Great Controversy 1858

42/43

အခန်း (၄၀) ဒုတိယအကြိမ် ထမြောက်ခြင်း။

ထို့နောက်သခင်ယေရှုနှင့်သန့်ရှင်းသောကောင်းကင်တမန်အခြွေအရံများ၊ ရွေးချယ်ခြင်းခံရသောသန့်ရှင်း သူများအပေါင်းတို့သည် ရွှေမြို့တော်မှထွက်ခွာသွားကြပါသည်။ ကောင်းကင်တမန်များက သခင်ယေရှုအားလမ်းခရီး တစ်လျှောက်ဝန်းရံစောင့်ကြပ်လျှက် သန့်ရှင်းသူများက နောက်မှစီတန်းကာ လိုက်ပါလာကြပါသည်။ ထို့နောက်သခင် ယေရှုသည် သေလွန်သော မတရားသူတို့အား အလွန်ကြောက်ရွံ့တုန်လှုပ်ဖွယ်သောဘုန်းတန်ခိုးအာနုဘော်ဖြင့် ခေါ် ထုတ်တော်မူ၏။ ထိုသူတို့သည်လည်း ယခင်အချိန်၌ အတွင်းသို့ သက်ဆင်းခဲ့ရကြသည့်အတိုင်း နာမကျန်းသည့်ဖြူဖပ် ဖြူရော်သော ခန္ဓာကိုယ်များဖြင့်ပင် နိုးထလာကြပါသည်။ မြင်ရပုံမသက်သာ၊ မြင်ကွင်းဆိုးလှပါတကား။ ပထမထ မြောက်ချိန်ကလူတိုင်းမပုပ်မပျက်နိုင်သော ခန္ဓာကိုယ်ဖြင့် ရွှင်လန်းစွာပြန်ထမြောက်လာကြပါသည်။ သို့သော်ဒုတိ ယအကြိမ်ထမြောက်ချိန်တွင်မူ ကျိန်ခြင်းအမင်္ဂလာလက္ခဏာမှာလူတိုင်းတွင် ပေါ်လွင်နေပါသည်။ ဤလောက၏ရှင် ဘုရင်များနှင့်ဂုဏ်အသရေကြီးသူများ၊ ယုတ်ညံ့သူများနှင့်နိမ့်ကျသူများ၊ ပညာရှိများနှင့် ပညာမဲ့သူများအားလုံးအ တူတကွထမြောက်လာကြပါသည်။ သားတော်ကိုလူတိုင်းဖူးတွေ့ရကြပါသည်။ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနု ဘော်ကို လူတိုင်းဖူးတွေ့ရကြပါသည်။ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံသည့် ဘုရင်ကြီးဖြစ် ကြောင်းကိုယ်တော်အားမထီမဲ့မြင်ပြုသူများ၊ ပြက်ရယ်ပြုသူများ၊ ဆူးရစ်သရဖူကိုမြတ်တော်မူသောဦးခေါင်းပေါ်တွင် ဆောင်းပေးသူများ ကျူရိုးဖြင့်ရိုက်သူများမှအစ အားလုံးသောသူတို့သည် ကိုယ်တော်အားဖူးတွေ့ရကြပါသည်။ ကိုယ် တော်အားတရားစီရင်နေချိန်က တံတွေးနှင့်ထွေးခဲ့သောသူများသည် ယခုအခါ ကိုယ်တော်၏ဘုန်းကြီးတော်မူသော မျက်နှာတော်မှလွှဲ၍နေကြလေ၏။ စူးရှစွာစိုက်ကြည့်နေတော်မူသည့် ကိုယ်တော်၏မျက်နှာတော်ကိုလည်းမကြည့် ဝံ့ကြချေ။ လက်ဝါးကပ်တိုင်ပေါ်တွင်ကွပ်မျက်ခြင်းခံရစဉ် ကိုယ်တော်၏ လက်တော်နှင့်ခြေတော်တို့ကို သံနှင့်ရိုက်သူ များသည်ယခုအခါ ဒဏ်ရာဒဏ်ချက်များကို တွေ့မြင်နေရကြ၏။ ကိုယ်တော်၏နံဘေးတော်ကို လှံနှင့်ထိုးဖေါက်ခဲ့ သောအမှတ်အသားကို မြင်နေကြ၏။ ကိုယ်တော်သည် သူတို့ကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်သို့ တင်ခဲ့သူဖြစ် ကြောင်းအသက်တော်ကိုစွန့်လွတ်ရန်ငြီးတော်မူသောအခါ ဒုက္ခဝေဒနာကိုခံစားနေရတော်မူစဉ် သူတို့ပြက်ရယ်ပြုခဲ့ ကြသူဖြစ်ကြောင်း ယခုသူတို့ကိုယ်တိုင်တွေ့သိကြလေ၏။ ထိုအခါထိုလူအုပ်ကြီးထဲမှ ပြင်းစွာစိတ်ဒုက္ခကိုယ်ဒုက္ခခံရ သည့်ည်းတွားမြည်တမ်းသံကြီး ရှည်လျားစွာပေါ်ထွက်လာပြီလျှင် ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အ ရှင်ထံတော်မှ ပုန်းရှောင်၍ နေရန်ထွက်ပြေးကြလေ၏။ GCB58 96.5

တစ်ချိန်ကသူတို့မထီမဲ့မြင့်ပြုခဲ့ကြသည့်ကိုယ်တော်၏ ကြောက်ရွံ့တုန်လှုပ်ဖွယ်သော ဘုန်းတန်ခိုးတော်မှအ ကာအကွယ်ရရှိရေးအတွက်ပုန်းအောင်းရန် လူတိုင်းကျောက်ငူကျောက်တောင်များကိုသာ ရှာဖွေနေကြပါသည်။ ကိုယ်တော်၏ ထူးကဲသောဘုန်းတန်ခိုးအာနုဘော် လွှမ်းမိုးခြင်းကြောင့် နာကျင်ခြင်းဝေဒနာကို ခံစားနေရသောသူများ သည်သူတို့၏အသံကိုမြင့်၍ ‘‘ထာဝရဘုရား၏အခွင့်နှင့်ကြွလာတော်မူသောသူတို့သည် မင်္ဂလာရှိနေသတည်း’’ ဟု ကြည်လင်ပြတ်သားသောအသံဖြင့် ကျယ်လောင်စွာ တစ်ညီတစ်ညွတ်တည်း ကြွေးကြော်ကြလေ၏။ GCB58 97.1

ထို့နောက်မှသခင်ယေရှုနှင့် သန့်ရှင်းသောကောင်းကင်တမန်တို့သည် သန့်ရှင်းသူများလိုက်ပါလျှက် မြို့တော် ဆီသို့ထွက်ခွာသွားကြသောအခါ ပြစ်ဒဏ်ကျခံရသည့် မတရားသောသူတို့၏ ပြင်းထန်စွာ ငိုကြွေးမြည်တမ်းသံများကို လည်းနေရာတကာမှ ကြားနေရပါသည်။ ထိုအချိန်တွင် စာတန်သည်သူ၏ လက်အောက်ခံဘက်တော်သားများအား လိုက်လံကြည့်ရှုစစ်ဆေးလျှက် အင်အားကုန်ခန်းနွမ်းနယ်နေသူများကိုလည်း အားသစ်လောင်းပေးလျှက် သူကိုယ် တိုင်နှင့်တကွသူ၏တမန်များ တန်ခိုးကြီးမားကြောင်းကို ဝါဒဖြန့်လျှက် သူ၏လုပ်ငန်းကိုအသစ်တစ်ဖန်အစပြုပြန် သည်ကို ကျမမြင်တွေ့ရပါသည်။ သန်းပေါင်းမရေမတွက်နိုင်လောက်အောင် များပြားစွာထမြောက်လာကြသောသူ များကိုလည်း လက်ညိုးညွှန်ပြလိုက်ပါသေး၏။ ထိုသူတို့တွင်လည်း တိုင်းနိုင်ငံများကို အောင်မြင်စွာသိမ်းယူခဲ့ဖူးသည့် တန်ခိုးကြီးသောဘုရင်ကြီးများ၊ စစ်ပွဲများတွင်ကျွမ်းကျင်၍ ခွန်အားကြီးမားသော စစ်သူကြီးများ၊ အမြောက်အမြားပါ ဝင်ကြ၏။ စစ်ပွဲတစ်ပွဲကိုမျှမရှုံးခဲ့ဖူးသည့်အလွန်ထွားကြိုင်း၍ ရဲစွမ်းသတ္တိအပြည့်အဝရှိသူများလည်းပါဝင်ကြ၏။ ချဉ်း ကပ်လာကြောင်းကိုကြားရလျှင် တိုင်းနိုင်ငံများက ကြောက်လန့်တုန်လှုပ်ရသော အထူးတလည်ထင်ပေါ်၍မာန်မာန ထောင်လွှားသောနပိုလျံတစ်ယောက်လည်း သူတို့၏ ပရိသတ်ထဲတွင် ပါလာခဲ့၏။ အောင်နိုင်လိုစိတ်ပြင်းပြလျှက် တိုက်ပွဲဝင်စဉ်ကျဆုံးသွားကြသည့်ဥပဓိရုပ်ကောင်း၍ဂုဏ်မောက်သူ၊ ဟိတ်ဟန်ကြီးသူများလည်း သင်္ချိုင်းအသီးသီး မှနိုးထလာကြကာသေဆုံးသွားကြသည့်အချိန်က ရပ်စဲခဲ့ရကြသည့် အတွေးအခေါ်များကိုပင် ပြန်လည်ကောက်ယူ လျှက်ထွက်လာကြပါသည်။ သူတို့သည်အနိုင်ရလိုသောစိတ်ဓါတ်များရှိကြသည်ဖြစ်ရာ ယင်းစိတ်ဓါတ်များနှင့်ပင်ထ မြောက်လာကြပါသည်။ စာတန်သည်လည်း သူ၏တမန်များနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ထိုရှင်ဘုရင်ကြီးများ အောင်နိုင်သောသူများ တန်ခိုးကြီးသောသူအားလုံးတို့နှင့်လည်း ဆက်လက်ဆွေးနွေးလေ၏။ ထို့နောက်ကြီးမား ကျယ်ပြောလှသည့်သူ၏မဟာစစ်တပ်ကြီးကို အပေါ်မှဆီး၍ ရှုစားလျှက် မြို့တွင်း၌ရှိသောစစ်တပ်မှာ အလွန်ပင် သေးလှကြောင်း ခွန်အားနည်းလှကြောင်း ထို့ကြောင့် ယင်းမြို့တော်ကို အလွယ်တကူသိမ်းယူပြီးလျှင် မြို့သူမြို့သား များကိုနှင်ထုတ်လျှက် မြို့တော်၏ကြွယ်ဝခြင်းနှင့် ဘုန်းစည်းစိမ်များကို သူတို့သိမ်းယူကြမည်ဖြစ်ကြောင်း ပြောပြ လိုက်ပါသည်။ GCB58 97.2

သူတို့အားလှည့်ဖြားရာတွင် စာတန်အောင်မြင်လေသောကြောင့် သူတို့အားလုံးစစ်ပွဲဝင်ရန် ချက်ခြင်းပင် ပြင်ဆင်ကြလေ၏။ ထိုမျှလောက်ကြီးမားသော မဟာစစ်တပ်ကြီးတွင် ကျွမ်းကျင်သောစစ်သူကြီးများ မြောက်မြားစွာပါ ဝင်နေသည့်အလျှောက် စစ်သုံးကိရိယာ တန်ဆာပလာမျိုးစုံကို တီထွင်ပြုလုပ်နေကြပါသည်။ ၎င်းတို့နောက်မှလူထု ကြီးကအုပ်စုဖွဲ့၍ ထပ်ဆင့်လိုက်လာကြပါသည်။ အုပ်စုကြီးတွင် ခေါင်းဆောင်တစ်ဦးက အကြီးအမှူးပြုလျှက် မညီမ ညာသောလွင်ပြင်မှ စည်းကမ်းသေဝပ်စွာ သန့်ရှင်းသောမြို့တော်ဆီသို့ ချီတက်လာကြပါသည်။ သခင်ယေရှုသည် မြို့ တော်၏တံခါးကြီးများကို ပိတ်တော်မူလိုက်သောအခါ ထိုမဟာစစ်တပ်ကြီးက ပြင်းထန်စွာတိုက်ပွဲဝင်ကရကြတော့မည် ဟုအထင်နှင့် စစ်ခင်းကျင်းလိုက်ကြပါသည်။ သခင်ယေရှုကိုယ်တော်တိုင်နှင့်တကွ ကောင်းကင်တမန်ဗိုလ်ခြေများ သည်သန့်ရှင်းသူအပေါင်းနှင့်အတူ ပြိုးပြိုးပြက်ပြက်သော သရဖူများကို ဆောင်းလျှက် မြို့ရိုးပေါ်သို့ တက်ကြလေ ၏။ထိုအခါသခင်ယေရှုက ‘‘ဒုစရိုက်သားအပေါင်းတို့၊ ဖြောင့်မတ်သောသူတို့၏ ဆုမင်္ဂလာကို ကြည့်ရှုကြလော့။ ငါ၏ ရွေးနှုတ်ခြင်းကို ခံရသောသူတို့၊ မတရားသောသူတို့၏ ဆုလာဒ်ကိုကြည့်ကြလော့’’ ဟု မိန့်တော်မူ၏။ ကြီးမားလှသော လူထုကြီးသည်လည်း မြို့ရိုးပေါ်ရှိ ဘုန်းကြီးသောလူထုပရိသတ်ကြီးကို ရှုမြင်ရကြလေ၏။ သိုက်မြိုက်ခမ်းနားလှစွာ ပြိုးပြက်သောသရဖူများကို ဆောင်းပြီးလျှင်သူတို့၏ မျက်နှာများတွင် ဘုန်းတော်ရောင်ခြည်ထွန်းတောက်လျှက်သ ခင်ယေရှု၏ပုံသဏ္ဌာန်တော်ကို ရောင်ပြန်ဟပ်နေသော မြို့တော်သားတို့အား သူတို့ကိုယ်တိုင်တွေ့မြင်ရကြလေ၏။ ထိုမျှမကဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်သည် အတုမရှိသော ဘုန်းတော်နှင့်တကွ မြင့်မြတ်တော်မူ ကြောင်းကိုသူတို့ဖူးတွေ့ရကြသောအခါ သူတို့၏ရဲစွမ်းသတ္တိများ ပျောက်လေ၏။ သူတို့ဆုံးရှုံးခဲ့ရသော ဘဏ္ဍာရတနာ နှင့်ဘုန်းစည်းစိမ်ကြီးကို အာရုံစိုက်မိကြသောအခါ အပြစ်တရား၏ အခကား သေခြင်းတကားဟု သူတို့သဘောပေါက် ကြလေ၏။ သူတို့မထီမဲ့မြင်ပြုခဲ့ကြသည့် သန့်ရှင်းပျော်ရွှင်သောလူစုသည် ဘုန်းစည်းစိမ်ဂုဏ်အသရေ မပုပ်မပျက်နိုင် သောခန္ဓာကိုယ်နှင့် ထာဝရအသက်ကို ယူတင်ဝတ်ဆောင်လျှက်ရှိပြီးလျှင် သူတို့မှာမူကား စပ်ဆုပ်ရွံရှာဖွယ် ရှိသမျှ နှင့်ဝန်းရံလျှက် မြို့တော်၏ အပြင်ဖက်တွင် နေရစ်ခဲ့ရကြလေ၏။ GCB58 97.3

ဆက်လက်လေ့လာရန်။ မဿဲ ၂၃:၂၉။ ဗျာ ၆:၁၅-၁၆။ ၂၀:၇-၉။ ၂၂:၁၂-၁၅။ GCB58 98.1