ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ဝိညာဉ်များပြောင်းလဲရန်ကူညီမစခြင်း
စစ်မှန်သောပြောင်းလဲခြင်း၏အတွေ့အကြုံ - ပြောင်းလဲခြင်းနှင့်ပတ်သက်၍ လူများစွာတို့၌ ရှုပ်ထွေးသည့်အမြင်များရှိကြကြောင်း ကျွန်ုပ်အားဖော်ပြခဲ့ပါ သည်။ တရားပလ္လင်ပေါ်မှ၊ “သင်အသစ်တစ်ဖန်မွေးဖွားရမည်” ဟူသောပြောဆို ချက်ကို ထပ်ခါတလဲပြောသည်ကို သူတို့မကြာခဏကြားရပါသည်။ “သင် အသစ်သောစိတ်သဘောရှိရမည်။” ဤဖော်ပြချက်များမှာ သူတို့၏စိတ်ကို ရှုပ်ထွေးစေပါသည်။ ကယ်တင်ခြင်းစီမံကိန်းကို သူတို့နားမလည်နိုင်ကြပါ။ [Ev 286.1] EvBur 361.1
ပြောင်းလဲခြင်း၌ဖြစ်ပေါ်သောအရာနှင့်ပတ်သက်ပြီး မှားယွင်းသော ယူဆချက်များကို သင်ကြားသည့်ဓမ္မဆရာတချို့ ကြောင့် လူများစွာတို့သည် လမ်းမှား၍ပျက်စီးခြင်းသို့ရောက်သွားကြသည်။ တချို့သောသူတို့သည် ဝမ်းနည်း စွာဖြင့် နှစ်ပေါင်းများစွာနေထိုင်ပြီး သူတို့အားဘုရားသခင်မှလက်ခံမည့် အထောက်အထားမှတ်သားချက်တချို့ရရှိမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ လောကနှင့်တတ်နိုင်သမျှ မိမိတို့၏ကိုယ်ကိုခွဲခွာလျက်နေပြီး ဘုရားသခင်၏ သားသမီးများတို့နှင့်ပေါင်းဖော်လျက် ပျော်ရွှင်မှုကိုတွေ့ ရှိရသော်လည်း သူတို့ သည် ခရစ်တော်ကိုရဲဝံ့စွာမယုံကြည်ကြပါ။ သူတို့သည် ဘုရားသခင်၏ သားသမီးအတုအယောင်များဟု အပြောခံရမည်ကိုစိုးရိမ်ကြသောကြောင့်ဖြစ် သည်။ သူတို့အား ပြောင်းလဲခြင်းနှင့်ဆက်သွယ်သည့်အရာကိုယုံရန် ပို့ဆောင် ခြင်းခံရသည့် အထူးသောပြောင်းလဲချိန်ကို စောင့်ဆိုင်းလျက်ရှိကြပါသည်။ [Ev 286.2] EvBur 361.2
အချိန်ကာလတစ်ခုသို့ရောက်သောအခါ တချို့သောသူတို့သည် ဘုရားသခင်သူတို့အားလက်ခံကြောင်းအထောက်အထားကိုရရှိပြီး ဘုရားသခင် ၏သားသမီးများတို့နှင့်အတူ မိမိတို့၏ကိုယ်ကိုဖော်ပြခြင်းသို့ပို့ဆောင်ခြင်းကို ခံယူကြပါသည်။ ၎င်းအချိန်၌သာလျှင် သူတို့၏ပြောင်းလဲခြင်းကိုသတ်မှတ် ကြပါသည်။ သို့သော် ၎င်းအချိန်မတိုင်မီ သူတို့သည် ဘုရားသခင်၏မိသားစု ဝင်များဖြစ်နေခဲ့ပြီးကြောင်း ကျွန်ုပ်အားဖော်ပြပါသည်။ သူတို့သည် အပြစ် ကိုမုန်းတီးပြီး လောက၏ပျော်ရွှင်မှုအရာများကိုမတောင့်တဘဲ ဘုရားသခင်အား စိတ်အားထက်သန်စွာရှာရန်ဆုံးဖြတ်သည့်အချိန်မှစ၍ ဘုရားသခင်သည် သူတို့ ကိုလက်ခံပြီးဖြစ်ပါသည်။ သို့သော် ၎င်းလွယ်ကူသည့်ကယ်တင်ခြင်းစီမံကိန်း ကို နားလည်ရန်ပျက်ကွက်ခဲ့သောကြောင့် သူတို့သည် ပထမပြောင်းလဲချိန်၌ မိမိတို့၏ကိုယ်ကိုရဲ့ဝံ့စွာယုံကြည်သူများအဖြစ်ခံယူရမည့်အချိန်မှစ၍ ယခုလက်ခံ ခဲ့သည့်အချိန်ကာလစပ်ကြား ရရှိရမည့်အခွင့်အရေးများနှင့်ကောင်းချီးမင်္ဂလာ များတို့ကို ဆုံးရှုံးခဲ့ရပါသည်။ [Ev 286.3] EvBur 362.1
အခြားသူများတို့သည် ပို၍အန္တရာယ်ရှိသောအမှားများထဲသို့ရောက်ရှိ သွားကြသည်။ သူတို့သည် မိမိတို့၏စိတ်ဇောအားဖြင့် ထိန်းချုပ်ခြင်းခံရ သည်။ သူတို့၏သနားကြင်နာခြင်းများ စိတ်ထဲ၌လှုံ့ဆော်လာပြီး ဤအရာ ကိုသူတို့သည် အထောက်အထားတစ်ခုအဖြစ် ဘုရားသခင်သည် သူတို့ကို လက်ခံကာပြောင်းလဲလာသည်ဟုခံစားရလျက် ၎င်းအတိုင်းသူတို့ခံယူကြပါ သည်။ သို့သော် သူတို့နေထိုင်သောအသက်တာ၏စည်းမျဉ်းစည်းကမ်းတို့ သည် ပြောင်းလဲခြင်းမရှိပါ။ စိတ်နှလုံးထဲ၌ စစ်မှန်သောကျေးဇူးတော်၏အလုပ် သည် အထောက်အထားများကို ခံစားချက်ထဲ၌မတွေ့ ရဘဲ အသက်တာ၌သာ တွေ့ရှိနိုင်ပါသည်။ ခရစ်တော်ပြောဆိုခဲ့သည်မှာ၊ “သူတို့၏အသီးများအားဖြင့် သူတို့ကိုသိရကြလိမ့်မည်” ဟုဖြစ်ပါသည်။ [Ev 286.4] EvBur 362.2
ခရစ်ယာန်များဖြစ်လာရန်ဆန္ဒပြင်းထန်ကြသော တန်ဖိုးရှိသည့် ဝိညာဉ်များစွာတို့သည် ခလုတ်တိုက်၍မှောင်မိုက်ထဲ၌ရှိနေကြပြီး သူတို့၏ ခံစားချက်များသည် တန်ခိုးပါစွာလှုပ်ရှားခြင်းရှိလာရန် သူတို့စောင့်ဆိုင်းနေ ကြပါသည်။ သူတို့၏ခံစားချက်များအထဲ၌ အထူးသောပြောင်းလဲမှုများရှိလာ ရန် သူတို့ကြည့်နေကြသည်။ သူတို့သည် မိမိတို့ထိန်းချုပ်၍မရသောသူတို့ ၊ အပေါ်သို့ လွှမ်းမိုးမည့်မခံမရပ်နိုင်သည့်တန်ခိုးတချို့ကိုမျှော်လင့်နေကြသည်။ ခရစ်တော်ကိုယုံကြည်သောသူတို့သည် မိမိတို့၏ကယ်တင်ခြင်းကိုကြောက်ရွံ့ တုန်လှုပ်သောစိတ်ဖြင့် လုပ်ရမည့်အချက်ကို သူတို့သည်သတိမရကြချေ။ [Ev 287.1] EvBur 363.1
ပြောင်းလဲသောအပြစ်သားတစ်ဦးသည် နောင်တရခြင်းအပြင်လုပ်ရ မည့်အခြားအလုပ်ရှိသည်။ သူ့ကိုဘုရားသခင်လက်ခံနိုင်ရန်အတွက် သူလုပ် ရမည့်တာဝန်ရှိသည်။ သူ၏ကတိတော်ရှိသည့်အတိုင်း ဘုရားသခင်သည် သူ၏နောင်တရခြင်းကိုလက်ခံကြောင်း သူယုံရလိမ့်မည်။ “ယုံကြည်ခြင်းမရှိ လျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင်ရှိတော်မူသည်ကိုလည်း ကောင်း၊ ကိုယ်တော်ကိုရှာသောသူတို့အား အကျိုးပေးတော်မူသည်ကိုလည်း ကောင်း ယုံကြည်ရမည်။” [Ev 287.2] EvBur 363.2
စိတ်ထဲ၌ကျေးဇူးတော်၏အလုပ်သည် ချက်ချင်းဖြစ်လာသည့်အလုပ် မဟုတ်ပါ။ ဘုရားသခင်၏ကတိတော်များကို နေ့စဉ်အမြဲမျှော်၍ ယုံကြည် ခြင်းအားဖြင့် ဖြစ်ပေါ်လာသည့်အရာဖြစ်သည်။ ခရစ်တော်၏ကျေးဇူးတော်ကို အသစ်တစ်ဖန်ပြန်လည်၍ရရှိရန် ယုံကြည်မြတ်နိုးခြင်းနှင့်ဆန္ဒပြင်းပြစွာလိုလား တောင့်တလျက် နောင်တရပြီးယုံကြည်သူတစ်ဦးအား ဘုရားသခင်သည် အချည်းနှီးသက်သက်စွန့်ပစ်တော်မမူပါ။ ဘုရားသခင်သည် သူ့အားကျေးဇူး တော်ကိုပေးလိမ့်မည်။ ၎င်းနောက် အမှုထမ်းသောကောင်းကင်တမန်များတို့ သည် ရှေ့သို့တိုးတက်ရန် သူ၏ဇွဲဖြင့်ကြိုးစားမှုအပေါ် သူ့ကိုကူညီမှုပေးလိမ့် မည်။ Manuscript 55, 1910. [Ev 287.3] EvBur 363.3
ပြောင်းလဲခြင်းများ- အားလုံးမတူညီကြပါ - လူတိုင်းတည်ဆောက်ပုံမတူညီ ကြပါ။ ပြောင်းလဲခြင်းသည်လည်း လူတိုင်း၌မတူညီကြပါ။ ယေရှုသည် စိတ်နှလုံးကိုနှိုးဆော်ပြီး အပြစ်သားသည် အသက်တာအသစ်သို့ တစ်ဖန် မွေးဖွားလာသည်။ ဆိုးရွားသောပြစ်ဒဏ်စီရင်ခံရခြင်း၊ စိတ်ကြေကွဲခြင်း၊ နောင်တ ကြီးစွာရရှိစေသော အလွန်ကြောက်မက်ဖွယ်သောအရာများတို့နှင့် ကြုံတွေ့ရ ခြင်းများမရှိသောအခါ ဝိညာဉ်များတို့သည် မကြာခဏခရစ်တော်ထံသို့ဆွဲဆောင် ခြင်းခံရပါသည်။ မြှောက်တင်ထားသောကယ်တင်ရှင်ကိုကြည့်ခြင်းအားဖြင့် သူတို့အသက်ရှင်ကြသည်။ ဝိညာဉ်၏လိုအပ်ချက်ကို သူတို့တွေ့သည်။ ကယ်တင်ရှင်၏လုံလောက်ခြင်းနှင့် သူ၏ပြောဆိုခြင်းကို သူတို့တွေ့ မြင်ကြ သည်။ သူ၏အသံကိုသူတို့ကြားရသည်မှာ၊ “ငါ့နောက်လိုက်လော့” ဟုဖြစ် ပြီး သူတို့သည်ထ၍ သူ့နောက်သို့လိုက်ကြသည်။ ဤပြောင်းလဲခြင်းသည် အစစ်အမှန်ဖြစ်ပြီး ဘာသာရေးအသက်တာသည် အခြားသူများဆုံးဖြတ်ထား သည့် ဆိုးရွားသောအစီအစဉ်၏ပြင်းထန်စွာနာကျင်မှုအားလုံးတို့ကို ခံစားရ သောသူကဲ့သို့ဖြစ်ပေလိမ့်မည်။ Letter 15a, 1890. [Ev 287.4] EvBur 364.1
တိကျခြင်းမရှိ၊ စနစ်မကျသောပြောင်းလဲခြင်းများ - ဘာသာရေးကျင့်ထုံး များတို့အား မည်ကဲ့သို့ကျင်းပရမည်ကိုသာတွက်ချက်ပြီး အလွန်တိကျ၍ စနစ်တကျကျင်းပလျက် ကျေးဇူးတော်အလင်းကိုပျံ့နှံ့စေသည်ဟု သူတို့၌ မြင်တွေ့ ရပုံပေါ်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်များစွာမပါရှိခြင်းသာလျှင် ဖြစ်သည်။ [Ev 288.1] EvBur 364.2
ဘုရားသခင်၏ဝိညာဉ်တော်ကို ကျွန်ုပ်တို့မမြင်ရသော်လည်း အပြစ် ကိုကျူးလွန်ခြင်းနှင့် အပြစ်၌သေနေသော သူတို့၏အပြစ်ထင်ရှားခြင်းနှင့် ပြောင်းလဲခြင်းဖြစ်စဉ်ကို ကျွန်ုပ်တို့သိပါသည်။ ဆင်ခြင်မှုမရှိ၊ လမ်းလွဲနေသော သူများ စိတ်ပူပန်လာကြသည်။ စိတ်မာကျောသူများ၊ ကိုယ်ကျင့်တရားယိုယွင်း သောသူများတို့သည် ပုံမှန်ဖြစ်လာခြင်း၊ မိမိကိုယ်ကိုဆင်ခြင်လာခြင်းနှင့်ဖြူစင် ခြင်းရှိလာကြသည်။ ပုန်ကန်သူများနှင့်ခေါင်းမာသူများ နူးညံ့သိမ်မွေ့ပြီး၊ ခရစ်တော်နှင့်တူလာကြသည်။ အကျင့်စာရိတ္တပြောင်းလဲခြင်းများကို ကျွန်ုပ်တို့ မြင်တွေ့ ရသောအခါ ဘုရားသခင်၏ပြောင်းလဲပေးခြင်းသည် လူတစ်ကိုယ် လုံးကိုပြောင်းလဲပေးကြောင်း ကျွန်ုပ်တို့သေချာစွာသိရှိနိုင်ပါသည်။ သန့်ရှင်း သောဝိညာဉ်တော်ကို ကျွန်ုပ်တို့မြင်ရရုံမျှမကဘဲ စိတ်မာကျော၍ခေါင်းမာသော အပြစ်သားများတို့၏စာရိတ္တကိုပြောင်းလဲပေးသောအလုပ်၏အထောက်အထား ကိုပါ ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ လေတိုက်၍ မိမိ၏အရှိန်အဟုန်ကြောင့် မြင့်မားသောသစ်ပင်ကြီးများကို ပြိုလဲစေနိုင်သကဲ့သို့ သန့်ရှင်းသောဝိညာဉ် တော်သည် လူတို့၏နှလုံးသားအထဲ၌ အလုပ်လုပ်နိုင်ခြင်းကို မည်သည့်လူ ပုဂ္ဂိုလ်မျှ ဘုရားသခင်၏အလုပ်ကို သတ်မှတ်နိုင်စွမ်းမရှိပါ။[Ev 288.2] EvBur 364.3
ဘုရားသခင်၏ဝိညာဉ်တော်သည် မတူညီသောနည်းလမ်းများဖြင့် မတူညီကြသောလူတို့အပေါ်သို့ ထင်ရှားစေပါသည်။ ဤတန်ခိုး၏လှုပ်ရှား မှုအောက်၌ရှိနေသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ရှေ့၌ တုန်လှုပ် ခြင်းရှိပါလိမ့်မည်။ သူ၏အပြစ်များကို ထင်ရှားစေခြင်းသည် အလွန် ထိရောက်ပြီး သူ၏စိတ်ထဲ၌ပြင်းထန်သောမုန်တိုင်းတစ်ခုနှင့် စိတ်လှုပ်ရှား ရှုပ်ထွေးမှု၏ခံစားချက်ဒေါသထွက်ပုံပေါ်ပြီး မိမိ၏တစ်ကိုယ်လုံးသည် အမှန် တရား၏ပြောင်းလဲခြင်းတန်ခိုးအောက်၌ မြေသို့လဲကျဝပ်ဆင်းသွားသည်။ အပြစ် ဖြေလွှတ်ခြင်းအကြောင်းကို နောင်တရသောသူအား ဘုရားသခင်စကားပြော သောအခါ သူသည် စိတ်အားထက်သန်မှုနှင့်ပြည့်ဝလာခြင်း၊ ဘုရားကိုလုံးလုံး လျားလျားချစ်ခြင်း၊ စိတ်အားထက်သန်မှုနှင့်ခွန်အားဖြင့်ပြည့်ဝလာခြင်းနှင့် သူရရှိသောအသက်ပေးနိုင်သည့်ဝိညာဉ်ကို တားဆီးဖိနှိပ်ချုပ်ချယ်၍မရခြင်း အစရှိသောအခြေအနေသို့ ရောက်ရှိသွားပါသည်။ ခရစ်တော်သည် သူ၏ အထဲ၌ကိန်းအောင်းပြီး ရေတွင်းတစ်တွင်းမှစီးထွက်လာသော ထာဝရအသက် ကိုပေးပါသည်။ မေတ္တာအပေါ်သူ၏ခံစားချက်များသည် သူ၏ပူဆွေးခြင်းနှင့် ပြင်းထန်စွာဒုက္ခခံရခြင်းကဲ့သို့ နက်ရှိုင်းပြီးပြင်းထန်ပါသည်။ သူ၏ဝိညာဉ် သည် နက်လှသောစမ်းရေပေါက်ကဲ့သို့ ပေါက်ထွက်လာပြီး သူ၏ကျေးဇူးတင် ဂုဏ်တော်ချီးမွမ်းခြင်း၊ သူ၏ကျေးဇူးနှင့်ဝမ်းသာခြင်းတို့သည် ကောင်းကင် မှစောင်းကောက်များ ဝမ်းမြောက်စွာတီးခတ်ကြရသည့်တိုင်အောင်ဖြစ်သည်။ သူ၌ပြောဆိုရန်ပုံဝတ္ထုတစ်ခုရှိသည်။ သို့သော် တိကျ၍ရိုးရိုးနည်းစနစ်အား ဖြင့်မဟုတ်ပါ။ သူသည် ယေရှုခရစ်တော်၏ကောင်းမှုများအားဖြင့် ရွေးနုတ် ခြင်းခံခဲ့ရသောဝိညာဉ်ဖြစ်ပြီး ဘုရားသခင်၏ကယ်တင်ခြင်းကို နားလည်သဘော ပေါက်ခြင်းကြောင့် သူ၏ကိုယ်စိတ်နှလုံးအားလုံးသည် ဝမ်းမြောက်အံ့သြခြင်း ဖြင့် ပြည့်ဝလျက်ရှိသည်။ [Ev 288.3] EvBur 365.1
အခြားသောသူတို့သည် ပို၍နူးညံ့သောနည်းအားဖြင့် ခရစ်တော်ထံသို့ ခေါ်ဆောင်ခြင်းခံရကြသည်။ “လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏ အသံကိုသင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်။ အဘယ် အရပ်သို့သွားသည်ကိုမသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည် သက်ရောက်ပုံကိုသင်တွေ့ရပါသည်။ နိကောဒင်သည် ယေရှုအား “ဤအမှု ဟုမိန့်တော်မူ၏။” လေ၏တိုက်ခတ်ပုံကိုသင်မတွေ့ရပါ။ သို့သော် အကျိုး အရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်း” ဟုမေးသောအခါ၊ ယေရှုပြန်၍ ဤအမှုအရာကိုမသိသလော” ဟုပြန်ဖြေလိုက်ပါသည်။ ဣသရေလလူမျိုးထဲ၌ ပြောသည်မှာ “သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဆရာတစ်ယောက်၊ ပညာရှိများအထဲ၌ ပုဂ္ဂိုလ်တစ်ဦးဘာသာရေးသိပ္ပံအတတ် ကိုနားလည်သည်ဟု ယူဆရသည့်ပုဂ္ဂိုလ်တစ်ဦးသည် ပြောင်းလဲခြင်း၏အယူ ဝါဒကိုနားမလည်ပါ။ သူသည် အမှန်တရားကိုလက်ခံရန်ဆန္ဒမရှိပါ။ အကြောင်း ပါ။ သဘာဝတရား၏အကြောင်းအရာများကို သူလက်ခံသော်လည်း သူရှင်းပြ မှာ ဘုရားသခင်၏တန်ခိုးတော်လှုပ်ရှားခြင်း၏ဆက်စပ်မှုများကို သူနားမလည် ၍မရ၊ ၎င်းတို့၏အကြောင်းကိုပင်နားမလည်ပါ။ ခေတ်အဆက်ဆက်၌ရှိခဲ့ သောအခြားသူများကဲ့သို့ ဘုရားသခင်၏ဝိညာဉ်တော်နက်နဲစွာလှုပ်ရှားခြင်း အကြောင်းအရာထက် ဘာသာရေးတွင်တိကျစွာဘာသာရေးဆိုင်ရာအခမ်းအနား များကိုကျင်းပခြင်းသည် ပို၍လိုအပ်သည်ဟု ထင်မြင်ယူဆကြပါသည်။ Review and Herald, May 5, 1896. [Ev 289.1] EvBur 366.1
ပြောင်းလဲခြင်းသည်နားထောင်ခြင်းသို့ ပို့ ဆောင်သည် - လူသားတစ်ဦး၏ ပြောင်းလဲခြင်းသည် အကျိုးသက်ရောက်မှုမသေးငယ်ပါ။ ၎င်းသည် ဘုရား တန်ခိုးတော်အားဖြင့် အကြီးမားဆုံးသောအံ့သြဖွယ်ရာကို ပြုလုပ်ခြင်းဖြစ်သည်။ အမှန်တကယ်အကျိုးသက်ရောက်မှုများသည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့် ရောက်ရှိသွားရမည့် ကိုယ်ပိုင်ကယ်တင်ရှင်ကဲ့သို့ခံယူနိုင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ပညတ်တော်ကိုနားထောင်ခြင်းအားဖြင့်ဖြူစင်ခြင်း၊ သူ၏ သန့်ရှင်းသောဥပုသ်တော်နေ့ကို ပြည့်စုံစွာစောင့်ထိန်းခြင်းအားဖြင့်သန့်ရှင်းခြင်း၊ ကိုးစားခြင်း၊ ယုံကြည်ခြင်း၊ သည်းခံလျက်စောင့်နေခြင်းနှင့် စိတ်အားထက်သန် စွာမိမိတို့၏ကိုယ်တိုင်ကယ်တင်ခြင်းအတွက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် လုပ်ဆောင်ခြင်းများတို့အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အလိုရှိစေရန်၊ အကျင့်ကျင့်စေရန် ကျွန်ုပ်တို့အထဲ၌ စေတနာအားဖြင့်ပြုပြင်တော်မူသောဘုရား ဖြစ်ကြောင်း သင်ယူနိုင်ပါလိမ့်မည်။ Manuscript 6, 1900. [Ev 289.2] EvBur 367.1
အမှန်တရားကို လိုက်လျှောက်ခြင်းအားဖြင့် သာသန့်ရှင်းခြင်းရရှိသည် - လူတို့ သည် နှုတ်ကပတ်တော်ကိုဖတ်ရှုနားလည်ခြင်းအားဖြင့် အကျင့်စာရိတ္တပြောင်းလဲ လိမ့်မည်ဟုထင်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းမပြုသင့် ပါ။ ဤအလုပ်သည် လမ်းခရီး၊ သမ္မာတရားနှင့်အသက်တည်းဟူသော ပုဂ္ဂိုလ်ကိုရရှိရန်သာဖြစ်သည်။ တိကျသည့်အမှန်တရား၏ယူဆချက်များကို ခိုင်မြဲစွာစွဲကိုင်ထားနိုင်ရန်အတွက်ဖြစ်သည်။ ဤယူဆချက်များမှ ကြီးမားသော ကောင်းချီးမင်္ဂလာများတို့အား ဤယူဆချက်များကိုစွဲကိုင်ထားသောသူတို့မှ ဧကန်အမှန်ပိုင်ဆိုင်နိုင်သည်ဟု ထင်ကြသည့်တိုင်အောင် ထပ်ခါတလဲပြန်လည် ၍ဖတ်ရှုကြပေလိမ့်မည်။ အကြီးမားဆုံးနှင့် တန်ခိုးနှင့်အပြည့်ဝဆုံးအမှန်တရား များကိုရရှိကြသည့်တိုင် ဝင်းပြင်၌သာရှိပြီးနေ့စဉ်အသက်တာကို ကျန်းမာ၍ မွှေးကြိုင်စေရန် တန်ခိုးသြဇာအနည်းငယ်ကိုသာ ရရှိပါလိမ့်မည်။ သိရှိထား သောအမှန်တရားကို ကျင့်သုံးခြင်းမပြုပါက ၎င်းအမှန်တရားအားဖြင့် မိမိ ဝိညာဉ်အတွက် ဖြူစင်သန့်ရှင်းခြင်းမရရှိနိုင်ပါ။ Letter 16, 1892. [Ev 290.1] EvBur 367.2
အသာအယူဝါဒများ၊ သို့မဟုတ် အသင်းဝင်ဖြစ်ခြင်းသည် ပြောင်းလဲခြင်း၏နေရာကို အစားထိုး၍မရပါ - ပြောင်းလဲခြင်းမရှိသောလူသားတိုင်း အတူတူပင်ဖြစ်သည်။ လူတချို့တို့သည် ယုံကြည်မှုတစ်ခုမှအခြားတစ်ခုသို့ ပြောင်းသွားကြမည်ဖြစ် သည်။ ဤကဲ့သို့လုပ်သောသူများရှိသကဲ့သို့ လုပ်မည့်သူရှိဦးမည်ဖြစ်ပါသည်။ ခရစ်ယာန်ဘာသာတစ်ခုမှ အခြားတစ်ခုသို့ပြောင်းသွားမည်ဖြစ်ပါသည်။ သို့သော် “အသစ်သောနှလုံးကိုလည်း သင့်အားငါပေးမည်” ဟုပြောသည့် စကားအဓိပ္ပါယ်ကို သူတို့မသိကြပါ။ အသစ်သောဘာသာကိုလက်ခံပြီး အသင်း တော်ထဲသို့ဝင်လာခြင်းသည် မိမိ၏ပေါင်းစည်းသောအသင်းတော်သည် မှန်သော အခြေခံအုတ်မြစ်ပေါ်မှာထူထောင်ထားသည့်တိုင်အောင် မည်သူ့ကိုမျှအသစ် သောအသက်တာကိုမပေးနိုင်ပါ။ အသင်းတော်တစ်ခုနှင့်ဆက်သွယ်ခြင်းသည် ပြောင်းလဲခြင်းနေရာကိုယူ၍မရပါ။ အကယ်၍ စိတ်နှလုံးသည် အမှန်ပင် ပြောင်းလဲခြင်းမရှိပါက အသင်းတော်ထဲသို့နာမည်စာရင်းထည့်သွင်းခြင်းသည် မည်သူ့ကိုမျှတန်ဖိုးရှိစေမည်မဟုတ်ပါ။ [Ev 290.2] EvBur 368.1
ကျွန်ုပ်တို့သည် အမှန်တရားကိုဉာဏ်စွမ်းအားဖြင့် ယုံကြည်ခြင်းထက် ပို၍ရှိရမည်။ ယုဒလူများစွာတို့သည် ယေရှုကိုဘုရားသခင်၏သားဟုယုံကြည် ကြသည်။ သို့သော် သူတို့၏အသက်တာကိုဆက်ကပ်ရန် သူတို့သည် စိတ်နေ မြင့်လွန်းပြီး ရည်မှန်းချက်ကြီးမားကြသည်။ အမှန်တရားကိုငြင်းဆန်ရန် သူတို့ ဆုံးဖြတ်ကြပြီး သူတို့၏ဆန့်ကျင်ခြင်း၌သာတည်မြဲနေကြသည်။ အမှန်တရား ကိုယေရှု၌ရှိသကဲ့သို့ စိတ်ထဲ၌သူတို့လက်မခံကြပါ။ အသိတရားအားဖြင့်သာ အမှန်တရားကိုလက်ခံခြင်းနှင့် နှလုံးသားထဲ၌စွဲမြဲခြင်းမရှိ၊ လက်ခံခြင်းလည်း မပြုကြသောအခါ အသိစိတ်ကိုသာအကျိုးပြုစေသည်။ သို့သော် အမှန်တရား ကိုနှလုံးသားထဲ၌လက်ခံသောအခါ အသိတရားကိုဖြတ်ကျော်လာကာ နှလုံးသား ထဲ၌ဖြူစင်သောစည်းမျဉ်းဥပဒေများနှင့်အတူ ဝိညာဉ်ကိုစွဲလမ်းခြင်းရှိစေပါသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် နှလုံးသားထဲ၌ရောက်ရှိလာပြီး စိတ်ထဲ၌ ၎င်း၏လှပခြင်းကိုဖော်ပြကာ အကျင့်စာရိတ္တထဲ၌ ပြောင်းလဲခြင်းတန်ခိုးကို တွေ့ရှိရပါသည်။ Review and Herald, Feb. 14, 1899. [Ev 291.1] EvBur 368.2
ြောင်းလဲခြင်းသည်စုပေါင်းလုပ်ဆောင်ခြင်း၏အကျိုးဖြစ်သည် - ပျောက်ဆုံး သူများနှင့်ပျက်စီးနေသောဝိညာဉ်များကို ပြန်လည်၍ရယူခြင်းသည် လူ၏ လုပ်ဆောင်မှုဖြင့်ထိရောက်ခြင်းမရှိဘဲ လူနှင့်အတူလုပ်ဆောင်သော ဘုရားသခင် ပါရှိရလိမ့်မည်။ ဘုရားသခင်ဆောင်ရွက်သွားပြီး လူသည်လည်းပါဝင်လုပ်ဆောင် ရပါလိမ့်မည်။ “သင်တို့သည် ဘုရားသခင်နှင့်အတူလုပ်ဆောင်သောသူဖြစ် ကြ၏။” ကျွန်ုပ်တို့သည် မတူညီသည့်နည်းလမ်းများအားဖြင့်သော်လည်း ကောင်း၊ မတူညီသည့်တီထွင်သောနည်းစနစ်များအားဖြင့်သော်လည်းကောင်း အမှန်တရားကိုဖော်ပြရန်နှင့် သူကိုယ်တိုင်အပြစ်ဖြေလွှတ်သောကယ်တင်ရှင် ဖြစ်ကြောင်းကိုဖော်ပြရန် ကျွန်ုပ်တို့အထဲ၌ ဘုရားသခင်ကိုအလုပ်လုပ်စေပါ။ Letter 20, 1993. [Ev 291.2] EvBur 369.1
အပြစ်သားကိုစည်းပြင်၌မစခြင်း - ခရစ်တော်သူတို့အပေါ်၌ရှိသောမေတ္တာ ဖြင့် လူငယ်များတို့ကိုသတိပေးခြင်း၊ အပြစ်သားများတို့ကိုတောင်းပန်ခြင်းများ တို့ကို အချိန်အခါမရွေးအမြဲပြုကြပါ။ အပြစ်သား၏နှုတ်မှအော်ဟစ်သံဖြစ်သော “အိုကျွန်ုပ်၏အပြစ်များ၊ ကျွန်ုပ်၏အပြစ်များ၊ ဖြေလွှတ်ခြင်းခံရရန်ကြီးမားလွန်း လှသည်ဟု ကျွန်ုပ်ကြောက်ရွံ့နေပါသည်” ဟုကြားရသောအခါ၊ ထိုသူ၌ ယုံကြည်ခြင်းရှိရန် သူ့ကိုအားပေးပါ။ ယေရှုကိုမြင့်သည်ထက်မြင့်အောင် နောက်တင်ပါ။ “လောက၏အပြစ်ကိုယူဆောင်သွားသောသိုးသငယ်ကိုကြည့် ပါ” ဟုပြောပါ။ “ကျွန်ုပ်အပြစ်သားကိုသနားတော်မူပါဘုရား” ဟုပြောဆိုသံ ကိုကြားရသောအခါ၊ တုန်လှုပ်နေသောဝိညာဉ်ကို ခိုလှုံရာတစ်ခုကဲ့သို့ အပြစ် ဖြေလွှတ်သောကယ်တင်ရှင်ထံသို့ ထိုသူအားညွှန်ပြပါ။” Manuscript 138, 1897. [Ev 291.3] EvBur 369.2
ကောင်းကင်တမန်များဝမ်းမြောက်သည် - ဘုရားသခင်ထံသို့ဝိညာဉ်များကို ပြောင်းလဲပေးခြင်းအလုပ်သည် အကြီးမားဆုံးနှင့်အမြင့်ဆုံးအလုပ်ဖြစ်ပြီး လူသားများပါဝင်လုပ်ဆောင်နိုင်သည့် အလုပ်တစ်ခုဖြစ်သည်။ ဝိညာဉ်များ ပြောင်းလဲခြင်းအလုပ်၌ ဘုရားသခင်သည်းခံခြင်း၊ သူ၏အကန့်အသတ်မရှိ သောမေတ္တာ၊ သူ၏သန့်ရှင်းခြင်း၊ သူ၏တန်ခိုးများတို့ကို ဖော်ပြနေပါသည်။ ပြောင်းလဲသောသူတိုင်း သူ့ကိုချီးကျူးဂုဏ်ပြုပြီး ကောင်းကင်တမန်များတို့ကို လည်း “ကရုဏာနှင့်သစ္စာဆုံမိပြီ။ တရားနှင့်ချမ်းသာသည် တစ်ပါးကိုတစ်ပါး နမ်းကြပြီ” ဟူ၍ သီဆိုခြင်းကိုပြုစေပါသည်။ Letter 121, 1902. [Ev 292.1] EvBur 370.1