ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
ပုံပြင်များ၊ ပုံတိုပတ်စများ၊ နောက်ပြောင်ခြင်းနှင့်ပြက်လုံးထုတ်ခြင်း
ခရစ်တော်အတွက်သံတမန်တစ်ဦး - ဘုရားသခင်နှင့်အတူအမှုထမ်းဆောင် သော ဧဝံဂေလိဓမ္မအမှုဆောင်တစ်ဦးသည် ခရစ်တော်၏ကျောင်း၌ နေ့စဉ် သင်ယူလိမ့်မည်။ ပေါ့ဆ၍အရေးမကြီးသောစကားများကို သူ၏နှုတ်၌မကြား ရပါ။ သူသည် ခရစ်တော်အတွက်သံတမန်တစ်ဦး၊ ပျက်စီးနေသောဝိညာဉ် များအတွက် ဘုရားသခင်၏သတင်းစကားကိုသယ်ဆောင်နေသောသူတစ်ဦး မဟုတ်ပါသလား။ နောက်ပြောင်ခြင်းနှင့်ပြက်လုံးထုတ်ခြင်းအားလုံး၊ ပေါ့ဆ၍ အရေးမကြီးသောစကားအားလုံးတို့သည် ခရစ်တော်၏ကပ်တိုင်ကိုသယ်ဆောင် သောတပည့်တော်အတွက် နာကျင်ဖွယ်ရာဖြစ်သည်။ သူသည် ဝိညာဉ်များ အတွက် သူခံစားနေရသောဝန်ထုပ်အားဖြင့် ဖိစီးခြင်းခံနေရသည်။ သူ၏စိတ် သည် ဆုတောင်းခြင်းအားဖြင့် အမြဲဘုရားသခင်ထံ သူ၏ကျေးဇူးတော် ဆုကျေးဇူးရရှိရန်အတွက်နှင့် သစ္စာရှိသောဘဏ္ဍာစိုးတစ်ဦးဖြစ်ရန်အတွက် တောင်းခံရန်ဆွဲဆောင်ခြင်းခံနေရသည်။ သူသည် ဖြူစင်သန့်ရှင်းသောအသက်တာ ရရှိရန်နှင့် မာရ်နတ်၏သွေးဆောင်ခြင်းနောက်သို့ လိုက်ပါသွားခြင်းမရှိစေရန် ဆုတောင်းလျက်ရှိပါသည်။ [Ev 206.4] EvBur 251.3
သူသည်ဤအမိန့်ကိုနာခံသည်။ “သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့။” သူ၏သခင်နှင့်နီးကပ်စွာနေခြင်းဖြင့် လူတို့အား ဟောပြောရန်အတွက် ခရစ်တော်ထံမှစကားများကိုသူရရှိသည်။ ခရစ်တော် မြှောက်တင်သကဲ့သို့မြှောက်တင်ခြင်း၊ ခရစ်တော်ချစ်သကဲ့သို့ချစ်ခြင်း၊ ခရစ်တော် လုပ်သကဲ့သို့လုပ်ဆောင်ခြင်းဟူသောကောင်းမှုကိုပြုရန်သူသွားသည်။ သူသည် မိမိခွန်အားရှိသမျှဖြင့် ကိုယ်တိုင်တိုးတက်မှုအတွက်ရုန်းကန်ပြီး ဆုံးမသွန်သင် ခြင်းနှင့်ပုံသက်သေအားဖြင့် လူများတို့အားပို၍ဖြူစင်သော၊ ပို၍မြင့်မားသော၊ ပို၍မြင့်မြတ်သောအသက်တာသို့ ပို့ဆောင်နိုင်ရန်ဖြစ်သည်။ Review and Herald, Jan. 21, 1902. [Ev 207.1] EvBur 252.1
လေးနက်သောစိတ်စွဲလမ်းခြင်းကိုချန်ထားပါ - ဓမ္မအမှုဆောင်များတို့သည် လူတို့၏အယူအဆများကိုဟောပြောခြင်းမပြုရန်၊ ပုံတိုပတ်စများကိုပြောဆိုခြင်း မပြုရန်၊ ပွဲလမ်းသဘင်ဆန်သောအရာများကိုပြုလုပ်ပြီး မိမိကိုယ်ကိုအမွှမ်းတင် ခြင်းမပြုရန်ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့်ယေရှုခရစ်တော်၏ထံတော်ပါး၌ ရှိနေသကဲ့သို့ နှုတ်ကပတ်တော်ကိုဟောပြောရမည်။ သူတို့သည် သာသနာ လုပ်ငန်း၌ ပေါ့ပြက်သောလုပ်ဆောင်ခြင်းကိုမပြုကြဘဲ သူတို့သည် နှုတ်ကပတ် တော်ကိုကြားနာရသောသူများအတွက် လေးနက်သောစိတ်စွဲလမ်းခြင်းကို ဟောပြော၍ချန်ထားစေပါ။ Review and Herald, Sept. 28, 1897. [Ev 207.2] EvBur 252.2
အမှန်တရား၏စာရိတ္တ ဖြင့် ဧည့်သည် များအပေါ် ဩဇာသက် ရောက် စေပါ - ဘုရားသခင်သည် မိမိ၏အမှုတော်အစိတ်အပိုင်းအားလုံးကို စနစ်တကျစီမံ ကွပ်ကဲပြီး ကောင်းသောအနေအထားသို့ရောက်ရှိကာ . တက်ရောက်သော ဧည့်သည်များ၊ ပုံမှန်တက်ရောက်သူများအားလုံးအတွက်ပါ အမှန်တရား၏ စာရိတ္တဖြင့်တိုးတက်ခြင်း၊ မြင့်မြတ်ခြင်းနှင့် ၎င်း၏တန်ခိုးသည် စိတ်နှလုံးကို ဆေးကြောစေနိုင်ခြင်းသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။ [Ev 207.3] EvBur 253.1
သူ၏ပြုပြင်မှု၌ဘုရားသခင်သည် ကျွန်ုပ်တို့၏စည်းဝေးများနှင့်အသင်း တော်အစီအစဉ်များသို့ လူတို့တက်ရောက်ကြရန် သူတို့၏စိတ်နှလုံးကို နှိုးဆော်လျက်ရှိသည်။ သိလိုသောစိတ်ဖြင့် တချို့လာကြပြီး၊ ဝေဖန်ခြင်းပြုရန်၊ သို့မဟုတ် ပြောင်လှောင်ရန်လာသောသူများတချို့ရှိကြပါသည်။ မကြာခဏ သူတို့သည် မိမိတို့၏အပြစ်ကိုတွေ့မြင်ကြသည်။ မေတ္တာစိတ်ဖြင့်ပြောဆိုသော စကားသည် သူတို့အတွက်မေ့ပျောက်၍မရအောင် အမြဲစိတ်ထဲ၌စွဲလမ်းခြင်းကို ပေးသည်။ ထိုကြောင့် ဤအစည်းအဝေးများကို သတိကြီးစွာဖြင့်ကျင်းပရန် လိုအပ်ပါသည်။ ပြောဆိုသောစကား၌တန်ခိုးပါရှိပြီး သန့်ရှင်းသောဝိညာဉ် တော်မှ လူတို့၏စိတ်ထဲ၌သြဇာသက်ရောက်မှုရှိစေရမည်။ ဘုရားသခင်၏ ဝိညာဉ်တော်ထိန်းချုပ်ခြင်းခံရသောတရားဟောဆရာ၌ သန့်ရှင်းသောဂုဏ်သိက္ခာ ရှိပြီး သူ၏စကားသည် အသက်မှအသက်သို့ပို့ဆောင်နိုင်သည့်တန်ခိုးပါရှိ သည်။ ပြောဆိုသောစကားထဲ၌ မသင့်လျော်သည့်သရုပ်ဆောင်ဖော်ပြချက် များ၊ ပုံတိုပတ်စများမပါရှိပါစေနှင့်။ ကြားနာရသူတို့၏အကျင့်စာရိတ္တတိုးတက် ကောင်းမွန်ရေးအတွက်သို့ ပို့ဆောင်နိုင်သည့်စကားကိုသာပြောဆိုစေပါ။ Letter 19, 1901. [Ev 207.4] EvBur 253.2
ခရစ်တော်အသုံးပြုသောရုပ်ပုံများဖြင့်သရုပ်ဖော်ခြင်း - ခရစ်တော်၏ကရုဏာ သတင်းစကားသည် မိမိ၏ပရိသတ်များတို့နှင့်သင့်လျော်ရန် အမျိုးမျိုးရှိသည်။ သူသည် မောပန်းသူတို့အတွက် သင့်လျော်သောစကားကို မည်ကဲ့သို့ပြောရ မည့်အကြောင်းသိသည်။ အမှန်တရား၏ဘဏ္ဍာကို လူတို့အားအကောင်းဆုံး ဆွဲဆောင်မှုဖြင့်ပေးနိုင်ရန် သူ၏နှုတ်၌ကျေးဇူးတော်သွန်းလောင်းလျက်ရှိသည်။ အမြင်မကြည်သောသူတို့နှင့်တွေ့ဆုံရန် သူ၌ပါးနပ်မှုရှိပြီး၊ ရုပ်ပုံနှင့်သရုပ်ဖော် ခြင်းအားဖြင့် သူတို့ကိုအံ့သြစေကာ သူတို့၏အာရုံကိုဆွဲဆောင်နိုင်သည်။ [Ev 208.1] EvBur 253.3
ခရစ်တော်သည် မိမိစိတ်ကူးဉာဏ်ဖြင့် လူတို့၏စိတ်နှလုံးကိုသိသည်။ သူ၏ရုပ်ပုံဖြင့်သရုပ်ဆောင်ခြင်းကို နေ့စဉ်အသက်တာ၏အရာများမှဖြစ်ပြီး ၎င်းတို့သည်လွယ်ကူသော်လည်း လေးနက်၍အံ့သြဖွယ်ရာဖြင့်ပြည့်ဝလျက်ရှိ သည်။ လေထဲ၌ပျံဝဲလျက်ရှိသောငှက်သတ္တဝါများ၊ လယ်ထဲရှိနှင်းပန်းများ၊ မျိုးစေ့၊ သိုးနှင့်သိုးထိန်း ဤအရာများအားဖြင့် ခရစ်တော်သည် တည်မြဲသော အမှန်တရားကို သရုပ်ဖော်သည်။ နောက်ပိုင်းအချိန်များ၌ သူ၏တရားနာ ပရိသတ်များတို့သည် ဤသဘာဝတရားများတို့ကို တွေ့မြင်ခွင့်ရရှိသည့်အခါ တိုင်း သူ၏စကားများကို သူတို့သည် ပြန်လည်၍သတိရစေကြပါသည်။ ခရစ်တော်၏သရုပ်ဖော်ခြင်းသည် သူ၏သင်ခန်းစာများကို အမြဲပြန်လည်၍ ဖော်ပြလျက်ရှိသည်။ The Desire of Ages, p. 254. (1898) [Ev 208.2] EvBur 254.1
သတင်းစကားကိုတန်ဖိုးလျော့နည်းစေခြင်း - လူတို့အားနှုတ်အားဖြင့်သော် လည်းကောင်း၊ ယုံကြည်ခြင်းခံယူချက်အားဖြင့်သော်လည်းကောင်း အထူ ပြောဆိုရမည့် သန့်ရှင်းသောသာသနာ့လုပ်ငန်းကို ကျွန်ုပ်တို့မေ့လျော့ခြင်းမရှိ လိုပါ။ ဤအလုပ်သည် လူတို့အား သန့်ရှင်းသောအမှန်တရား၏စကားမျာ ဖြင့် လေးနက်စွာပြောဆိုရမည့် ဓမ္မအမှုဆောင်၏တာဝန်ဖြစ်သည်။ တချို့ သောသူတို့သည် မိမိတို့၏ဟောပြောခြင်းထဲ၌ ပရိသတ်များပျော်ရွှင်ရန် ပုံတို ပတ်စများပြောတတ်သည့်အကျင့်ရှိခြင်းကြောင့် ကြားနာရသောသူတို့၏စိတ်ကို မိမိတို့ကိုင်ဆောင်ထားသော သန့်ရှင်းသည့်အမှန်တရားထံမှ ဝေးကွာသွားစေ ပါသည်။ ထိုသို့သောအရာသည် ၎င်းတို့အနေဖြင့် ဘုရားသခင်၏နှုတ်ကပတ် တော်ကို လူတို့အားပေးနိုင်စွမ်းမရှိကြောင်း စဉ်းစားသင့်သည်။ ပုံပြင်သရုပ်ဖော် ခြင်းများစွာတို့သည် မှန်ကန်သောသြဇာမရှိပါ။ ၎င်းအရာတို့သည် သန့်ရှင်း သောဂုဏ်သိက္ခာကိုတန်ဖိုးလျော့စေသည့်အတွက် လူတို့ထံဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောရာ၌ အမြဲထိန်းသိမ်းကာကွယ်ရန်သင့်သည်။ Review and Herald, Feb. 22, 1887 [Ev 208.3] EvBur 254.2
အလွန်အဖိုးချိုသောမြက်ခြောက် - သိုးစုကိုအစာကျွေးရမည်ဟုခံယူကြ ပြီး သိုးထိန်းများကဲ့သို့ တရားပလ္လင်ပေါ်မတ်တတ်ထနေသောသူများရှိကြ သော်လည်း သိုးတို့သည် အသက်မုန့်ကိုဆာငတ်နေဆဲပင်ဖြစ်နေကြပါသည်။ ရှည်လျားစွာဟောပြောပြီး ပုံတိုပတ်စများတို့ကိုသာပြောကြသည့်အတွက် နားထောင်သူတို့၏စိတ်နှလုံးကို ထိတွေ့မှုမရှိပါ။ တချို့သောသူတို့သည်ခံစားရ ပြီး မျက်ရည်ပင်ကျမည်ဖြစ်သော်လည်း သူတို့၏စိတ်ကြေကွဲခြင်းမရှိပါ။ သူတို့ တရားဟောသောအခါ၌ သခင်ယေရှုရှိနေသော်လည်း သူတို့၏စကားသည် ကောင်းကင်မှနှင်းရေနှင့်မိုးရေမပါသကဲ့သို့ဖြစ်နေပါသည်။ ဇာခရိပုရောဖက်မှ ဖော်ပြခဲ့သောသူတို့ကို ဘိသိက်ခံသူများမကူညီသည့်အတွက် အခြားသူများကို သူတို့မကူညီနိုင်ကြောင်းထင်ရှားပါသည်။ ဘိသိက်ခံသူများတို့သည် ရွှေပိုက်လုံး များအားဖြင့် မိမိတို့ကိုယ်ကိုစီးဆင်းစေသည့်အခါ၊ ရွှေဆီသည် မိမိတို့ကိုယ် မှရွှေဇလုံထဲသို့တစ်ဖန်စီးဆင်းသွားပြီး အသင်းတော်မီးခွက်များထဲသို့ စီးဝင် မည်ဖြစ်သည်။ ဤအရာသည် မှန်ကန်သောဆက်ကပ်သည့် အသက်ရှင်သော ဘုရားသခင်၏အစေခံတိုင်း၏အလုပ်ဖြစ်သည်။ ကောင်းကင်ဘုံရှင်ဘုရားသခင် သည် မိမိ၏နှုတ်ကပတ်တော်ကို တရားပလ္လင်ပေါ်၌ ဝန်ခံပြောဆိုသောအရာ မင်္ဂလာဖြစ်စေရန် သူတို့၏စိတ်ထဲ၌ မှန်သောအတွေးအခေါ်များကိုစွဲမြဲအောင် အားလုံးကိုသဘောမတူပါ။ သူတို့သည် ကြားနာရသူများအတွက် ကောင်းချီး မပြုလုပ်နိုင်ပါ။ ထိုနေရာ၌အဖိုးချိုသော၊ အလွန်အဖိုးချိုသောမြက်ခြောက်ကို လူတို့ရှေ့၌ထားခြင်းဖြစ်သည်။ Testimonies to Ministers, pp. 336, 337. (1896) [Ev 209.1] EvBur 255.1
ထူးဆန်းသောမီး - သင့်ဓမ္မဆရာလုပ်ငန်း၏ရည်ရွယ်ချက်သည် သူတစ်ပါး ကိုဖျော်ဖြေရန်မဟုတ်ပါ။ သတင်းပေးရုံတစ်ခုတည်းသာမဟုတ်ပါ။ အသိဉာဏ် ရှိသူတို့အား နားလည်သဘောပေါက်ရန် တမင်ရှင်းပြရုံမျှလည်းမဟုတ်ပါ။ နှုတ်ကပတ်တော်ဟောပြောခြင်းသည် အသိဉာဏ်ရှိသူတို့ကိုဖိတ်ခေါ်ပြီး မိမိ ရရှိသောအသိတရားကို ပြန်လည်ဝေငှစေရန်အတွက်ဖြစ်သင့်သည်။ သို့သော် ဤထက်မကများစွာပါဝင်လျက်ရှိနေသေးသည်။ ဓမ္မဆရာတို့၏နှလုံးသားများ သည် ကြားနာရသူများတို့၏နှလုံးသားသို့ရောက်ရှိရမည်။ တချို့သောသူတို့ သည် မမှန်သောသြဇာရှိသည့်ဟောကြားခြင်းပုံစံကို အတုယူကြသည်။ [Ev 209.2] EvBur 256.1
ဓမ္မအမှုဆောင်သည် မိမိ၏ဟောပြောခြင်းထဲ၌ ပုံများရောထည့်၍ ဟောပြောသောအခါ ထူးဆန်းသောမီးကိုအသုံးပြုခြင်းဖြစ်သည်။ သင်သည် လူတန်းစားအမျိုးမျိုးတို့၏စိတ်နှင့်တွေ့ ဆုံရလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော နှုတ်ကပတ်တော်နှင့်ပတ်သက်လာသောအခါ၊ သင်သည် စိတ်အားထက်သန် ခြင်း၊ ရိုသေလေးစားခြင်းတို့ကို ဖော်ပြသင့်သည်။ သူတစ်ပါးရှေ့၌ သင်၏သြဇာ သက်ရောက်မှုသည်တန်ဖိုးနည်းပြီး၊ အပေါ်ယံချောစကားပြောသူဟု မပေါ်လွင် စေပါနှင့်။ ပုံပြောခြင်းကို သင်၏တရားဟောချက်ထဲမှဖယ်ရှားပစ်လိုက်ပါ။ နှုတ်ကပတ်တော်ကိုသာဟောပြောပါ။ သင်သည် နှုတ်ကပတ်တော်ကိုသာ အမြဲဟောပြောပါက ပိညာဉ်များစွာတို့ကို သင်၏သခင်ထံသို့ခေါ်ဆောင်လာ နိုင်လိမ့်မည်။ ဝိညာဉ်၏ကြီးမားသောလိုအပ်ချက်နှင့်တောင့်တမှုကို သင်အနည်းငယ်သာနားလည်သည်။ တချို့သောသူတို့သည် သံသယစိတ်နှင့် လုံးပန်းနေရပြီး စိတ်ပျက်အားငယ်ခြင်းနှင့်မျှော်လင့်ခြင်းကင်းမဲ့ခြင်းအခြေအနေ သို့ ရောက်လုနီးပါးဖြစ်နေကြပါသည်။ [Ev 210.1] EvBur 256.2
မိမိ၏ကိုယ်စားလှယ်များ တန်ဖိုးမရှိ၊ သေးနုတ်သောစကားများကို အသုံးပြုသောအခါ ဘုရားသခင်ကိုပြစ်မှားခြင်းဖြစ်သည်။ အမှန်တရား၏ လုပ်ငန်းသည် ဂုဏ်ပြုခြင်းမခံရပါ။ လူတစ်ဦးထံမှ သူတို့ကြားရသောသာသန လုပ်ငန်းအားလုံးကို သူတို့စီရင်ချက်ချပြီး အမှန်တရား၏ရန်သူများသည် သူ၏ အမှားများကို ပို၍မှားအောင်ပြုလုပ်လိမ့်မည်။ Letter 61, 1896. [Ev 210.2] EvBur 256.3
အသက်မုန့်ကိုဆာငတ်ခြင်း - သင်၏ပုံဝတ္ထုများကို သင့်ကိုယ်တိုင်အတွက် ထားထားပါ။ လူတို့၏ဝိညာဉ်သည် ဤအရာများကိုဆာလောင်ခြင်းမရှိပါ။ သူတို့သည် အစဉ်အမြဲအသက်ရှင်၍ တည်မြဲသောအသက်မုန့်ကိုသာအလိုရှိ ကြပါသည်။ ဂျုံဆန်အတွက်အဖျင်းသည် မည်သို့အသုံးဝင်မည်နည်း။ Letter 61, 1896. [Ev 210.3] EvBur 257.1
တန်ဖိုးမရှိသောအသိတရားကင်းမဲ့ ခြင်းကြောင့် ခိုင်မာသောယုံကြည်ခြင်းဝန်ထုပ် ပျောက်ဆုံးခြင်း - ရွှင်လန်းဖွယ်ရာသည် သမ္မာကျမ်းစာသင်ကြားခြင်း၌ ရောထွေး ပါဝင်၍မရပါ။ ပါဝင်ခဲ့သော်၊ ကြားနာရသူတို့သည် အဓိပ္ပါယ်ကင်းမဲ့သော အရာတချို့ဖြင့် ခေတ္တခဏရွှင်လန်းကြပြီး ခိုင်မာသောယုံကြည်ခြင်းဝန်ထုပ် ပျောက်ဆုံးသွားကြမည်ဖြစ်သည်။ အခွင့်အရေးလွန်သွားမည်ဖြစ်ပြီး မည်သူမျှ ကယ်တင်ရှင်၏မေတ္တာကြိုးဖြင့် ဆွဲယူခြင်းခံရကြမည်မဟုတ်ပါ။ Manuscript 83, 1901. [Ev 211.1] EvBur 257.2
တန်ဖိုးနည်း၍ရိုးရိုးဖော်ပြခြင်းမှကင်းဝေးခြင်း - အမှန်တရား၏သတင်းစကား များသည် တန်ဖိုးမရှိ၊ လူတို့ကြံဆသော အများအသုံးပြုသည့်စကားများဖြင့် များသည် စိတ်နှလုံးများထဲ၌ ရောက်ရှိမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မ လုံးလုံးကင်းရှင်းခြင်းရှိရပါမည်။ သို့မှသာ တန်ခိုးအရှိန်ရှိသောစွဲမှတ်ချက် အမှုဆောင်များတို့သည် သစ်လွင်၍ထူးဆန်းသောအရာများကို ယူဆောင်လာ ရမည့်အတွေးအခေါ်ကို မြတ်နိုးခြင်း၊ သို့မဟုတ် တန်ဖိုးနည်း၍အများသုံး စကားများကိုအသုံးပြုခြင်းတို့သည် သူတို့ကိုသြဇာညောင်းမှုပေးမည့်အတွေး အခေါ်ကို မြတ်နိုးခြင်းများမရှိကြပါစေနှင့်။ ဓမ္မအမှုဆောင်များတို့သည် ဘုရားသခင်ကိုယ်စား စကားပြောရမည့်သူများဖြစ်သည်။ တန်ဖိုးမရှိ၊ အများ သုံးရိုးရိုးပြောဆိုသောစကားအားလုံးကို မိမိတို့၏အပြောအဆိုထဲမှ သူတို့ ဖယ်ရှားကြရပါမည်။ သူတို့ဟောပြောခြင်းပြုလုပ်စဉ် ရယ်မောဖွယ်ရာများ၊ ဘုရားသခင်၏ဂုဏ်တော်ကိုရှုတ်ချစေသောအရာများ မပြုလုပ်မိစေရန် သူတို့ အားသတိပြုစေပါ။ [Ev 211.2) EvBur 257.3
ကျွန်ုပ်တို့၏သတင်းစကားသည် လေးနက်၍၊ မွန်မြတ်သန့်ရှင်းသည်။ ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့လုပ်ဆောင်ကြရမည်။ ပြောဆိုသောစကားများ တို့သည် လူတို့၏စိတ်နှလုံးကိုစွဲလမ်းခြင်းရှိစေရန် ဘုရားရှင်ပြုလုပ်နိုင်သော အရည်အသွေးရှိသည့်စကားများဖြစ်ရပါလိမ့်မည်။ ဧဝံဂေလိဓမ္မအမှုဆောင်များ တို့သည် အမှန်တရားအားဖြင့် သန့်ရှင်းခြင်းရှိရကြမည်။ Letter 356, 1906. [Ev 211.3] EvBur 258.1