မျက်မှောက်ကာလမှ ထာဝရကာလသို့

37/248

သမ္မာကျမ်းစာတစ်ခုတည်းကိုသာ လူးသာအားကိုးအားထားပြုခြင်း

လူးသာ၏ရန်သူများက ဓလေ့ထုံးစံနှင့် ရိုးရာများကိုသာ အားကိုး အားထားပြုသောအချိန်တွင် လူးသာအနေဖြင့် သမ္မာကျမ်းစာတစ် ခုတည်း ကိုသာ အားကိုးအားထားပြုခဲ့သဖြင့် ၎င်းတို့သည်………… မည်သို့မျှငြင်းဆိုခြင်းမပြုနိုင်တော့ချေ။ လူးသာဟောသောတရား ဟောချက် များနှင့် ရေးသားခဲ့သောစာအုပ်များမှ ပေါ်ထွန်းလာသည့် အလင်းတန်းများသည် လူများစွာတို့အား နိုးထထွန်းလင်းလာစေနိုင် ခဲ့ပါသည်။ GCBur 126.3

နှုတ်ကပတ်တော်သည် နှစ်ဖက်အသွားပါသောဓါးနှင့်တူပြီး လူသားများ၏ စိတ်နှလုံးကို ထိုးဖေါက်နိုင်စွမ်းရှိပါသည်။ လူသားများ ၏ဝတ်ပြုကိုးကွယ်မှုနှင့် လောကကြားဖျန်ဖြေသူကိုသာကြည့်ဖို့ အချိန် ကြာမြင့်စွာညွှန်ကြားခြင်း ခံနေရသူများသည် ယခုတွင်မူ ခရစ်တော် အားယုံကြည်ခြင်းအားဖြင့် ကြည့်ရန် ဦးလှည့်နေကြပါပြီ။ GCBur 127.1

ဤသတင်းသည် အလျင်အမြန်ပျံ့နှံ့သွားသဖြင့် အသင်း တော်အာဏာပိုင်များသည် စိုးရိမ်လာကြပါသည်။ သို့နှင့် လူးသာသည် ရောမမြို့သို့လာ၍ အသင်းတော် အာဏာပိုင်များနှင့် တွေ့ဆုံရန် ဆင့် ခေါ်ခြင်းခံခဲ့ရပါသည်။ GCBur 127.2

ခရစ်တော်၏ အာဇာနည်များ၏သွေးကို သောက်ခဲ့သော ဖေါက်ပြန်ပျက်စီးနေသည့် ထိုမြို့တော်သို့သွားခြင်းသည် လူးသာအ တွက် အန္တရာယ်များသည်ကို မိတ်ဆွေများက သိသဖြင့် ဂျာမနီမှာအ စစ်ဆေးခံရန် သူ့အားအကြံပေးကြသည်။ GCBur 127.3

ဤအကြံပေးချက်ကို အတည်ပြုခဲ့သည်။ ဤအမှုကိုကြားနာ ရန်သံတမန်ငယ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ လူးသာအား ဘာသာရေး ဖေါက်ပြန်သူ တစ်ဦးအဖြစ် ကြေညာထားပြီးဖြစ်ကြောင်း ထိုအရာရှိ အားပေးသည့် ညွှန်ကြားချက်တွင် ဖေါ်ပြထားပြီးဖြစ်ရာ ၎င်းအနေဖြင့် လူးသာအား နှောင့်နှေးခြင်းမရှိဘဲ ဖမ်းဆီးအရေးယူရန်သာဖြစ်ပါ သည်။လူးသာအား ဂျာမနီပြည် အနှံ့အပြား၌ မတရားသင်း ကြေ ညာပိုင်ခွင့်နှင့် သူ့အားစွဲလမ်းချစ်ခင်နေသူများအားလုံးကို နယ်နှင်ဒဏ် ပေးခြင်း၊ ကျိန်ဆဲခြင်းနှင့် အသင်းတော်မှထုတ်ပစ်ခြင်းအခွင့်များကို ထိုသံတမန်အား အပ်နှင်းထားပါသည်။ ၎င်းပြင် လူးသာအား ဖမ်း ဆီးပေးရန် လျစ်လျူရှုသောနိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များ (ဧကရာဇ်ဘုရင်မှ လွဲ၍) ကိုလည်း အသင်းတော်မှကြဉ်ထားရန် ထိုသံ တမန်အား အာဏာလွှဲအပ်ခဲ့ပါသည်။ GCBur 127.4

ထိုလုပ်ရပ်များသည် ခရစ်ယာန်စည်းမျဉ်းများနှင့် မကိုက်ညီ သည့်ပြင် အရပ်ဘက်တရားစီရင်ခြင်းနှင့်လည်း မကိုက်ညီပါ။ လူးသာအနေဖြင့် မိမိ၏ အနေအထားကို ရှင်းပြခွင့်၊ ကာကွယ်ပိုင်ခွင့် လုံးဝမရှိပါ။ သို့စေကာမူ လူးသာသည် ဘာသာရေးဖေါက်ပြန်သူဖြစ် ကြောင်း ကြေညာခဲ့သည်။ တစ်နေ့ တည်းမှာပင် သတိပေးခြင်း၊ စွပ် စွဲခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်းများကို ပြုလုပ်ခဲ့ကြ ပါသည်။ GCBur 128.1

လူးသာအနေဖြင့် မိတ်ဆွေကောင်းတစ်ဦးထံမှ အကြံဉာဏ် ကောင်းများ လိုအပ်နေသောအချိန်တွင် ဘုရားသခင်သည် မက္ကလန် သန်ကို ဝစ်တင်းဘတ်သို့ စေလွှတ်ခဲ့ပါသည်။ ထိုသူသည် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် စင်ကြယ် ဖြောင့်မတ်သော စာရိတ္တများကြောင့် လူအ များ၏ ချစ်ခင်မှုကို ခံရသူ ဖြစ်သည်။ GCBur 128.2

များမကြာမီပင် သူသည်လူးသာ၏ ရင်းနှီးသောမိတ်ဆွေ ဖြစ်လာရာ သူ၏ နူးညံ့မှု၊ သတိရှိမှုနှင့် တိကျမှုတို့သည် လူးသာအား အားတက်စေခဲ့ပါသည်။ GCBur 128.3

အောက်စဘတ်မြို့ကို တရားစီရင်ရာနေရာအဖြစ် သတ်မှတ် ခဲ့ရာ လူးသာသည် ထိုမြို့သို့ခြေလျင်လာခဲ့ပါသည်။ လမ်းခရီးတွင် အသတ်ခံရလိမ့်မည်ဟူသော ခြိမ်းခြောက်မှုများကြောင့် မစွန့်စားရန် မိတ်ဆွေများက တောင်းပန်ကြသော်လည်း လူးသာက “ငါဟာ…. ယေရမိလို ရန်လိုသောသူ၊ အငြင်းသန်သူတစ်ဦးဖြစ်တယ်။ ဒါပေမယ့် သူတို့က ပိုပြီးခြိမ်းခြောက်လေ ငါကတော့ပိုပျော်လေပဲ။ သူတို့ဟာ ငါ့ရဲ့ဂုဏ်သိက္ခာတွေကို ဖျက်ဆီးခဲ့ကြပြီး ငါ့ဝိညာဉ်ကိုတော့ သူတို့ မ ဖျက်ဆီးနိုင်ပါဘူး။ ခရစ်တော်ရဲ့ တရားတော်ကို ဤကမ္ဘာမှာဟော ကြားလိုတဲ့သူဟာ အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ သေခြင်းနဲ့ရင်ဆိုင် ရနိုင်တယ်လို့ မျှော်လင့်ထားရမယ်” ဟု ဖွင့်ဆိုခဲ့ပါသည်။အောက်စဘတ်သို့ လူးသာရောက်ရှိလာခြင်း သတင်းကြောင့် ရဟန်းမင်း၏ သံတမန်မှာ အတော်ကျေနပ်သွားပါသည်။ ကမ္ဘာ့စိတ်ဝင် စားမှုကို ဖြစ်စေသည့် ထိုဒုက္ခသည်ဖေါက်ပြန်ရေးသမားသည် ယခုတွင်မူလွတ်လမ်းမရှိသည့် ရောမအသင်းတော်၏ လက်ထဲသို့ ကျ ရောက်ပုံ ပေါ်နေပါသည်။ ထိုသံတမန်သည် လူးသာအား အလျော့ပေး နောက်ဆုတ်ရန် ဖိအားပေးဖို့ ရည်ရွယ်ချက်ရှိခဲ့သည်။ လူးသာက နောက်မဆုတ်ပါလျှင် ရောမသို့ ခေါ်သွားကာ ဟပ်စ်နှင့် ဂျရုမ်းတို့ကို လုပ်သကဲ့သို့ သုတ်သင်ရန် စီစဉ်ထားခဲ့ ပါသည်။ ထိုကြောင့် လုံခြုံရေး အစောင့်အကြပ်များမပါဘဲ ရောမသို့လာရန် ကိုယ်စားလှယ်စေလွှတ် ကာ သွေးဆောင်ခဲ့ပါသည်။ သို့ရာတွင် ထိုအချက်ကို လက်မခံဘဲ လုံခြုံရေးအတွက် ဧကရာဇ်ဘုရင်ထံမှ အာမခံချက်ရမှသာ လူးသာ သည်သူ့ထံသို့သွားရောက်အစစ်ခံခဲ့ပါသည်။ GCBur 128.4

လူးသာအား နူးညံ့သောသွင်းပြင်လက္ခဏာဖြင့် သိမ်းသွင်းရန် ရောမ အသင်းတော်က ပေါ်လစီချမှတ်ခဲ့ပါသည်။ ထိုသံတမန်သည် အထူးရင်းနှီးမှုကို ပြသော်လည်း အသင်းတော်ကို လုံးလုံးယုံကြည် မှုရှိကာ တောင်းဆိုချက်တိုင်းကို ငြင်းချက်မထုတ်ဘဲ လက်ခံရန် လူး သာအားတောင်းဆိုပါသည်။ လူးသာက တုံ့ပြန်သည့်အနေဖြင့်…. အသင်းတော်အပေါ်ထားသည့် ၎င်း၏သဘောထား၊ သမ္မာတရားကို လိုလားသည့် ၎င်း၏ဆန္ဒ၊ မိမိသွန်သင်ခဲ့သမျှအပေါ် ငြင်းချက်ထုတ် ထားသည် များကိုဖြေရှင်းရန် အဆင်သင့်ရှိပုံနှင့် မိမိ၏ယုံကြည်ချက် အပေါ် ဦးဆောင်တက္ကသိုလ်ကြီး၏ ဆုံးဖြတ်ချက်များရယူလိုပုံများကို ဖွင့်ဟသွားပါသည်။ GCBur 129.1

သို့ရာတွင် မိမိ၏အမှားကို ထောက်မပြဘဲ မိမိအားအလျော့ပေး နောက်ဆုတ်ရန် တောင်းဆိုနေခြင်းကိုမူ ကန့်ကွက်ခဲ့ပါသည်။ GCBur 130.1

ထိုအခါ ထွက်ပေါ်လာသည့် တစ်ခုတည်းသော တုံ့ပြန်ချက်မှာ “အလျော့ပေးနောက်ဆုတ်ပါ” ပင်ဖြစ်ပါသည်။ GCBur 130.2

မာတင်လူးသာက မိမိ၏ ရပ်တည်မှုကို သမ္မာကျမ်းစာက ထောက်ခံနေကြောင်း၊ မိမိအနေဖြင့် အမှန်တရားကို ငြင်းပယ်နိုင်မှာ မဟုတ်ကြောင်း ပြောပြခဲ့ပါသည်။ လူးသာ၏ ငြင်းဆိုချက်အပေါ် မည် သို့မျှတုံ့ပြန်နိုင်ခြင်း မရှိသည့် ထိုသံတမန်က အပြစ်တင် ဝေဖန်စကား၊ သရော်စကား၊ ကြွားဝါစကား၊ ရိုးရာဓလေ့နှင့် မိရိုးဖလာပုံပြင်များ၊ ကောက်နုတ်ချက်များဖြင့် လူးသာပြောခွင့်မရအောင် ရေပက်မဝင် ဖိ ပြောနေပါသည်။ အဆုံးတွင် လူးသာသည် သူပေးမည့်အဖြေကို စာ ဖြင့်ရေးတင်ရန် ခွင့်ပြုချက်ရခဲ့ပါသည်။ GCBur 130.3

“ငါရေးထားတာတွေကို သူများဆုံးဖြတ်ချက်ချဖို့ ပို့ပေးရ ကောင်းပို့ပေးရလိမ့်မယ်။ ပိုင်စိုးပိုင်နင်းစကားများဖြင့် အနိုင်ယူတတ် သော မောက်မာသည့် အာဏာရှင်တစ်ဦးကို ကြောက်တဲ့စိတ်နဲ့ အလုပ် လုပ်ရတာလည်း ပိုပြီးကောင်းတဲ့ အခွင့်အရေးတစ်ခုပဲလို့ ဒုတိယအ ချက်အနေနဲ့ပြောချင်တယ်” ဟု မိတ်ဆွေတစ်ဦးထံ သူစာရေး၍ ပြော ခဲ့ပါသည်။ GCBur 130.4

လူးသာသည် နောက်တစ်ကြိမ်တွေ့ဆုံသောအခါ သမ္မာကျမ်း စာကို ကိုးကားလျက် မိမိ၏အမြင်ကို လိုရင်းတိုရှင်းအဓိပ္ပါယ် ပြည့်စုံ သော ဖေါ်ပြချက်တစ်ခုအားဖြင့် တင်ပြခဲ့ပါသည်။ GCBur 131.1

ထိုစာတမ်းကို အသံထွက်ဖတ်ပြ ပြီးနောက် ဂိုဏ်းချုပ်ကြီးကို ပေးအပ်လိုက်ရာ ထိုဂိုဏ်းချုပ်ကြီးက ဤစာတမ်းသည် မဆီလျော် သောကိုးကားချက်များ၊ အနှစ်သာရမရှိသော ဝေါဟာရများနှင့်ပြီး သောစာတမ်းဖြစ်ကြောင်းကြေညာကာ မထီမဲ့မြင်ဟန်ဖြင့် ဘေးသို့ လွှင့်ပစ်ခဲ့ပါသည်။ ယခုတွင် လူးသာသည် မိမိကျွမ်းကျင်သော အ သင်းတော်၏ သွန်သင်ချက်နှင့် ရိုးရာဓလေ့များအကြောင်းနှင့် ပတ် သက်၍ ထိုဂိုဏ်းချုပ်နှင့် ရင်ဆိုင်ခဲ့ရရာ လုံးလုံးကြီးအောင်ပွဲဆင်ခဲ့ ပါသည်။ GCBur 131.2

ထိုဂိုဏ်းချုပ်သည် စိတ်မထိန်းနိုင်တော့ဘဲ “အလျော့ပေး နောက်ဆုတ်ပါ၊ မဟုတ်ရင် မင်းကို ရောမပို့ရလိမ့်မယ်” ဟု ဒေါသတ ကြီးအော် ပါတော့သည်။ နောက်ဆုံးတွင် “အလျော့ပေး နောက်ဆုတ်ပါ၊ မဟုတ်ရင် မင်းပြန်လမ်းမရှိတော့ဘူး” ဟု နားထင်သွေးရောက်ကာ စိတ်ဆိုးမာန်ဆိုးအသံဖြင့် ဟစ်ကြွေးခဲ့ပါသည်။ GCBur 131.3

လူးသာသည် မိမိမိတ်ဆွေများနှင့်အတူ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားပါသည်။ ၎င်းထံမှ မည်သည့်အလျော့ပေးမှုကိုမျှ မမျှော် လင့်နှင့်ဟု ရှင်းလင်းစွာဖွင့်ဆိုသောသဘောဖြစ်သည်။ ဤအခြေအနေ မျိုးဖြစ်လာဖို့ ထိုဂိုဏ်းချုပ်ကြီး ရည်ရွယ်မထားပါ။ ယခုမှာမူ မိမိနှင့် မိမိအား ထောက်ခံသူ များသာကျန်ခဲ့တော့ရာ မိမိ၏အကြံ အထမ မြောက်မှုကြောင့် မခံချိမခံသာဖြစ်ကာ တစ်ဦးစီ၏ မျက်နှာများကို သူလိုက်ကြည့်နေပါသည်။ GCBur 131.4

ထိုအခမ်းအနားသို့ တက်ရောက်လာကြသော လူအုပ်ကြီး အ နေဖြင့်လည်း ဤပုဂ္ဂိုလ် (၂) ဦးကို နှိုင်းယှဉ်ကြည့်ဖို့ အခွင့်အရေး ရရှိ သွားပါသည်။ ထိုပုဂ္ဂိုလ် (၂) ဦးဖေါ်ပြခဲ့သည့် စိတ်နေသဘောထား ကိုလည်းကောင်း၊ ၎င်းတို့ရပ်တည်မှု၏ ခိုင်မာပုံနှင့် မှန်ကန်ပုံများကို လည်းကောင်း ပရိသတ်အနေဖြင့် သူတို့ကိုယ်တိုင် ဆုံးဖြတ်ဖို့ အခွင့်အ ရေးရခဲ့ကြပါသည်။ လူးသာမှာ ရိုးစင်းသည်၊ နှိမ့်ချမှုရှိသည်၊ ကြံ့ခိုင် သည်၊ သမ္မာတရားကို ပိုင်ဆိုင်ထားသည်။ ရဟန်းမင်း၏ သံတမန်မှာမူ ဘဝင်မြင့်သည်၊ ငါတကောကောတတ်သူဖြစ်သည်။ ပြောဆိုရာတွင် ကျိုးကြောင်းဆီလျော်မှုမရှိ။ GCBur 132.1

ကျမ်းစာမှကျမ်းတစ်ချက်ကိုမျှ ကိုးကားပြောဆိုနိုင်ခြင်းမရှိ သော်လည်း “အလျော့ပေး နောက်ဆုတ်ပါ။ ရောမကိုအပို့ခံရမယ်” ဟူ၍သာ အသံကုန် ဟစ်အော်နေပါသည်။ GCBur 132.2