ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း

7/163

လျင်မြန်စွာလုပ်ဆောင်ရမည့်အလုပ်တစ်ခုအတွက်ခေါ်ခြင်း

အချိန်တိုတောင်းလှသည် - ကျွန်ုပ်တို့၏လူတို့အား ယခုအချိန်၌ပြော ရမည့်သတင်းစကားမှာ အချိန်တိုတောင်းလှသည့်အတွက် မဆိုင်းမတွဘဲ မြို့ကြီးများတို့၌ အမှုထမ်းဆောင်ကြပါ။ လွန်ခဲ့သောနှစ်ပေါင်း (၂၀) ထက်မက ဤလုပ်ငန်းကိုကျွန်ုပ်တို့အား ဘုရားရှင်ပေးအပ်ထားခဲ့ပြီးဖြစ်သည်။ နေရာ အနည်းငယ်၌ အနည်းငယ်မျှသာကျွန်ုပ်တို့ဆောင်ရွက်ခဲ့ကြပြီး များစွာလုပ်ဆောင် ရန်ရှိနေသေးပါသည်။ Letter 168, 1909. [Ev , 33.3]. EvBur 25.2

သင်၏ယုံကြည်ခြင်းအဘယ်မှာနည်း - သတိမပေးရသေးသောမြို့ကြီးများ စွာအကြောင်းကို ကျွန်ုပ်စဉ်းစားသောအခါ၊ ကျွန်ုပ်နေမထိထိုင်မသာဖြစ်နေပါ သည်။ ဤကဲ့သို့နှစ်ပေါင်းများစွာလျစ်လျူရှုခဲ့ခြင်းအတွက် စိတ်မချမ်းသာ စရာဖြစ်ပါသည်။ လူအများအတွက် နှစ်ပေါင်းများစွာကပင် အမေရိကန်ရှိ မြို့ကြီးများ၊ တောင်ပိုင်းမှမြို့ကြီးများအပါအဝင် သတင်းစကားဖြန့်ချိရန် အထူး သတိပြုရမည့်နေရာများအဖြစ် ကျွန်ုပ်တို့ရှေ့ မှောက်၌ထားရှိခဲ့ပါသည်။ ဤမြို့ ကြီးများအတွင်း လူအနည်းစုသာလျှင် တာဝန်ယူလုပ်ဆောင်ကြပါသည်။ သို့သော် ကြီးမားသောလိုအပ်ချက်များနှင့် များစွာသောအခွင့်အရေးနှင့်နှိုင်းယှဉ် ကြည့်ပါက၊ အနည်းငယ်မျှသာဆောင်ရွက်ခဲ့ကြပါသည်။ ညီအစ်ကိုတို့၊ သင်တို့ ၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း။ လုပ်ဆောင်မည့်သူများအဘယ်မှာရှိ သနည်း။ Ev, 33.4]. EvBur 26.1

ဆိုင်ကာ ဤသာသနာ့လယ်ပြင်များအားလုံးသို့ သာသနာ့ဝန်ထမ်းများကိုစေလွှတ် ရန်စီစဉ်ခြင်းနှင့် စိတ်ပါကိုယ်ပါပံ့ပိုးရန်လိုအပ်ခြင်းရှိသင့်ပြီမဟုတ်ပါလား။ ဘုရားရှင်၏ဓမ္မအမှုဆောင်များကို ဤကဲ့သို့လူနေထူထပ်သောနေရာများသို့ စေလွှတ်၍၊ လူထုကြီးအား သတိပေးစကားကြွေးကြော်စေရန် ပြုသင့်ကြပြီ မဟုတ်ပါလား။ ဤကဲ့သို့သောအချိန်မျိုးတွင် လူတိုင်းပါဝင်ဆောင်ရွက် ကြရမည်။ Review and Herald, Nov. 25, 1909. [Ev , 34.1]. EvBur 26.2

သတိမပေးရသေးသောလူထုများ - နယူးရော့မြို့နှင့်အခြားသောမြို့ကြီးများ အထဲတွင် သတိမပေးရသေးသောလူထုကြီးများရှိသည်။ ဤလုပ်ငန်းကို အရေးတကြီးစီစဉ်လုပ်ဆောင်ကြရမည်။ ကျွန်ုပ်တို့၏စိတ်ဝင်စားမှုများ၊ အတွေး အခေါ်များတို့ကိုချန်ထားပြီး နှုတ်ကပတ်အမှန်တရားကိုဟောပြောကြရမည်။ ဆက်ကပ်၍စွမ်းရည်ရှိသူများကို ဤမြို့ကြီးများသို့စေလွှတ်၍ လုပ်ငန်းကိုစတင် လုပ်ဆောင်ကြရမည်။ Manuscript 25, 1910. Ev, 34.2]. EvBur 26.3

ကင်းစောင့်များကိုနိုးရမည့်အချိန် - မြို့ကြီးများတို့၌အလုပ်လုပ်ရမည်။ မြို့ကြီးများဖြစ်သည့် နယူးရော့၊ ဘော့စတန်၊ ပေါ့လန်၊ ဖေလဒဲဖီးယား၊ ဘတ်ဖလို၊ ရှီခါးကို၊ စိန့်လူးဝစ်၊ နယူးအော်လင်းနှင့်အခြားမြို့ကြီးများတို့၌ အလုပ်ကိုတာဝန်ယူလုပ်ဆောင်ရန် ငွေကြေးလိုအပ်ပါသည်။ တချို့သောဤ နေရာများ၌ လွန်ခဲ့သည့် ၁၈၄၂ ခုနှစ်မှ ၁၈၄၄ ခုနှစ်အတွင်း ဟောပြော ခဲ့သောသတင်းစကားကြောင့် လူတို့၌ကြီးစွာသောလှုပ်ရှားမှုဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းနှစ်များတို့တွင် လွန်ခဲ့သည့်ယခင်အောင်မြင်မှုများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်သာလုပ်ဆောင်ပြီး တိုးတက်သင့်သလောက်တိုးတက်မှုမရှိတော့ပါ။ ၎င်းနောက် ကျွန်ုပ်တို့၏လူများကို မြို့ကြီးများထဲ၌အလုပ်လုပ်လိုသော အထူး စိတ်ဆန္ဒဖြစ်ပေါ်ခံစားလိုစိတ်အတွက် နှိုးဆော်ရန်ခက်ခဲပုံပေါ်ပါသည်။ [Ev , 34.3). EvBur 26.4

နှစ်ပေါင်းများစွာအတွင်း သတင်းစကားကြားသိခဲ့ကြသောညီအစ်ကို များကို ကျွန်ုပ်တောင်းဆိုလိုပါသည်။ ကင်းစောင့်များကိုနိုးရန်အချိန်တန်ပြီ၊ ကျွန်ုပ်တို့အား ဘုရားရှင်ပေးသောသတင်းစကားကိုဝေငှရန် ကျွန်ုပ်တို့၏ခွန်အား ရှိသမျှကို အသုံးပြုလျက်ရှိသည်။ မြို့ကြီးများ၏လိုအပ်သည့် လုပ်ဆောင်ရန် တာဝန်များသည် ကျွန်ုပ်အပေါ်သို့ကြီးလေးစွာကျရောက်နေသောကြောင့် တစ်ခါတစ်ရံ ကျွန်ုပ်၌သေသင့်သည်အထိခံစားရပါသည်။ ဘုရားသခင်၏အလို တော်နှင့်အညီ ဤလုပ်ငန်းကိုဆောင်ရွက်နိုင်မည့်နည်းလမ်းကို နားလည်ရန် အတွက် ကျွန်ုပ်၏ညီအစ်ကိုများအား ဉာဏ်ပညာကိုဘုရားရှင်ချပေးတော်မူ ပါစေ။ Manuscript 13, 1910. [Ev , 34.4]. EvBur 27.1

သန်းပေါင်းများစွာသတင်းစကားကြားရန်ရှိ - မြို့ကြီးများတွင်အလုပ်လုပ်ရ မည်။ လူနေထူထပ်သောနေရာ၌နေထိုင်ကြသည့် သန်းပေါင်းများစွာသောလူထု ပရိသတ်များတို့သည် တတိယကောင်းကင်တမန်သတင်းစကားကိုသိရန် ဟောပြောရမည်။ လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ဤလုပ်ငန်းကိုလျင်မြန် စွာအကောင်အထည်ဖော်ကာ လုပ်ဆောင်သင့်ခဲ့ပါသည်။ Review and Herald, July 5, 1906. [Ev , 35.1]. EvBur 27.2