ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
သေခြင်းတရားအကြောင်းဟောပြောခြင်း
ငြင်းဆိုဖွယ်ရာအကြောင်းအရာများဟောပြောခြင်း၌နှောင့်နှေးခြင်း - လူတို့၏ အတွေးအခေါ်ဓလေ့ထုံးစံနှင့်တိုက်ရိုက်ဆန့်ကျင်သည့် ကျွန်ုပ်တို့၏အမှန်တရား တစ်ခုကိုဟောပြောသောအခါ ကြီးမားသောပညာကိုအသုံးပြုသင့်သည်။ ရှင်ပေါလု၏ဓလေ့သည် ယုဒလူမျိုးများအတွက် အနာဂတ်စကားအပေါ်အခြေခံ ပြီး တစ်ဆင့်ပြီးတစ်ဆင့်သူတို့ကိုရှင်းပြကာ နောက်ဆုံး၌ခရစ်တော်သည် စစ်မှန် သောမေရှိယဖြစ်ကြောင်းပြောပြပါသည်။ [Ev 246.2] EvBur 306.2
ကျွန်ုပ်တို့၏ဓမ္မအမှုဆောင်များတို့သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ထဲမှ ငြင်းဆိုဖွယ်ရာအကောင်းဆုံးအကြောင်းအရာများကို ဆောလျင်စွာဦးစားပေး ပြီးဟောပြောကြကြောင်း ကျွန်ုပ်ပြသခြင်းခံခဲ့ရပါသည်။ ဥပုသ်နေ့နှင့်သေခြင်း တရားမေးခွန်းများနှင့်မကြုံတွေ့ ရမီ လူတို့၏ခံယူချက်နှင့်တိုက်ရိုက်မသက်ဆိုင် သည့် တစ်ရက်ပြီးတစ်ရက်၊ တစ်ပတ်တိုင်ဟောပြောနိုင်သော ကျွန်ုပ်တို့၏ အမှန်တရားများရှိပါသည်။ လူတို့သည် သင်တို့အား သမ္မာကျမ်းစာကိုရှင်းလင်း စွာနားလည်သူများ၊ တန်ခိုးအရှိန်အဝါဖြင့်ဆွေးနွေးတတ်သူများဟု သူတို့ထင် ကြသောအခါ သင်တို့အပေါ်ယုံကြည်စိတ်ချမှုရှိလာကြမည်ဖြစ်သည်။ သင်တို့ အပေါ်သူတို့၏ယုံကြည်စိတ်ချမှုရရှိလာသောအခါ ထင်ရှားစွာဖြင့် ဥပုသ်နေ့ နှင့်သေခြင်းတရားအကြောင်းမေးခွန်းများကို သင်တင်ပြပြောဆိုရပါမည်။ [Ev 246.3] EvBur 307.1
အမှုဆောင်များတို့သည် ပို၍ဂရုစိုက်ခြင်း၊ ပို၍ယုံကြည်ခြင်းနှင့် သင့်လျော်သောပညာဖြင့် အနာဂတ်ဟောပြောသောစကားများမှ အရေးကြီး သည့်အဖြစ်အပျက်များကို တစ်ဆင့်ပြီးတစ်ဆင့်ရှင်းပြကာ ခရစ်တော်၏သွန်သင် ချက်နှင့်သက်ဆိုင်သည့် လက်တွေ့ ဘာသာရပ်များအပေါ် ပြောဆိုရမည်ဖြစ် သော်လည်း မလိမ္မာသောသူတို့သည် ငြင်းဆိုဖွယ်ရာအကြောင်းအရာများကို ဦးစွာပြောဆိုကြသောကြောင့် လူတို့သည် နားထောင်လိုစိတ်မရှိကြပါ။ Letter 48, 1886. [Ev 246.4] EvBur 307.2
ကြီးမားသောလှည့်စားခြင်းအထဲမှလှည့်စားခြင်းတစ်ခု - ယခုမှားယွင်းသည့် အယူအဆအမျိုးမျိုးပေါ်ပေါက်လာနေသည်။ ဘုရားသခင်၏နှုတ်ကပတ်မှ စစ်မှန်သောအမှန်တရားများသည် လူတို့၏အယူအဆများစွာတို့ဖြင့် ဖုံးကွယ် လျက်ရှိသည်။ လုံးလုံးမှားယွင်းမှုများကို အမှန်တရားကဲ့သို့ လူအားလုံးဝန်ခံ ကြသည်။ ရိုးသားသောစစ်မှန်သည့်ဘုရားဝတ်၌မွေ့လျော်ခြင်းသည် ရှေးဓလေ့ ထုံးစံအောက်၌ မြှုပ်နှံခြင်းခံနေရသည်။ [Ev 247.1] EvBur 307.3
ဝိည၏သဘာဝအရ အမြဲတည်ရှိခြင်း၏အယူဝါဒသည် ရန်သူ မာရ်နတ်မှ လူတို့ကိုလှည့်ဖြားသောအမှားတစ်ခုဖြစ်သည်။ ဤအမှားသည် တစ်ကမ္ဘာလုံးပျံ့နှံ့လျက်ရှိသည်။ . [Ev 247.2] EvBur 308.1
ဤလိမ်လည်ခြင်းသည် ရန်သူ၏တရားဇရပ်ထဲသို့ ဝင်ရောက်လာ သောအရာတစ်ခုဖြစ်ပြီး ဗာဗုလုန်၏အဆိပ်ပြင်းသောမူကြမ်းတစ်ခုဖြစ်သည်။ “လူမျိုးအပေါင်းတို့သည် သူ၏မတရားသောမေထုန်၏အဆိပ်အတောက်တည်း ဟူသော စပျစ်ရည်ကိုသောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကိုသူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟုပြောဆို၏။ အခြားသောကောင်းကင် အသံကား ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်းကောင်း၊ အထဲကထွက်ကြလော့” Review and Herald, March 16, 1997. [Ev 247.3] EvBur 308.2
ယေရှုအားဖြင့် အသက်တာကို လေးနက်စပါ — ဝိညာဉ်သေနိုင်သည့်မေးခွန်း ကိုဖြေကြားရာ၌ ဤအကြောင်းအရာကို လေးနက်စွာပြင်းထန်သောငြင်းခုံမှ ဖြင့်အစပြုခဲ့သော် အမှန်တရားကိုလူတို့ဆက်လက်လေ့လာရန် တံခါးပိတ်သွား မည်ဖြစ်သောကြောင့် လိမ္မာပါးနပ်စွာဖြင့်ပြောဆိုရန် အထူးသတိပြုကြရပါမည်။ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှာ၊ သူ၏ [Ev 247.4] EvBur 308.3
ခြင်း၏အကြောင်းရင်းတစ်ခုကို တင်ပြရန်ရှိသည့်တိုင် ကြီးမားသောဉာဏ်ပညာ လူတို့၏နှလုံးသားများနှင့်ဆက်ဆံရာတွင် ကျွန်ုပ်တို့အထဲ၌ မျှော်လင့် လိုအပ်သည်။ ကျွန်ုပ်တို့အကျိုးအကြောင်းဖြင့်တင်ပြရမည့်မျှော်လင့်ခြင်းသည် မည်သည့်အရာနည်း။ ယေရှုခရစ်တော်အားဖြင့် ထာဝရအသက်၏မျှော်လင့် ခြင်းဖြစ်ပါသည်။ သင်သည် အထူးသောအတွေးအခေါ်နှင့်အယူဝါဒများအပေါ် ပို၍များစွာဂရုစိုက်သော်လည်း မယုံကြည်သူတို့၏စိတ်နှလုံးသည် ပျော့ပျောင်း ခြင်းမရှိပါ။ သူ့ကိုကြိုးစားတိုက်တွန်းခြင်းသည် အေးစက်နေသောသံကိုရိုက်ထု ခြင်းနှင့်တူသည်။--- EvBur 308.4
ထိုကျွန်ုပ်တို့သည် မည်သည့်အချိန်၌စကားပြောရမည်နှင့် မည်သည့် အချိန်၌တိတ်ဆိတ်စွာနေရမည်ကိုသိရှိရန် အမြဲပညာလိုလျက်ရှိသည်။ သို့သော် ထာဝရအသက်၏မျှော်လင့်ခြင်းအကြောင်းပြောဆိုရာ၌ အမြဲအပြည့်အဝလုံခြုံ မှုရှိသည်။ ထိုနောက် ယေရှု၏မေတ္တာဖြင့် စိတ်နှလုံးအရည်ပျော်ပြီး ပျော့ပျောင်း သွားသောအခါ “ကိုယ်တော်၊ ကျွန်ုပ်ကယ်တင်ခြင်းရရန်ဘာလုပ်ရမည်နည်း” ဟုစုံစမ်းမေးမြန်းလာလိမ့်မည်။ Letter 12, 1890. [Ev 248.1] EvBur 309.1
ခိုင်မာသောအမှန်တရားများကို ဟောပြောရာ၌လိုအပ်သည့်ပညာ - ကြိုးစားမှုမရှိ သောနယ်မြေများ၌ သတ္တမနေ့ဥပုသ်ကြောင့် ယေဘုယျအားဖြင့် အသင်းတော် ၏တိုးတက်မှုသည် နှေးကွေးလျက်ရှိသည်။ အမှန်တရားကိုလက်ခံသောသူ တိုင်းအတွက် ပြင်းထန်သောခက်ခဲမှုသည် သူတို့၏ရှေ့၌ရပ်တည်လျက်ရှိ သည်။ [Ev 248.2] EvBur 309.2
ဝိညာဉ်သေနိုင်ခြင်းနှင့် ခရစ်တော်ကိုယ်တိုင်ကိုယ်ကျ မကြာမီမိုးတိမ် နှင့်တကွ ဤကမ္ဘာသို့ကြွလာမည့်အကြောင်းနှင့်ပတ်သက်သည့် အမှန်တရား များရှိသည်။ သို့သော် ဤအကြောင်းအရာများတို့သည် ဥပုသ်နေ့အကြောင်း ကဲ့သို့ငြင်းခုံဖွယ်ရာမရှိပါ။ တချို့သောသူတို့သည် ရိုးသားစွာဖြင့် အမှန် တရားကိုလက်ခံရခြင်းမှာ ၎င်းသည် ကျမ်းစာမှအမှန်တရားဖြစ်ပြီး ဘုရားသခင် ၏ပညတ်တော်ကိုလိုက်လျှောက်ခြင်းအသက်တာ၌ လျှောက်လှမ်းရန်သူတို့ နှစ်သက်သောကြောင့်ဖြစ်သည်။ ဤငြင်းခုံဖွယ်ကျွန်ုပ်တို့ယုံကြည်ခြင်း၏ အကြောင်းအရာများသည် ထူးခြားသောသူများဖြစ်ရန်၊ ကမ္ဘာနှင့်ခြားနားပြီး ခွဲခြား၍နေထိုင်ရန်ဆန္ဒမရှိသူများတို့၏လမ်းကို ပိတ်ဆို့ထားပေလိမ့်မည်။ ထိုကြောင့် အမှန်တရားကို လူတို့ရှေ့၌မည်ကဲ့သို့တင်ဆက်ဟောပြောရမည့် ကြီးမားသောဉာဏ်ပညာကို ကျွန်ုပ်တို့ရယူရန်လိုပါသည်။ အဆုံး၏ရှင်းလင်း စွာတွေ့မြင်ရမည့်အောင်မြင်ခြင်းကို သာသနာ့တရားပွဲ၏အစဦးဆုံးဆောင်ရွက် ပုံအပေါ်မူတည်သည်။ အကယ်၍ စီမံကိန်းများနှင့်နည်းစနစ်များ တစ်မူထူးခြား မှုရှိပါက အကယ်၍ငွေကြေးပို၍သုံးစွဲရန်လိုအပ်သည့်တိုင် အောင်မြင်ခြင်းပို၍ များစွာရရှိပေလိမ့်မည်။ Letter 14, 1887. [Ev 248.3] EvBur 309.3
တိုက်ခိုက်ရန်လက်နက်ကိုဖယ်ရှားပစ်ခြင်း - တချို့သောအမှုဆောင်များ တို့သည် ခရစ်တော်မပါရှိသည့် သေတတ်သောဝိညာဉ်အပေါ် ကျွန်ုပ်တို့၏ အမြင်ကိုဆန့်ကျင်ကြသည့် မယုံကြည်သူများတို့နှင့်တွေ့ဆုံကြသောအခါ ၎င်းအကြောင်းအရာကိုပြောဆိုရန် ဆန္ဒပြင်းပြကြသည်။ ဤကဲ့သို့ပြုလုပ်ကြ ပါက ကြားနာရမည့်သူများ မည်သို့မျှလက်ခံ၍မရဘဲ ကျွန်ုပ်တို့အပေါ်သူတို့ ၏အမြင်မှားခြင်းသည် ပို၍များလာပြီး၊ ကျွန်ုပ်တို့ကိုပို၍ဆန့်ကျင်ကြမည်ဖြစ် သည်။ ကောင်းမွန်လိမ္မာစွာဖြင့် အမှုဆောင်တစ်ဦး၏ဆောင်ရွက်ခြင်းဖြင့် လူတို့အားကောင်းသောခံစားချက်များကိုရရှိစေခဲ့ခြင်းတို့ကိုပင် ပျောက်သွားစေ ပါသည်။ ကြားနာရသူများတို့သည် မိမိတို့၏မယုံကြည်မှု၌သာ တည်မြဲစေ ပါလိမ့်မည်။ တိုက်ခိုက်လိုသောလက်နက်ကိုအသုံးပြုခြင်းဖြင့် စိတ်နှလုံးများ ကိုဆွဲဆောင်၍မရပါ။ မာကျောသောအသားကိုကျွေးမွေးခြင်းအားဖြင့် ဝိညာဉ် များကိုမရရှိနိုင်ဘဲ ယခင်ကထက်ပို၍ဝေးကွာစေမည်ဖြစ်သည်။ [Ev 248.4] EvBur 310.1
တိုက်ခိုက်လိုသောလက်နက်၊ ငြင်းခုံလိုသောစိတ်ဓာတ်များကို ဖယ်ရှားပစ်ကြရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်တူပါက လူတို့ကိုမိမိတို့ရှိရာအရပ်၌ ကျွန်ုပ်တို့ခေါ်ဆောင်ကြရလိမ့်မည်။ Manuscript 104, 1898. [Ev 249.1] EvBur 310.2
အရေးပါသောအရာကိုမှန်ကန်စွာနားလည်ခြင်း - “နှုတ်ကပတ်တော်ဘာပြေ သလဲ” ဟူသောမေးခွန်းနှင့်ပတ်သက်သည့် သေခြင်းတရားအကြောင်းကို မည်သည့်အရာကိုမျှမသိ၊ သူ၏ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်းပျောက် ကျွန်ုပ်တို့မှန်ကန်စွာနားလည်ရန် ယခုအချိန်၌လိုအပ်သည်။ သေသောသူသည် ပျက်၏ဟု ဘုရားသခင်၏နှုတ်ကပတ်တော်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့ ၏တန်ခိုးအာဏာအတွက် ကျွန်ုပ်တို့သည် စိတ်ချရသောနှုတ်ကပတ်တော်ကို အသုံးပြုကြရမည်။ အကယ်၍ ကျွန်ုပ်တို့သည် နှုတ်ကပတ်တော်ကိုကောင်းမွန် စွာနားလည်ခြင်းမရှိပါက ကျွန်ုပ်တို့ကမ္ဘာသို့ မာရ်နတ်၏အံ့သြဖွယ်ရာတန်ခိုး များကိုဖော်ပြသောအခါ ဘုရားသခင်အလုပ်လုပ်နေသည်ဟုထင်ကာ သူ၏ လှည့်ဖြားခြင်းကိုခံရလိမ့်မည်။ အကယ်၍ဖြစ်နိုင်ပါက ရွေးချယ်ခြင်းခံရသော သူများကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလိမ့်မည်ဟု နှုတ်ကပတ်တော်မှ ဖော်ပြထားပါသည်။ အကယ်၍ကျွန်ုပ်တို့သည် အမှန်တရားထဲ၌စွဲမြဲစွာတည်ရှိ နေခြင်းမရှိပါက မာရ်နတ်၏လှည့်ဖြားခြင်းထောင်ချောက်ထဲသို့ မျောပါသွား ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏သမ္မာကျမ်းစာကို ဖက်ယမ်းလျက်စွဲမြဲစွာမှီခို ကြရမည်။ အကယ်၍ မာရ်နတ်သည် သင့်အားကျမ်းစာရေးသားချက်အားလုံး သည် မှန်ကန်ခြင်းမရှိဟု ယုံကြည်စေခဲ့ပါက သင့်အားသွေးဆောင်ရန်ပြင်ဆင် ပေးနေပြီးဖြစ်သည်။ အရေးကြီးသောအချိန်၌ အမှန်တရားသည် မည်သည့် အရာဖြစ်သည်ကို ကျွန်ုပ်တို့သိရှိရန်လိုသည်။ မသိရှိကြပါက ကျွန်ုပ်တို့၌ အာမခံချက်နှင့်စိတ်ချဖွယ်ရာရှိမည်မဟုတ်ပါ။ Review and Herald, Dec. 18, 1888. [Ev 249.2] EvBur 310.3