ဝမ်းမြောက်ဖွယ် ဧဝံဂေလိလုပ်ငန်း
နားလည်ရန်ခက်ခဲသောအမှန်တရားကိုဟောကြားခြင်းမပြုရန်
မာကျောသောအစာသည်ကလေးငယ်များအတွက်မဟုတ် - ပညတ်တော်ကိုတစ်ခု ပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက် မှာအနည်းငယ်ဖြင့် ယေရှု၌ရှိသကဲ့သို့ အမှန်တရားကိုဟောပြောစေပါ။ နားလည် နိုင်သောလွယ်ကူသည့်စကားလုံးဖြင့် ဘုရားသခင်၏မေတ္တာတော်အကြောင်း ကိုပြောပါ။ ကျမ်းစာအမှန်တရားကို နူးညံ့သိမ်မွေ့ခြင်းနှင့်ယေရှုကိုချစ်ခြင်းဖြင့် ဟောပြောပါက များစွာသောစိတ်နှလုံးကိုပြောဆိုသည့် သြဇာသက်ရောက်ခြင်း ရှိလိမ့်မည်။ EvBur 242.1
ဝိညာဉ်များစွာတို့သည် အသက်မုန့်ကိုဆာငတ်လျက်ရှိကြသည်။ သူတို့ ၏အော်ဟစ်သံသည်။ “ကျွန်ုပ်ကိုမုန့်ပေးပါ၊ ကျောက်တုံးကိုမပေးပါနှင့်၊ မုန့်ကို သာကျွန်ုပ်လိုချင်သည်။” ပျက်စီးမည့်ဆာငတ်နေသောဝိညာဉ်များတို့ကိုအစာ ကျွေးပါ။ ကျွန်ုပ်တို့ယုံကြည်သကဲ့သို့ အမှန်တရား၏ပထမစည်းမျဉ်းများကို နားမလည်သေးသောကလေးများအား မာကျောသောအစာကိုမကျွေးမိရန် ဓမ္မ အမှုဆောင်များတို့၏စိတ်ထဲ၌ မှတ်သားထားပါ။ ခေတ်တိုင်းတွင် အထူးသတင်း စကားတစ်ခုကို လူတို့အတွက်ဘုရားသခင်၌ရှိသည်။ ထိုကြောင့် ယခုခေတ် လူတို့အတွက် ကျွန်ုပ်တို့၌လည်းသတင်းစကားရှိသည်။ သို့သော် ကျွန်ုပ်တို့၌ ပြောစရာများစွာရှိနေသောအခါ တချို့သောသူတို့သည် ၎င်းသတင်းစကားများ ကိုလက်ခံနိုင်ရန် အဆင်သင့်မရှိသေးသောကြောင့် သူတို့အားအကုန်အစင် မပြောဘဲ တချို့တို့ကိုတမင်သက်သက်ချန်ထားကြပါလိမ့်မည်။ Herald, Oct. 14, 1902. [Ev 200.1] EvBur 242.2
မျိုးစေ့မကြဲမီမြေသားကိုပြင်ဆင်ပါ - နေရာသစ်တစ်ခု၌ လုပ်ငန်းကိုအစ ပြုသောအခါ တစ်မဟုတ်ချင်းလူတို့အား ကျွန်ုပ်တို့သည် ခရစ်တော်ကိုမြော်လင့် သောသတ္တမနေ့အသင်းသားများဖြစ်ကြောင်း၊ သတ္တမနေ့သည် ဥပုသ်နေ့ဖြစ် သည်ဟုကျွန်ုပ်တို့ယုံကြည်ကြောင်း၊ အသက်ဝိညာဉ်သည် သေတတ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ကြောင်း အစရှိသည့်ကျွန်ုပ်တို့၏ယုံကြည်ခြင်းများကိုပြော ရမည်ဟု မထင်ပါနှင့်။ ဤကဲ့သို့ပြောခြင်းဖြင့် သင်ဆွဲယူလိုသောဝိညာဉ်များ နှင့်သင်၏စပ်ကြား ကြောက်ရွံ့ဖွယ်ရာအကာအဆီးများကို သင်ဖန်တီးရာ ရောက်လိမ့်မည်။ သူတို့လက်ခံနိုင်မည့်သူတို့နှင့်တူညီသော သင်၏ယုံကြည် ခြင်းအယူဝါဒတချို့ကို ဦးစွာပြောရပါမည်။ လက်တွေ့ ဘုရားဝတ်၌မွေ့ လျော် ခြင်း၏လိုအပ်ချက်အပေါ်ရပ်တည်ပါ။ သူတို့အားသင်သည် ခရစ်ယာန်တစ်ဦး ဖြစ်ကြောင်း၊ ငြိမ်းချမ်းခြင်းနှင့်သင်သည် သူတို့၏ဝိညာဉ်များကိုချစ်ကြောင်း အထောက်အထားပေးပါ။ သင်သည် ရိုးသားသူတစ်ဦးဖြစ်ကြောင်း သူတို့ကို တွေ့မြင်စေပါ။ သို့မှသာသင်သည် သူတို့၏ယုံကြည်စိတ်ချမှုကိုရရှိပြီး သင်၏ ဘာသာရေးယုံကြည်ချက်များကို ပြောရမည့်အချိန်ရောက်လာလိမ့်မည်။ နှလုံးသားကိုရယူပါ။ မြေသားကိုပြင်ဆင်ပါ။ ထိုနောက်မျိုးစေ့ကိုကြဲပြီး ယေရှု ၌ရှိသောအမှန်တရားကို မေတ္တာဖြင့်ဟောပြောပါ။ Gospel Workers, pp. 119, 120. (1915) ([Ev 200.2] EvBur 243.1
တရားနာပရိသတ်များ၏နားများပိတ်ထားခြင်းကိုကာကွယ်ပါ - လွန်ခဲ့သောည ကျွန်ုပ်အိပ်ပျော်နေသောအချိန်နာရီ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ညီအစ်ကိုများနှင့် အတူ စည်းဝေးတစ်ခုထဲတွင်ရှိနေပုံရပြီး တန်ခိုးအာဏာဖြင့်စကားပြောနေသူ တစ်ဦး၏ပြောဆိုသောစကားကို နားထောင်နေပါသည်။ သူပြောခဲ့သည်မှာ၊ “စည်းဝေးတက်ရောက်နေကြသောသူများအထဲ၌ သူတို့ရှေ့တွင်ဟောပြောသည့် အမှန်တရားများကို ရိုးသားစွာနားမလည်သောသူရှိပါလိမ့်မည်။ ခရစ်တော် သည် သူတို့ကိုဆွဲဆောင်သည့်အတွက် သူတို့နားထောင်ပြီးစိတ်ဝင်စားကြပါ လိမ့်မည်။ သူတို့ကြားရသောအရာသည် ကျမ်းစာကိုအခြေခံထားသောကြောင့် မှန်ကန်ကြေသူတို့၏ဩတ္တပ္ပစိတ်မှသူတို့ကိုပြောနေပါသည်။ ဤဝိညာဉ် များတို့နှင့်ဆက်ဆံခြင်းပြုရာတွင် အထူးသတိပြုရန်လိုအပ်ပါသည်။ [Ev 200.3] EvBur 243.2
အသစ်သောအကြောင်းအရာများကဲ့သို့ ဤအရာများကိုမကြားရစေရန် ကျွန်ုပ်တို့၌ရှိသောမေးခွန်းထုတ်စရာအကောင်းဆုံး ယုံကြည်ခြင်းအကြောင်း အရာများကို လူတို့ရှေ့တွင်ဦးစွာဖော်ပြခြင်းမပြုပါနှင့်။ ၎င်းအမှန်တရားအစိတ် အပိုင်းများကို သူတို့နားလည်နိုင်ပြီး၊ နှစ်သက်ပုံပေါ်မှသာ သူတို့အားပြောပြ ပါ။ ၎င်းအကြောင်းအရာများတို့သည် ထူးဆန်း၍ထိတ်လန့်စရာဖြစ်သော် လည်း ဤနှုတ်ကပတ်တော်မှ အသစ်သောအလင်းဖြစ်သောကြောင့် လူအများ တို့သည် ဝမ်းမြောက်စွာဖြင့်လက်ခံကြလိမ့်မည်။ သို့သော် အကယ်၍သူတို့ မခံယူနိုင်လောက်အောင်များစွာဟောပြောပါက တချို့သောသူတို့သည်ထွက်ခွာ သွားကြပြီး မည်သည့်အခါမျှပြန်လာကြတော့မည်မဟုတ်ပါ။ ထို့ထက်မက သူတို့အနေဖြင့် အမှန်တရားကိုအလွဲဖော်ပြကြပေလိမ့်မည်။ General Conference Bulletin, Feb. 25, 1895. [Ev 201.1] EvBur 244.1
သည်မှာအနည်းငယ်နှင့်တိုမှာအနည်းငယ် - ကျင့်ဝတ်နှင့်ပုံသက်သေအမှန် တရားအားဖြင့် ပညာပေးခြင်းခံခဲ့ရသောသူများတို့သည် ကျမ်းစာအမှန်တရား ကဲ့သို့ ရှေးဓလေ့ထုံးစံများနှင့်ဒဏ္ဍာရီပုံပြင်များတို့ကို ဓမ္မဆရာများနှင့်အသင်း သားများတို့၏ရှင်းလင်းပြသခြင်းကြောင့်ရရှိကြပြီး သမ္မာကျမ်းစာမှအသိတရား များကို နားမလည်ကြသောသူများတို့အား အထူးနားလည်ခွင့်ရရှိစေရန် ဆောင်ရွက်သင့်ကြသည်။ သူတို့သည် အမှန်တရား၏တင်ဆက်ခြင်းကိုအံ့သြ ကြလိမ့်မည်။ သူတို့အတွက်အသစ်သောသတင်းစကားများဖြစ်ပြီး သူတို့အာ ဦးစွာဟောပြောခြင်းကြောင့် ၎င်းအမှန်တရားအားလုံးတို့ကို ခံယူနိုင်စွမ်းမရှိ ကြပါ။ အားလုံးတို့သည် အသစ်အဆန်းဖြစ်ပြီး၊ မိမိတို့၏ဓမ္မဆရာများထံ ကြားခဲ့ရသောသတင်းစကားနှင့်မတူသည့်အတွက် ခရစ်တော်ကိုမြော်လင့်သော သတ္တမနေ့အသင်းသားများတို့သည် အယူမှားသူများနှင့်သမ္မာကျမ်းစာကိုမယုံ ကြည်သူများဟု မိမိတို့ဓမ္မဆရာများ သူတို့ကိုပြောပြသည့်နောက်သို့လိုက်ပါ သွားပါသည်။ အမှန်တရားကို ခရစ်တော်၌ရှိသကဲ့သို့ ပညတ်တစ်ခုပေါ်မှာ တစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ သည်ဘက်မှာအနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ်ဟောပြောကြပါ။ Undated Manuscript 79. [Ev 201.2] EvBur 244.2
အချက်တစ်ခုကိုတစ်ချိန်တည်း၌ပြောပါ - လူတို့သည် မိမိတို့၏တာဝန် ကိုဂရုမစိုက်ကြရန်၊ သူတို့နှင့်ပတ်သက်သော ဘုရားသခင်၏အလိုတော်သည် မည်သည့်အရာဖြစ်ကြောင်းကိုနားမလည်ရန်နှင့် လုံးလုံးပျက်စီးခြင်းသို့ရောက်ရှိ ရန်မဖြစ်စေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောသောဆရာများတို့ သည် ဘုရားသခင်၏အကြံပေးချက်ကို တစ်ပိုင်းတစ်စမျှချန်ထားခြင်းမပြုဘဲ ဟောပြောကြရမည်။ သို့သော် အမှန်တရားကိုသင်ကြားသောဆရာတို့သည် ဧဝံဂေလိသတင်းစကားကို သစ္စာရှိစွာဟောပြောသင့်သော်လည်း လူတို့အတွက် အသစ်ဖြစ်ပြီး နားလည်ရန်ခက်ခဲသောကြောင့် လူတို့နားမလည်စေရန် တစ်ချိန် တည်း၌များစွာဟောခြင်းကိုမပြုစေပါနှင့်။ တစ်ချိန်တည်းအတွက် အချက် တစ်ချက်တည်းကိုသာယူပြီး ၎င်းတစ်ချက်တည်းကို ဖြည်းဖြည်းနှင့်ပြတ်သား သောအသံဖြင့်ပြောဆိုပါ။ သင်ပြောဆိုသောအခါ လူတို့အားထိုပြောသော အချက်သည် အလွန်အရေးကြီးသောအခြားအမှန်တရားများနှင့် မည်ကဲ့သို့ ဆက်သွယ်မှုရှိကြောင်းထင်ရှားစေပါ။ အကယ်၍ပြောဆိုသောသူသည် မိမိ ကိုယ်ကိုအမွှမ်းတင်ခြင်းမပြုဘဲ ခရစ်တော်ကိုသာဖော်ပြပါက ၎င်းသည် ဝှက်ထား သောဘဏ္ဍာကဲ့သို့ အမှန်တရားကိုရှာဖွေသောသူတို့၏စိတ်နှလုံးများကို အထင် လွဲခြင်းဖြစ်ပေါ်စေရန် ခက်ခဲလိမ့်မည်။ Manuscript 39, 1895. [Ev 201.3] EvBur 245.1
မှန်သောအမှန်တရားအပေါ်ရပ်တည်ပါ - ဖြစ်ပေါ်လာသည့် ဆန့်ကျင်၍ မကောင်းသောမေးခွန်းများအပေါ် ဂရုစိုက်ခြင်းမပြုဘဲ မှန်သောအမှန်တရား များကို သင်တို့၏စိတ်နှလုံးထဲ၌သိုမှီးထားပါ။ နှုတ်ကပတ်တော်ကိုများစွာ လေ့လာခြင်း၊ စိတ်အားထက်သန်စွာဆုတောင်းပတ္ထနာပြုခြင်းနှင့် စိတ်နှလုံး ဆက်ကပ်ခြင်းဖြင့် ၎င်းတို့ကိုသင်တို့၏စိတ်နှလုံးထဲ၌ခိုင်မြဲစေပါ။ သင်တို့၏ မီးခွက်များကို ထွန်းလင်းတောက်ပစေပြီး၊ ၎င်းရောင်ခြည်တော်အလင်းဖြစ်သည့် သင်တို့၏ကောင်းသောအလုပ်များတို့ကို တွေ့ မြင်ခြင်းအားဖြင့် ကောင်းကင် ပေါ်၌ရှိသော သင်တို့အဖ၏ဘုန်းတော်ကိုထင်ရှားစေပါ။ [Ev 202.1] EvBur 245.2
ဆရာကြီးခရစ်တော်သည် သူ၏လက်ထဲ၌ အမှန်တရား၏မြေပုံ တစ်ခုလုံးကိုကိုင်ထားသည်။ သို့သော် သူ၏တပည့်တော်များတို့အား အားလုံး ကိုဖော်ပြပေးခြင်းမပြုပါ။ ကောင်းကင်သို့ချီတက်ရန်လမ်းအတွက် သူတို့၌ လိုအပ်သောအကြောင်းအရာများကိုသာ ခရစ်တော်ဖော်ပြပေးသည်။ များစွာ သောကိစ္စနှင့်ပတ်သက်ပြီး သူ၏ပညာသည် သူ့အားတိတ်ဆိတ်စွာနေရန် ထိန်းချုပ်ထားလျက်ရှိသည်။ ခရစ်တော်သည် များစွာသောအရာတို့ကို မိမိ ၏ပထမတပည့်တော်များတို့အား သူတို့နားလည်ရန်ခက်ခဲ၍ဖော်ပြခြင်းမပြု သကဲ့သို့ ယနေ့တွင်လည်း ကျွန်ုပ်တို့နားလည်နိုင်စွမ်းကို ခရစ်တော်သည်သိရှိ ပြီး ကျွန်ုပ်တို့အတွက်ဖော်ပြခြင်းမပြုသောအရာများစွာရှိသည်။ Review and Herald, April 23, 1908. EvBur 246.1