Great Controversy 1858

36/43

အခန်း (၃၄) ကျယ်လောင်သောဟစ်အော်သံ

အရေးကြီးသည့်အကြောင်းကိစ္စတစ်ရပ် ပြီးပြည့်စုံရေးအတွက် ပြင်ဆင်နေကြသော ကောင်းကင်တမန်များ သည်ကောင်းကင်မှ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းချီတက်ချီနှင့် ခေါက်တုံ့ခေါက်ပြန် ပျံသန်းနေကြသည်ကို ကျမမြင်တွေ့ ရပါသည်။ ထို့နောက်တတိယကောင်းကင်တမန်၏ သတင်းစကားပိုမိုတန်ခိုးကြီး၍ အစွမ်းထက်လာစေရန် ထိုကောင်း ကင်တမန်နှင့်အတူ ပူးပေါင်းကြွေးကြော်ရေးအတွက် တန်ခိုးကြီးသော အခြားကောင်းကင်တမန်တစ်ပါးအား အခွင့် အာဏာလွှဲအပ်လျှက် ဤကမ္ဘာမြေကြီးပေါ်သို့ စေလွှတ်တော်မူသည်ကိုလည်း ကျမမြင်တွေ့ရပါသည်။ ထိုကောင်း ကင်တမန်တို့အား ကြီးစွာသော တန်ခိုးနှင့် ဘုန်းအသရေကိုလည်း ပေးအပ်လိုက်တော်မူသောကြောင့် သူဆင်းသက် လာသောအခါဤကမ္ဘာမြေကြီးတစ်ခုလုံးသည် သူ၏ဘုန်းရောင်ခြည်ဖြင့် ထွန်းတောက်လေ၏။ ထိုကောင်းကင်တမန် သည်ကျယ်သောအသံဖြင့် ‘‘ဗာဗုလုန်မြို့ကြီးပြိုလဲပြီး၊ပြိုလဲပြီးနတ်ဆိုးနေရာဖြစ်လေပြီး၊ ညစ်ညူးသော ဝိညာဉ်များ၏ တွင်းဖြစ်လေပြီး ညစ်ညူးစက်ဆုပ်ဖွယ်သောငှက်မျိုး၏ မှီခိုရာဖြစ်လေပြီး’’ ဟုအင်အားကြီးစွာ ကြွေးကြော်စဉ်သူနှင့် ပါလာသောအလင်းရောင်သည်လည်း နေရာအနှံ့အပြားတွင် ထွန်းလင်းလေ၏။ ၎င်းမှာ ဒုတိယကောင်းကင်တမန် ကြွေးကြော်ခဲ့သည့် ဗာဗုလုန်မြို့ကြီးပြိုလဲပြီးဆိုသောသတင်းစကားတွင် (၁၈၄၄) ခုနှစ်မှ အစပြု၍ အသင်းတော်များ အတွင်းသို့ဝင်ရောက်နေသော တရားလက်လွှတ်ဖြစ်ခြင်း၊ အဂတိလေးပါးလိုက်စားခြင်းအကြောင်းများကိုပါ ဖြည့် စွက်၍ထပ်မံကြွေးကြော်လိုက်ခြင်းဖြစ်ပါသည်။ တတိယကောင်းကင်တမန်သတင်းစကားကို အသံကျယ်စွာဟစ် ကြော်နေချိန်တွင် ၎င်းနှင့်အတူအရှိန်အဟုတ်ပြင်းစွာ ပူးပေါင်းကြွေးကြော်ရန် ဤကောင်းကင်တမန်၏ သတင်းစကား အချိန်မီရောက်လာပါသည်။ ဤနည်းအားဖြင့် ဘုရားသခင်၏လူတို့သည် မကြာမီ သူတို့ရင်ဆိုင်ရကြတော့မည့်စုံစမ်း သွေးဆောင်ခြင်းများကိုခံနိုင်ရည်ရှိရန်အတွက် အသင့်ပြင်ဆင်ထားနိုင်ကြပေလိမ့်မည်။ သူတို့အပေါ်သို့ကြီးစွာသော အလင်းရောင်သက်ရောက်သဖြင့် တတိယကောင်းကင်တမန်၏သတင်းစကားကို မကြောက်မရွံ့တစ်စိတ်တစ်ဝမ်း တည်း စည်းလုံးညီညွတ်စွာ ပူးပေါင်းကြွေးကြော်ကြပုံကို ကျမမြင်တွေ့ရပါသည်။ GCB58 86.3

တန်ခိုးကြီးသောထိုကောင်းကင်တမန်အား အကူအညီပေးရန် ကောင်းကင်ဘုံမှ ကောင်းကင်တမန်များ ထပ် မံရောက်ရှိလာကြပြီးလျှင် ‘‘ငါတို့လူမျိုးတို့ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကိုခံ ခြင်းနှင့်လည်းကောင်း၊ ကင်းလွတ်အံ့သောငှါ သူ၏အထဲက ထွက်ကြလော့။ သူ၏အပြစ်တို့သည်ကောင်းကင်ဘုံတိုင် အောင်မီကြသည်ဖြစ်၍ သူ၏မတရားသောအမှုတို့ကို ဘုရားသခင်သတိရတော်မူပြီး’’ ဟုကြွေးကြော်သံများနေရာ အနှံ့အပြားမှထွက်ပေါ်လာသကဲ့သို့ ကျမကြားနေရပါသည်။ (၁၈၄၄) ခုနှစ်က ဒုတိယကောင်းကင်တမန်၏သတင်း စကားတွင် သန်းခေါင်ယံကြွေးကြော်သံကို ဖြည့်စွက်ကြွေးကြော်ခဲ့သည့်နည်းတူ ယခုသတင်းစကားမှာလည်း တတိယ ကောင်းကင်တမန်၏ သတင်းစကားကို ဖြည့်စွက်ဟန်တူပါသည်။ စိတ်ရှည်စွာဖြင့် သည်းခံလျှက်စောင့်နေသော သန့် ရှင်းသူများအပေါ်တွင် ဘုရားသခင်၏ဘုန်းတော်ကိန်းဝပ်သဖြင့် ဗာဗုလုန်မြို့ကြီးပြိုလဲတော့မည်အကြောင်းနှင့်ပတ် သက်သောသတင်းစကားကိုလည်းကောင်း၊ ယင်းဗာဗုလုန်မြို့ကြီးအပေါ်သို့ ကျရော်ကမည့်ကြောက်မက်ဖွယ်သော ဘေးဒဏ်မှလွတ်မြောက်ရေးအတွက် ယင်းမြို့ကြီးအတွင်းမှ ဘုရားသခင်၏လူများ ထွက်လာကြစေရန်ကိုလည်း ကောင်း လေးနက်စွာ ကြွေးကြော်ကြလေ၏။ GCB58 86.4

စောင့်မျှော်နေသောသူများအပေါ်သို့ သက်ရောက်လာသောအလင်းတန်းသည် နေရာအနှံ့အပြားသို့ ထိုးဖေါက် ဝင်ရောက်သောကြောင့် အသင်းတော်များမှ အတော်အတန်မျှသော အလင်းရောင်ကိုလက်ခံရရှိသူများအနေဖြင့် ယခင်သတင်းစကားသုံးရပ်ကို မကြားဖူး၍ လက်မခံခဲ့ရသော်လည်း ယခုကြွေးကြော်သံကိုနာခံလျှက် ပြိုလဲသောအ သင်းတော်များမှ ထွက်လာကြပါသည်။ ဤသတင်းစကားများကို ကြွေးကြော်ခဲပြီးဖြစ်သောကြောင့် အများသောသူတို့ အနေဖြင့်နှစ်ပေါင်းများစွာအတွက် ထုချေရှင်းလင်းရမည့် အခြေအနေတွင်ရှိနေသော်လည်း သူတို့အပေါ်သို့ အလင်း ရောင်ရောက်ရှိလာသဖြင့် အသက်ရှင်ခြင်းတရား(သို့)သေခြင်းတရားကို ရွေးချယ်ရန်အတွက် အခွင့်အရေးရရှိကြပါ သည်။ အချို့သောသူတို့သည် အသက်ရှင်ခြင်းတရားကို ရွေးချယ်လျှက် သခင်ဘုရားကြွလာတော်မူမည်ကိုစောင့်မျှော် နေသူများကိုယ်တော်၏ပညတ်တော်အလုံးစုံတို့ကို အကြွင်းမဲ့ စောင့်ထိန်းနေသူများနှင့်အတူ ပူးပေါင်း ရပ်တည်နေ ကြပါသည်။ တတိယကောင်းကင်တမန်သတင်းစကားတွင် ဆောင်ရွက်ရမည့်လုပ်ငန်းရှိပါသည်။ လူတိုင်းယင်းသ တင်းစကားအ်စမ်းသပ်ခြင်းခံရမည်ဖြစ်ပြီးလျှင် ထိုက်တန်သောသူတို့အား ဘာသာရေးအဖွဲ့အစည်းများမှ ခွဲထုတ်လိမ့် မည်။ရိုးသားဖြောင့်မတ်သောဂစိတ်ကို ဘုရားသခင်၏ တန်ခိုးတော်မှလွှမ်းမိုး၍ သူတို့၏မိသားစု၊ ဆွေးမျိုးမိတ်သင်္ဂ ဟများအပေါ် ထင်ရှားသဖြင့် သူတို့သည်ကြောက်ရွံ့ချုပ်တည်း၍ ဘုရားသခင်၏ ဝိညာဉ်တော် နှိုးဆောင်ခြင်းခံနေရ သောသူများအား မတားဆီးရဲကြပေ။ တားဆီးကန့်ကွက်ရန် စွမ်းအားလည်း မရှိကြပါ။ နောက်ဆုံးသောခေါ်သံကို သနားဖွယ်ကောင်းသော ငွေဝယ်ကျွန်များပင် ကြားရပါသည်။ ထို့ကြောင့်သူတို့တါင် ဘုရားတရားကြည်ညိုသာသူများ သည်ပျော်ရွှင်စွာဖြင့် လွတ်မြောက်ခြင်းသို့ရောက်ရကြတော့မည်ကို မျှော်လင့်လျှက်ဘဝင်ခိုက်မျှ ဝမ်းမြောက်ကြသ ဖြင့်အားပါးတရသီဆိုချီးမွမ်းကြလေ၏။ သူတို့၏သခင်များက သူတို့အား မပိတ်ပင်မဟန့်တားနိုင်ကြပါ။ ကြောက်ရွံ့ ခြင်း၊ အံ့ဩခြင်းဖြစ်လျှက် တိတ်ဆိတ်စွာနေကြ၏။ ကြီးစွာသောနိမိတ်လက္ခဏာများဖြစ်လေ၏။ နာမကျန်းသောသူ များလုံးဝကျန်းမာခြင်းသို့ရောက်ကြလေ၏။ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများသည်လည်း ယုံကြည်သူများ ၏နောက်မှကပ်၍ လိုက်ကြ၏။ အမှုတော်နှင့်အတူ ဘုရားသခင်ရှိတော်မူသည်ဖြစ်ရာ သန့်ရှင်းသူအားလုံးတို့သည် မည်သို့မည်ပုံဖြစ်ကြလိမ့်မည်ကို မကြောက်မရွံ့ဘဲ အကျွတ်တရားရပြီးသည့်အားလျော်စွာ မိမိတို့၏အတွင်းစိတ်အ လိုသို့လိုက်၍ ဘုရားသခင်၏ပညတ်တော်များကို အကြွင်းမဲ့စောင့်ထိန်းသောသူများနှင့် ပူးပေါင်းကြပြီးလျှင် တိုင်းနိုင် ငံအနှံ့အပြားတွင် တတိယကောင်းကင်တမန်၏သတင်းစကားကို ကြွေးကြော်လေ၏။ ဤသတင်းစကားသည်သန်း ခေါင်ယံကြွေးကြော်သံထက် တန်ခိုးများစွာကြီးမားမည်ဟု ကျမမြင်တွေ့ရပါသည်။ GCB58 87.1

ဘုရားသခင်၏ အမှုတော်ဆောင်များသည် အထက်မှတန်ခိုးကိုရလျှက် သူတို့၏မျက်နှာတောက်ပလျှက် သန့်ရှင်းသောဆက်ကပ်ခြင်းသည် ထွန်းတောက်လျှက် ကောင်းကင်သတင်းစကားကို ကြွေးကြော်ရန်ထွက်သွားကြ ပါသည်။ ဘာသာရေးအဖွဲ့အစည်းများတွင် တကွဲတပြားဖြစ်နေကြပြီး ထိုအသက်ဝိညာဉ်များသည် နာခံကြသဖြင့် သောဒုံမြို့ကိုမဖျက်ဆီးမီလောတသည် ခေါ်ထုတ်တော်မူခြင်းခံရသကဲ့သို့ ပြစ်ဒဏ်စီရင်ခြင်းခံရသော အသင်းတော် များမှထိုက်တန်သောသူများအား အလျင်အမြန် ခေါ်ထုတ်တော်မူခြင်းခံရပါမည်။ ဘုရားသခင်၏လူများပေါ်သို့ ကိုယ်တော်၏စုံလင်တော်မူသော ဘုန်းတော်သည်ကြွယ်ဝစွာ သက်ရောက်သောကြောင့် ခွန်အားကိုရရှိကြသဖြင့် စုံစမ်းနှောင့်ယှက်ခြင်းခံရမည့်အချိန်တွင် ခံနိုင်ရည်ရှိရန် အသင့်ပြင်ဆင်ပြီး ဖြစ်နေပါသည်။ ‘‘ဘုရားသခင်၏ ပညတ် တော်တို့ကိုလည်းကောင်း၊ သခင်ယေရှု၏ ယုံကြည်ခြင်းကိုလည်းကောင်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌ သည်းခံစရာအကြောင်းရှိ၏’’ ဟု လူထုကြွေးကြော်သံများကို နေရာတကာမှ ကျမကြားနေရပါတော့သည်။ GCB58 87.2

ဆက်လက်လေ့လာရန်။ ကမ္ဘာ ၃:၉။ ဗျာ ၁၄:၁၂၊ ၁၈:၂-၅။ GCB58 87.3