ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ပွဲတော်အစီအစဉ်များ
အထိမ်းအမှတ်တိုင်ကြီးနှစ်တိုင် - နှစ်ခြင်းမင်္ဂလာခံခြင်းနှင့်ကိုယ်တော် ၏ညစာစားပွဲအစီအစဉ်သည် အထိမ်းအမှတ်တိုင်ကြီးနှစ်တိုင်ဖြစ်သည်။ တစ်ခု သည် ဘုရားကျောင်းအတွင်း၌ကျင်းပပြီး၊ အခြားတစ်ခုသည် ဘုရားကျောင်း အပြင်၌ကျင်းပသည်။ ဤပွဲတော်အစီအစဉ်များအပေါ် ခရစ်တော်သည် မှန်သော ဘုရားရှင်၏အမည်နာမကို ကမ္ပည်းထိုးထားသည်။ Manuscript 27, 1/2 1900. [Ev 273.2] EvBur 344.2
ကိုယ်တော်ညစာစားပွဲ သည်အစဉ်အောက်မေ့ဖွယ်တစ်ခုဖြစ်သည် — ဘုရားသခင် အိမ်တော်၏ပုံပမာများသည် ရှင်းလင်း၍လွယ်ကူစွာနားလည်နိုင်ပြီး ၎င်းတို့ အားဖြင့် အမှန်တရားများကိုဖော်ပြပုံသည် ကျွန်ုပ်တို့အတွက် အလွန်နက်ရှိုင်း ကြီးကျယ်လှသည်။ ပသခါပွဲအစီအစဉ်၏နေရာကိုယူသော ပွဲတော်မင်္ဂလာ အစီအစဉ်ကျင်းပခြင်းအားဖြင့် ခရစ်တော်သည် သူ၏အသင်းတော်အား ကြီးမားသောမိမိ၏ကိုယ်ကိုလူတို့အတွက်ဆက်ကပ်ပူဇော်ခြင်းကို အောက်မေ့ ဖွယ်အဖြစ်ချန်ထားပေးခဲ့ပါသည်။ သူပြောခဲ့သည်မှာ “ငါ့ကိုအောက်မေ့ဖို့ရာ ဤသို့ပြုကြလော့” ဟုဖြစ်ပါသည်။ ဤအရာသည် စီမံထားသောအရာနှစ်ခု နှင့် ၎င်းတို့၏ကြီးမားသောပွဲနှစ်ခုစပ်ကြား ပြောင်းလဲချက်ဖြစ်သည်။ တစ်ခု သည် ထာဝရအဆုံးသတ်သွားပြီး အခြားတစ်ခုသည် ယခုမှပင်စတင်ပြီး ပထမနေရာကိုယူရန်နှင့် လာမည့်အချိန်တစ်လျှောက်လုံးတွင် သူ၏အသေခံ ခဲ့ခြင်းကို အစဉ်အမြဲသတိရအောက်မေ့သောအားဖြင့် ကျင်းပသွားရန်ဖြစ်သည်။ Review and Herald, June 22, 1897, [Ev 273.3] EvBur 344.3
ခြေဆေးခြင်းသည်ပုံစံတစ်ခုထက်ပို၍သာလွန်သည် - ဘုရားအိမ်တော်၏ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်သို့လာခြင်းသည် ပုံစံတစ်ခုကဲ့သို့သာလာခြင်း မဟုတ်ပါ။ [Ev 274.1] EvBur 345.1
ဤအစီအစဉ်ကို သူချမှတ်ထားခဲ့ရခြင်းမှာ ကျွန်ုပ်တို့ကိုယ်စားဖော်ပြ ခဲ့သောကျွန်ုပ်တို့ခံစားကြရသည့် ဘုရားသခင်၏မေတ္တာတော်သည် ကျွန်ုပ် တို့အားအမြဲပြောနေရန်အတွက်ဖြစ်သည်။ ဤအစီအစဉ်ကို အခြားတစ်ခုနှင့် ဆက်စပ်ခြင်းမပြုဘဲ ပြန်လည်ပြုလုပ်၍မရပါ။ ထိုကြောင့် တွေးခေါ်ခြင်းနှင့် ဆက်နေသောအရာတစ်ခုသည် ကောင်းချီးမင်္ဂလာများ၊ သနားကြင်နာမှုများ နှင့် မိတ်ဆွေညီအစ်ကိုမောင်နှမများမှရရှိသောကူညီထောက်ပံ့မှုများ စိတ်ထဲ ပေါ်ထွက်လာသည့်အရာများကို သတိရအောက်မေ့ရန် သတိပေးခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် မိမိ၏လျင်မြန်ပြတ်သားသောတန်ခိုးဖြင့် ခါးသီး ပြီးမုန်းတီးခြင်းအမြစ်မှထွက်ပေါ်လာသော ကျေးဇူးမသိတတ်ခြင်းနှင့်မေတ္တာ ပျက်ကွက်ခြင်းကိုဖော်ပြသည်။ သတိရခြင်း၏ကွင်းဆက်သည် တစ်ခုပြီးတစ်ခု ခိုင်မာတောင့်တင်းလာသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် တစ်ခုပြီးတစ်ခု အလုပ်လုပ်လာသည်။ အကျင့်စာရိတ္တချို့ယွင်းချက်များ၊ တာဝန်ဝတ္တရားပျက်ကွက် ခြင်းများ၊ ဘုရားသခင်၏ကျေးဇူးကိုမသိတတ်ခြင်းများတို့သည် သတိရခြင်း ထဲ၌ပေါ်ထွက်လာပြီး တွေးတောခြင်းများတို့သည် ခရစ်တော်ထံသို့ပို့ဆောင် ခြင်းခံရပါသည်။ Review and Herald, June 7, 1898. [Ev 274.2] EvBur 345.2
စိတ်နှလုံးပြင်ဆင်ခြင်း - မြော်လင့်ခြင်းလှုပ်ရှားမှု၏ရှေးနေ့ရက်များတို့ ၌ ကျွန်ုပ်တို့၏ယုံကြည်သူဦးရေအရေအတွက်နည်းသောအချိန်တွင် ပွဲတော် ကျင်းပခြင်းအစီအစဉ်ကို အကျိုးအရှိဆုံးပွဲတစ်ခုအဖြစ်ကျင်းပခဲ့သည်။ ဥပုသ်နေ့ မတိုင်မီသောကြာနေ့၌ အသင်းသူအသင်းသားအားလုံးတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့်သော်လည်းကောင်း၊ ဘုရားသခင်နှင့်သော်လည်း ကောင်း မသင့်မတင့်ကွဲပြားနေသည့်အရာအားလုံးတို့ကို ကြိုးစား၍ရှင်းလင်း ကြပါသည်။ စိတ်နှလုံးများကိုအကောင်းဆုံးဆန်းစစ်ကြပါသည်။ လျှို့ဝှက် သောအပြစ်များကိုဖော်ပြရန် စိတ်ပါစွာဘုရားရှင်ထံဆုတောင်းခြင်း၊ မတရား စီးပွားရှာခြင်း၊ မကောင်းသောစကားများကို အလျင်စလိုပြောဆိုခြင်းနှင့်ခင်တွယ် သောအပြစ်များတို့ကို ဝန်ချတောင်းပန်ခြင်းများပြုလုပ်ကြသည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အနား၌ရောက်လာသည်ဟု ခံစားရကာ ကျွန်ုပ်တို့သည် လွန်စွာစိတ်တက်ကြွပြီး ခွန်အားရလာကြပါသည်။ Manuscript 102, 1904 EvBur 346.1
ပွဲတော်မင်္ဂလာအစီအစဉ်၏ရည်ရွယ်ချက် - တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်ခြင်းရှိရန်အတွက် ခြေဆေးမင်္ဂလာအစီအစဉ်ကိုပြုလုပ်ရခြင်းဖြစ်သည်။ ကျွန်ုပ်တို့အရှင်သခင်၏ပုံပမာအားဖြင့် ဤနှိမ့်ချခြင်းပွဲသည် သန့်ရှင်းသော မင်္ဂလာအခမ်းအနားတစ်ခုဖြစ်စေပါသည်။ ဤအခမ်းအနားကျင်းပချိန်တိုင်း၌ သူ၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခရစ်တော်အတူရှိနေပါသည်။ ဤဝိညာဉ်သည် နှလုံးသားများကိုပြောင်းလဲပေးသောပုဂ္ဂိုလ်ဖြစ်သည်။[Ev V 275.1] EvBur 346.2
မိမိ၏တပည့်တော်များတို့နှင့်အတူ ဤမင်္ဂလာပွဲကိုခရစ်တော်ကျင်းပ ခဲ့သည့်အခါ၊ ယုဒရှကာရုတ်အပြင် လူတိုင်း၏စိတ်၌ ယုံကြည်ခြင်းခိုင်မာလာ ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့၏စိတ်၌ ခရစ်တော်စကားပြောသောအခါ၊ ကျွန်ုပ်တို့ပြောင်းလဲလာကြလိမ့်မည်။ ဝိညာဉ်စမ်းရေပေါက်များ ကျိုးပေါက် လာလိမ့်မည်။ စိတ်နှလုံးခွန်အားရလာပြီး လှုပ်ရှားခြင်းနှင့်အသက်ဝင်လာကာ စည်းလုံးမှုမရှိခြင်းနှင့် ခင်မင်မှုပျက်ပြားခြင်းကိုဖြစ်စေသော ကာဆီးမှုအားလုံး ပျောက်ပျက်သွားပါလိမ့်မည်။ ပြစ်မှားမိခဲ့သောအပြစ်များတို့သည် ယခင်အချိန် ကထက်ပို၍ရှင်းလင်းစွာထင်ရှားလာလိမ့်မည်။ အကြောင်းမှာ ၎င်းတို့ကိုပြန်လည် ၍သတိရလာရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်မှ ပို့ဆောင်မည်ဖြစ်သော ကြောင့်ဖြစ်သည်။ ခရစ်တော်၏စကားများဖြစ်သည့်၊ “ဤအရာများကိုသင်တို့ သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏” သည် အသစ်သောတန်ခိုး ဖြင့် ကျွန်ုပ်တို့ကိုလွှမ်းခြုံလိမ့်မည်။ Review and Herald, Nov.4, 1902. [Ev 275.2] EvBur 346.3
နှလုံးသားကိုစစ်ဆေးခြင်း — ခြေဆေးမင်္ဂလာအစီအစဉ်သည် ဘာသာရေး အစီအစဉ်တစ်ခုအဖြစ် ပြုလုပ်ထားပါသည်။ ၎င်းကိုသစ္စာရှိသော ဘုရားသခင် ၏သားသမီးများအား စစ်ဆေးစမ်းသပ်ရန်အရာတစ်ခုအဖြစ်ပေးထားပါသည်။ ခေတ်သစ်ဣသရေလများ သန့်ရှင်းသောပွဲတော်မင်္ဂလာအစီအစဉ်ကိုကျင်းပ သောအခါ ဤခြေဆေးမင်္ဂလာအစီအစဉ်သည် ခရစ်တော်အသေခံခြင်း၏ အထိမ်းအမှတ်ဖြစ်သည့် သူ၏ကိုယ်ခန္ဓာကိုပုံဆောင်သော မုန့်နှင့်စပျစ်ရည် ကိုစားသောက်ခြင်းမပြုမီ အလျင်ပြုလုပ်ရပါသည်။ [Ev 275.3] EvBur 347.1
ဤမင်္ဂလာပွဲကို ခရစ်တော်တပည့်တော်များတို့၏အကျိုးအတွက်ပေး ထားပါသည်။ ခရစ်တော်ဆိုလိုသောအရာအားလုံးကို သူ့နှုတ်၌စကားအားဖြင့် သူပြောဆိုခဲ့သည်မှာ၊ “ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်း ာ ပုံသက်သေကိုပြခဲ့ပြီ။ ဤအရာများကိုသင်တို့သိ၍ သိသည်အတိုင်းကျင့် လျှင် မင်္ဂလာရှိကြ၏” ဟုဖြစ်ပါသည်။ ဤအစီအစဉ်၌ပါဝင်သောသူတို့၏ စစ်မှန်သောစိတ်နှင့်သဘောထားကို စစ်ဆေးရန်အတွက် ဤအရာကိုလိုက် လျှောက်ရန်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ Manuscript 8, 1897. [Ev 275.4] EvBur 347.2
တိုင်းပြည်တိုင်း၌အချိန်တိုင်းအတွက် - ယုဒလူမျိုးများစောင့်ရှောက်သော လူမျိုး၏ပွဲနေရာ၌ ခရစ်တော်သည် တိုင်းပြည်အတွင်းရှိ မိမိ၏တပည့်တော် များတို့မှ အမြဲလိုက်လျှောက်ရန်ချမှတ်ထားခဲ့ပါသည်။ ဤအရာများတို့သည် ခရစ်တော်၏ပြုမူပုံကို မှန်သောအမှုထမ်းခြင်း၌ တစ်ကိုယ်ကောင်းစိတ်မပါရှိ ကြောင်း အမြဲပြန်လည်ဖော်ပြသင့်သည်။ Signs of the Times, May 16, 1900. [Ev 275.5] EvBur 347.3
မကြာခဏကျင်းပရန် - နောက်ဆုံးသောသူ၏တပည့်တော်များနှင့်အတူ မုန့်နှင့်စပျစ်ရည်ကို ခရစ်တော်သုံးဆောင်သည့်အပြုအမူသည် အသစ်သော ပဋိညာဉ်အားဖြင့် သူတို့၏ရွေးနုတ်ရှင်အဖြစ် မိမိကိုယ်ကိုကတိပြုခြင်းဖြစ်ပြီး ၎င်းကိုရေးမှတ်ထား၍ တံဆိပ်နှိပ်ခြင်းခံရသောခရစ်တော်ကို ယုံကြည်ခြင်းအား ဖြင့် လက်ခံသောသူအားလုံးအတွက် ကောင်းကင်မှချပေးမည့် ယခုအသက်တာ နှင့်လာမည့်ရှေ့ထာဝရအသက်တာနှစ်ခုစလုံးအတွက် ကောင်းချီးမင်္ဂလာအားလုံး ကိုချပေးလိမ့်မည်။ Ev 276.1] C EvBur 348.1
ဤပဋိညာဉ်စာချုပ်သည် ခရစ်တော်ကိုယ်ပိုင်၏အသွေးတော်အားဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ရှေးပူဇော်ပသခြင်းအစီအစဉ်ကို သူရွေးချယ်ခဲ့သော သူတို့၏စိတ်နှလုံးထဲ၌ထားရှိရန်ဖြစ်သည်။ ဤညစာစားပွဲ အစီအစဉ်ကို မကြာခဏကျင်းပရန် ခရစ်တော်ချမှတ်ခဲ့ပြီး သူ့အားယုံကြည်၍ လက်ခံသူအားလုံး၏အပြစ်များ ဖြေလွှတ်ခြင်းခံရရန်အတွက် မိမိ၏အသက် ကိုပေး၍ဆက်ကပ်ခဲ့ခြင်းကို သတိရကြရန်ဖြစ်သည်။ ဤပွဲတော်မင်္ဂလာအစီအစဉ် ကို တချို့သူများမပါဝင်သကဲ့သို့ ကျွန်ုပ်တို့မရှောင်ရှားရပါ။ လူသိရှင်ကြား ပါဝင်ကြရမည်ဖြစ်ပြီး ပြောရမည့်စကားမှာ၊ “ကျွန်ုပ်ခရစ်တော်ကို ကျွန်ုပ်၏ ကိုယ်ပိုင်ကယ်တင်ရှင်အဖြစ်လက်ခံသည်။ သေခြင်းမှကျွန်ုပ်လွတ်မြောက်ရန် ကျွန်ုပ်အတွက် မိမိ၏အသက်ကိုသူပေးခဲ့သည်။” Review and Herald, June 22, 1897. [Ev 276.2] EvBur 348.2
အတွေ့အကြုံ- စိတ်ပါဝင်စားသောဓမ္မဆရာနှင့်သစ္စာရှိစွာဆက်ဆံခြင်း - ဥပုသ်နေ့ မနက်၊ အသင်းတော်တစ်ခု၌ ပွဲတော်မင်္ဂလာအစီအစဉ်ကျင်းပသောအခါ၊ ညီအစ်ကိုတစ်ယောက်တက်ရောက်ခဲ့သည်။ သူသည် ခြေဆေးမင်္ဂလာအစီအစဉ် ၌ပါဝင်ရန် ခေါ်ဖိတ်ခြင်းခံရသည့်အခါ သူလက်ခံခဲ့သည်။ ပွဲတော်မင်္ဂလာ မဝင်မီ ခြေဆေးမင်္ဂလာအစီအစဉ်ကိုအလျင်ပြုလုပ်ဖို့ရန်လိုအပ်ပါသလားဟု သူမေးသောအခါ တာဝန်တစ်ခုအနေဖြင့်ပြုလုပ်ရမည့်အရာမဟုတ်ကြောင်း သူ့အားတစ်ဦးတစ်ယောက်မှပြန်ပြောလိုက်ပါသည်။ ဤဥပုသ်နေ့သည် ဤပုဂ္ဂိုလ်၏ဝိညာဉ်အတွက် တန်ဖိုးအရှိဆုံးနေ့ဖြစ်ပါသည်။ ကျွန်ုပ်အသက်တာ ဤထက်ပို၍ပျော်ရွှင်သောနေ့တစ်ခါမျှမရှိခဲ့ပါဟု သူပြောခဲ့ပါသည်။ [Ev 276.3] EvBur 348.3
နောက်ပိုင်း၌သူသည် ကျွန်ုပ်နှင့်တွေ့ဆုံမေးမြန်းရန်ဆန္ဒရှိပြီး၊ ကောင်းသောလည်ပတ်တွေ့ဆုံခြင်းအခွင့်တစ်ခုရရှိခဲ့သည်။ သူပြောသောအရာ များတို့သည် အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပြီး ကျွန်ုပ်တို့အတူတကွတန်ဖိုးရှိသော ဆုတောင်းကြရန်အချိန်ရရှိခဲ့သည်။ သူသည် ဘုရားသခင်၏အစေခံတစ်ဦး ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။ ကျွန်ုပ်၏စာအုပ်များဖြစ်သည့် ကြီးမား သောတိုက်လှန်ပွဲ၊ ရှေးဘိုးဘေးများနှင့်ပုရောဖက်များ၊ ခရစ်တော်ထံသို့ခြေလှမ်း များတို့ကို သူ့အားပေးလိုက်သည်။ သူများစွာနှစ်သက်ပုံရပြီး ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကိုဆန့်ကျင်သူများတို့အား ရင်ဆိုင်နိုင်ရန်အလင်းအားလုံးကိုရရှိ လိုကြောင်း သူပြောခဲ့ပါသည်။ အိမ်သို့မပြန်မီ သူနှစ်ခြင်းခံယူခဲ့ပြီး မိမိကိုယ် တိုင် အသင်းတော်သို့အမှန်တရားကိုပြောရန် ပြန်သွားလိမ့်မည်။ Letter 23a, 1893. Ev 277.1] EvBur 349.1
ပွဲတော်မင်္ဂလာအစီအစဉ်ကိုပိတ်ပင်ထားခြင်းမပြုရ - ခရစ်တော်၏ပုံသက်သေ ၌ ကိုယ်တော်၏ညစာစားပွဲတွင် လူတို့အားပါဝင်ခြင်းမပြုရန် တားမြစ်ထား သည်။ ထင်ရှားသောအပြစ်ပြုသူကို ဖယ်ရှားရမည်မှာမှန်သည်။ ဤကိစ္စကို သန့်ရှင်းသောဝိညာဉ်တော်မှ ပြတ်သားစွာသွန်သင်ထားပါသည်။ ဤထက် အစီအစဉ်၌ ပါဝင်သင့်၊ မပါဝင်သင့်ခြင်းကိုဆုံးဖြတ်ရန် ဘုရားသခင်သည် သာလွန်ပြီး မည်သူ့ကိုမျှကျွန်ုပ်တို့တရားစီရင်ရန်မလိုပါ။ ဤပွဲတော်မင်္ဂလာ မည်သူ့ကိုမျှတာဝန်မပေးထားပါ။ အကြောင်းမှာ လူတို့၏စိတ်ကိုမည်သူဖတ် နိုင်သနည်း။ ပေါင်းပင်နှင့်စပါးပင်ကို မည်သူခွဲခြားနိုင်သနည်း။ The Desire of Ages, p. 656. (1898) [Ev 277.2] EvBur 349.2
ပြုခြင်း သင်တို့နှင့်အတူလာရောက်ဝတ်ပြုကိုးကွယ်ကြသည့် စိတ်နှလုံးအား ဖြင့်အမှန်တရားနှင့်သန့်ရှင်းခြင်းမရှိသောသူတချို့တို့သည် သင်တို့ကျင်းပသော ပွဲတော်မင်္ဂလာအစီအစဉ်၌ ပါဝင်လိုသူများရှိပေလိမ့်မည်။ ထိုသူတို့အားတားမြစ် ခြင်းမပြုဘဲ ပါဝင်ခွင့်ပြုပါ။ Manuscript 47, 1897. [Ev 277.3] EvBur 350.1
ရိုသေသမှုဖြင့် - ၎င်းနှင့်ပတ်သက်သောအရာအားလုံးကို တတ်နိုင် သမျှအကောင်းဆုံးပြင်ဆင်ထားသင့်သည်။ အသင်းတော်၏ပွဲတော်များအားလုံး တို့သည် စိတ်နှလုံးကိုအထက်သို့ပို့ဆောင်သောအရာများဖြစ်သင့်သည်။ ရိုးရိုး အရာများကဲ့သို့သော်လည်းကောင်း၊ တန်ခိုးမဲ့သောအရာများကဲ့သို့သော်လည်း ကောင်း၊ တန်းတူမထားရဘဲ သန့်ရှင်းမွန်မြတ်သောဘုရားသခင်၏အစီအစဉ် များကို ရိုသေလေးစားစွာဖြင့်အမြတ်တနိုးထားရန် ကျွန်ုပ်တို့၏အသင်းတော် များကိုပညာပေးရမည်။ Manuscript 76, 1900. EvBur 350.2
ဤအခမ်းအနားကိုအလေးမထားသည့်ပုံစံဖြင့် ကျင်းပခြင်းမပြုရဘဲ စိတ်ပါဝင်စားစွာဖြင့် အကြောင်းရင်းနှင့်ရည်ရွယ်ချက်ကို ပြည့်မီအောင်ဦးတည် ၍ကျင်းပသွားကြရမည်။ Manuscript 8, 1897. [Ev 278.1] EvBur 350.3
မင်္ဂလာနှင့်ပြည့်ဝသောအစည်းအဝေးတစ်ခု - ဤနေ့ရက်သည် ကျွန်ုပ်ဝိညာဉ် ငယ်ကလေးကို အသင်းတော်တစ်ခုအဖြစ်သို့ဖွဲ့စည်းချိန်၌ ပွဲတော်မင်္ဂလာအစီ အတွက် လန်းဆန်းခြင်းရှိသော တန်ဖိုးအရှိဆုံးအချိန်အခါဖြစ်သည်။ အဖွဲ့ (၁၃)ထဲမှအကြောင်းအရာကို ကျွန်ုပ်ပြောသောအခါ နှိမ့်ချခြင်းပွဲ၏မွန်မြတ် အစဉ်ကိုကျင်းပရန် သူတို့နှင့်ကျွန်ုပ်တွေ့ဆုံကြပါသည်။ ယောဟန်အခန်းကြီး သောအတွေးအခေါ်သည် ကျွန်ုပ်၏စိတ်ထဲ၌ခံစားမှုဖြစ်ပေါ်စေပါသည်။ ဤ လွယ်ကူသောဝတ်ပြုခြင်းသည် မတွေ့မမြင်ချီးမွမ်းရာမကောင်းသော်လည်း ထိရောက်မှုများစွာကိုပေးသော အစီအစဉ်တစ်ရပ်ဖြစ်သည်။ သူ၌ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်လာရန် ကျွန်ုပ်တို့အတွက်အပြစ်သားဖြစ်ခဲ့ ရသော ကျွန်ုပ်တို့ကယ်တင်ရှင်၏ကြေမွခဲ့သောကိုယ်ခန္ဓာနှင့် သွန်းလောင်းခဲ့ သောသွေးတော်ကို ပုံဆောင်သည့်မုန့်နှင့်စပျစ်ရည်ကိုသုံးဆောင်ခြင်းအားဖြင့် ကျွန်ုပ်ကောင်းချီးခံစားခဲ့ရသည်။ သူသည် ကျွန်ုပ်တို့၏အပြစ်ကိုသယ်ဆောင် သူဖြစ်သည်။ . [Ev 278.2] EvBur 350.4
ယနေ့အစည်းအဝေးသည် ပါဝင်သူအားလုံးအတွက် အလွန်လေးနက် သောအခမ်းအနားတစ်ခုဖြစ်သည်။ သက်သေခံခြင်းအစည်းအဝေးသည် အလွန် ကောင်းသည်။ နာမည်အခေါ်ခံရသောသူတိုင်း စိတ်ပါစွာတုံ့ပြန်ကြသည်။ ခရစ်တော်သခင်ကျွန်ုပ်တို့၏အလယ်၌ရှိကြောင်း ကျွန်ုပ်သိသည်။ ခရစ်တော် ၏ပုံပမာကို ကျွန်ုပ်တို့လိုက်လျှောက်ကြသောကြောင့် ကောင်းကင်သားများ ဝမ်းမြောက်၍ နှစ်သက်ကြပါသည်။ ဤကဲ့သို့သောအခမ်းအနားမျိုး၌ ခရစ်တော်သည် မိမိကိုယ်ကိုထူးခြားသောအခြေအနေဖြင့်ထင်ရှားစေပြီး၊ ကျွန်ုပ် တို့၏စိတ်နှလုံးကို နူးညံ့ပျော့ပျောင်းစေပါသည်။ တစ်ကိုယ်ကောင်းစိတ်များ ပျောက်ကွယ်သွားစေပြီး စိတ်နှလုံးကြေကွဲသောသူတို့၏အထဲ၌ မေတ္တာ၊ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းရရှိရန် သူ၏သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်း ပေးပါသည်။ [Ev 278.3] EvBur 351.1
အစည်းအဝေးပြီးဆုံးသောအခါ ကျွန်ုပ်တို့သည် တောထဲ၌ရှိသော ကျွန်ုပ်တို့၏တဲများသို့ ပြန်သွားကြပါသည်။ ပျော့ပျောင်းချိုမြိန်၊ သန့်ရှင်းသော သြဇာသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌လွှမ်းမိုးသွားပါသည်။ ကျွန်ုပ်၏စိတ် သည် ချိုမြိန်သောငြိမ်သက်ခြင်းနှင့်ပြည့်ဝလျက်ရှိသည်။ Manuscript 14, 1895. [Ev 278.4] EvBur 351.2