ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ပူရောဖက်ဟောပြောသောသတင်းစကားကိုတင်ဆက်ခြင်း
အသစ်သောယုံကြည်သူများရှင်းလင်းစွာနားလည်ရန် - အဆုံးသို့ရောက်လုနီး သကဲ့သို့ ကမ္ဘာသို့နောက်ဆုံးသောသတိပေးစကားပြောရမည့်အလုပ်သည်လည်း ပို၍များလာပြီး ၎င်းသည် လက်ရှိအမှန်တရားကိုလက်ခံသောသူတို့အတွက် မှုအစပြုချိန်မှ သက်သေခံချက်များ၏အခြေအနေနှင့်တန်ခိုးသြဇာကို ရှင်းလင်း တတိယကောင်းကင်တမန်သတင်းစကားနှင့်ဆက်နွှယ်ထားသည့် သူ၏ပြင်ဆင် အနားလည်ရန် ပို၍အရေးကြီးလာပါသည်။ Testimonies, vol. 5, p. 654. (1889) [Ev 255.2] EvBur 319.2
ဘုရားသခင်၏ယခုနေ့ရက်အတွက်ညွှန်ကြားချက် - ဘုရားသခင်သည် မိမိ ၏လူတို့ကို သူ၏အလိုတော်နှင့်ပတ်သက်၍သော်လည်းကောင်း၊ သူတို့ လိုက်လျှောက်ရန်အကြောင်းအရာများကိုသော်လည်းကောင်း မည်သည့်အခါမျှ ယခုအချိန်ညွှန်ကြားခြင်းထက် ယခင်အချိန်၌ညွှန်ကြားခဲ့ ခြင်းမရှိပါ။ Testimonies, vol. 5, p. 661. (1889) [Ev 255.3] EvBur 320.1
မကြာခဏလျစ်လျူရှုခြင်း - ဓမ္မအမှုဆောင်များတို့သည် အရေးကြီး သောလုပ်ငန်းကိုင်းခွဲကြီးများဖြစ်သည့် ကျန်းမာရေးပြုပြင်ပြောင်းလဲရေး ဝိညာဉ် ဆုကျေးဇူးများ၊ စနစ်တကျပေးကမ်းခြင်းနှင့်သာသနာ့လုပ်ငန်းကိုင်းခွဲကြီးများ တို့ကို မကြာခဏလျစ်လျူရှုကြပါသည်။ သူတို့၏လုပ်ဆောင်မှုအောက်၌ လူများစွာတို့သည် အမှန်တရား၏သင်္ကေတကိုလက်ခံကြသော်လည်း ကြာလာသောအခါ အများသောသူတို့သည် ဘုရားသခင်၏စမ်းသပ်ခြင်းကို မခံရပ်နိုင်ကြတော့ချေ။ ဓမ္မအမှုဆောင်သည် သူတို့၏ယုံကြည်ခြင်းအခြေခံ အုတ်မြစ်ကို မြက်ခြောက်၊ သစ်သားနှင့်ရိုးပြတ်တို့အပေါ်၌ ဆောက်တည်ပေး ခဲ့သောကြောင့် စုံစမ်းခြင်းမီးလောင်ကျွမ်းသွားကုန်သည်။ Review and Herald, Dec. 12, 1878. [Ev 256.1] EvBur 320.2
သမ္မာကျမ်းစာနေရာကိုယူရန်မဟုတ်ပါ - အီး၊ဂျီ၊ဝိုက်၏သက်သေခံချက် များကို ရှေ့တန်းမတင်သင့်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် လမ်းမလွဲ နိုင်သောစံချိန်ဖြစ်သည်။ သက်သေခံချက်များတို့သည် နှုတ်ကပတ်တော်၏ နေရာကို အစားထိုး၍မရပါ။ ဤမေးခွန်းများကို သေချာစွာတင်ပြရန် ယုံကြည် သည်နှင့် အမြဲရပ်ဆိုင်းလိုက်ရပါမည်။ မိမိတို့၏ရပ်တည်ချက်များအားလုံးကို သူအားလုံးတို့မှ သတိကြီးစွာဆောင်ရွက်သင့်ကြပြီး၊ လုံလောက်စွာပြောဆိုပြီး နှုတ်ကပတ်တော်မှထောက်ပြကာ သူတို့ပြောသောအချက်တိုင်းကို အမှန်တရား ကဲ့သို့မှန်ကန်ကြောင်း ဘုရားသခင်၏နှုတ်ကပတ်တော်ဖော်ပြချက်မှပြောဆို စေပါ။ Letter 12,1890. [Ev 256.2] EvBur 320.3
သက်သေခံချက် များတို့ သည် ကျမ်းစာရှေ့၌မထားရပါ - ဘုရားသခင်၏ နှုတ်ကပတ်တော်မှကတိတော်များကို ကျွန်ုပ်တို့ပို၍ကြည့်ခြင်းအားဖြင့် ၎င်းတို့ သည်ပို၍လင်းလာပါသည်။ ၎င်းတို့ကိုကျွန်ုပ်တို့ပို၍လိုက်လျှောက်သောအခါ၊ ၎င်းတို့ကိုပို၍နက်ရှိုင်းစွာနားလည်လာပါလိမ့်မည်။ ကျွန်ုပ်တို့၏ရပ်တည်ချက် နှင့်ယုံကြည်ခြင်းသည် ကျမ်းစာထဲ၌ရှိသည်။ ကျမ်းစာထက်သက်သေခံချက် များကို မည်သူ့ထံသို့ မည်သည့်အခါမျှယူဆောင်ခြင်းကိုအလိုမရှိစေရပါ။ Manuscript 7, 1894. [Ev 256.3] EvBur 321.1
သက်သေခံချက်များတို့ ၏ရည်ရွယ်ချက် - စိတ်နှလုံးအမှောင်ထုနှင့်ပြည့်ဝ နေသောသူအား ဘုရားသခင်၏နှုတ်ကပတ်တော်သည် အလင်းပေးရန် လုံလောက်လျက်ရှိပြီး နားလည်လိုသောဆန္ဒရှိသူတိုင်းအား နားလည်စေနိုင်ပါ သည်။ သို့ဖြစ်စေကာမူ ဤကဲ့သို့အားလုံးမဖြစ်လာပါ။ တချို့သောသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မိမိတို့၏လေ့လာရန်အဖြစ်ဝန်ခံပြီး ၎င်းတို့၏ပြတ်သားစွာသွန်သင်ချက်များတို့သည် သူတို့နှင့်တိုက်ရိုက်ဆန့်ကျင် နေကြောင်း သူတို့တွေ့ရှိရသည်။ ထိုနောက် လူတို့အနေဖြင့် ဆင်ခြင်ပေး၍ မရဘဲ ဘုရားသခင်သည်ပြတ်သား၍၊ ကောင်းသောသက်သေခံချက်များကို ပေးပြီး မိမိတို့လိုက်လျှောက်ရန်ဂရုမပြုခဲ့သော နှုတ်ကပတ်တော်ထံသို့ပြန်၍ ယူဆောင်လာပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မှန်သောနေထိုင် ခြင်းအကျင့်ဓလေ့များကိုဆောက်တည်ပေးပြီး သက်သေခံချက်များတို့သည် အထွေထွေနှင့်တစ်ဦးတည်းအတွက် သူတို့၏အာရုံကိုပို၍အထူးဤစည်းကမ်း ချက်များသို့ ပို့ဆောင်ရန်တွက်ချက်ခဲ့ပါသည်။ Testimonies, vol. 5, pp. 663, 664. (1889) [Ev 256.4] EvBur 321.2
သာ၍ကြီးသောနှင့်သာ၍ငယ်သောအလင်းများ - သမ္မာကျမ်းစာကိုအနည်းငယ် သာဂရုပြုကြသည့်အတွက် လူတို့ကိုအလင်းကြီးသို့ပို့ဆောင်ရန်အတွက် ဘုရားသခင်သည် အလင်းငယ်တစ်ခုကိုပေးပါသည်။ Colporteur Evangelist, P. 37. (1902) [Ev 257.1] EvBur 321.3
ရုပ်ပုံဖြင့် သရုပ်ဖော်ခြင်း — ပုရောဖက်ဟောသောအနာဂတ်စကားဟောပြောခြင်း- ဤအသင်းလူကြီးသည် မိမိကိုဆန့်ကျင်သူများတို့နှင့် အငြင်းပွားခြင်းမရှိပါ။ သူသည် သမ္မာကျမ်းစာကို အလွန်ရှင်းလင်းပြတ်သားစွာဟောပြောပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆန့်ကျင်သူတိုင်းတို့အား မိမိတို့၏ခြားနား မှု၌ပင် လိုက်လျှောက်လိုကြောင်းထင်ရှားသည်။ Ev 257.2] EvBur 322.1
သောကြာနေ့ညနှင့်ဥပုသ်နေ့နေ့လယ်မရောက်ခင်အချိန်၌ သူသည် ဝိညာဉ်တော်ဆုကျေးဇူးများအကြောင်းပြောခဲ့ရာ၊ ပုရောဖက်ဟောသောအနာဂတ် စကားများအပေါ် အထူးအသားပေးဟောပြောခဲ့ပါသည်။ ကြားနာရသော ပရိသတ်များအတွက် သူပြောဆိုသောအရာများတို့ကို ရှင်းလင်းစွာ၊ တန်ခိုး ပါသောဟန်အမူအရာဖြင့်ဟောပြောကြောင်း သူတို့ပြောဆိုကြပါသည်။ Letter 388, 1906. EvBur 322.2
သူ၏သင်ကြားသောအရာများအထဲ၌ အသင်းလူကြီးသည် ပုရောဖက် ဟောသောအနာဂတ်စကားသည် အမှန်တရားကိုတည်တံ့ခိုင်မြဲစေသော အရေးကြီးသည့်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သူပြသပေး သည်။ သူ၏ဟောပြောချက်များကို ပြန်လည်၍ပေါင်းစည်းလိုက်သောအခါ၊ လူထုပရိသတ်တို့အားစကားပြောရန် ကျွန်ုပ်ကိုခေါ်သည်။ Letter 400, 1906. [Ev 257.4] EvBur 322.3
အထောက်အထားကိုချိန်ဆရန်အချိန်ပေးပါ - Battle Creek ၌ကျွန်ုပ်၏ နောက်ဆုံးရူပါရုံတွင် ထိုနေရာ၌ရှိသောအသင်းတော်အဖွဲ့အစည်း၌ မဖြစ်သင့် သည့်အကြောင်းအရာတစ်ခုဖြစ်ပျက်ခဲ့ကြောင်း ကျွန်ုပ်အားပြသခဲ့သည်။ ထိုနေရာ ၌ရှိသော ဘုရားသခင်၏သားသမီးတချို့တို့သည် ရူပါရုံအပေါ်သံသယရှိခဲ့ ကြသည်။ တချို့သောသူတို့သည် ဆန့်ကျင်မှုများမပြုလုပ်ကြသော်လည်း ပြောဆိုသောအရာနှင့်ပတ်သက်ပြီး သူတို့အတွက်လက်ခံရန်ကြောက်ရွံ့ကြသည်။ တချို့သောသူတို့သည်မယုံကြပါ။ မယုံရသည့်အကြောင်းရင်းများလည်း သူတို့ ၌လုံလောက်စွာရှိသည်။ မှားသောရူပါရုံများ၊ အယူသီးသောလှုပ်ရှားမှုများနှင့် ယိုယွင်းသောအသီးအပွင့်များပေါ်လာခြင်းသည် လူတို့၏စိတ်ထဲ၌ ရူပါရုံ များ၏ဂုဏ်သိက္ခာကိုမုန်းတီးစေရန်တန်ခိုးသြဇာသည် ဟောပြောသည့်အရာ အပေါ်သက်ရောက်ပါသည်။ ဤအရာအားလုံးကိုစဉ်းစားဆင်ခြင်ရန်လိုအပ်ပြီး သတိပညာဖြင့်ဆောင်ရွက်သင့်ကြသည်။ တစ်ဦးချင်းရူပါရုံမြင်ရသောသူတို့ကို တစ်ခါမျှမတွေ့ဘူးသောသူများနှင့် ရူပါရုံ၏တန်ခိုးသြဇာကို ကိုယ်တိုင်အသိ တရားမရှိသူများတို့နှင့်အတူ စုံစမ်းခြင်း၊ သို့မဟုတ် လုပ်ဆောင်ခြင်းမပြုသင့် ပါ။ အကယ်၍ သူတို့၏ခရစ်ယာန်လမ်းကြောင်းမှန်ပြီး သူတို့သည် ကောင်းသောခရစ်ယာန်အကျင့်စာရိတ္တကိုတည်ဆောက်နိုင်ပါက ထိုအရာများ တို့သည် အသင်းတော်၏အကျိုးနှင့်အခွင့်အရေးများတို့ကို ဆုံးရှုံးခြင်းမဖြစ် စေသင့်ပါ။ [Ev 257.5] EvBur 322.4
ကျွန်ုပ်အားဖော်ပြသည်မှာ တချို့သောသူတို့သည် ပုံနှိပ်ဖြန့်ချိခြင်း ရူပါရုံကိုရရှိကြသည်။ ဤအရာမှန်သည် မမှန်သည်ကို အသီးအားဖြင့်အပင် ကိုသိရှိနိုင်ပါသည်။ တချို့သောသူတို့သည် သံသယစိတ်ရှိသောသောမတ်နှင့် တူကြသည်။ ထောက်ထားချက်များကို မိမိတို့ကိုယ်တိုင်မတွေ့ ရမချင်း၊ အခြား သူတို့၏သက်သေခံချက်အားဖြင့် အထောက်အထားရရှိခြင်းမရှိပါက ပုံနှိပ် ၍မရပါ။ သို့သော် ကြာမြင့်စွာသည်းခံခြင်းနှင့်ညီအစ်ကိုချစ်ခြင်းများတို့ကို သောသက်သေခံချက်များတို့ကိုမယုံကြပါ။ ဤကဲ့သို့သောအရာများကိုဘေးဖယ် သူတို့အား မိမိတို့၏လက်ရှိရပ်တည်မှုကိုတွေ့မြင်ရပြီး တည်မြဲခြင်း၊ သို့မဟုတ် ခြင်းမရှိဘဲ ရူပါရုံများကိုဆန့်ကျင်ခြင်း၊ အကယ်၍ သူတို့၌ဗဟုသုတမရှိသော ဆန့်ကျင်ခြင်းပြုနိုင်သည်အထိ ပြသရကြမည်။ အကယ်၍ သူတို့၌နားလည် အရာကိုဆန့်ကျင်ခြင်းနှင့်ရူပါရုံများတို့သည် စည်းဝေး၌သူတို့အားဘုရားသခင် စကားပြောသည်ဟုယုံကြည်ကြပြီး ရူပါရုံအားဖြင့်ရရှိသောညွှန်ကြားချက်များ အပေါ် ခွန်အားရရှိခြင်းကို သူတို့၏ခံစားချက်၌ ကသိကအောက်ဖြစ်စေပါက အသင်းတော်အနေဖြင့် ထိုသူတို့သည် မမှန်သောသူများဟုသိကြရပါလိမ့်မည်။ Testimonies, vol. 1, pp. 327-329. (1862). EvBur 323.1
အရွယ်ရောက်သောအဆင့်သို့ တွန်းအားပေးခြင်း - ကျွနု်ပ်အားဖော်ပြသည့် အရာတစ်ခုမှာ တချို့သောသူတို့သည် အထူးသဖြင့် ရူပါရုံများကို လူတိုင်း ၏အသက်တာအားတိုင်းတာသည့်စည်းမျဉ်းတစ်ခုအဖြစ်ထားရှိသည်။ ကျွန်ုပ် ခင်ပွန်းနှင့်ကျွန်ုပ်တစ်ခါမျှမဆည်းပူးခဲ့သောအကြောင်းအရာကိုပင် ခံယူကြသည်။ တချို့သောသူတို့သည် ကျွန်ုပ်နှင့်ကျွန်ုပ်လုပ်ငန်းကိုမသိကျွမ်းဘဲ သူတို့သည် ရူပါရုံနှင့်ပတ်သက်သည့်အရာတိုင်းကို ယုံမှားသံသယရှိကြသည်။ ဤအရာ သည် ဖြစ်တတ်သောအရာဖြစ်သောကြောင့် ဗဟုသုတအားဖြင့်သာလျှင် ကျော်လွှားအောင်မြင်နိုင်ပါလိမ့်မည်။ အကယ်၍ ရူပါရုံများနှင့်ပတ်သက်ပြီး လူတို့သည် နေသားတကျမရှိကြသေးပါက သူတို့ကိုရူပါရုံအကြောင်းများစွာ ပြောဆိုခြင်းမပြုသင့်ပါ။ ၎င်းအကြောင်းအရာကိုရှာဖွေခြင်းနှင့်ပတ်သက်ပြီး Testimony No. 8, volume 1, pp. 328, 329 တွင်တွေ့ ရပြီး သင်တို့အားလုံး ဖတ်ရှုကြမည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ ဓမ္မအမှုဆောင်များတို့သည် တချို့ သောသူတို့ကိုသနားပြီး ခြားနားချက်တစ်ခုကိုပြုလုပ်ပေးသင့်သည်။ တချို့ သောသူတို့အား မီးထဲမှထုတ်ယူပြီး ကြောက်ရွံ့ခြင်းမှကယ်နုတ်ရမည်။ ဓမ္မဆရာ များတို့သည် လူတိုင်းအား မိမိတို့နှင့်သင့်လျော်သည့်အသားကိုပေးရန်၊ တို့၏လိုအပ်ခြင်းရှိသည်အလျောက် ခြားနားသောအရာကို ခြားနားသောသူ မိမိ တို့အားပေးရမည့် အတတ်ပညာသူတို့၌ရှိသင့်သည်။ ကျွန်ုပ်နှင့်ရင်းနှီးခြင်းမရှိ သည့်လမ်းကြောင်းလျှောက်လိုက်သောသူတချို့တို့အပေါ်သတိပြုပြီး ဆီလျော် သောအရာကိုမပြုလုပ်ပေးကြပါ။ ရူပါရုံနှင့်ထိတွေ့မှုမရှိသောသူတို့သည် နှိုင်းယှဉ် ကြည့်ပါက အလင်းများစွာနှင့်ဗဟုသုတရရှိသောသူများကဲ့သို့ တစ်သမတ်တည်း ဆက်ဆံနေကြပါသည်။ တချို့သောသူတို့အား ရူပါရုံများကို သူတို့မှန်ကန် စွာမသိကြသည့်အတွက် ထောက်ခံချက်ပေးရန်လိုအပ်သည်။ ထိုနည်းတူ ရိုးသား သောသူတချို့တို့ကို သတိဝီရိယနှင့်သနားခြင်းဖြင့် တစ်ခါမျှပြောဆိုခြင်းမရှိ သည့်အတွက် ရူပါရုံများတို့နှင့် ယုံကြည်သည့်အသင်းအဖွဲ့ကိုဆန့်ကျင်သည့် ဘက်၌ ရပ်တည်ရန်တွန်းအားပေးခြင်းကိုခံရကြပါသည်။ Testimonies, vol. 1, pp. 382, 383. (1863). [Ev , 259.1]. EvBur 324.1
ဆန့် ကျင်မှုကို အောင်မြင်ခြင်း - မြော်လင့်ခြင်းဓမ္မဆရာမဟုတ်သောသူ များတို့သည် သူတို့၏ဒေါသတကြီးဖြင့်စတင်စကားပြောဆိုကြပြီး အထူးသဖြင့် မစ္စစ်ဝှိုက်ကိုဆန့်ကျင်ကြပါသည်။ သို့သော် သူတို့သည် မိမိတို့၏ကိုယ်ကို ထိခိုက်နာကျင်စေပါသည်။ သူတို့၏အိမ်ထောင်မိသားစုထဲသို့ ထာဝရ လိုအင်သက်တော်စဉ် (The Desire of Ages), ကြီးမားသောတိုက်လှန်ပွဲကြီး (The Great Controversy), ရှေးဘိုးဘေးများနှင့်ပုရောဖက်များ (Patriarchs and Prophets) နှင့် ကျွန်ုပ်တို့၏ကယ်တင်ရှင်ခရစ်တော် (Christ Our Saviour) စာအုပ်များကို ကျွန်ုပ်ပို့ဆောင်ပေးပြီး၊ ထိုဓမ္မဆရာများတို့သည် ကျွန်ုပ်ကို ဆန့်ကျင်ကြသောအခါ ကျွန်ုပ်၏ရေးသားချက်များအားဖြင့် လူတို့ကိုကျွန်ုပ် စကားပြောသွားလိမ့်မည်။ အမှန်တရားသို့ ဝိညာဉ်များပြောင်းလဲသွားလိမ့်မည် ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ယခုသူတို့အား ပညတ်တော်နှင့်သက်သေခံချက် များသို့ ကျွန်ုပ်တို့ပြန်လည်၍ပို့ဆောင်နေပါသည်။ အကယ်၍ သူတို့ပြောသော စကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင် သူတို့၌အလင်းမရှိပါ။ Letter 217, 1899. Ev 259.2] EvBur 325.1
သူတို့၏အသီးများအားဖြင့်စီရင်ခံရခြင်း - သက်သေခံချက်များသည် ၎င်းတို့ ၏အသီးများအားဖြင့် စီရင်ခြင်းခံရပါစေ။ သူတို့၏သွန်သင်မှုသည် မည်သည့် ဝိညာဉ်အားဖြင့်ဖြစ်သနည်း။ သူတို့တန်ခိုးသြဇာ၏အကျိုးသည် မည်သည့် အရာဖြစ်သနည်း။ ဤကဲ့သို့ဆန္ဒရှိသူအားလုံးတို့၌ ဤရူပါရုံများ၏အသီးများ နှင့် မိမိတို့၏ကိုယ်ကို အကျွမ်းတဝင်ပြုလုပ်နိုင်ပါသည်။ [Ev 260.1] EvBur 325.2
ဘုရားသခင်သည် မိမိ၏အသင်းတော်ကို သင်ကြားခြင်းနှင့်မသင် ကြားခြင်း၊ သူတို့၏အမှားကိုဖော်ပြခြင်းနှင့်မဖော်ပြခြင်းနှင့် သူတို့၏ယုံကြည် ခြင်းကိုခိုင်မာစေခြင်းနှင့်မခိုင်မာစေခြင်းနှစ်မျိုးစလုံးကို ပြုလုပ်နိုင်ပါသည်။ ဤအလုပ်သည် ဘုရားသခင်၏အလုပ်၊ သို့မဟုတ် သူ၏အလုပ်လည်း မဟုတ်ပါ။ ဘုရားသခင်သည် မာရ်နတ်နှင့်အတူလက်တွဲ၍အလုပ်မလုပ်ပါ။ ကျွန်ုပ်၏အလုပ်သည် ဘုရားသခင်၏တံဆိပ်ပါနိုင်သည်၊ သို့မဟုတ် မာရ်နတ် ၏တံဆိပ်လည်းပါနိုင်သည်။ ကိစ္စများအထဲ၌ တစ်ဝက်ခရီးမရှိပါ။ သက်သေခံ ချက်များတို့သည် ဘုရားသခင်၏ဝိညာဉ်ဖြစ်နိုင်သည်၊ သို့မဟုတ် မာရ်နတ်၏ ဝိညာဉ်လည်းဖြစ်နိုင်သည်။ Testimonies, vol. 5, p. 671. (1889) [Ev 260.2] EvBur 325.3
သက်သေခံချက်များအားဖြင့် ဘုရားသခင်စကားပြောသည် - ကျွန်ုပ်တို့သည် ပုရောဖက်ဟောပြောသောစကားများ၏လမ်းညွှန်ရာသို့ လိုက်လျှောက်ကြရ မည်။ ဤအချိန်အခါ၌ ကျွန်ုပ်တို့သည် အမှန်တရားကိုမြတ်နိုး၍ လိုက်လျှောက် ကြရမည်။ ပြင်းထန်သောလှည့်ဖြားခြင်းနောက်သို့ ကျွန်ုပ်တို့လိုက်ပါသွားခြင်း မရှိစေရန် ကျွန်ုပ်တို့ကိုကယ်မလိမ့်မည်။ ဘုရားသခင်သည် မိမိ၏နှုတ်ကပတ် တော်အားဖြင့် ကျွန်ုပ်တို့ကိုစကားပြောနေသည်။ သူသည် ကျွန်ုပ်တို့အား အသင်းတော်၏သက်သေခံချက်များအားဖြင့်နှင့် အခြားစာအုပ်များအားဖြင့် စကားပြောနေပြီး လက်ရှိကျွန်ုပ်တို့တာဝန်နှင့် ယခုကျွန်ုပ်တို့ရရှိထားသင့်သော အသက်တာအခြေအနေကို ရှင်းလင်းစွာဖော်ပြရန် ကူညီမစစေပါသည်။ Testimonies, vol. 8, p. 298. (1904) [Ev 260.3] EvBur 326.1