွာဖြင့် သင်၏စိတ်ထားကို သူတို့အားဖော်ပြရပါမည်။ [Ev 305.2] EvBur 389.1
ဘုရားသခင်သည် မိမိ၏လူတို့အား သူတစ်ပါး၏အမှားကိုပြစ်တင် များကို အသုံးပြုစေလိုပါသည်။ ကျွန်ုပ်တို့၏ရန်သူများကို သူတို့၏မှားယွင်း ဝေဖန်ခြင်းထက် မိမိတို့၏ပြစ်တင်ချက်မှန်ကန်သည့်တိုင် အခြားသောနည်းလမ်း ကြောင်းစွပ်စွဲခြင်းအားဖြင့် အမှန်တရားနှင့်ပို၍ဝေးကွာသွားစေရန်ပြုခြင်းထက် အခြားကောင်းသောနည်းလမ်းကိုအသုံးပြုရန် ဘုရားသခင်အလိုရှိသည်။ ကျွန်ုပ် ပြုလုပ်ပြီး သူတို့၏မှားယွင်းမှုများကို အမြဲဖော်ပြရန်မဟုတ်ပါ။ မကောင်းသော တို့၏ကမ္ဘာသို့ခရစ်တော်လာပြီးဆောင်ရွက်ခဲ့သည့်အလုပ်မှာ ကာဆီးမှုများကို သူတို့အား အလင်းပေးလိုသောသူသည် ထိုသူတို့၏အနားသို့ မေတ္တာဖြင့် ချဉ်းကပ်ကာ လုပ်ဆောင်ကြရပါမည်။ သူသည် သန့်ရှင်းသောတန်ခိုးသြဇာ ဗဟိုတစ်ခုအဖြစ် ဖြစ်ရပါလိမ့်မည်။ ပ EvBur 389.2
အမှန်တရားကိုထောက်ခံပြောဆိုရာ၌ အဆိုးဆုံးသောဆန့်ကျင်သူများ တို့အား လေးစားခြင်းနှင့်ရိုသေကိုင်းရှိုင်းခြင်းဖြင့် ဆက်ဆံကြရမည်။ တချို့ သောသူတို့သည် ကျွန်ုပ်တို့၏ကျိုးစားမှုများကို တုံ့ပြန်ကြမည်မဟုတ်ဘဲ ဧဝံဂေလိ၏ဖိတ်ခေါ်ခြင်းကို ပေါ့ဆစွာဖြင့်ထားရှိကြပါလိမ့်မည်။ တချို့သော သူများသည် ဘုရားသခင်၏ကရုဏာစည်းပြင်သို့ရောက်သွားကြပြီဟု ကျွန်ုပ် တို့ထင်သော်လည်း ခရစ်တော်ထံသို့ရောက်လာကြမည်ဖြစ်သည်။ အငြင်းပွား ခြင်း၏နောက်ဆုံးသောအလုပ်သည် အလင်းနှင့်အထောက်အထားကိုမငြင်းပယ် သော အသိတရားရှိသူများဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် သန်းခေါင်ယံ အမှောင်ထုထဲ၌ရှိနေခဲ့ကြပြီး မသိနားမလည်ဘဲ အမှန်တရားကိုဆန့်ကျင်ခဲ့ ကြသောသူများဖြစ်ပေလိမ့်မည်။ ထိုကြောင့် လူတိုင်းကိုရိုးသားစွာဖြင့်ဆက်ဆံ ကြရမည်။ မယုံကြည်ခြင်းအထဲ၌ လူတို့ကိုတည်မြဲစေမည့် မည်သည့်စကား ကိုမျှပြောဆိုခြင်း၊ မည်သည့်အပြုအမူကိုမျှပြုလုပ်ခြင်းမရှိပါစေနှင့်။ Testimonies, vol. 6, pp. 120-122. (1900)[Ev 306.1] EvBur 390.1
အရေးပေါ်တိုင်း၌ကူညီမှုပြုပါ - အမှန်တရား၏ဆရာတိုင်း၊ ဘုရားရှင်နှင့် အတူလုပ်ဆောင်သောသူတိုင်းတို့သည် မိမိတို့၏ယုံကြည်ခြင်းနှင့်သည်းခံခြင်း တို့ကို ပြင်းထန်စွာစမ်းသပ်ခြင်း၏ခက်ခဲသောအချိန်ကာလနှင့်စစ်ဆေးခြင်းကို ကျော်ဖြတ်ကြရလိမ့်မည်။ ကျော်လွှားနိုင်ပုံမပေါ်သည့်ကာဆီးမှုများ လမ်းခရီး ၌ရှိနေသော်လည်း ခရစ်တော်၏ကျေးဇူးတော်အားဖြင့် ရှေ့သို့ချီတက်နိုင်ရန် မိမိကိုယ်ကိုပြင်ဆင်ကြရလိမ့်မည်။ အရေးပေါ်အချိန်တိုင်း၌ သင့်အတွက်ကူညီ မစခြင်းရှိနေပါသည်။ ခက်ခဲမှုများကိုရင်ဆိုင်ရန် ဘုရားရှင်ခွင့်ပြုခြင်းသည် သင်၏ခွန်အားနှင့်ပြည့်စုံကုံလုံသောသူဖြစ်သည့် ဘုရားရှင်ကိုသင်ရှာဖွေရန် အတွက်ဖြစ်သည်။ ဘုရားရှင်ထံမှလာသောပညာကို စိတ်အားထက်သန်စွာ တောင်းလျှောက်ပါ။ အကယ်၍ သူ့ရှေ့၌နှိမ့်ချသောသဘောဖြင့်လျှောက်လှမ်း ပါက သင့်ရှေ့၌လမ်းဖွင့်ပေးပြီး သင့်အားတန်ဖိုးရှိသောအောင်မြင်မှုများကို ပေးလိမ့်မည်။ Special Testimonies, Series A, No. 7, p. 18. (1874) [Ev 306.2] EvBur 390.2